Nay La Yaung

Nay La Yaung I am a dreamed writer

ပုဂံခရီးတစ်ထောက် ( Htut Kalay )*******************ရန်ကုန်ဘူတာကြီးရဲ့ အေးစိမ့်စိမ့်လေမှာ ရထားရဲ့ ဟွန်းသံရှည်က ဆူညံစွာ ထွက...
29/11/2025

ပုဂံခရီးတစ်ထောက် ( Htut Kalay )
*******************

ရန်ကုန်ဘူတာကြီးရဲ့ အေးစိမ့်စိမ့်လေမှာ ရထားရဲ့ ဟွန်းသံရှည်က ဆူညံစွာ ထွက်ပေါ်လာတယ်။ အောင်သီဟက ပုခုံးပေါ်က ကျောပိုးအိတ်ကို ပြင်ဆင်ရင်း လက်မှတ်ကို တစ်ချက်ကြည့်လိုက်တယ်။ အလုပ်ကိစ္စနဲ့ ခဏခဏ ရန်ကုန်ရောက်ပေမယ့် အခုလို ပုဂံကို အလည်အပတ်ခရီးအဖြစ် သွားရမယ်လို့ တစ်ခါမှ မစဉ်းစားမိခဲ့ဘူး။ ရင်းနှီးတဲ့ အလုပ်ရှင် သူဌေးကြီး ဦးမျိုးလွင်က မပြန်ခင် ပုဂံဘက်ကို တစ်ရက်နှစ်ရက်လောက် လည်ပြီးမှ ပြန်ဖို့ အတင်းအကျ တိုက်တွန်းတာနဲ့ ခရီးစဉ်ကို စီစဉ်လိုက်ရခြင်း ဖြစ်တယ်။

ရထားဟာ တဖြည်းဖြည်း မြို့ပြင်ကို ထွက်လာပြီ။ ပြတင်းပေါက်ကနေ အဝေးကို ငေးကြည့်ရင်း မြန်မာ့ရထားတွေရဲ့ ပုံမှန် နှေးကွေးခြင်းကို အောင်သီဟ ခံစားမိတယ်။ သူ ဒီလို ခရီးမျိုးကို ကြိုက်တယ်။ အလုပ်ခရီးစဉ်တွေနဲ့ လေယာဉ်စီးနေရတာထက်စာရင် အေးအေးဆေးဆေး ခရီးသွားရတာက ပိုပြီး စိတ်အပန်းပြေစေတယ်။ ညအမှောင်ထုက မြို့ကို လွှမ်းခြုံလာတဲ့အခါမှာတော့ အောင်သီဟ အိပ်ယာဝင်ဖို့ ပြင်ဆင်လိုက်တယ်။

မနက်လင်းတော့ နေရောင်ခြည်က ပြတင်းပေါက်ကနေ အခန်းထဲကို ဖြာကျနေပြီ။ ရထားက ပုဂံဘူတာကို ဝင်ရောက်နေပြီဖြစ်ပြီး ဆူညံသံတွေကလည်း နိုးထလာကြတယ်။ ပုခက်လွှဲသလို ယိမ်းထိုးနေတဲ့ ရထားပေါ်ကနေ ဆင်းလိုက်တာနဲ့ အေးမြတဲ့ လေကို ရှူရှိုက်လိုက်ရတယ်။

"ကိုအောင်သီဟလားခင်ဗျာ"
အောင်သီဟ နာမည်ကို ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ သူ့လက်ထဲမှာ ဆိုင်းဘုတ်ကို ကိုင်ထားတဲ့ လူတစ်ယောက်ကို တွေ့ရတယ်။

"ဟုတ်ပါတယ်"

"ကျနော်က ဦးမျိုးလွင်ရဲ့ လူပါခင်ဗျ။ ဒီကို ရောက်ရင် ကြိုပေးဖို့ မှာလိုက်လို့ပါ"
အောင်သီဟ ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်ကဲ့ ကျေးဇူးပါပဲဗျာ"

"ဒီကိုလာတာ ဦးလေးက တစ်ယောက်တည်း ခရီးသွားရင် ပျင်းနေမှာစိုးလို့ tour guide တစ်ယောက် စီစဉ်ပေးလိုက်ပါတယ်"

စကားပြောနေရင်းနဲ့ ကားပေါ်ကနေ ဆင်းလာတဲ့ မိန်းကလေးတစ်ယောက်ကို လက်ညှိုးထိုးပြတယ်။ အဲဒီကောင်မလေးက အသက် ၂၀ ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ ရိုးရှင်းတဲ့ မြန်မာဝတ်စုံကို ဝတ်ထားပြီး ဆံပင်ရှည်ကိုလည်း ကျစ်ဆံမြီးအဖြစ် သပ်ရပ်စွာ ကျစ်ထားတယ်။ သူမရဲ့ မျက်နှာမှာ အပြုံးတစ်ခုက အမြဲတမ်း နေရာယူထားတယ်။

"မမေဇွန်ပါ"
အောင်သီဟနဲ့ မျက်လုံးချင်းဆုံတော့ သူမက အားရပါးရ ပြုံးပြတယ်။

"ကျွန်မက ကိုအောင်သီဟကို ပုဂံအနှံ့လိုက်ပို့ပေးမယ့် tour guide ပါရှင်"
သူမရဲ့ နွေးထွေးတဲ့ အပြုံးနဲ့ စကားသံက အောင်သီဟကို စိတ်ချလက်ချ ခံစားရစေတယ်။ သူတို့နှစ်ယောက် ကားပေါ်တက်ပြီး ဟိုတယ်ကို ထွက်လာခဲ့ကြတယ်။ လမ်းတစ်လျှောက်လုံး မေဇွန်က ပုဂံသမိုင်းကြောင်း၊ ဘုရားပုထိုးတွေအကြောင်း၊ ဒေသခံတွေရဲ့ ဘဝအကြောင်းတွေကို စိတ်ပါဝင်စားစွာ ပြောပြတယ်။ သူမရဲ့ အသံက နားဆင်လို့ကောင်းပြီး ဗဟုသုတတွေကလည်း ပြည့်စုံလှတယ်။

ပထမဆုံးနေ့မှာတော့ အောင်သီဟတို့ မေဇွန်ရဲ့ လမ်းညွှန်မှုနဲ့ ထင်ရှားတဲ့ ဘုရားပုထိုးတွေကို သွားရောက်ခဲ့ကြတယ်။ အာနန္ဒာဘုရားရဲ့ ခမ်းနားထည်ဝါမှု၊ ဓမ္မရံကြီးဘုရားရဲ့ လျှို့ဝှက်ဆန်းကြယ်မှု၊ ရွှေစည်းခုံဘုရားရဲ့ တောက်ပမှုတွေက သူ့ကို အံ့အားသင့်စေတယ်။ အစပိုင်းမှာ အလုပ်ကိစ္စနဲ့ ပင်ပန်းလာတဲ့ စိတ်ကို အနားယူဖို့ သွားခဲ့တဲ့ ခရီးဟာ မေဇွန်ရဲ့ လမ်းညွှန်မှုကြောင့် စိတ်ဝင်စားစရာ အတွေ့အကြုံသစ်တွေ ဖြစ်လာခဲ့တယ်။

ညနေဘက်မှာတော့ မေဇွန်က စူဠာမဏိဘုရားရဲ့ အပေါ်ဆုံး ပစ္စယာကနေ နေဝင်ချိန်ကို ကြည့်ဖို့ ခေါ်လာတယ်။ လေအေးအေးလေး တိုက်နေတဲ့ ဘုရားပေါ်မှာ အတူတူ ထိုင်ရင်း နေဝင်ချိန်ကို စောင့်နေခဲ့ကြတယ်။ နေလုံးကြီးက တဖြည်းဖြည်း နီရဲလာပြီး အနီရောင်ရောင်ခြည်တွေက ဘုရားပုထိုးတွေပေါ်ကို ကျရောက်နေတဲ့ မြင်ကွင်းက အောင်သီဟကို ငေးမောစေခဲ့တယ်။
အဲဒီအချိန်မှာတော့ အောင်သီဟက အလုပ်အကြောင်း၊ မြို့ပြဘဝအကြောင်းတွေကို မေ့သွားခဲ့တယ်။

