Rainbow's Bookshelf

Rainbow's Bookshelf Novel , Motivation , Knowledge

Royal express ရောက်တဲ့မြို့တိုင်း အိမ်ရောက်ငွေချေရပါတယ်။

“မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း” ✍️ ဆီးနှင်းခဲတန်ဖိုး - ၂၉,၅၀၀ ကျပ်တချို့ဝတ္ထုတွေက ဖတ်ပြီးရင် ဇာတ်လမ်းကိုပဲ မှတ်မိနေတတ်ကြ...
14/05/2026

“မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း”

✍️ ဆီးနှင်းခဲ

တန်ဖိုး - ၂၉,၅၀၀ ကျပ်

တချို့ဝတ္ထုတွေက ဖတ်ပြီးရင်
ဇာတ်လမ်းကိုပဲ မှတ်မိနေတတ်ကြတယ်။

တချို့ဝတ္ထုတွေကတော့ feeling တစ်ခုကို ရင်ထဲမှာ ကျန်ခဲ့စေတယ်။

“မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း” က

ဒုတိယအမျိုးအစားပါ။ 💔

စာအုပ်ကို ဖတ်နေတဲ့အချိန်မှာ ကိုယ်တိုင် တက္ကသိုလ်ကျောင်းသားဘဝထဲ ပြန်ရောက်သွားသလိုခံစားရတယ်။
ကံ့ကော်ပင်တွေ၊ ကန်တင်းထိုင်တဲ့နေ့လယ်ခင်းတွေ၊ lecture ခိုးတက်တဲ့ feeling တွေ၊ သူငယ်ချင်းတွေကြားက ရယ်သံတွေ… အားလုံးက အရမ်းအသက်ဝင်တယ်။

ခွန်စဝ်လွန်းနောင်ဆိုတဲ့ character က တိတ်ဆိတ်တယ်၊ အေးတယ်၊ ဒါပေမယ့် ရင်ထဲမှာ ဒဏ်ရာတွေ အပြည့်ရှိနေတဲ့လူ။
မဂ္ဂဒီပါကတော့ ဆန့်ကျင်ဘက် — လွတ်လပ်တယ်၊ ဆွဲဆောင်မှုရှိတယ်၊ ဘယ်သူ့ကိုမဆို အနားကပ်လာစေတဲ့ vibe မျိုးရှိတယ်။

ဒီနှစ်ယောက်တွေ့တဲ့ scene တွေက slow burn type ဖြစ်ပေမယ့် တစ်ကြောင်းချင်းစီမှာ chemistry အပြည့်ပဲ။
အထူးသဖြင့် dialogue တွေက အရမ်းလှတယ်။
တချို့စာကြောင်းတွေဆို ဖတ်ပြီး ခဏရပ်သွားရတဲ့အထိ feeling ရှိတယ်။

ဒီဝတ္ထုက romance တစ်ခုတည်းမဟုတ်ဘူး။
အတိတ်ဒဏ်ရာတွေ၊ လူတစ်ယောက်ရဲ့ loneliness၊ မပြောဖြစ်တဲ့ခံစားချက်တွေ၊ နီးလာပြီးမှ ဝေးသွားရတဲ့ relationships တွေကို အရမ်းနူးနူးညံ့ညံ့ ရေးထားတယ်။

ဆီးနှင်းခဲရဲ့ writing style က poetic ဆန်ပြီး atmosphere build လုပ်တာ အရမ်းကောင်းတယ်။
ဖတ်နေရင်း scene တွေကို မျက်စိထဲမြင်လာတဲ့အထိ vivid ဖြစ်တယ်။

University vibe ကြိုက်တဲ့သူတွေ
Slow burn romance ကြိုက်တဲ့သူတွေ
Emotional novel တွေဖတ်ရတာကြိုက်တဲ့သူတွေ
ဒီစာအုပ်ကို လုံးဝမလွတ်သင့်ဘူး။ ✨

တချို့အချစ်တွေက စတွေ့ကတည်းက မှားနေမှန်း သိပေမယ့် ရင်မခုန်ဘဲ မနေနိုင်ခဲ့ကြဘူး…

အိမ်‌ရောက်ငွေချေဖြင့် မှာယူနိုင်ပါပြီ။


#စာအုပ်ဆိုင်

အသက်အရွယ်နဲ့မလိုက်တဲ့ တည်ငြိမ်မှု သွေးအေးမှု စိတ်ရှည်မှုVan ရဲ့ Body Language က တစ်ဖက်လူကို ထိုးနေပေမဲ့ သူ့မျက်လုံးထဲမှာ...
10/05/2026

အသက်အရွယ်နဲ့မလိုက်တဲ့ တည်ငြိမ်မှု သွေးအေးမှု စိတ်ရှည်မှု

Van ရဲ့ Body Language က တစ်ဖက်လူကို ထိုးနေပေမဲ့ သူ့မျက်လုံးထဲမှာ မုန်းတီးမှုမရှိဘူး၊ လေးစားမှုပဲ ရှိတယ်။

ဒေါသနဲ့ ထိုးတာက သာမန်လူတွေရဲ့အလုပ်၊ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ အနိုင်ယူတာကမှ Professional Fighter တစ်ယောက်ရဲ့ အရည်အချင်း

ဂျပန်ပြိုင်ပွဲဝင်ကို ဘေးက ဘယ်လောက်ပဲ နည်းပြပေးပေး၊ ကိုယ့်စိတ်ကိုကိုယ် မထိန်းချုပ်နိုင်တဲ့သူက တစ်ဖက်လူကိုလည်း ဘယ်တော့မှ မနိုင်ဘူး။

Van က Stressတွေကြားမှာ Focus အား အင်မတန် ကောင်းတာ။ လူ့အရိပ်အကဲကို ကြည့်ပြီး တစ်ဖက်လူရဲ့ အားနည်းချက်ကို ဖတ်နေတဲ့သူက လက်သီးမပစ်ခင်ကတည်းက နိုင်နေပါပြီ။

