Sweet Honey

Call Contact the establishment

Sweet Honey Waterfall / Landscaping Creation Group

အခုတစ်ခါခေါ်ဆောင်သွားပေးမယ့် On Going Project လေးကတော့ သံလွင်လမ်း Project ပဲ ဖြစ်ပါတယ်ခင်ဗျာ။ခြံဝန်းအတွင်း စတင်‌ဆောက်လုပ...
29/09/2026

အခုတစ်ခါခေါ်ဆောင်သွားပေးမယ့် On Going Project လေးကတော့ သံလွင်လမ်း Project ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ခြံဝန်းအတွင်း စတင်‌ဆောက်လုပ်နေဆဲဖြစ်ပြီး လက်စသတ်ချိန်ရောက်ရင်လည်း Final Result ပုံရိပ်တွေကို ထပ်မံဝေမျှပေးသွားဦးမှာပါ။

✅ Sweet Honey အဖွဲ့သားတွေအနေနဲ့ Client စိတ်တိုင်းကျဖြစ်စေဖို့ အသေးစိတ်ဂရုစိုက် ဆောင်ရွက်ပေးနေပြီး ရေရှည်အတွက် ကြံ့ခိုင်မှုပြည့်ဝဖို့ အရည်အသွေးမြင့် Material တွေကိုသာ ရွေးချယ်အသုံးပြုထားပါတယ်။

✅ ပြီးစီးချိန် အတိအကျဖြစ်စေဖို့နဲ့ လုပ်ငန်းခွင်နှောင့်နှေးမှုမရှိစေဖို့လည်း စနစ်တကျ စီမံခန့်ခွဲပြီး ဆောက်လုပ်ပေးနေပါတယ်။

မိတ်ဆွေတို့လည်း မိမိတို့ရဲ့ခြံဝန်း၊ Rooftop နဲ့ လုပ်ငန်းခွင်အတွင်းမှာ စိတ်အပန်းပြေစေပြီး လှပခံ့ညားတဲ့ Waterfall, Landscaping နဲ့ Swimming Pools တွေဖန်တီးချင်ရင် လက်ရာသေသပ်ပြီး စိတ်တိုင်းကျ‌စေမယ့် ကျွန်တော်တို့ရဲ့ Sweet Honey ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

☎ 09967611276, 09425016219

🏡အမှတ်၆၂.(မြေညီထပ်) ၉၃လမ်း လမ်းတို (မြန်မာ့ဂုဏ်ရည်လမ်းမပေါ်) မဂ်လာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။






28/09/2026

#စာရွက်ပေါ်က ကတိကဝတ်များမှသည်… သက်ဝင်လှုပ်ရှားနေသော အနုပညာဆီသို့ 🎨🪨🌿💧

#လုပ်ငန်းတစ်ခုကို တာဝန်ယူလိုက်ပြီဆိုတာနဲ့
စာချုပ်ပေါ်မှာ ရေးသားထားတဲ့ အချက်အလက်တိုင်းကို လက်တွေ့မှာ ပြည့်စုံအောင် အကောင်အထည်ဖော်ပေးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါ။

#တစ်ခါတလေ
“Design ထဲကအတိုင်းပဲ လုပ်ပေးပါ” လို့ ပြောလာတဲ့အခါ
ကျွန်တော်တို့အတွက် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိပါတယ်။

#ဘာကြောင့်လဲဆိုတော့…????

ကျွန်တော်တို့ ဖန်တီးချင်တာက
စာရွက်ပေါ်မှာရှိတဲ့ Design တစ်ခုကို ပုံတူကူးဖော်ပေးရုံမဟုတ်ပါဘူး။

နေရာနဲ့ လိုက်ဖက်မှု၊
ကျောက်တုံးတစ်တုံးရဲ့ အနေအထား၊
ရေစီးဆင်းသွားတဲ့ လမ်းကြောင်း၊
အလင်းအမှောင်၊ အပင်တွေရဲ့ ရှင်သန်မှု၊
သဘာဝဆန်တဲ့ အလှတရား…