ဒုတိယနေ့မှာတော့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးစဉ်တွေကို သွားခဲ့ကြတယ်။ ရာဇဝင်ထဲက ပန်းချီကားတွေကို မြင်နိုင်တဲ့ ဂူဘုရားတွေ၊ နံရံဆေးရေးပန်းချီတွေနဲ့ ရှေးဟောင်းလက်ရာတွေက အောင်သီဟကို ပုဂံရဲ့ အလှတရားတွေနဲ့ အချစ်ကို ခံစားရစေခဲ့တယ်။

အဲဒီလို ခရီးစဉ်တွေအတွင်းမှာ သူတို့နှစ်ယောက်ဟာ ပုဂံရဲ့ သမိုင်းအကြောင်းတွေကို ပြောရင်းကနေ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာတွေကိုပါ ပြောလာခဲ့ကြတယ်။ မေဇွန်ရဲ့ မိဘအကြောင်း၊ သူမ ဘာကြောင့် tour guide လုပ်ဖြစ်ရတာလဲဆိုတာတွေကို အောင်သီဟ သိလာရတယ်။ တစ်နေ့ပြီးတစ်နေ့ သူတို့ရဲ့ ဆက်ဆံရေးဟာ tour guide နဲ့ ခရီးသွားဆက်ဆံရေးထက် ကျော်လွန်လာခဲ့တယ်။

နောက်ဆုံးနေ့မှာတော့ အောင်သီဟ ပြန်ရတော့မယ်ဆိုတဲ့ အချိန်ကို ရောက်လာခဲ့ပြီ။ ပုဂံဘူတာကို ကားမောင်းလာတဲ့ လမ်းတစ်လျှောက်လုံး ဘယ်သူမှ စကားမပြောဖြစ်ကြဘူး။ နှုတ်ဆက်ရတော့မယ့် အချိန်နီးလာလေလေ သူတို့နှစ်ဦးစလုံး စိတ်ထဲမှာ လေးလံမှုတွေက ပိုလာလေလေ ဖြစ်လာခဲ့တယ်။

ဘူတာရောက်တော့ အောင်သီဟက မေဇွန်ကို ကျေးဇူးတင်စကား ပြောလိုက်တယ်။

"မမေဇွန်ရေ၊ တကယ်ကို ကျေးဇူးတင်ပါတယ်နော်။ ဒီခရီးက ကျွန်တော့်အတွက် မမေ့နိုင်စရာ ဖြစ်စေခဲ့ပါတယ်။ မမေဇွန်သာ မပါခဲ့ရင် ဒီလို ခံစားရမှာ မဟုတ်ဘူးထင်ပါတယ်"
မေဇွန်က မပြုံးနိုင်တော့ဘူး။

"ကျွန်မလည်း ပျော်ရွှင်ခဲ့ပါတယ်" လို့ ပြောပြီး ခေါင်းငုံ့သွားတယ်။
အောင်သီဟက သူမရဲ့ လက်ကို အသာလေး ဆုပ်ကိုင်လိုက်တယ်။

"မမေဇွန်၊ ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် မမေဇွန်ဆီကို ဖုန်းဆက်လို့ ရပါသလား"
မေဇွန်က ခေါင်းမော့ကြည့်လာတယ်။ သူမရဲ့ မျက်လုံးတွေက ဝိုင်းစက်နေတယ်။

"ဟုတ်ကဲ့၊ ရပါတယ်။" လို့ ပြောပြီး သူမရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်တယ်။
ရထားထွက်ခါနီးအချိန်မှာ သူတို့ နှစ်ယောက် နှုတ်ဆက်ကြတယ်။ အောင်သီဟ ရထားပေါ်တက်ပြီး ပြတင်းပေါက်ကနေ လက်ပြနှုတ်ဆက်လိုက်တော့ မေဇွန်က အဝေးကနေ လက်ပြတယ်။ ရထားက တဖြည်းဖြည်း ဝေးသွားတဲ့အခါမှာတော့ အောင်သီဟ တွေးနေမိတယ်။

ဒီခရီးက သူတို့ရဲ့ ဆုံတွေ့မှုရဲ့ အဆုံးသတ်လား၊ ဒါမှမဟုတ် အချစ်ခရီးတစ်ခုရဲ့ အစလားဆိုတာကို သူ မသေချာဘူး။ ဒါပေမယ့် သူ သိတာကတော့ ဒီခရီးကနေ အပြန်မှာတော့ သူဟာ အရင်ကလို တစ်ယောက်တည်းမဟုတ်တော့ဘူးဆိုတာပါပဲ။

**************

ဆက်ရန်ရှိသေးသည်။ ကျေးဇူးတင်ပါတယ်။ ဆက်လက်‌ကြိုးစားရေးပါအုံးမယ်။

ဖတ်ရှု့အားပေးကြပါအုံးမမျှော်လင့်ထားသော...ခရီးတစ်ခုကြောင့်" မမျှော်လင့်ထားသော.. " #အပိုင်း၂ #မမျှော်လင့်ထားသော
07/12/2024

ဖတ်ရှု့အားပေးကြပါအုံး

မမျှော်လင့်ထားသော...ခရီးတစ်ခုကြောင့်
" မမျှော်လင့်ထားသော.. "

#အပိုင်း၂
#မမျှော်လင့်ထားသော

ဖတ်ရှု့အားပေးကြပါအုံးမမျှော်လင့်ထားသော...လူနှစ်ဦးကြားက နှောင်ကြိုးလေးတစ်မျှင်" မမျှော်လင့်ထားသော.. " #အပိုင်း၁ #မမျှော်လ...
06/12/2024

ဖတ်ရှု့အားပေးကြပါအုံး

မမျှော်လင့်ထားသော...လူနှစ်ဦးကြားက နှောင်ကြိုးလေးတစ်မျှင်
" မမျှော်လင့်ထားသော.. "

#အပိုင်း၁
#မမျှော်လင့်ထားသော

24/04/2022

မောဝ်တိုင်းအွမ်ကို စောင့်နေတဲ့သူများ ရှိပါသလား😬😬

မောဝ်တိုင်းအွမ် (Maw Tai Ohm Story)အပိုင်း(၁၅)...............................၁၈၄၄ခုနစ်၊ ဇွန်လလယ်ပိုင်း၊ သိန္နီမြို့"ဟင် ...
15/04/2022

မောဝ်တိုင်းအွမ် (Maw Tai Ohm Story)
အပိုင်း(၁၅)...............................
၁၈၄၄ခုနစ်၊ ဇွန်လလယ်ပိုင်း၊ သိန္နီမြို့

"ဟင် စော်ဘွားနဲ့ နမ်းခမ်းက ဘယ်လိုပတ်သက်တာလဲ"(A/N ဥဒေါင်းညို တစ်ယောက်ထဲတွေးစဉ်)

"စိုင်းနမ်းခမ်းသည် ယနေ့မှစ၍ ငါ၏အရိုက်အရာဆက်ခံသူ သိန္နီမင်းသား ရာထူးနှင့် စိုင်းအွမ်ခမ်းသည် ယနေ့မှစ၍ သိန္နီမင်းသားငယ် ရာထူးအဖြစ် ပေးအပ်တော်မူသည်" ဟူသောအမိန့်စကားကို ရှမ်းစကားနှင့် တစ်ခါ ဗမာစကားနှင့်ပြောကြားလေသည်။ ထိုအဖြစ်အပျက်များကိုမြင်၍ အထောက်တော်သည် အံ့ဩမှင်သက်နေတော့သည်။

ထို့နောက်ဥဒေါင်းညိုနှင့် စိုင်းနန္ဒတို့ ဟော်နန်းကိုယ်စားလှယ်ခန်းတွင် တွေ့ဆုံကြသည်။

စိုင်းနန္ဒ ဆိုသူမှာ စိုင်းနမ်းခမ်းတို့၏ အမေ နန်းစောဒေဝီ၏ မောင်ဝမ်းကွဲတစ်ဦးဖြစ်သည်။

"မိုင်ဆွန်ခ ကိုစိုင်းနန္ဒ၊ ကျွန်တော်က အိမ်ရှေ့စံမင်းရဲ့ အထောက်တော်တစ်ယောက်ပါ၊ အကို့ကို ကျွန်တော်တွေ့ဖူးသလိုပဲ အမရပူရနန်းတွင်းလာဖူးသေးလား"