ဂျပန်ပြိုင်ပွဲ၀င် Taira ကတော့ ဒေါသတကြီးနဲ့ အားကုန်သုံးပြီး လိုက်ထိုးပေမဲ့ Van ရဲ့ တည်ငြိမ်မှုရှေ့မှာတော့ ဖတ်ဖတ်ကို လဲသွားတာပဲ။

ဒေါသနောက်မလိုက်ဘဲ Focus အားကောင်းကောင်းနဲ့ အခြေအနေကို ထိန်းချုပ်သွားနိုင်တာက Van ရဲ့ အကြီးမားဆုံး အားသာချက်။

စိတ်ကို နိုင်တဲ့သူက ကမ္ဘာကို နိုင်တယ်ဆိုတာ ဒီနေ့ပွဲက သက်သေပြလိုက်ပြီ။

ချန်ပီယံ Van ဆိုတာ ခါးပတ်ကြောင့် ဖြစ်လာတာမဟုတ်ဘူး၊ သူ့ရဲ့ စိတ်ဓာတ်နဲ့ တည်ငြိမ်မှုကြောင့် ချန်ပီယံ ဖြစ်လာတာပါ။

ပြီးတော့ Van က ကံကောင်းပြီးချန်ပီယံဖြစ်နေတာပါကွာဆိုတဲ့ အသံတွေကိုတိတ်သွားစေတဲ့ပွဲတစ်ပွဲပါပဲ

နောက်ဆုံးနက္ခတ်✍️ ပုညခင်စာမျက်နှာ ၇၀၀ ကျော်နဲ့ ဒီစာအုပ်က အတော်ကြီးကို ထူပါတယ် ၊မြကျေးရုံထက်ကို ထူလောက်မယ်ထင်တယ်။တန်ဖိုး ...
06/05/2026

နောက်ဆုံးနက္ခတ်

✍️ ပုညခင်

စာမျက်နှာ ၇၀၀ ကျော်နဲ့ ဒီစာအုပ်က အတော်ကြီးကို ထူပါတယ် ၊

မြကျေးရုံထက်ကို ထူလောက်မယ်ထင်တယ်။

တန်ဖိုး - ၄၅,၀၀၀ ကျပ်

အိမ်ရောက်ငွေချေနဲ့ မှာယူလို့ ရပါပြီဗျ။


#စာအုပ်ဆိုင်

“ဗုဒ္ဓအလိုကျ Minimalism”ဒီဘက်နောက်ပိုင်း လူတော်တော်များများ သဘောကျလာကြတဲ့ လူနေမှုပုံစံတစ်ခုက Minimalism လို့ ခေါ်တဲ့ ရို...
01/05/2026

“ဗုဒ္ဓအလိုကျ Minimalism”

ဒီဘက်နောက်ပိုင်း လူတော်တော်များများ သဘောကျလာကြတဲ့ လူနေမှုပုံစံတစ်ခုက Minimalism လို့ ခေါ်တဲ့ ရိုးရှင်းစွာ နေထိုင်ဖြတ်သန်းခြင်းပေါ့။

ဘာလို့ဆိုတော့ ကျွန်တော်တို့ ကျင်လည်နေရတဲ့ ခေတ်ကြီးက ရုပ်ဝတ္ထုတွေ သိပ်ပြီး တိုးတက်လာတာကိုး။ စားစရာတွေ၊ ဝတ်စရာတွေ၊ ဖုန်းတွေ၊ ကားတွေ၊ အသုံးအဆောင်တွေ အများကြီးကိုမှ အများကြီး ဖြစ်လာတယ်။ ရုတ်တရက်ဆို ပျော်စရာကြီးလို့ ထင်ရပေမဲ့ ကိုယ့်စိတ်ကို သေချာပြန်ကြည့်ကြည့်တဲ့အခါ အင်မတန်မှကို ပင်ပန်းနေတာ တွေ့လာရတယ်။

ဒါတွေကို ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရတယ်။ ပိုက်ဆံရှာရတယ်။ တချို့လည်း မဟုတ်တဲ့နည်းတွေ သုံးမိတယ်။ ပိုင်ဆိုင်ရပြီဆိုရင်ရော ပျော်လား စဉ်းစားကြည့်။ အဲဒီအပျော်လေးက ခဏပဲ။ နောက်ထပ်အသစ်တွေ ထပ်ပေါ်လာတော့ ထပ်လိုချင်ပြန်ရော။ လိုချင်တာတွေက များနေတော့ ဒီအကျီလေး ဝယ်လာရတာကို မပျော်နိုင်ဘူး။ မဝယ်နိုင်ဘဲ ထားခဲ့ရတဲ့ တခြားအကျီတွေကို စိတ်က ရောက်နေတယ်။

ငယ်ငယ်က မြန်မာ့အသံနဲ့ မြဝတီပဲ ကြည့်ခွင့်ရတော့ TV Channel တွေ အများကြီးဆို ပျော်စရာ ကောင်းမယ် ထင်ခဲ့ဖူးတယ်။ တကယ်လည်း အများကြီး ဖြစ်လာရော၊ ပျော်ရလားဆို မပျော်ရဘူး။ သူ့ဟာသူ ဘယ်နှလိုင်း ရှိရှိ၊ ကိုယ်ကတော့ တစ်ချိန်မှာ တစ်လိုင်းပဲ ကြည့်နိုင်တာကိုး။

အဲဒီအတွက် ကိုယ့်ရဲ့ လိုချင်စိတ်တွေကို ထိန်းချုပ်ပြီး ရိုးရှင်းစွာ နေထိုင်တဲ့ Minimalist ပုံစံကို ကြိုက်လာကြတာပဲ။