အဲဒီအရာတွေအားလုံးကို ပေါင်းစပ်ပြီး
ကြည့်လိုက်တိုင်း အသက်ဝင်နေသလို ခံစားရမယ့် အနုပညာလက်ရာတစ်ခု ဖြစ်အောင် ဖန်တီးချင်တာပါ။

က လမ်းညွှန်ပေးတဲ့ မြေပုံတစ်ခုဆိုရင်
လက်တွေ့ဖန်တီးမှုကတော့ အဲ့ဒီမြေပုံကို အသက်ဝင်တဲ့ အနုပညာအဖြစ် ပြောင်းလဲပေးခြင်းပါ။

Honey အတွက်
Project တစ်ခုချင်းစီဟာ စာချုပ်တစ်စောင်ပြီးဆုံးဖို့အတွက် မဟုတ်ပါဘူး။

ကိုယ်တိုင်ကြည့်ပြီး ကိုယ်တိုင်ဂုဏ်ယူနိုင်မယ့် လက်ရာတစ်ခု ဖြစ်လာဖို့အတွက်ပါ။

#အသက်ရှင်သန်နေသရွေ့…
ကျွန်တော်ချစ်တဲ့ ဒီအနုပညာလုပ်ငန်းထဲမှာပဲ
ပိုကောင်းတဲ့ လက်ရာတွေ၊ ပိုသဘာဝကျတဲ့ ဖန်တီးမှုတွေကို
ဆက်လက်ချယ်မှုန်းနေဦးမှာပါ။ ❤️

Sweet Honey
Waterfall & Landscaping Creating Group






များလေ့လာရန်သာ...
Web@
Sweethoneymm.com

Sweet HoneyWaterfall & Landscaping Creating Group

📞 09 967 611 276 / 09785070065

နေအိမ်အလှဆင်မှုတိုင်းအတွက် အကောင်းဆုံးဖန်တီးပေးနေတဲ့ “𝑺𝒘𝒆𝒆𝒕 𝑯𝒐𝒏𝒆𝒚”က‌တော့...𝑷𝒓𝒐𝒋𝒆𝒄𝒕 တွေ လက်ခံရရှိနေပြီး 𝑳𝒂𝒏𝒅𝒔𝒄𝒂𝒑𝒊𝒏𝒈 ဒီဇို...
24/09/2026

နေအိမ်အလှဆင်မှုတိုင်းအတွက် အကောင်းဆုံးဖန်တီးပေးနေတဲ့ “𝑺𝒘𝒆𝒆𝒕 𝑯𝒐𝒏𝒆𝒚”က‌တော့...

𝑷𝒓𝒐𝒋𝒆𝒄𝒕 တွေ လက်ခံရရှိနေပြီး 𝑳𝒂𝒏𝒅𝒔𝒄𝒂𝒑𝒊𝒏𝒈 ဒီဇိုင်းများကို အမြဲဆန်းသစ်နေအောင် ကြိုးစားဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ 🌿✨

“𝑺𝒘𝒆𝒆𝒕 𝑯𝒐𝒏𝒆𝒚” ရဲ့ နောက်လာမယ့် 𝑷𝒓𝒐𝒋𝒆𝒄𝒕 ကို ရန်ကုန်မြို့ရဲ့လူစည်ကားပြီး အချက်အချာကျတဲ့ 𝑻𝒊𝒎𝒆 𝑪𝒊𝒕𝒚 မှာ ဆောက်လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

ဒီ 𝑷𝒓𝒐𝒋𝒆𝒄𝒕 လေးကို ဘယ်ဒီဇိုင်းပုံစံ ဖန်တီးပေးသွားမလဲ
ဆိုတာ မကြာခင် ဝေမျှပေးသွားဦးမှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