"ဟုတ် လာဖူးပါတယ် တွေ့ဖူးကြသလိုပါပဲ၊ ကျွန်ုပ် အိမ်ရှေ့စံဆီလာဖူးတယ် သိန္နီအရေးကိစ္စတစ်ခုသွားရောက်ဆွေးနွေးတာလေ"

"အော် ဒါကြောင့်ကို၊ ဟုတ် အခုကျွန်တော်တို့ စဆွေးနွေးရအောင်၊ ကျွန်တော်ဒီကို လျို့ဝှက်လာတာပါ ဒီကဗမာအရာရှိတွေမသိရလေအောင်"

"ဒါဆို ဘာအရေးကိစ္စများလဲ အထောက်တော်"

"လက်ရှိဗမာအရာရှိ ဘယကျော်ဆိုတာကလဲ အရင်အရာရှိ ဗလမင်းထိန်လို လာဘ်စားတာတွေ အခွန်အတုတ်အပိုယူနေတာတွေ ရှိတယ်လို့ သတင်းရထားတယ် အဲ့ကြောင့် အိမ်ရှေ့ကိုယ်တော်က ကျွန်တော်ကို ဒီကိုစေလွှတ်လာရခြင်းပါ"

"ဒါဆို ဒီအရာရှိရဲ့ ပြစ်မှုတွေကို အမိအရဖမ်းနိုင်ဖို့ ကျွန်ုပ်တို့နဲ့ တိုင်ပင်ဆွေးနွေးတယ်ဆိုတော့ ကျွန်ုပ်တို့ ရှမ်းစော်ဘွားအရာရှိတွေရဲ့ အကူအညီလိုတဲ့သဘောလား"

"ဟုတ်ကဲ့ အဲ့သဘောပါပဲ၊ သူကအရင်လူတွေလို မဟုတ်ဘူး၊ နည်းနည်းတော့ ဉာဏ်နီဉာဏ်နက်များတယ်၊ သူ့အပြစ်ကိုအမျိုးမျိုးဖုံးကွယ်လိမ့်မယ်"

"ဟုတ်ကဲ့ပါ၊ ကျွန်ုပ်တို့ ရှမ်းအရာရှိအဖွဲ့တွေကလည်း သူ့ကိုစောင့်ကြည့်ဖို့ မိန့်ကြားထားပါမယ်"

"ဟုတ် ကျေးဇူးတင်ပါတယ်ခင်ဗျ၊ ကျွန်တော်တစ်နေရာသွားစရာလေးရှိသေးလို့ ခွင့်ပြုပါအုံး"

"ကောင်းပါပြီ အထောက်တော်"

သိန္နီမြို့၊ မြို့ဝန်ရုံးတွင်တော့။

"ဇေယျာ အခွန်တွေဘယ်လောက်ရပြီလဲ ဒီလအတွက်"

"ဒီလတွက်တော့ ပုံမှန်ကောက်နှုန်းအတိုင်းမရသေးပါဘူး၊ ထပ်ကောက်ဖို့လိုအပ်ပါသေးတယ် မြို့ဝန်"

"အေး သေချာလဲဂရုစိုက်လိုက်အုံး နေပြည်တော်ကဒီသတင်းပေါက်ကြားသွားမှ မင်းနဲ့ငါ ခေါင်းပြတ်နေမယ်"

"ဟုတ်ကဲ့ စိတ်ချပါ"

သိန္နီမြို့ဝန် ခေါ် သိန္နီရှိဗမာအရာရှိသည် ဘယကျော်ဖြစ်သည်။ ဇေယျ ဆိုသူသည် သူ၏ လူယုံတော် သန္နှီမြို့ဝန်ထောက် ခေါ် ဗမာအရာရှိတပ်မှူးဖြစ်သည်။

"မြို့ဝန်မင်း အပြင်မှာမြို့ဝန်နဲ့တွေ့ဖို့ ရှမ်းတယောက်ရောက်နေတယ် ဘုရား"

"ဘယ်သူများလဲ ဝင်ခိုင်းလိုက် အခန်းထဲ"

ခဏအကြာ။ ရှမ်းဝတ်စုံအနက်ရောင်ကို ဝတ်ဆင်ထားပြီး ခမောက်ဆောင်းထားသော သူတစ်ယောက်သည် မြို့ဝန်ရုံးခန်းသို့ ဝင်လာခဲ့သည်။

"အသင်ကဘယ်သူလဲ ကျွန်တော်နဲ့တွေ့မယ်ဆိုတော့ ထိုင်ပါအုံး"

"ကျုပ်က ကိုးကျားရှင် မောင်ခို"

"ဟင် ကိုးကျားရှင်က ဟို သီပေါနယ်ဘက်ကမလား ကြားတော့ကြားဖူးတယ် အခုဒီကို ဘာကိစ္စနဲ့လာပါသလဲ"

ကိုးကျားရှင်က ခေါင်းကိုမမော့ဘဲ ခေါင်းငုတ်ထားပြီး လက်ညိုးငေါက်ငေါက်ထိုးကာ

"ခင်ဗျားကို သတိလာပေးတာ၊ ဘာကြောင့်သတိလာပေးလဲ ဆိုတာကိုသိချင်ရင် ကျုပ်အကြောင်းစုံစမ်းလိုက်"

ပြောပြောပြီးချင်း ကိုးကျားရှင်က မြို့ဝန်ရုံးမှ ထထွက်သွားတော့သည်။

"ဇေယျ အဲ့လူအကြောင်း အမြန်စုံစမ်းဖို့ မင်းလူတွေကို ပြောစမ်း"

"ဟုတ် ဟုတ်ကဲ့"

ညဦးယံတွင် သိန္နီစော်ဘွား ဟော်နန်းရှိ သိန္နီရှမ်းမင်းသား အဆောင်တော်၌ အထောက်တော်နှင့် သိန္နီရှမ်းမင်းသားသစ်စက်စက် စိုင်းနမ်းခမ်းတို့ တွေ့ဆုံကြလေသည်။

"မင်းသား ကျွန်တော်မျိုးကို အဘယ်ကြောင့် ဆင့်ခေါ်ရသနည်း"

"အထောက်တော်ရယ် နမ်းခမ်းကိုမငေါ့ပါနဲ့ ရွဲ့ပြောနေတာမလား နမ်းခမ်းလဲ အထောက်တော်ကို ပြောပြဖို့စကားမစပ်မိလို့ပါ"

"မှန်လှပါ မင်းသား၊ ပြီးခဲ့ပါပြီ ထားပါတော့"

"ဟုတ်ပါပြီ အထောက်တော်၊ အထောက်တော်ကို နမ်းခမ်းခေါ်တွေ့ရတဲ့အကြောင်းကတော့ မနက်ဖြန်ညမှာ ဟော်နန်းကွင်းပြင်ထဲမှာ မီးပုံပွဲကျင်းပဖို့ရှိတယ်၊ အဲ့ဒါ အထောက်တော်ကို ဖိတ်ခေါ်တာပါ"

"မှန်လှပါ မင်းသား လာရောက်ပါ့မယ်"

လရောင်အောက် မှောင်မိုက်သော ညတစ်ညမှာ သိန္နီမြို့ သိန္နီဟော်နန်းရှိ မြက်ခင်းပြင်တွင် မီးပုံဖိုပြီး ရောင်စုံသော ရှမ်းအင်္ကျီဝတ် ရှမ်းလူမျိုးများက ဝိုင်းဖွဲ့ကကြသော မီးပုံပွဲကျင်းပကြသည်။

"အထောက်တော် လာလေ ဒီဘက်ကို"

"ဟုတ် မင်းသား"

"ရှမ်းအကလဲ ကြည့်၊ ဒီက ဒေသခေါင်ရည်လဲသောက်"

"ဟုတ်"

သူတို့နှစ်ဦး မီးပုံနှင့် မလှမ်းမကမ်းတွင် ထိုင်၍စကားပြောနေကြသည်ကို အဝေးတစ်နေရာစောင့်ကြည်နေသူများရှိသည်။

"ဇေယျ ဟို့က ရှမ်းမင်းသားနဲ့ စကားပြောနေတဲ့ တစ်ယောက်ကိုကြည့်စမ်း"

"ဘယ်မှာလဲ အော် ဟိုကလား"