ဒီစကားလုံးကို အခုမှ အသစ်အဆန်းလို ပြောနေကြပေမဲ့ ဗုဒ္ဓဘာသာဝင်တွေ ဆောက်တည်လေ့ ရှိတဲ့ ဥပုသ်သီလဆိုတာလည်း တကယ်တော့ Minimalism ပုံစံနေထိုင်ခြင်းပဲ။ ကျွန်တော်တို့က အခါကြီးရက်ကြီးမှ ဆောက်တည်တယ်။ ဒီလိုလုပ်ရင် ကုသိုလ်ရတယ် စသဖြင့် ထင်နေကြလို့သာ မသိတာ။ သိပ်အဝေးကြီး မဟုတ်ဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ ဥပုသ်စောင့်ခြင်းကို Minimalism နဲ့ ချိတ်ပြီး ကျွန်တော် နားလည်သလို ရေးပြမယ်။

ဥပုသ်စောင့်တယ် ဆိုတာ ၈ ပါးသီလ စောင့်ထိန်းတာပေါ့။ (၉ ပါးသီလ၊ ၁၀ ပါးသီလ ရှိသေးပေမဲ့ အများစုက ၈ ပါး ဆောက်တည်ကြတာ များလို့ ၈ ပါးနဲ့ပဲ ရေးလိုက်ပါတယ်။) နေ့စဉ်နေ့တိုင်း စောင့်ထိန်းနေရတဲ့ ၅ ပါးသီလ ရှိပြီးသား။

ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေလည်း သိရအောင် ပြန်ပြောရရင်

၁။ သူတစ်ပါးအသက် မသတ်ဘူး။
၂။ မတရားသဖြင့် ဥစ္စာမရှာဖွေဘူး။ (မခိုးဘူးဆိုတာထက် ပိုကျယ်ပြန့်တယ်။)
၃။ သူတစ်ပါးသားမယား မပြစ်မှားဘူး။
၄။ မဟုတ်မမှန် မပြောဘူး။ ကုန်းမတိုက်ဘူး။
၅။ အရက်သေစာ မသောက်စားဘူး။ (အရက်ပဲ မဟုတ်ဘူး။ လူကို မူးယစ်ထိုင်းမှိုင်းစေတတ်တာ မှန်သမျှ ပါတယ်။)

ဒီလို စောင့်ထိန်းလိုက်ရင် ကိုယ် ဘာရလဲဆို ဘာမှမရဘူး။ သို့သော် ကိုယ့်ပတ်ဝန်းကျင်က လူတွေကတော့ ကိုယ့်အတွက်နဲ့ ဘာဒုက္ခမှ မရောက်တော့ဘူး။ ဒါကြောင့် ငါးပါးသီလကို “မဟာဒါန”လို့လည်း မြတ်စွာဘုရားက ဟောတယ်။ သူတစ်ပါးအတွက်၊ လောကကောင်းကျိုးအတွက် လုပ်တာပေါ့။

ဥပုသ်စောင့်တယ် ဆိုတဲ့ ၈ ပါးသီလကျ ကိုယ့်အတွက် ချက်ချင်းအကျိုးရတာတွေပါ ပါသွားပြီ။ ၅ ပါးသီလထက် ဘာတွေ ထူးသွားလဲဆို ၃ ချက် ထူးသွားတယ်။

◾၁။ ကိုယ့်စိတ်မှာ အညစ်အကြေးတွေ ကင်းသွားတယ်။

“သူတစ်ပါးသားမယား မပြစ်မှားဘူး” ဆိုတဲ့ ကာမေသုကနေ “မမြတ်သော မေထုန်မှီဝဲမှုကို မပြုလုပ်ဘူး” ဆိုတဲ့ အဗြဟ္မစရိယာ ဖြစ်သွားတယ်။ တည့်တည့်ပြောရရင်တော့ ကာမေသု စောင့်ထိန်းတာက ကိုယ်လက်ထပ်ထားတဲ့သူနဲ့ဆို ဆက်ဆံလို့ ရတယ်။ လူပျို အပျိုဆို Ma********on လုပ်လို့ ရတယ်ပေါ့။ အဗြဟ္မစရိယာကျ အဲဒါတွေပါ ရှောင်ရမှာ ဖြစ်သွားပြီ။ ဆိုတော့ သူများကို သွားဒုက္ခပေးတဲ့ အကုသိုလ်ကို ရှောင်တာတင် မဟုတ်တော့ဘဲ ကိုယ့်စိတ်မှာ ညစ်နွမ်းမနေအောင် လေ့ကျင့်နေထိုင်ရတာပါ ဖြစ်သွားပြီ။

အဲ့လိုပဲ မှန်မကြည့်ရဘူး၊ ပန်းမပန်ရဘူး၊ ကိုယ့်ကိုယ်ကိုယ် အလှမဆင်ရဘူး ဆိုတာလည်း ဒါပဲ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်။ ချောလိုက်တာ၊ လှလိုက်တာ ဆိုပြီး ဖြစ်နေရင် တပ်မက်စိတ် ဝင်လာမယ်။ နောက်ပြီး ကိုယ့်ကို မြင်ရသူတွေကလည်း တပ်မက်စိတ် ဖြစ်မယ်။ တရားစခန်းဝင်ရင် မိတ်ကပ်တွေ၊ မျက်တောင်တုတွေ ဖယ်ပစ်ရတာ အဲဒါပေါ့။ နဂိုက လှပပြီး တပ်မက်ချင်စရာ ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ချက်ချင်း ငြိမ်းအေးတဲ့အသွင် ဖြစ်သွားတယ်။ သူ့ကို မြင်ရသူတိုင်းရဲ့ စိတ်က အေးသွားတယ်။ အပြင်အဆင်တွေနဲ့ လှပနေတုန်းကလို မပူလောင်စေတော့ဘူး။

သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာလည်း ဒီသဘောပဲ။ သိကြမှာပါ။ သီချင်းနားထောင်နေတုန်း တိုက်ဆိုင်တာလေး ပါလာရင် လွမ်းလာလိုက်၊ ဒေါသထွက်လိုက် ခံစားချက်တွေ စုံနေအောင်ကို ဖြစ်တာ။ သီချင်းလေး ညည်းမိရင်လည်း အဲ့လိုပဲ။ ခံစားချက်ကလေးတွေ ပေါ်လာတာပဲ။ (ကိုယ့်အသံ ကြားပြီး ဘေးပတ်ဝန်းကျင်ကလည်း စိတ်ဆင်းရဲရတာပေါ့။) ရုပ်ရှင်ဆိုလည်း ဗီလိန်ကို ဒေါသထွက်လိုက်၊ မင်းသားကို အားမလို အားမရ ဖြစ်လိုက် စသဖြင့် ခံစားချက်တွေ ဖြစ်လာရော။ ဒါတွေမဖြစ်ဘဲ တည်ငြိမ်အေးချမ်းနေစေချင်တဲ့အတွက် မလုပ်ဖို့ ထိန်းချုပ်ခိုင်းခြင်း ဖြစ်တယ်။

နောက်ပြီး Facebook သုံးတာဆိုလည်း ဘုရားလက်ထက်ကတော့ မပေါ်သေးလို့ မထည့်ထားပေမဲ့ သူကလည်း စိတ်ကို ညစ်နွမ်းစေတဲ့ထဲ ပါတာပဲ။ ကိုယ့်ကို ဆဲသွားတာတွေ့ရင်၊ ကိုယ်နဲ့ အမြင်မတူတာ တွေ့ရင် ဒေါသထွက်တယ်။ ချောတာလှတာ မြင်ရင် တပ်မက်တယ်။ ပစ္စည်းလှလှလေးတွေ တွေ့ရင် လိုချင်တယ်။ ဒါကြောင့် ဥပုသ်ယူထားရင် မသုံးတာ အကောင်းဆုံးပဲ။ သုံးရင်တောင် သတိလေးကပ်ပြီး သုံးတာ ပိုကောင်းတယ်။ Facebook ပဲ နမူနာ ပေးလိုက်ပေမဲ့ ကျန်တဲ့ App တွေလည်း ပါတယ်။ အလုပ်ကိစ္စနဲ့ အသိပညာ ရှာဖွေတာတွေ မဟုတ်ဘဲ စိတ်ကို နောက်ကျိစေမဲ့ Netflix, YouTube, Game တွေအကုန်ပဲ။ တတ်နိုင်သမျှ လျှော့ဖို့ လိုမယ်။ အခုခေတ်မှာ ပြောနေကြတဲ့ Digital minimalism ဆိုတာ အဲဒါပေါ့။

◾၂။ ရိုးရှင်းစွာ နေထိုင်တတ်သွားတယ်။ (Minimalism)

ဥစ္စာသယန မဟာသယနာ - မြင့်မြတ်သော နေရာမှာ မအိပ်စက်ရဘူးလို့ ပြောတယ်။ ငယ်ငယ်က နားမလည်ဘူး။ မြင့်မြတ်တဲ့ နေရာဆိုတော့ ဘုရားပေါ်တို့၊ အထက်ပစ္စယံတို့ စသဖြင့် ထင်တာပေါ့။ အဲ့မှာ မအိပ်ရင် ရပြီ ထင်တာ။ တကယ်ဆိုလိုတာက ခမ်းနားကြီးကျယ်တဲ့ အိပ်ရာကြီးနဲ့ မအိပ်ဘူးလို့ ဆိုလိုတာ။ မွေ့ယာကြီးက အိလို့၊ ခေါင်းအုံးတွေက အများကြီး၊ အဲကွန်းက အေးစက်၊ ဒီလိုမျိုး မအိပ်ဘဲ ရိုးရိုးရှင်းရှင်းနဲ့ အိပ်ရမယ်။

အဲ့လို သိသွားတော့လည်း သဘောမပေါက်ပြန်သေးဘူး။ ဘာလို့ အဲ့လို အိပ်ရတာလဲ။ ဘာအကျိုးကျေးဇူး ရှိလို့လဲပေါ့။ Minimalism အကြောင်း ဟောလေ့ရှိတဲ့ ထိုင်းက ဘုန်းကြီးတစ်ပါး ရှင်းပြမှ ပိုသဘောပေါက်သွားတယ်။ ရိုးရှင်းစွာ အိပ်ရင် မနက်ဆို ထဖို့ မပျင်းတော့ဘူးတဲ့။ မှန်လိုက်တာ။ အိမ်မှာတုန်းကဆို အိပ်ရာထရ တအားခက်တယ်။ နှိုးစက်မြည်လာရင်တောင် မထချင်တာ။ ခုကျ ကြမ်းပြင်ပေါ် ဖျာခင်းအိပ်တော့ မနက်နိုးပြီ ဆိုတာနဲ့ တန်းထနိုင်တယ်။ အပျင်းတစ်ပြီး နှပ်မနေတော့ဘူး။ အဲ့လို မနက်ခင်းကို လန်းလန်းဆန်းဆန်းနဲ့ နိုးထရတော့ တစ်နေကုန်လည်း စိတ်က ကြည်လင်နေတယ်။

နောက်တစ်ခု။ နေ့လွဲညစာ မစားဖို့ စောင့်ထိန်းတာ။ မှတ်မိသေးတယ်။ ငယ်ငယ်က ကိုရင်ဝတ်တော့ အမေတို့က ဆွမ်းဟင်းတွေ ပို့တာပေါ့လေ။ ကိုရင်တို့ ညကျ ဗိုက်ဆာမှာ၊ များများစား ဆိုတော့ ကိုယ်တွေလည်း စားတာပေါ့။ ပြီးတော့ ဗိုက်တွေ အောင့်ပြီး နေလို့ထိုင်လို့ မကောင်း။ နောက်ပိုင်း ဥပုသ်စောင့်တော့လည်း အဲ့လို ညကျ ဗိုက်ဆာတာကို ခံရတအားခက်ခဲ့တယ်။