ကျွန်တော်တို့ “𝑺𝒘𝒆𝒆𝒕 𝑯𝒐𝒏𝒆𝒚” ကနေ 𝑹𝒐𝒐𝒇𝒕𝒐𝒑 & 𝑮𝒓𝒐𝒖𝒏𝒅 𝑳𝒂𝒏𝒅𝒔𝒄𝒂𝒑𝒊𝒏𝒈 များကို 𝑺𝒖𝒓𝒗𝒆𝒚 တိုင်းတာခြင်းကစလို့ ပြီး ပြည့်စုံစွာ အလှဆင်ပြီးတဲ့အထိ အလှပဆုံးနဲ့အသေသပ်ဆုံး ဖန်တီးပေးလျက်ရှိတာမို့

𝑾𝒂𝒕𝒆𝒓𝒇𝒂𝒍𝒍, 𝑳𝒂𝒏𝒅𝒔𝒄𝒂𝒑𝒊𝒏𝒈 ,𝑺𝒘𝒊𝒎𝒎𝒊𝒏𝒈 𝑷𝒐𝒐𝒍𝒔 𝑪𝒓𝒆𝒂𝒕𝒊𝒐𝒏 အတွက် အပ်နှံမယ်ဆို “𝑺𝒘𝒆𝒆𝒕 𝑯𝒐𝒏𝒆𝒚” ကို သတိရလိုက်ပါခင်ဗျာ။ 🤗

☎ 09967611276, 09425016219

🏡အမှတ်၆၂.(မြေညီထပ်) ၉၃လမ်း လမ်းတို (မြန်မာ့ဂုဏ်ရည်လမ်းမပေါ်) မဂ်လာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။






24/09/2026

City New Project...🤩🥰

များလေ့လာရန်သာ...
Web@
Sweethoneymm.com

Sweet HoneyWaterfall & Landscaping Creating Group

📞 09 967 611 276 / 09785070065

အောင်မြင်နေချိန်အထိ အနားမှာရှိနေပေးပြီးဆုတောင်းပေးနေခဲ့တဲ့ မေမေ…ဆုတောင်းတိုင်း ဆုတွေရနေစေခဲ့လို့ ကျေးဇူးတင်ပါတယ်။ ❤️ဖေဖေ...
21/09/2026

အောင်မြင်နေချိန်အထိ အနားမှာရှိနေပေးပြီး
ဆုတောင်းပေးနေခဲ့တဲ့ မေမေ…
ဆုတောင်းတိုင်း ဆုတွေရနေစေခဲ့လို့ ကျေးဇူးတင်ပါတယ်။ ❤️

ဖေဖေရယ်… မေမေရယ်… ကျနော်ရယ်
တူတူသွားပြီး ရေတံခွန်ကြီးတစ်ခုရှေ့မှာ
Photo တွေရိုက်ရင်း…

“သားရဲ့လုပ်ငန်းက ဒီလောက်အထိ အောင်မြင်လာပြီ” ဆိုတဲ့
ဘဝအထုပ်အပိုးတွေ၊ အောင်မြင်မှုတွေကို
ဖေဖေနဲ့ မေမေကို ပြောပြချင်ခဲ့တာ
အကြိမ်ကြိမ်တွေးဖူးပါတယ်…

ဒါပေမဲ့ ဖေဖေကတော့
ဒီလောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပြီ…

အနားမှာတော့
သားကို အမြဲချစ်ပေးနေတဲ့ မေတ္တာတွေနဲ့
အမြဲဂရုဏာပေးနေတဲ့ မေမေရှိနေပါသေးတယ်။

မေမေ…
ဘဝတစ်လျှောက်လုံး အရမ်းပင်ပန်းခဲ့တယ်။
ဈေးရောင်းခဲ့တယ်…
သားကို ကျောင်းထားပေးခဲ့တယ်…

ချမ်းသာပြီး ပြည့်စုံတဲ့ဘဝတစ်ခုမှာ
သားကို မထားနိုင်ခဲ့ပေမဲ့
“လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့”
လုံလောက်ရုံမက ပိုလျှံအောင်
မေမေက လုပ်ကျွေးခဲ့ပါတယ်။