"အေ မနေ့ကလာသွားတဲ့ ကိုးကျားရှင်နဲ့မတူဘူးလား"

"မတူပါဘူး ရုပ်ဆင်နေရုံလေးပါ"

"အေးပါ ဟုတ်မှာပါ၊ ဒါမယ့်ငါ အဲ့လူကို သိပ်မသင်္ကာဘူး၊ သူ့ကိုပါ မင်းလူတွေ စောင့်ကြည့်ဖို့မှာထား"

"ဟုတ် မြို့ဝန်မင်း"

✴✴✴✴✴

"အော် ဘာလိုလိုနဲ့ ငါဖတ်နေတဲ့ ficတောင် ဇာတ်သိမ်းတော့မှာပါလား SEမဖြစ်ပါစေနဲ့ကွာ"

"အိုက်နမ်း ရေ"

"ခ ဒေါ်လေး၊ အသေအော်ခေါ်နေတော့တာပဲ၊ ဘာပြောဖို့လဲ"

"ခိုင်းစရာရှိလို့ ကျေးဇူးရှင်လေးရဲ့၊ အထူးဆန်းဒီနေ့ ဘယ်မှမသွားဘူးလား"

"သွားပါဘူး ဘာခိုင်းမှာလဲ ပြောဗျာ"

"သွား ဈေးသွားဝယ်ပေး"

ဒါကတော့ လားရှိုးက အိုက်နမ်းတို့ တူဝရီးနှစ်ယောက်ရဲ့ ဆူပူကြနေတာပေါ့။

#အစကနေအခုထိ ဖတ်ရှူ့သူများ ကျေးဇူးတင်ပါတယ်ခင်ဗျာ
#နောက်လာမယ့် အပိုင်းက ဇာတ်သိမ်းပိုင်ပါ
#အပိုင်း(၁၆)မျှော်

Wattpadအသုံးပြုသူများအတွက် Link
https://www.wattpad.com/story/302929083?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=Nay_La_Yaung&wp_originator=6A7B7skbR%2FUrQqNWh65d%2FwvJuO1t44aiVnhKnCs8g4LG3stLdh6Xn47GGTDPso8%2FRlxYnu3TrFKrXJNIW2PS8%2F1adp9SBifHS0ziFO1f8NYHEx4%2Fcmi04xCDMgqLhmGa အားပေးပါအုံး😊

မောဝ်တိုင်းအွမ် (Maw Tai Ohm Story)အပိုင်း(၁၄)...............................၂၀၁၈ခုနစ်၊ မေလအစောပိုင်း၊ လားရှိုးမြို့ကော်...
10/04/2022

မောဝ်တိုင်းအွမ် (Maw Tai Ohm Story)
အပိုင်း(၁၄)...............................
၂၀၁၈ခုနစ်၊ မေလအစောပိုင်း၊ လားရှိုးမြို့

ကော်ဖီဆိုင်တစ်ခုတွင် အိုက်နမ်းနှင့် လင်းယုန်သစ်တို့ အတူဆုံခိုက်။

"ဟောင်းဟက်ဆူ"

"အဲ့ဒါကရော"

"အဲ့ဒါက..."

"ပြောလေ ဘာလို့လဲ"

"ဟောင်းဟက်ဆူ ဆိုတာက မင်းကိုငါချစ်တယ်"

"ဟာ တကယ်ကြီးလား၊ ဟ ရှက်နေပြီ စတာလေ ဟိ"

အိုက်နမ်းနဲ့လင်းယုန်သစ်တိူ့ ရှမ်းစကားသင်ပေးကြရင်း ရှက်ကြ ရီကြ ပျော်နေကြလေတော့သည်။

"ကော်ဖီသောက်လိုက်အုံး အေးကုန်ပြီ၊ ပြီးရင်တစ်နေရာသွားကြမယ်"

မြင့်မားသောတောင်ကုန်း၊ ချယ်ရီပန်းများနှင့် အလှတရားများပြည့်နှက်နေသော ရှုခင်းသာနေရာတစ်ခုသို့ အိုက်နမ်းနှင့် လင်းယုန်သစ်တို့ ရောက်ရှိခဲ့ကြသည်။

"ဝါးးး မိုက်နေရော ဒီနေရာ၊ တစ်ခါမှမရောက်ဖူးသေးဘူး ခုမှပထမဆုံးရောက်ဖူးတာ"

"ဒါဆို ကျေနပ်ရဲ့လား အခုလို ဒီနေရာလာရလို့ "

"ကျေနပ်တယ် ပျော်လဲပျော်တယ်"

"အွန်း နောက် ကိုယ်ပြောစရာရှိလို့"

"ပြောလေ ဘာပြောမို့လဲ စကားပလ္လင်ခံနေရတာ"

"ကိုယ့်ကိုအဖြေပေးတော့ပါလား၊ ကိုယ် အိုက်နမ်းကိုချစ်မိနေပြီ ချစ်တယ်ဆိုတာလဲ အိုက်နမ်းသိပြီးသားမလား"

"အင်းပါ ပေးမယ်ပေးမယ် ဘယ်လိုတွေအသည်းသန်ခဲမှန် လာဖြစ်ပြနေလဲမသိ၊ အရှေ့တိုးလာခဲ့"

လင်းယုန်သစ်သည်သူ့ရဲ့မျက်နှာကိုအရှေ့နည်းနည်းတိုးပြီး ရောက်လာသည်။

"*မွ* ဟောင်းဟက်ဆူခ အကို"

"ဟာ အိုက်နမ်း၊ မထင်ထားဘူး ပါးကိုနမ်းမယ်လို့"

"အခုပေးပြီးပြီ၊ ပြန်ပြောတော့နဲ့ ရှက်တယ်"

"ဟိဟိ ပြောတော့ပါဘူး၊ လာပါအုံး ကိုယ့်ရင်ခွင်ထဲ ဖက်ထားချင်လို့"

ချယ်ရီပန်းအောက် ချစ်ငယ်နှစ်ဖော် သာယာကြည်နူးနေကြပါတော့သည်။ တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ထားရင်း ကြည်နူးပီတိဖြစ်ရပါသည်။

"ချယ်ရီပန်းလေး🎼 မမွှေးသော်လည်း ထာဝစဉ်အသည်းလေး အေးစေမယ်ကွယ်

တောင်ပေါ်သားလေးရဲ့🎼 အသည်းဟာလဲ အမြဲတမ်း ချစ်စိတ်တွေမပြယ်၊

အကြင်နာအနမ်းလေးပေးလာတယ်🎼 ချယ်ရီရိပ်ရဲ့‌ အောက်မှာသူနဲ့

မြူမှုန်နှင်း🎼 ပုလဲလေးတွေထဲ အသည်းကွဲမဲ့ စကားတွေမဆိုနဲ့

အေးချမ်းတဲ့🎼 ရှမ်းမြေဝယ် မင်းမရှိတော့ နေရခက်လိမ့်မယ်

မပြန်ပါဘူး🎼 ချစ်ဦးကိုရယ် ရှမ်းစကားတော့တတ်အောင်သင်မယ်"

"အကို အချိန်ကိုက်ပဲနော် ရေဒီယိုကလာတဲ့ သီချင်းကလဲ ဟွန့်"

"ဟဟ ဟုတ်ပါ့ကွာ၊ အလိုက်သိတာခေါ်တယ်အဲ့တာ"

"ဝွန့် သူ့စိတ်ထဲအတိုင်းကိုက်ညီနေလို့မလား သိတာပေါ့၊ ဒါနဲ့ အဲ့သီချင်းဘယ်သူဆိုထားတာလဲ"

"တေးရေး တေးဆို စိုင်းဆိုင်မောဝ်လေ၊ သီချင်းနာမည်က ချယ်ရီပန်းကလေးအသည်းပေးချင်တယ်တဲ့"

"သီချင်းကလဲ အိုက်နမ်းတို့ခံစားချက်နဲ့ အံကိုက်ပဲ ဟိဟိ"

"အဟုတ်ပဲ၊ ကဲပါ အိမ်ရောက်ပြီ အကိုတို့ ဒီညတွက် kissလေးလိုချင်တယ် ပေးမလား"

"အကိုလဲ အိမ်ရှေ့ကြီးမှာ၊ ဒေါ်လေးမြင်မှာပေါ့"

