06/05/2026
ဂျပန်နိုင်ငံသားတွေအပါအဝင် ကျားဖြန့် အွင်လိုင်းလိမ်လည်သူဟု သံသယရှိသူ ၂,၂၀၀ ကျော်ကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး
နိရဉ္စရာ၊ မေ ၆/၂၀၂၆
မလေးရှားရဲတပ်ဖွဲ့ဟာ ကျားဖြန့် အွင်လိုင်း ငွေလိမ်ဂိုဏ်းတွေရဲ့ အခြေစိုက်စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး ဂျပန်နိုင်ငံသား ၅ ဦး အပါအဝင် လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၂,၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အခြေစိုက် စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ရာမှာ အွင်လိုင် လိမ်လည်လှည့်ဖြားတဲ့ လုပ်ငန်းတွေမှာ ပါဝင် ပတ်သက်တယ်လို့ ယူဆရသူ စုစုပေါင်း ၂,၂၅၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းကနေ ဖေဖော်ဝါရီလအစောပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ နှိမ်နင်းမှုတွေအတွင်း အွင်လိုင်း လိမ်လည်သူလို့ သံသယရှိသူ ၄၃၀ အနက် ၂၇၀ မှာ တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားများဖြစ်ကြပြီး ဒီအထဲမှာ ဂျပန်နိုင်ငံသား ၅ ဦးလည်း ပါဝင်နေပါတယ်။
ဒီဂိုဏ်းတွေဟာ သူတို့ရဲ့ စခန်းတွေကို အွင်လိုင်း ငွေလိမ်စင်တာတွေအဖြစ် လူမသိစေဖို့ သာမန်နေအိမ်တွေ၊ ကုန်သွယ်ရေး အဆောက်အအုံတွေနဲ့ အခြားသော အဆောက်အအုံတွေကို ပြုပြင်မွမ်းမံပြီး လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အွင်လိုင်း လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ သံသယနဲ့ နိုင်ငံခြားသား အများအပြား ဖမ်းဆီး ခံနေရတယ်လို့ဆိုပါတယ်။
ဒီ နိုင်ငံတွေဟာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိန်းချုပ်ဖို့အတွက် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြတယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။
Ref and Photo: NHK (Japan)