အမေ့ကျေးဇူးကို
ဘယ်လောက်ပြန်ဆပ်ဆပ် မလုံလောက်နိုင်ဘူးဆိုတာ သိပါတယ်။

ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့
မေမေ့ကို အဆင်ပြေပြေလေးထားနိုင်ပြီဆိုတဲ့
အတွေးလေးတစ်ခုနဲ့တင်
သားဖြစ်တဲ့ကျနော် ပျော်မိပါတယ်။ ❤️

အခု သားတည်ဆောက်နေတဲ့ ရေတံခွန်တွေထဲမှာ
အကြီးဆုံးရေတံခွန်ကြီးတစ်ခုကို…

မေမေနဲ့အတူ သွားကြည့်ပြီး
သားရဲ့အလုပ်ကို မေမေနဲ့အတူ ခံစားခွင့်ရခဲ့တယ်။

အဲဒီအချိန်မှာ
“ဒီနေ့အထိ သားရောက်လာနိုင်တာ
မေမေရဲ့ကျေးဇူးတွေကြောင့်ပါ” ဆိုတဲ့အတွေးက
ရင်ထဲမှာ အရမ်းကြီးနေခဲ့တယ်။

ရတာလေးနဲ့ မရောင့်ရဲတတ်ပေမဲ့
ဖြစ်နေတဲ့ဘဝကိုတော့
အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်
မွမ်းမံတည်ဆောက်နိုင်ခဲ့ပါတယ်… ဖေဖေ။

ကျနော် လူကောင်းတစ်ယောက်ဖြစ်နေပြီလို့တော့
ကိုယ့်ကိုယ်ကို မပြောရဲသေးပါဘူး…

ဒါပေမဲ့ လူတော်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ပြီး
ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင်သလောက်
ပြန်လည်စောင့်ရှောက်ပေးနိုင်တဲ့သူတစ်ယောက်တော့
ဖြစ်လာခဲ့ပါပြီ ဖေဖေ…

အရမ်းသတိရပါတယ်…
ဖေဖေ။

အရမ်းချစ်ရတဲ့
မေမေ… ❤️

သားကို မွေးပေးခဲ့တာအပြင်
ဘဝသင်ခန်းစာတွေရဲ့ အစပြုရာ
ပထမဆုံးဆရာမကြီးလည်း ဖြစ်ခဲ့တဲ့
မေမေ… ကျေးဇူးအများကြီးတင်ပါတယ်။

သားရဲ့အောင်မြင်မှုတိုင်းမှာ
မေမေ့ရဲ့ပင်ပန်းမှုတွေ ပါနေပါတယ်။

Honey Founder
Ye Htut

သဘာဝတရားနဲ့ နေ့စဉ်ထိတွေ့ပြီး အပန်းဖြေချင်လား❓ဒါဆို “𝑺𝒘𝒆𝒆𝒕 𝑯𝒐𝒏𝒆𝒚”- 𝑳𝒂𝒏𝒅𝒔𝒄𝒂𝒑𝒊𝒏𝒈 𝑪𝒓𝒆𝒂𝒕𝒊𝒐𝒏 ကို သတိရလိုက်ပါ။ ✨✨ကျွန်တော်တို့ ...
18/09/2026