"မမြင်ပါဘူး၊ အိမ်နဲ့လဲ နဲနဲဝေးနေတယ်၊ ကိုတို့ကားရပ်တဲ့နေရာက"

"အဲ့ဒါဆိုလဲ အင်းပါ.....အွတ် အွင့်"

ကားခေါင်းခန်းထဲမှာ ကောင်လေးနှစ်ယောက် ချိုမြိန်သော အနမ်းများကို နှုတ်ခမ်းချင်းဖြင့်ဖလှယ်နေကြတော့သည်။

✴✴✴✴✴

၁၈၄၄ခုနစ်၊ ဇွန်လအစောပိုင်း၊ အမရပူရမြို့

"မိုဘွား အထုတ်တွေသေချာပြင်ခဲ့ရလား"

"ဟုတ် ကိုညို၊ ပြင်လာပါတယ်"

"အေအေ၊ ငါတို့သွားမယ့်ခုကာလက မိုးတွင်းဆိုတော့ သိပ်ဂရုစိုက်သွားမှ၊ နမ်းခမ်းတို့ရော ပြင်ကြပြီးပြီလား၊ စိုင်းအွမ်ခမ်း လှည်းပေါ်အထုတ်တွေတင်တော့"

အထောက်တော် ဥဒေါင်းညိုလဲ သိန္နီနယ်တာဝန်တစ်ခုနဲ့ ဥဒေါင်းညို ဦးဆောင်၍ စိုင်းနမ်းခမ်း၊ စိုင်းအွမ်ခမ်းနှင့် မိုဘွားတို့ ပါဝင်သော အဖွဲ့သည် ရှမ်းသိန္နီစော်ဘွားအုပ်ချုပ်ရာနယ်သို့ မိုးဦးကာလတွင် ခရီးစတင်ထွက်ကြတော့သည်။

၁၈၄၄ခုနစ်၊ ဇွန်လလယ်ပိုင်း၊ သိန္နီမြို့

ရှမ်းတစ်ဦး - "ပီစိုင်းနမ်းခမ်းတို့ပါလား အကိုတို့လဲပါတာပဲ"

ဥဒေါင်းညို - "ဟုတ်တယ် အကိုလဲတာဝန်တစ်ခုနဲ့ ဒီဘက်ကိုလာတာ၊ သွားအုံးမယ်နော်"

ရှမ်းတစ်ဦး - "ဒီလူက ဘာကြီးလဲ ပီစိုင်း"

စိုင်းနမ်းခမ်း - "သူကအဲ့လိုပဲ သူစိတ်မပါရင်စကားသိပ်မပြောလိုဘူး သူစိတ်ထဲရှိတာပဲ ကောက်လုပ်တာ၊ ပီစိုင်းတို့လဲ သူ့နောက်လိုက်သွားအုံးမယ်"

ရှမ်းတစ်ဦး - "အောခ ပီစိုင်း"

သိန္နီရောက်ရောက်ချင်း ဟိုတစ်ခါအမရပူရမှာ တွေ့ခဲ့တဲ့ ရှမ်းတစ်ယောက်ကို အထောက်တော်ထပ်တွေ့ရ၍ သူ့ရဲ့ စိုင်းနမ်းခမ်းကို စကားချိုသွေးပြီးပြောနေသောကြောင့် စိတ်ကသိကအောင့်ဖြစ်ပြီး ကျန်တဲ့သူတွေကိုမစောင့်တော့ပဲ အရှေ့ကနေ လမ်းလျှောက် ထွက်သွားတော့သည်။

ဥဒေါင်းညို၏အနောက်သို့ စိုင်းနမ်းခမ်းတို့ လိုက်သွားကြရာ ပထမဆုံးသွားသောနေရာသည် သိန္နီဟော်နန်းဖြစ်သည်။ သိန္နီဟော်နန်းတွင် သိန္နီစော်ဘွား စဝ်ဖ အသင့်ရှိနေသည်။

"နမ်းခမ်းတို့ ရောက်ကြပြီလား"

"ရောက်ရှိကြောင်းပါ စဝ် ခ၊ နေပြည်တော်ကအရာရှိ ဥဒေါင်းညိုလဲ ပါကြောင်းပါ"

"အော် ဟုတ်လား၊ ကောင်းပါပြီ နမ်းခမ်း၊ အသင်က အရာရှိ ဥဒေါင်းညိုထင်တယ် ဘယ်လိုအကြောင်းကြောင့် လိုက်ပါလာရသလဲ"

"အိမ်ရှေ့စံကိုယ်တော် ပေးခဲ့သောတာဝန်တစ်စုံတစ်ရာရှိလို့ပါ စော်ဘွား"

"ဒါဆို အသင်က ဘာရာထူးအဆင့်ပါလဲ"

"အိမ်ရှေ့စံ ပုဂံမင်းသားကြီးရဲ့ တော်ဝင်လူယုံ အထောက်တော်တစ်ယောက်ပါ"

"ဝေး နည်းတဲ့အဆင့်မှ မဟုတ်ပဲ၊ ကဲဒါဆို ထိုတာဝန်အရေးတွက် လိုအပ်တာတိုင်ပင်ဖို့ ကောင်စီကိုယ်စားလှယ် စိုင်းနန္ဒဆီသွားရောက်ညှိနှိုင်းစေ၊ စိုင်းနမ်းခမ်းနဲ့ စိုင်းအွမ်ခမ်းကို ရာထူးများပေးသနားမည် ခံယူစေ"

"ဟင် စော်ဘွားနဲ့ နမ်းခမ်းက ဘယ်လိုပတ်သက်တာလဲ"(ဥဒေါင်းညို တစ်ယောက်ထဲတွေးစဉ်)

"စိုင်းနမ်းခမ်းသည် ယနေ့မှစ၍ ငါ၏အရိုက်အရာဆက်ခံသူ သိန္နီမင်းသား ရာထူးနှင့် စိုင်းအွမ်ခမ်းသည် ယနေ့မှစ၍ သိန္နီမင်းသားငယ် ရာထူးအဖြစ် ပေးအပ်တော်မူသည်" ဟူသောအမိန့်စကားကို ရှမ်းစကားနှင့် တစ်ခါ ဗမာစကားနှင့်ပြောကြားလေသည်။ ထိုအဖြစ်အပျက်များကိုမြင်၍ အထောက်တော်သည် အံ့ဩမှင်သက်နေတော့သည်။

#ဖတ်ရှု့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်

#အပိုင်း(၁၅) မျှော်

Wattpadအသုံးပြုသူများအတွက် Link
https://www.wattpad.com/story/302929083?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=Nay_La_Yaung&wp_originator=6A7B7skbR%2FUrQqNWh65d%2FwvJuO1t44aiVnhKnCs8g4LG3stLdh6Xn47GGTDPso8%2FRlxYnu3TrFKrXJNIW2PS8%2F1adp9SBifHS0ziFO1f8NYHEx4%2Fcmi04xCDMgqLhmGa အားပေးပါအုံး😊

မောဝ်တိုင်းအွမ် (Maw Tai Ohm Story)အပိုင်း(၁၃)...............................၂၀၁၈ခုနစ်၊ မေလအစောပိုင်း၊ လားရှိုးမြို့"🎼ချ...
06/04/2022

မောဝ်တိုင်းအွမ် (Maw Tai Ohm Story)
အပိုင်း(၁၃)...............................