တကယ်တော့ ဒါသည်လည်း ထိန်းချုပ်ခြင်းတစ်မျိုးပဲ။ ညကျ ဗိုက်ဆာမှာဆိုပြီး နင်းကန်စားရတာ မဟုတ်ဘူး။ စားရင်တောင် သတိနဲ့ စားရတာလေ။ အမလေး ကြက်သားလေးက အိနေတာပဲ၊ ဝက်သားလေးက ကောင်းလိုက်တာ၊ ဒါမျိုး မဟုတ်ဘူး။ အစားအစာနဲ့ ကိုယ့်လျှာနဲ့ ထိသွားတယ်၊ အဲဒီကနေ ပျော့တယ်၊ မာတယ် ဆိုတဲ့ သိစိတ်ကလေး ပေါ်လာတယ်၊ အဲ့ကနေမှ နှစ်သက်တာ၊ မနှစ်သက်တာ ဆိုတဲ့ ဝေဒနာ (ခံစားချက်) ပေါ်လာတယ်၊ ဒါတွေ မြင်အောင် ရှုမှတ်ပြီး သတိနဲ့ စားရတာကိုး။

နောက်ပြီး ညစာ မစားရင် လူက ပေါ့ပါးတယ်။ လန်းဆန်းတယ်။ သံဃာတွေဆို တရားအားထုတ်နိုင်တယ်။ လူဆိုလည်း အလုပ်ကောင်းကောင်းလုပ်နိုင်တယ်။ ငိုက်မြည်းမနေဘူး။ မယုံရင် နေကြည့်။ စစချင်းတော့ ဗိုက်ဆာကောင်းဆာမယ်။ နောက်ပိုင်းကျ နေနိုင်သွားလိမ့်မယ်။ သိသိသာသာလည်း နေလို့ကောင်းလာတာ တွေ့ရမယ်။

ခု ပြောနေကြတဲ့ Intermittent Fasting ဆိုတာ ဒါပဲလေ။ ၆ နာရီပဲ အစားစား၊ ၁၈ နာရီကို ရေပဲသောက်၊ စားရင်လည်း နင်းကန်မစားနဲ့၊ ဒါဆို ဝိတ်မကျဘူး ဆိုပြီး ပြောနေကြတာက တကယ်တော့ ၈ ပါးသီလထဲ ပါတဲ့ ဝိကာလ ဘောဇနာ အင်္ဂလိပ်ဗားရှင်းပဲ။ ကွာတာက ခုနကလို အမှတ်သတိနဲ့ စားဖို့ မပြောတာလေးပဲ။

ဒါကြောင့် မြတ်စွာဘုရား အဆုံးအမတိုင်း နေထိုင်တဲ့ သံဃာတော်တွေဟာ ပိန်ပိန်ပါးပါး ဖြစ်နေတာ များတယ်။ (အများစုကို ပြောတာပါ။ ပင်ကိုယ်က ဝလွယ်၊ ပိန်လွယ်တာ၊ တစ်နေ့တာ လှုပ်ရှားမှု စတာတွေနဲ့လည်း ဆိုင်ပါသေးတယ်။) ဒီနေ့တော့ ကြက်သားလေး စားချင်တယ် ဆိုတာမျိုး မရှိရဘူး။ ဆွမ်းခံစားတယ်။ လောင်းလှူတာတွေနဲ့ပဲ ရောင့်ရဲတင်းတိမ်စွာ ဘုဉ်းပေးကြတယ်။ အိပ်ရင်လည်း ရိုးရိုးရှင်းရှင်း။ သင်္ကန်းဆိုလည်း လိုသလောက်ပဲ ထား။ ပိုတာကို မရှိတဲ့ သံဃာဆီ ပြန်လှူ။ ဒီလို နေထိုင်ကြတယ်။

အဲ့လို ရိုးရှင်းစွာ နေထိုင်ရင်းကနေ နောက်ထပ်အကျိုးတစ်ခု ရတယ်။ အဲဒါကတော့

◾၃။ တန်ဖိုးရှိတဲ့ အလုပ်တွေကို လုပ်နိုင်လာမယ်။

အိပ်ဖို့၊ စားဖို့အတွက် အထူးတလည် တခမ်းတနား ပြင်နေစရာ မလိုတော့ဘူး။ ညစာမစားလို့ လူက ပေါ့ပါးနေတဲ့အတွက် တရားဓမ္မ အားထုတ်နိုင်တယ်။ အလုပ်တွေ လုပ်နိုင်တယ်။ နောက်ပြီး သံဃာတွေ ဆံပင်ရိတ်ရတာ ဆိုလည်း ဘာလို့လဲပေါ့။ ဗုဒ္ဓမြတ်စွာက စဉ်းစားဆင်ခြင်တာကို အားပေးတယ် ဆိုတာ သိရတဲ့နေ့ကတည်းက ကျွန်တော် အဲ့လိုတွေ စဉ်းစားတာ။ ဒါလည်း Minimalism ပဲ။ ဆံပင်မရှိတဲ့အတွက် ဆီလိမ်းရတာ၊ Gel နဲ့ ပုံသွင်းရတာ၊ ခေါင်းလျှော်ရတာ မရှိတော့ဘူး။