သဘာဝတရားနဲ့ နေ့စဉ်ထိတွေ့ပြီး အပန်းဖြေချင်လား❓

ဒါဆို “𝑺𝒘𝒆𝒆𝒕 𝑯𝒐𝒏𝒆𝒚”- 𝑳𝒂𝒏𝒅𝒔𝒄𝒂𝒑𝒊𝒏𝒈 𝑪𝒓𝒆𝒂𝒕𝒊𝒐𝒏 ကို သတိ
ရလိုက်ပါ။ ✨✨

ကျွန်တော်တို့ “𝑺𝒘𝒆𝒆𝒕 𝑯𝒐𝒏𝒆𝒚”ကနေ မိတ်ဆွေတို့ရဲ့နေအိမ်မှာ သဘာဝရဲ့အလှတရားတွေဖြစ်တဲ့

✅ 𝑮𝒓𝒐𝒖𝒏𝒅 𝑳𝒂𝒏𝒅𝒔𝒄𝒂𝒑𝒊𝒏𝒈, 𝑹𝒐𝒐𝒇𝒕𝒐𝒑 𝑳𝒂𝒏𝒅𝒔𝒄𝒂𝒑𝒊𝒏𝒈 များ

✅ အေးချမ်းတဲ့ရေစီးသံလေးတွေနဲ့ ရေတံခွန်လေးများ

✅ မိသားစု အနားယူအပန်းဖြေဖို့ ရေကူးကန် ဒီဇိုင်းများ

✅ စိတ်အပန်းပြေစေမယ့် အလှမွေးငါးကန်များကို
သဘာဝကျကျနဲ့ အလှဆုံး ဖန်တီးပေးနေပါတယ်။

𝑸𝒖𝒂𝒍𝒊𝒇𝒊𝒆𝒅 𝑴𝒂𝒕𝒆𝒓𝒊𝒂𝒍𝒔 များကို အသုံးပြုပြီး 𝑷𝒓𝒐𝒇𝒆𝒔𝒔𝒊𝒐𝒏𝒂𝒍 𝑺𝒆𝒓𝒗𝒊𝒄𝒆 𝑻𝒆𝒂𝒎 က စိတ်တိုင်းကျတဲ့အထိ ပြီးပြည့်စုံစွာ ဖန်တီးပေးသွားမယ့်အပြင်

𝑷𝒓𝒐𝒋𝒆𝒄𝒕 အပ်နှံပြီးတဲ့နောက်ပိုင်းမှာလည်း လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုများအတွက် 𝑨𝒇𝒕𝒆𝒓 𝑺𝒂𝒍𝒆 𝑺𝒆𝒓𝒗𝒊𝒄𝒆 လည်း ရှိတာမို့ ခေါင်းစားစရာမလိုဘဲ စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါတယ် ခင်ဗျာ။

မိတ်ဆွေတို့ရဲ့ နေအိမ်အတွက် အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ “𝑺𝒘𝒆𝒆𝒕 𝑯𝒐𝒏𝒆𝒚”က အမြဲရှိနေပါတယ်။ 🤗

☎ 09967611276, 09425016219

🏡အမှတ်၆၂.(မြေညီထပ်) ၉၃လမ်း လမ်းတို (မြန်မာ့ဂုဏ်ရည်လမ်းမပေါ်) မဂ်လာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။








များလေ့လာရန်သာ...
Web@
Sweethoneymm.com

Sweet HoneyWaterfall & Landscaping Creating Group

📞 09 967 611 276 / 09785070065

17/09/2026

🌿 အလုပ်အတူတူ လက်တွဲရင်း ခင်မင်လာတဲ့ ညီမငယ်လေးဆီ အလည်တစ်ခေါက်… 🌿

ကျနော်တို့ Sweet Honey ရဲ့ လိုအပ်သမျှ မြက်ခင်းတွေနဲ့ Landscaping မြေယာလုပ်ငန်းတွေကို အမြဲတမ်း အတူတူ ပူးပေါင်းဆောင်ရွက်ပေးနေတဲ့
“ပြုံးပန်းတိုင်” ဘဲစားမြက်၊ ဂျပန်မြက် ဝန်ဆောင်မှုလုပ်ငန်း က ညီမငယ်လေးဆီ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ ❤️

အလုပ်အကိုင်တွေ လက်တွဲလုပ်ကိုင်ရင်းနဲ့ မိသားစုလို ခင်မင်ရတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်လာတာလည်း ဝမ်းသာစရာပါပဲ။

ဒီတစ်ခေါက်တော့ အလည်လာရင်း လက်ဆောင်လေးတစ်ခု ပေးခဲ့ပါတယ်…
🍌 ငှက်ပျောခိုင်ကြီး 😁😂

စီးပွားရေးတွေ ဒီထက်မက တိုးတက်အောင်မြင်ပြီး
အလုပ်အကိုင်တွေ ဒီထက်ပိုပြီး အဆင်ပြေကောင်းမွန်ပါစေ ညီမရေ။
အမြဲတမ်း အောင်မြင်တိုးတက်နေပါစေ ❤️🙏