၂၀၁၈ခုနစ်၊ မေလအစောပိုင်း၊ လားရှိုးမြို့

"🎼ချစ်တဲ့ ချစ်တဲ့ ရှမ်းရိုးမ၊ ချစ်တဲ့ ချစ်တဲ့ ရှမ်းရိုးမ၊

အဝေး🎼 မြင်ရုံဆို မပျော်နိုင်ပါ အပြာရောင်တောင်တန်းဆီကိုလာ၊

အောင်မေ့အခါခါ🎼 တမ်းတအခါခါ မရောက်ခဲ့ မပြန်ခဲ့ နိုင်တာလည်းသိပ်ကိုကြာ၊

ချစ်တဲ့ ချစ်တဲ့ ရှမ်းရိုးမ၊ချစ်တဲ့🎼 ချစ်တဲ့ ရှမ်းရိုးမ၊

အဝေးရပ်မှာ🎼 ပညာသင်ကြား၊ ပြန်ချင်ပေမဲ့ မပြန်နိုင်ပါ၊

ရှမ်းအိုးစည်သံ🎼 ရှမ်းကဟန် မကြားရ မမြင်ရ နိုင်တာလည်း သိပ်ကိုကြာ"

"အိုက်နမ်းရယ် နင်ပြန်လာတာနဲ့ နင့်ကိုဆူရပြီ၊ အားနေ သီချင်းဖွင့်ပြီး ညံနေ ငါ့ကိုအိမ်အလုပ်လေးကူမယ်မရှိဘူး"

"ဒေါ်လေးကလဲ ဘာလုပ်လုပ်ဆူမယ်ဆိုတာချည်းပဲ၊ ဝိုင်းကူရင်ပြီးရောမလား ဟွန့်"

ထုံးစံအတိုင်း အိုက်နမ်းနဲ့ သူ့အဒေါ်တို့ရဲ့ ရန်ပွဲလေးပါပဲ။

"နေပါအုံး ညက အကိုစာပို့ထားတာ ဒီမနက် တစ်နေရာလိုက်ပို့​ပေးမယ်ဆိုလား၊ ဟ ၉နာရီတောင်ထိုးနေပြီပဲ သူလာနေ​လောက်ပြီလားမသိ၊ ငါဖုန်းဆက်ကြည့်အုံးမှ"

"ဟဲလို အကို လာနေပြီလား"

"ဟုတ်တယ် အခုထွက်လာပြီ၊ အိုက်နမ်းလဲ အဝတ်လှဲပြီး အဆင့်သင့်ပြင်ထားနော်"

"ဟုတ်"

"ဒါကဘယ်လဲ"

"အကိုနဲ့ အပြင်ခဏသွားမလို့"

"ဟင်း အပြင်သွားဖို့ဆို တက်ကြွနေရော၊ အိမ်အလုပ်ခိုင်းရင်တော့ လင်းတမှိုင်မှိုင်ပြနေတယ်၊ အေးအေ သွားသွား၊ ငါလဲ နားငြီးသက်သာတယ်။

ခဏအကြာ အိုက်နမ်းတို့အိမ်ရှေ့ကို ကားတစ်စီးရောက်ချလာသည်။

*တီ တီ*

"ဒေါ်လေးရေ သွားပြီနော်"

ကားပေါ်တွင်တော့။

"အိုက်နမ်း ဘာစားပြီးလဲ"

"ဘာမှတော့မစားရသေးဘူး"

"ဒါဆို တစ်နေရာမသွားခင် တစ်ဆိုင်ဆိုင် တစ်ခုခုဝင်စားရအောင်"

"ဟုတ်"

"ကော်ဖီသောက်တယ်မလား ကော်ဖီနှစ်ခွက်ပေးပါ ကိတ်မုန့်တွေလဲ ချပေးပါ"

"အိုက်နမ်း ကိုယ်ပြောဖို့မေ့နေတာ ကိုယ့်ကိုရှမ်းစကားသင်ပေးပါလား"

"ဟုတ် သင်ပေးမယ်၊ မိုင်ဆွန်ခ"

"မိုင်ဆွန်ခ၊ အဲ့ဒါဘာလဲ"

"မင်္ဂလာပါတဲ့"

"အော် အွန်း"

"ယင်းလီခ"

"အဲ့ဒါရော"

"ကျေးဇူးတင်ပါတယ်"

"အော် ဟုတ် နောက်တစ်ခု"

"ဟောင်းဟက်ဆူ"

"အဲ့ဒါကရော"

"အဲ့ဒါက..."

"ပြောလေ ဘာလို့လဲ"

"ဟောင်းဟက်ဆူ ဆိုတာက မင်းကိုငါချစ်တယ်"

"ဟာ တကယ်ကြီးလား၊ ဟ ရှက်နေပြီ စတာလေ ဟိ"

အိုက်နမ်းနဲ့လင်းယုန်သစ်တိူ့ ရှမ်းစကားသင်ပေးကြရင်း ရှက်ကြ ရီကြ ပျော်နေကြလေတော့သည်။

"ကော်ဖီသောက်လိုက်အုံး အေးကုန်ပြီ၊ ပြီးရင်တစ်နေရာသွားကြမယ်"

✴✴✴✴✴

၁၈၄၄ခုနစ်၊ မေလနှောင်းပိုင်း၊ အမရပူရမြို့

ညဦးယံအချိန်၌

"တိုင်တား လာပါ၊ အဘယ်အရေးကြောင့် ဒီချိန်ကြီးမှ ငါ့ဆီလာရတုန်း"

"အိမ်ရှေ့ကိုယ်တော်ရဲ့ အထောက်တော်အရေးပါ ဘုရား"

"အထောက်တော်ဆိုတာ....."

"အခု အချုပ်ကျနေတဲ့ ဥဒေါင်းညိုပါဘုရား"

"သူက တိုင်တားနဲ့ ဘယ်လိုပတ်သက်သလဲ"

"သူက ကျွန်တော်မျိုး သံတွဲမှာနေစဉ်ကတည်းက ကျွန်တော်ရဲ့ ကိုယ်ရံတော်လူယုံတစ်ယောက်ပါ၊ ယခုအခါမှာလဲ ကိုယ်တော်ရဲ့ လူယုံလဲ ဖြစ်နေပါပြီဘုရား၊ ထို့ကြောင့် သူ့ကို အပြစ်မှလွတ်ပေးဖို့ လာလျှောက်တင်ခြင်းပါ မဏိပူရနှင့်ပတ်သက်ခြင်းတစ်ခုထဲနဲ့ ကိုယ့်ရဲ့လူယုံတစ်ယောက်ကို ဆုံးရှုံးခံရဖို့မသင့်ကြောင်းပါဘုရား"

"အိမ်း ငါ့ကိုယ်တော်လဲ ဒီအကြောင်းကို တွေးမိပါတယ်၊ ဒါကြောင့် ခဏနေညညီလာခံဝင်ရင် မင်းတရားကြီးနှင့် တိုင်ပင်ဖို့ တွေးထားပြီးသားပါ၊ တိုင်တား စိတ်အေးအေးထားပြီး အဆောင်တော်ကို အေးဆေးပြန်အနားယူပါလေတော့"

"မှန်လှပါဘုရား ပြန်ခွင့်ပြုပါအုံးဘုရား"

မနက်ဘက် နေထွက်ချိန်၌

ရှမ်းရိုးရာဝတ်စုံနှင့်လွယ်အိတ်ကိုစလွတ်သိုင်းထားသော စိုင်းနမ်းခမ်းသည် ဥဒေါင်းညိုကိုတွေ့ရန် အမရပူရ အချုပ်ထားရာနေရာသို့ရောက်ရှိလာသည်။

"အထောက်တော်ကိုလာတွေ့တာ "

"နမ်းခမ်း တစ်ယောက်ထဲလား၊ မိုဘွားတို့ စိုင်းအွမ်ခမ်းတို့ရော"

"အနောက်မှာပါပါတယ်၊ ဒါနဲ့ အထောက်တော် အဆင်ပြေမှာပါနော် ဒီနေ့တရားခွင်မှာ"

"ပြေမှာပါ အိမ်ရှေ့ကိုယ်တော် ကိုယ်တိုင်စီရင်မှာဆိုတော့"

"ဟုတ် ဒါဆို နမ်းခမ်းတို့အပြင်ကစောင့်နေမယ် ဒီအချုပ်ထဲမှာ ကြာနေရင်လဲမကောင်းဘူး"

စိုင်းနမ်းခမ်းနှင့် ဥဒေါင်းညိုတို့ အမရပူရ အချုပ်ထဲ တွေ့ကြပြီးနောက် နမ်းခမ်းတို့ အပြင်ထွက်လာကြလေသည်။ အပြင်ရောက်သောအခါ

"အကိုက စိုင်းနမ်းခမ်းမလား"

"ဟင် ဟုတ်ပါတယ် ခင်ဗျားက နမ်းခမ်းကိုသိလို့လား"

"သိတယ်လဲမဟုတ်ပါဘူး ဖေါ့ပြောပြလို့ သိနေပါပြီ၊ ဖေါ့ကအကိုနဲ့ ပြည်မှာတွေ့ဖူးတယ်ပြောလို့"