အဲ့လို အရေးမပါတာတွေ ကိုယ့်မှာ နည်းသွားတဲ့အတွက် အရေးကြီးတာကိုပဲ အာရုံစိုက်နိုင်တယ်။ ဘဝကို ပြည့်ပြည့်၀၀ နေထိုင်နိုင်တယ်။ ဒါကို စကားလုံးလေးနဲ့ လှအောင် ပြောတော့ Less is More. တဲ့။ Minimalism ကို အကောင်းဆုံး ဖော်ညွှန်းတဲ့ စကားပေါ့။

ပြန်စဉ်းစားကြည့်။ ကျွန်တော်တို့မှာ မလိုအပ်တဲ့ မိတ်ဆွေတုတွေကို အချိန်ပေးဖို့ မိသားစုနဲ့ နေရမဲ့ အချိန်တွေကို စတေးခဲ့ရတယ်။ မလိုအပ်တဲ့ ပစ္စည်းဥစ္စာတွေကို ရှာဖွေဖို့ ပူလောင်မှုတွေ၊ လောဘတွေနဲ့ ရှင်သန်နေရတယ်။ ဖုန်းတွေအများကြီး၊ ကားတွေအများကြီး၊ အိမ်တွေအများကြီး ပိုင်ထားပေမဲ့ လူက ပျော်မနေဘူး။ ပျော်တယ် ထင်ရပေမဲ့ ရင်ထဲ ဟာနေတာ။ ပြောရရင် More is Less ဖြစ်နေကြတာ။

ဥပုသ်သီလကို ကုသိုလ်ရချင်လို့ ဆိုပြီး နှစ်ဆန်းတစ်ရက်နေ့မှာ၊ ကိုယ့်မွေးနေ့မှာ ဆောက်တည်တာက ကုသိုလ်ရမယ်။ အဲဒီတစ်ရက် အေးချမ်းမယ်။ သို့သော် ဒီနေ့ ညစာ မစားဘူး။ မနက်ဖြန်လည်းကျရော အစားတွေ နင်းကန်စားနေရင်တော့ ဘာမှ သိပ်ထူးမယ် မဟုတ်ဘူး။ ဒါကြောင့် ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို သေချာနားလည်အောင် လုပ်ပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံးဖို့ လိုတယ်။

လူဆိုတော့ သံဃာတော်တွေလိုတော့ အမြဲမနေနိုင်ဘူးပေါ့။ ဆံပင်တွေလည်း ရိတ်စရာ မလိုပါဘူး။ မေထုန်မှီဝဲတာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာတွေလည်း အမြဲတော့ ရှောင်မနေနိုင်ဘူးပေါ့။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း တပ်မက်သလို အများအမြင်မှာ လှတာ၊ ဘော်ဒီတောင့်တာတွေလည်း ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ တတ်နိုင်သလောက် မလိုအပ်တာတွေကို စွန့်ပစ်ပြီး ဘဝကို ပြည့်ပြည့်၀၀ နေထိုင်တတ်ဖို့တော့ လိုမယ်ထင်ပါတယ်။

တန်ဖိုး - ၁၄,၀၀၀ ကျပ်

အိမ်ရောက်ငွေချေဖြင့် မှာယူလို့ရပါပြီ။

#စာအုပ်ဆိုင်

"ဒဿဂီရိဟာ ဘယ်အရာကိုမဆိုစွမ်းဆောင်နိုင်တယ် သီတာဒေဝီကို ထုတ်ပယ်ပစ်ဖို့ဆိုတဲ့ ကိစ္စတစ်ခုကလွဲရင်ပေါ့"လင်္ကာဒီပချစ်သူစာအုပ်မှ...
29/04/2026

"ဒဿဂီရိဟာ ဘယ်အရာကိုမဆို
စွမ်းဆောင်နိုင်တယ်

သီတာဒေဝီကို ထုတ်ပယ်ပစ်ဖို့ဆိုတဲ့ ကိစ္စတစ်ခုကလွဲရင်ပေါ့"

လင်္ကာဒီပချစ်သူ

စာအုပ်မှာက ရာမာယဏဇာတ်ရဲ့ဇာတ်လမ်းကျောရိုး၊ ဖြစ်ပေါ်လာပုံရေမြေအနေအထား နဲ့ Timeline က ဖိုဝါဒကြီးစိုးမှု အားကောင်းတဲ့ သက္ကရာဇ်တွေဖြစ်တဲ့အတွက် ဆရာလည်း Patriarchy ကမလွတ်ဘူး လို့သတ်မှတ်စရာတော့မရှိဘူးထင်မိတာပါပဲ ...

ဒဿက အချစ်သူရဲကောင်းထက် အချစ်က ရူးသွပ်ခြင်း၊ ရှုံးနိမ့်ရခြင်း ဆိုတာမျိုးကို သီတာအပေါ််မှာထားတဲ့ သူ့ရဲ့ချစ်ခြင်းနဲ့ ကြမ်းတမ်းခဲ့ပေမယ့် နူးညံ့လွန်းအောင် လှလှလေးပုံဖော်ပြသွားနိုင်ခဲ့တယ် လို့ပြောရင် ကိုယ့်အတွက်က ပိုပြီးပြည့်စုံမယ်ထင်တယ် ...

ကိုယ်သဘောကျရတဲ့ လူတစ်ယောက်ရဲ့ ကိုယ့်အပေါ်ကို ချစ်ခြင်းမုန်းခြင်းမှာ ကိုယ့်ဘက်က အပြစ်မရှိ အမှားလို့မခံယူနိုင်ပေမယ့်လည်း Fail ဖြစ်သွားတဲ့အ‌ကြောင်းရင်းတစ်စုံတစ်ရာမျိုးရှိခဲ့ရင် ဆိုတာမျိုးကိုမြင်ရပြန်တော့ ရာဝဏဘုရင်ကို သီတာပြန်မကြိုက်ခဲ့တာက အပြစ်လို့လည်းမပြောနိုင်တော့တာမျိုး ...