🤝 Sweet Honey × ပြုံးပန်းတိုင်
အလုပ်တွေမှာလည်း ဆက်လက်ပြီး ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်သွားကြမယ်နော်။ 🌿

🏗️💦 TIME CITY PROJECT — SWEET HONEY 🌿  City မှာ ကျွန်တော်တို့ Sweet Honey Waterfall & Landscaping Creating Group မှ တာဝန...
15/09/2026

🏗️💦 TIME CITY PROJECT — SWEET HONEY 🌿

City မှာ ကျွန်တော်တို့ Sweet Honey Waterfall & Landscaping Creating Group မှ တာဝန်ယူတည်ဆောက်မယ့် Project ကြီးတစ်ခု စတင်တော့မှာဖြစ်ပါတယ်။

#ဒီတစ်ခါမှာတော့ Quotation နဲ့ စျေးနှုန်းတန်းကိုပဲ ကြည့်ပြီး ရွေးချယ်ခဲ့တာမဟုတ်ဘဲ
ကျွန်တော်တို့အရင်တည်ဆောက်ခဲ့ဖူးတဲ့ ရေတံခွန် Project တွေ၊ ရေစစ်ကန်ကြီးတွေ၊ ရေသန့်စနစ်တွေနဲ့ လက်တွေ့တည်ဆောက်ခဲ့တဲ့ လုပ်ကွက်တွေရဲ့ အရည်အသွေးကို လာရောက်ကြည့်ရှုပြီး Sweet Honey ကို ယုံကြည်ရွေးချယ်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ 🙏❤️

#လူကြီးမင်းတို့ရဲ့ ယုံကြည်မှု မမှားခဲ့ဘူးဆိုတာကို စကားတွေနဲ့မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြသွားပါမယ်။

Project စတင်တည်ဆောက်ချိန်ကနေ
➡️ Design & Planning
➡️ Site Construction
➡️ Waterfall & Landscaping
➡️ Fish Pond & Filtration System
➡️ ရေစီးဆင်းမှုစနစ်
➡️ အပြီးသတ်အလှဆင်မှု

အဆင့်ဆင့်ကို မိတ်ဆွေတို့လည်း ဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ ❤️

#စကားထက် အလုပ်ကို ယုံကြည်ပါတယ်။
စျေးနှုန်းထက် အရည်အသွေးကို ဦးစားပေးပါတယ်။
#ယုံကြည်မှုကိုတော့ အကောင်းဆုံးရလဒ်နဲ့ ပြန်လည်ပေးဆပ်ပါမယ်။

🌿 လှပခေတ်မှီ — Sweet Honey
💦 ယုံကြည်စိတ်ချ — Sweet Honey နဲ့မှ










များလေ့လာရန်သာ...
Web@
Sweethoneymm.com

Sweet HoneyWaterfall & Landscaping Creating Group

📞 09 967 611 276 / 09785070065

 #လူတစ်ယောက်အောင်မြင်နေရင် မနာလိုတာ ကတော့ ထုံးစံပါ...😌😌 #ဒါပေမဲ့ မနာလိုခံရဖို့တောင်မလွယ်ဘူး ဘာလို့လဲဆိုရင်... ???? #မနာလ...
15/09/2026

#လူတစ်ယောက်အောင်မြင်နေရင် မနာလိုတာ ကတော့ ထုံးစံပါ...😌😌
#ဒါပေမဲ့ မနာလိုခံရဖို့တောင်မလွယ်ဘူး
ဘာလို့လဲဆိုရင်... ????
#မနာလိုခံရဖို့က အိမ် / ရွေ / ငွေ / ကား
Luxery အသုံးဆောင်တွေနဲ့... အကြွေးတော်တော်များများပိုင်ဆိုင်ထားမှ... မင်းကို ဝိုင်းမနာလိုကြမှာ ပေါ့...