"အော် ခင်ဗျားက အဲ့ဉီးကြီးရဲ့သားလား၊ တွေ့ရတာဝမ်းသာပါတယ်"

စိုင်းနမ်းခမ်းနှင့် သိန္နီဘက်ကရှမ်းတစ်ယောက် စကားကောင်းနေကြသည်။ သူတို့နှစ်ဦးကို အနောက်ကနေ စစ်သူကြီးချပ်ဝတ်အပြည့်ဝတ်ထားသောသူတစ်ယောက်က ရပ်ကြည့်နေသည်ကို သတိမထားမိကြပေ။

"အဲ့ဘက်ရော ပြန်ဆင်ပြေကုန်ပြီလား"

"ဆင်ပြေတယ်လဲ မဟုတ်ဘူး အရင်ကထက်ဆိုင်ရင်တော့ ပိုအဆင်ပြေပါတယ်၊ ဒါမယ့် လက်ရှိ အရာရှိကလဲ သိပ်မူမမှန်ပုံပဲ"

"ဟုတ်လား နမ်းခမ်းမေးကြည့်ပါ့မယ် ဗမာအရာရှိတွေကို"

"ဒါဆို ကျွန်တော်သွားစရာလေးရှိလို့ သွားတော့မယ်နော်"

"ဟုတ် ကောင်းပါပြီ"

အဲ့ဒီနောက်

"ပျော်နေတယ်ပေါ့ နမ်းခမ်း"

"အမလေး ဘယ်ကနေ ဘယ်လို ဒီဝတ်စုံကြီးနဲ့"

"လျှိုထားတာ၊ အမှန်တော့ ဒီနေ့မှာလဲ တရားခွင်ကမရှိတော့ဘူး၊ အိမ်ရှေ့မင်းညကတည်းကလာပြောပြီးပြီ၊ အပြစ်လွတ်ငြိမ်းခွင့်ပေးထားပြီး အဲ့အစား ရှမ်းသိန္နီကို ထောက်လှမ်းဖို့တာဝန်ရထားတယ်"

"တကယ်လား မျက်နှာဘလိုဖြစ်တာ၊ ပျော်ရမယ့်ဟာကို"

"ဘယ်ပျော်နိုင်မလဲ အရှေ့မှာမိုးမမြင်လေမမြင်ဖြစ်နေတာကို"

"ဘာ"

"ဘာမဟုတ်တော့ဘူး ထားတော့"

အထောက်တော်ဥဒေါင်းညိုလဲ သဝန်တိုသွားပြီထင်ပါသည်။ အဲ့နောက် သူတို့အဖွဲ့ သိန္နီသွားရန်ပြင်ဆင်ကြလေတော့သည်။

#အဆင်ပြေကြရဲ့လား စာကတော့နဲနေတာ😞
#အပိုင်း(၁၄) မျှော်

Wattpadအသုံးပြုသူများအတွက် Link
https://www.wattpad.com/story/302929083?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=Nay_La_Yaung&wp_originator=6A7B7skbR%2FUrQqNWh65d%2FwvJuO1t44aiVnhKnCs8g4LG3stLdh6Xn47GGTDPso8%2FRlxYnu3TrFKrXJNIW2PS8%2F1adp9SBifHS0ziFO1f8NYHEx4%2Fcmi04xCDMgqLhmGa အားပေးပါအုံး😊

မောဝ်တိုင်းအွမ် (Maw Tai Ohm Story)အပိုင်း(၁၂)...............................၂၀၁၈ခုနစ်၊ ဧပြီလနှောင်းပိုင်း၊ တန့်ယန်းမြို...
02/04/2022

မောဝ်တိုင်းအွမ် (Maw Tai Ohm Story)
အပိုင်း(၁၂)...............................

၂၀၁၈ခုနစ်၊ ဧပြီလနှောင်းပိုင်း၊ တန့်ယန်းမြို့

"အိုက်နမ်း မယ့်ကိုပြောပြီးလား ကိုယ်နဲ့ လားရှိုးပြန်မယ့်ကိစ္စ"

"ပြောပြီးပြီ လိုက်သွားတဲ့၊ ဘာလို့လဲမသိဘူး အကိုနဲ့ဆိုရင် အမေကစိတ်ချတယ်"

"ဟုတ်လား၊ ဒါဆို ကိုယ်တို့သွားရအောင် နေမမြင့်ခင်"

အိုက်နမ်းတို့ ကားလေးသည် တန့်ယန်းမြို့မှ တလှိမ့်လှိမ့်ထွက်လာခဲ့လေသည်။ တန့်ယန်းမှ ထွက်လာပြီး တစ်နာရီကျော်လောက်အကြာ လမ်းခုလတ်တစ်နေရာ၌ လင်းယုန်သစ်သည် ကားကိုလမ်းဘေးသို့ ထိုးရပ်လိုက်လေသည်။ ထို့နောက်။

"အိုက်နမ်း မင်းလေး အိပ်နေတာ ကလေးတစ်ယောက်အိပ်နေသလိုပဲ၊ အိပ်နေရင်း ပြုံးနေလိုက်သေး၊ အသဲယားဖို့ကောင်းတယ်ကွာ၊ နှုတ်ခမ်းဖူးလေးကလဲ.....အင်း"

လင်းယုန်သစ်တစ်ယောက်ကတော့ ဘေးတွင် ထိုင်ပြီးအိပ်ပျော်နေသော အိုက်နမ်းကိုကြည့်၍ စိတ်ထဲတွင်တစ်ယောက်ထဲယစ်မူးနေတော့သည်။

*ပျွတ်*

"အွတ်...ဟာ အကိုဘာလုပ်တာလဲ အိပ်နေတာကို၊ အခုကားဘာဖြစ်လို့လဲ"

"အိုက်နမ်း နှုတ်ခမ်းကိုကြည့်ပြီး စိတ်မထိုင်နိုင်လို့..အင်း..နမ်းမိသွားတာ၊ ညီ မကြိုက်ရင် ကိုယ်တောင်းပန်ပါတယ်"

"ထားပါတော့၊ နောက်ခါဆို ခိုးမနမ်းနဲ့ ကြိုက်ဘူး၊ အဖြေလဲမပေးရသေးပဲနဲ့ အသားယူမနေနဲ့"

"အသိပေးပြီးမှ နမ်းမယ်လေ"

"အာ အဲ့လိုပြောတာမဟုတ်ဘူး..ဟ ဘယ်လိုပြောရမလဲ၊ အဖြေမပေးရသေးဘူး၊ ဘယ်လိုမှမနမ်းနဲ့ ကြိုက်ဘူး၊ ရင်ဘတ်ထဲလဲတစ်မျိုးကြီး"

အိုက်နမ်းလဲ လင်းယုန်သစ်ရဲ့ အပြူအမူကိုကြောင့် သူလဲ ရှက်ရမ်းရမ်း​​ပြီး​ပြောချင်ရာပြောမိလေတော့သည်။

"ကားကဘာဖြစ်လို့လဲ အဲ့ဒါပြောအုံး"

"ကားကဘာမှမဖြစ်ပါဘူး၊ အင်ဂျင်ပူမှာဆိုလို့ ခဏနားနေတာ၊ အခုပြန်ဆက်သွားတော့မယ်လေ"

"ဟုတ် သွားသွား၊ လမ်းခုလတ်မှာ ခိုးမကြည့်နေနဲ့နော် ခုနလို့လဲ ထပ်မလုပ်နဲ့၊ မအိပ်တော့ဘဲ ဒီတိုင်းပဲ နေမှာ"

"ဟိဟိ ဟုတ်ပါပြီ ညီရယ်"

လင်းယုန်သစ်တို့ ကားလေးသည် လားရှိုးသို့ ခရီးဆက်ထွက်ကြလေသည်။

✴✴✴✴✴

၁၈၄၄ခုနစ်၊ မေလလယ်၊ တံတားဦးမြို့

"ဟုတ်ကဲ့၊ ကျွန်တော် အထောက်တော် လက်ခံပါတယ်၊ ခေါ်လိုရာခေါ်သွားပါ၊ နမ်းခမ်း ကိုယ့်ကိုစိတ်မပူနဲ့နော် သိန္နီကိုရောက်အောင်သွား၊ ကိုယ့်ကိုမစောင့်တော့နဲ့"

