29/10/2024
😱😱😱 ကြောက်စရာကြီးပါလားး
ညီမတို့သူငယ်ချင်းတွေ သီတင်းကျွတ်လပြည့်နေ့တုန်းက ရွှေတိဂုံဘုရားသွားဖူးကြရင်းနဲ့ ယက္ခမယ်တော်ကြီးစောင်းတန်းမှာ အလုပ်အင်တာဗျူးကိစ္စအတွက် ကန်တော့ပွဲဝင်ပေးကြပါတယ်။ ညီမတို့ ကန်တော့ပွဲပေးရင်းနဲ့ မယ်တော်ကြီးရှေ့က ကန်တော့ပွဲတစ်ခုထဲမှာ ကျိန်စာလိုလို အတိုက်အခိုက်လိုလိုစာတစ်စောင်ပါတဲ့ ကန်တော့ပွဲကို တွေ့ရပါတယ်။ ညီမတို့သူငယ်ချင်းတွေလည်း ကန်တော့ပွဲထဲက စာကို ယူဖတ်ပြီး ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။ အောက်လမ်းအတိုက်အခိုက်အစီရင်လို့ထင်ပါတယ်။ စာထဲမှာရေးထားတဲ့ပုံအရဆိုရင် ဂျပန်ကအစ်မတစ်ယောက်ကို တိုက်ခိုက်ထားတဲ့ ပုံပါပဲ။ ဒီဂရုထဲမှာ အဲ့ဒီနာမည်နဲ့ အစ်မရှိရင် ဘုရားတရားများများလုပ်ပြီးတော့ ဂရုစိုက်စေချင်ပါတယ်ရှင့်။
Crd