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး ဆိုပေမယ့် အချစ်နဲ့ယှဉ်ရင် စစ်ဟာဘာအရေးလဲ ဆိုတဲ့ ဒဿကြီးကတော့ သီတာအတွက် တရားနည်းလမ်းကျကျ လေးတင်ပွဲဝင်ခဲ့ပေမယ့် မတရားတဲ့နည်းလမ်းနဲ့ အရှုံးပေးခဲ့ရတယ် ... သီတာကိုလက်မလွှတ်နိုင်လို့ ခိုးတင်ပြေးတဲ့အခါကျတော့လည်း သူကပဲ ထပ်မှားပြန်တယ် ...

ကိုယ်က အစထဲက Team ဒဿ မို့လို့လားတော့မသိဘူး ... စာလုံးတွေက မြှားတွေလိုပဲ ဆရာ့ရဲ့စကားလုံးသုံးနှုန်းမှုအရေးအသားကလည်း ထိလွန်းလို့ လင်္ကာဒီပချစ်သူ ဖတ်နေရင်း ဖတ်နေရင်းနဲ့ကို နင့်နင့်နဲနဲခံစားမိပြီး မျက်ရည်ပါကျမိချင်ချင် ... ကိုယ့်ရင်ထဲက ဒဿကတော့ ဘယ်တော့မှမရှုံးခဲ့ပါဘူး ...

အနည်းဆုံးတော့ သူ့ရဲ့ချစ်ခြင်းကို လှလှပပလေး ပုံဖော်ပြခွင့်ရခဲ့သေးတယ်လေ ... ဒီထက်ပိုပြီး ရေးချင်သေးပေမယ့် မရေးတော့ပါဘူး ... အချိန်ရရင် ရသလို ပြန်ဖတ်ဖြစ်မယ့် စာအုပ်တွေထဲက တစ်အုပ်ပါပဲ ... စာဖတ်ဖြစ်တဲ့လူတွေအတွက်ဆို ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်လေးပဲလို့ Recommend ပေးပါတယ် ...

✍️ ချစ်ဦးညို

တန်ဖိုး - ၂၅,၀၀၀ ကျပ်

အိမ်ရောက်ငွေချေနဲ့ မှာယူလို့ရပါပြီ။

#စာအုပ်ဆိုင် #ချစ်ဉီးညို

ဆရာမကြီး ခင်ခင်ထူးရဲ့ စာဖတ်သူတွေကြား ဖတ်ပြီးသူတိုင်း စိတ်ထဲ စွဲကျန်ရစ်ခဲ့ရတဲ့      ❝ မအိမ်ကံ ❞  ❝  စွဲလမ်းစိတ်က အပူဆိုရင...
28/04/2026

ဆရာမကြီး ခင်ခင်ထူးရဲ့
စာဖတ်သူတွေကြား ဖတ်ပြီးသူတိုင်း စိတ်ထဲ စွဲကျန်ရစ်ခဲ့ရတဲ့

❝ မအိမ်ကံ ❞

❝ စွဲလမ်းစိတ်က အပူဆိုရင်
အဲ့ဒီ့အပူဟာ တကယ်ပဲ
မအိမ်ကံ ကိုယ်တိုင်
လိုလိုချင်ချင် ခံယူခဲ့တဲ့ အပူပါပဲ။ ❞

✍️ ခင်ခင်ထူး

တန်ဖိုး - ၃၀၀၀၀ကျပ်

အိမ်ရောက်ငွေချေဖြင့် မှာယူနိုင်ပါပြီ။


#စာအုပ်စင်

28/04/2026

❝အသက်ရှင်နေတာလောက်
ပျော်စရာကောင်းတာ မရှိသလို
အသက်ရှင်နေတာလောက်
ခက်ခဲပင်ပန်းတာလည်း မရှိဘူး

အရွယ်ရောက်သူတွေရဲ့ ကမ္ဘာမှာ
ညနက်နက်မှာ မိမိကိုယ်ကို
ဆိတ်ဆိတ်ငြိမ်ငြိမ်ကုစားပြီး
မနက်စောစောမှာ ပြန်သက်ဝင်လှုပ်ရှား
ရုန်းကန်ကြတာဟာ
ဖြစ်ရိုးဖြစ်စဉ်ပါပဲ ။ ❞

▪နိုင်းနိုင်းစနေ

#စာအုပ်ဆိုင်

❝အချစ်မှာ သတ်သူမရှိ   သေသူသာရှိ။   ဘယ်ခေတ် ဘယ်လိုပြောင်းပြောင်း   လမ်းပေါ်မှာ   ပိုင်ရှင်မဲ့ အလောင်းတွေချည်းပဲ။   မည်သူမ...
28/04/2026

❝အချစ်မှာ သတ်သူမရှိ
သေသူသာရှိ။

ဘယ်ခေတ် ဘယ်လိုပြောင်းပြောင်း
လမ်းပေါ်မှာ
ပိုင်ရှင်မဲ့ အလောင်းတွေချည်းပဲ။

မည်သူမဆို
လွမ်းဖူး၊ ဆွေးဖူး၊ အသည်းကွဲဖူး၊
တခါ သေဖူးတဲ့လူတွေသာ
ပိတောက်လိုဖူးလို့။❞

▪ စိုင်းဝင်းမြင့်

#စာအုပ်ဆိုင်

ငွေရှာတတ်ဖို့ရာ ပညာအရည်အချင်း၊ အဆက်အသွယ်၊ ကျောထောက်နောက်ခံ၊ ငွေကြေးအရင်းအနှီး စတဲ့ သင် သိထားတာတွေဟာ အရေးမပါလှပါဘူး။ အဲဒါ...
27/04/2026

ငွေရှာတတ်ဖို့ရာ ပညာအရည်အချင်း၊
အဆက်အသွယ်၊ ကျောထောက်နောက်ခံ၊
ငွေကြေးအရင်းအနှီး စတဲ့
သင် သိထားတာတွေဟာ အရေးမပါလှပါဘူး။