"မသွားပါဘူး အထောက်တော်၊ ခင်ဗျားကို စောင့်နေမယ် လနဲ့ပဲကြာကြာ နှစ်နဲ့ပဲကြာကြာ၊ ခင်ဗျားပဲလိုက်ပို့မယ်လို့ ပြောထားတာနော်၊ ခင်ဗျားပါမှ နမ်းခမ်းတို့သွားမယ်"

အမရပူရမြို့တော်စောင့်တပ်ဖွဲ့ စစ်ကဲဦးဆောင်သောအဖွဲ့က အထောက်တော် ဥဒေါင်းညိုကို မင်းနေပြည်တော်အမရပူရသို့ ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။

နမ်းခမ်းတို့လဲ သူတို့ခရီးကို ဆက်မထွက်တော့ဘဲ ဥဒေါင်းညိုကိုစောင့်ရန် အမရပူရသို့ သွားကြလေသည်။ အမရပူရတွင်ဘဲ ခဏတာတည်းခိုကြရမည်ဖြစ်လေတော့သည်။

အမရပူရရွှေမြို့တော်၊ တရားရုံး တရားခွင်တစ်ခု

ဒီတရားခွင်ကို စီရင်မည့်သူက အမရပူရရွှေမြို့တော်ဝန် ကိုယ်တိုင်ပင်ဖြစ်သည်။ ပုံမှန်ဆို တရားစီရင်ရမည့်သူသည် မြို့တော်တရားသူကြီးသာစီရင်ရသည်။

"ဒီမှာ မောင်မင်း၊ မှန်ရာကို ပြောဆိုပါ၊ ဒီကနေ့ တရားခွင်စတင်ပြီ"

"မောင်မင်းရဲ့ လက်ရှိရာထူးက ဘာလဲ"

"တော်ဝင်အထောက်တော်ပါ ဘုရား"

"မောင်မင်းရဲ့ အမည်နာမက ဘယ်လိုလဲ"

"ဥဒေါင်းညို ပါဘုရား"

"မောင်မင်းရဲ့ မိဘများက ဘယ်သူတွေလဲ"

"အမေက မုံရွာသူ မယ်သျှား၊ အဖေက....."

အထောက်တော်၏စကားမဆုံးခင်တွင်။

"မြို့တော်ဝန်ဘုရား မင်းတရားကြီးဆီကအမိန့်စာလာပါတယ်ဘုရား"

"ဘာအမိန့်စာလဲ ပြောစေ"

ငါ၏ သားတော် အိမ်ရှေ့မင်း အားကိုးရသော တော်ဝင်အထောက်တော်ကို ယနေ့တရားမစီရင်ပဲ အချုပ်နှောင်မှာ ခေတ္တထားငံ့စေ၊ နောက်တစ်နေ့တွင် အိမ်ရှေ့မင်းကိုယ်တော်တိုင်စီရင်စေမည်

"အဟမ်း အမိန့်စာကြားတဲ့တိုင်း မောင်မင်းကို ငါမစီရင်ဘူး၊ အိမ်ရှေ့မင်းကိုယ်တိုင် နောက်တနေ့မှာ စီရင်လိမ့်မယ်၊ အခု မောင်မင်းကို အချုပ်နှောင်ထဲ ခေတ္တထားမယ်၊ အာဏာပါးကွက်သားတို့ အချုပ်နှောင်ထဲ သင်းကိုပို့စေ"

အမရပူရရွှေမြို့တော်၊ မြို့တွင်းတစ်နေရာ

"သတင်းတစ်ခုရလာတယ် ပီစိုင်း"

"ဘာသတင်းလဲ အမြန်ပြော"

"အထောက်တော်ကို ဒီနေ့တရားမစီရင်ဖြစ်ဘူးတဲ့၊ အချုပ်ထဲ ခဏထည့်ထားတယ်၊ နောက်တစ်နေ့ အိမ်ရှေ့မင်းကိုယ်တိုင် စီရင်မယ်လို့ကြားခဲ့တယ်"

"ဒါဆို ပီစိုင်းတို့ မနက်ဖြန်လောက် သူ့ကိုသွားတွေ့ရအောင်၊ မိုဘွားကိုလဲပြောလိုက်အုံး"

"ဟုတ် ပြောလိုက်ပါ့မယ်"

စိုင်းအွမ်ခမ်းနဲ့ စိုင်းနမ်းခမ်းတို့စကားပြောဆိုကြပြီးနောက် အွမ်ခမ်းက မိုဘွားနဲ့စကားသွားပြောလေသည်။

"မိုဘွား ညီ"

"အကို ကိုညိုသတင်းဘာကြားလဲ ညီလေ ရင်တွေပူလှပြီ၊ ညီ့မှာအားကိုးစရာ ကိုညိုပဲရှိတာ"

"အင်းပါ မိုဘွား၊ စိတ်ခိုင်ခိုင်ထားနော်၊ ကိုယ့်ကိုလဲ အားကိုးလို့ရပါတယ် ချစ်သူတွေလဲဖြစ်နေပြီပဲဟာ၊ ကိုညိုကို သူတို့က ဒီနေ့တရားမစီရင်ဘူး၊ အချုပ်ထဲမှာပဲ ခဏထားမယ်၊ နောက်နေ့မှ အိမ်ရှေ့မင်းကိုယ်တိုင်စီရင်မယ်တဲ့"

"ဟူး အခုမှပဲ ရင်ထဲခံစားရတာ သက်သာတော့တယ်၊ အိမ်ရှေ့မင်းဆိုတော့ အဆင်ပြေမှာပါ ကိုညို့အတွက်"

ဥဒေါင်းညိုအရေးအတွက် စိုင်းနမ်းခမ်းတို့ ဒီနေ့အခြေအနေကြောင့် ရင်အေးကြရပြီဖြစ်သည်။

✴✴✴✴✴

လားရှိုးမြို့။

"ညီ အကိုပြန်တော့မယ်နော် ဘိုင်း"

"ဂရုစိုက်မောင်း အကို"

"ဟုတ်ကဲ့ပါ အိုက်နမ်း"

"အဟမ်း အဟမ်း"

"ဟဲဟဲ ဒေါ်လေး"

"ဘာဒေါ်လေးလဲ ပြန်ရောက်တာ နှုတ်ဆက်ဖော်မရဘူး သူ့လူကိုပဲ စိတ်မချဖြစ်နေပြီးတော့"

"မဟုတ်ရပါဘူး ဒေါ်လေးရယ်၊ သားကဒေါ်လေး အိပ်နေပြီထင်တာ၊ မိုးလဲချုပ်နေပြီ ဆိုတော့"

"အေးပါ အေးပါ ဟိုမှာရော တော်တော်လေးပျော်ခဲ့ရဲ့လား"

"သိပ်တော့မပျော်ရပါဘူး မယ့်တို့နဲ့"

"ခုနတစ်ယောက်ပါသွားတယ်မလား ပျော်ခဲ့ရမှာပါ"

"ဟိဟိ သားနားတော့မယ်"

"အေအေ နား သွားနားတော့"

အိုက်နမ်းတို့သည် ညဉီးယံ၌ လာရှိုးကိုပြန်ရောက်ကြလေသည်။ အိုက်နမ်း၏ ဒေါ်လေးသည် ခေတ်ဆန်သည်ဟု ဆိုရမည်ဖြစ်သည်။ အိုက်နမ်း၏ စိတ်နေသဘောထားကို သိသင့်နားလည်လေသည်။

#အဆင်ပြေကြရဲ့လား သာသာတို့😁
#မကြာခင်နှုတ်ဆက်ရပါတော့မည်
#အပိုင်း(၁၃) မျှော်

Wattpadအသုံးပြုသူများအတွက် Link
https://www.wattpad.com/story/302929083?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=Nay_La_Yaung&wp_originator=6A7B7skbR%2FUrQqNWh65d%2FwvJuO1t44aiVnhKnCs8g4LG3stLdh6Xn47GGTDPso8%2FRlxYnu3TrFKrXJNIW2PS8%2F1adp9SBifHS0ziFO1f8NYHEx4%2Fcmi04xCDMgqLhmGa အားပေးပါအုံး😊

Address

Yangon

Telephone

09797604835

Website

Alerts

Be the first to know and let us send you an email when Nay La Yaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Nay La Yaung:

Share