#သေချာတာတစ်ခုက မင်းကိုမနာလိုတာ လိုက်ပြိုင်တာ
မင်းအိုင်ဒီယာတွေချပြသမျှလိုက်ခိုးတာ မင်းဘာလုပ်လုပ်
ငေးပြီး အော်ဒီလိုလုပ်လို့ရပါလာဆိုပြီး အတုယူတာ တွေ...
ကို မင်းအလုပ်ခံရပြီဆို... သေချာတယ် နေရာတစ်ခုရောက်ပြီကို့လူ...
#သို့သော် လျော့ချလိုက်လို့မရဘူး... သူက မနာလိုနေတော့ တစ်ကွက်မှားတာနဲ့ လက်ခုပ်တီးဖို့စောင့်နေတော့ လက်ခုပ်တီးခွင့်ကိုမပေးနဲ့... ဆက်လက်အမြင်ကပ်နေပါစေမနာလိုနေပါစေ... 😁

Sweet Honey Founder Ye Htut

  Honey Waterfall & Landscaping လုပ်ငန်းခွင်များတွင် စနစ်တကျ ကြီးကြပ်ကွပ်ကဲရန်နှင့် စီမံခန့်ခွဲမှုအပိုင်းများကို တာဝန်ယူ...
13/09/2026

Honey Waterfall & Landscaping လုပ်ငန်းခွင်များတွင် စနစ်တကျ ကြီးကြပ်ကွပ်ကဲရန်နှင့် စီမံခန့်ခွဲမှုအပိုင်းများကို တာဝန်ယူလုပ်ဆောင်ပေးနိုင်မည့် Site Manager (အမျိုးသမီး) 3 ဦး အလိုရှိပါသည်။

လုပ်ငန်းတာဝန်များ
* ရေတံခွန်၊ Koi ကန်၊ Aquarium နှင့် Landscaping Project ဆိုက်များကို စနစ်တကျ စီမံခန့်ခွဲခြင်း။
* လုပ်ငန်းခွင် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ စီစဉ်ပေးခြင်းနှင့် ဝန်ထမ်းများကို ကြီးကြပ်ခြင်း။
* လုပ်ငန်းတိုးတက်မှု အခြေအနေများကို နေ့စဉ် မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံတင်ပြခြင်း။
လိုအပ်သော အရည်အချင်းများ
* လုပ်ငန်းခွင်နှင့် ဝန်ထမ်းများကို စနစ်တကျ ကြီးကြပ်နိုင်စွမ်းရှိသူ။
* အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး ပြဿနာများကို အကောင်းဆုံး ဖြေရှင်းနိုင်စွမ်းရှိသူ။
* စကားပြောပြေပြစ်ပြီး တက်ကြွစွာ အလုပ်လုပ်ကိုင်နိုင်သူ။
* (သက်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းအတွေ့အကြုံရှိပါက ဦးစားပေးမည်။)
အလုပ်ချိန်နှင့် လစာ
* အလုပ်ချိန် - နံနက် ၉ နာရီ မှ ညနေ ၅ နာရီ
* လစာ - ၇ သိန်းကျပ်နှင့်အထက် (အရည်အချင်းနှင့် အတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းနိုင်သည်)

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို အောက်ပါ ဆက်သွယ်ရန် လိပ်စာများသို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။
* ဖုန်း - 09425016219
09 785070065
* Email - [email protected]

များလေ့လာရန်သာ...
Web@
Sweethoneymm.com

Sweet HoneyWaterfall & Landscaping Creating Group

📞 09 967 611 276 / 09785070065

Address

No. 62. (Ground Floor) 93rd Street, Short Lane (On Myanmar Pride Road), Maglara Taung Nyunt Township
Yangon
11222

Telephone

+959967611276

Website

Alerts

Be the first to know and let us send you an email when Sweet Honey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Sweet Honey:

Shortcuts

Share

Category