အဲဒါတွေ ကောင်းကောင်း မရှိဘဲနဲ့လည်း
ကြွယ်ဝချမ်းသာ လာနိုင်ပါတယ်။
အကြောင်းကတော့ ငွေနဲ့ ပတ်သက်ပြီး
သင် ဘယ်လိုပြုမူကျင့်ကြံသလဲဆိုတာကပဲ
အရေးကြီးလို့ပါ။

ငွေနဲ့ ပတ်သက်ပြီး
မှန်ကန်တဲ့ သဘောထား အမြင်မထားတတ်ရင်၊
ပြုမူကျင့်ကြံပုံက လွဲချော်ခဲ့ရင် ဘယ်လောက်ပဲ
ငွေကြေးချမ်းသာသည်ဖြစ်စေ အချိန်မရွေး
ဆင်းရဲ ဒု-က္ခရောက်သွားနိုင်ပါတယ်။

ထက်မြက်ပြီးဉာဏ်ကောင်းတဲ့
သူတွေကိုတောင်မှ ငွေနဲ့ ပတ်သက်တဲ့
ပြုမူကျင့်ကြံပုံကို သင်ပေးရခက်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုပုံစံ၊ တကိုယ်ရည်ငွေကြေး
စီမံခန့်ခွဲပုံစံ နှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်
ချမှတ်သည့်ပုံစံများကို တတ်မြောက်ဖို့ရာ
သင်္ချာတွက်ချက်မှု အခြေခံပြီး
သတင်းအချက်အလက်၊ ဖော်မြူလာများမှ
တဆင့် သင်ပေးလို့ရပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ လူတွေဟာ
စာရင်းစာရွက်ပေါ်မူတည်ပြီး
ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ
ချမှတ်ကြတာတော့ မဟုတ်ပါဘူး။

ကမ္ဘာကြီးနဲ့ အတိတ်သမိုင်း အပေါ် မြင်တဲ့
မိမိရဲ့ ကိုယ်ပိုင် ရှုတောင့်၊ မိမိရဲ့ အတ္တ၊ မာန၊
ယုတ္တိမရှိတဲ့ မက်လုံးများ၊ စတာတွေကို
ပေါင်းစပ်ပြီးတော့ ညစာ စားနေရင်းဖြစ်စေ၊
အစည်းအဝေးခန်းထဲမှာပဲဖြစ်စေ ဆုံးဖြတ်ကြတာပါ။

ဒါကြောင့် ချမ်းသာကြွယ်ဝဖို့ဆိုတာ
စိတ်နေစိတ်ထားက အဓိက ပြဿနာပါ။

ငွေရှာနေတဲ့ မည်သူမဆို ဒီစာအုပ်ကို
ပထမဦးဆုံး ဖတ်သင့်ပါတယ်။
မူရင်းရေးသားသူ Morgan Housel ရဲ့
The Psychology of Money စာအုပ်ဟာ
ကမ္ဘာမှာ အရောင်းရဆုံးစာရင်းဝင်
စာအုပ်တစ်အုပ်ဖြစ်သလို စာအုပ်ထဲမှာ
ငွေနဲ့ ပတ်သက်ပြီး လူတွေရဲ့ ထူးခြားသော
အပြုအမူများ၊ ပိုမိုကောင်းမွန်တဲ့ အတွေးအမြင်များ၊
ပြုမူကျင့်ကြံဖို့ အတွက် နည်းလမ်းကောင်းများကို
အခန်း -၂၀ ဖြင့် မီးမောင်းထိုးပြထားပါတယ်။

တန်ဖိုး - ၁၈,၀၀၀ ကျပ်

အိမ်ရောက်ငွေချေဖြင့် မှာယူလို့ရပါပြီ။

#စာအုပ်ဆိုင်

Brain level မတူရင် သည်းခံလို့ရသေးတယ်Energy level မတူရင် ထွက်ပါပြေးချင်တာ ကိုယ်က Positive Vibes ရဖို့ မနည်းတည်ဆောက်ထားရတဲ...
25/04/2026

Brain level မတူရင် သည်းခံလို့ရသေးတယ်

Energy level မတူရင် ထွက်ပါပြေးချင်တာ

ကိုယ်က Positive Vibes ရဖို့ မနည်းတည်ဆောက်ထားရတဲ့ အခြေအနေမှာ

Negative Vibe နဲ့ပြည့်နေတဲ့ Energy တွေဆိုရင် ကိုယ့်ဆီမှာပါလာပြီး Energy drain ဖြစ်စေတယ်

Energy drain ဖြစ်ရင် အရမ်းသိသာတယ်

ဒီလူနဲ့ စကားပြောပြီးရင် ကိုယ်ပါ စိတ်ပျက်လက်ပျက် ဖြစ်သွားတာမျိုးကြုံရတယ်

တကယ့်ကို Energy Vampire တွေ ရှိပါတယ်
မီးများ မီးနိုင် ရေများ ရေနိုင်ဆိုသလိုပဲ သူ့ရဲ့ Negative energy ကများနေရင်တော့ ကိုယ့်မှာရှိတဲ့ အကြည်ဓာတ်ပါပျောက်ရတာပါပဲ

စွမ်းအင်စုပ်ယူသူများ [ Energy Vampire ]

✍️ သုခကျော်

တန်ဖိုး - ၁၄,၀၀၀ ကျပ်

တစ်အုပ်ပဲ in stock ကျန်ပါတယ်။

အိမ်ရောက်ငွေချေနဲ့ မှာယူလို့ ရပါပြီဗျ။

#စာအုပ်ဆိုင်

Address

Yangon

Alerts

Be the first to know and let us send you an email when Rainbow's Bookshelf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category