Fanny Channel

Fanny Channel well come

ပရိတ်သတ် အချစ်တော် မေထက်လူရဲ့ လူမှုကွန်ယက်မှာတော့ ယခုလိုပဲ တင်ထားခဲ့တာဖြစ်ပါတယ်။
03/07/2025

ပရိတ်သတ် အချစ်တော်
မေထက်လူရဲ့ လူမှုကွန်ယက်မှာတော့
ယခုလိုပဲ တင်ထားခဲ့တာဖြစ်ပါတယ်။

15/05/2025

လိမ္မာတဲ့ သားသမီးတိုင်း
ရည်းစားမရှိပါဘူး

ယနေ့ 31.3.2025ရက်နေ့ နံနက်4:30 ခန့်အချိန်တွင်နိုင်ငံကျော်အဆိုတော် တေးသံရှင် ဂျေညီညီ ကွယ်လွန်ကြောင်း သိရပါသည်..
31/03/2025

ယနေ့ 31.3.2025ရက်နေ့ နံနက်4:30 ခန့်အချိန်တွင်နိုင်ငံကျော်အဆိုတော် တေးသံရှင် ဂျေညီညီ ကွယ်လွန်ကြောင်း သိရပါသည်..

သံဆိုတာပူနေတုန်း ပုံသွင်းရသလို… ငလျင်အကြောင်းကလဲ ငလျင်လှုပ်ပြီးပြောရင် ပိုစိတ်ဝင်စားကြမယ်ထင်ပါတယ် ။ ဒီ Post မှာတော့ ဘာကြ...
28/03/2025

သံဆိုတာပူနေတုန်း ပုံသွင်းရသလို… ငလျင်အကြောင်းကလဲ ငလျင်လှုပ်ပြီးပြောရင် ပိုစိတ်ဝင်စားကြမယ်ထင်ပါတယ် ။ ဒီ Post မှာတော့ ဘာကြောင့် ငလျင်လှုပ်ရသလဲဆိုတာကို သိပ္ပံနည်းကျ ပြောပြပေးသွားမှာပါ ။

ဟိုးအရင်ကလူတွေဟာ ငလျင်ဘာ့ကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့ အကြောင်းကိုအမျိုးမျိုးထင်မြင်ချက်ပေး​ကြပါတယ်။ ရှေးကဂျပန်လူမျိုးတွေဟာငါးကြီးက ကမ္ဘာကိုထမ်းထားပါသတဲ့ ..ငါးကြီးကညောင်းလို့ လူးလွန့်တဲ့အခါမှာ ငလျင်တွေဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ တချို့ကျတော့ ကမ္ဘာမြေကြီးအတွင်းပိုင်းမှာအပေါက်တွေရှိပါတယ်တဲ့ ။ အဲ့အပေါက်တွေထဲလေတွေဝင်ပြီး တိုးဝှေ့တဲ့အခါငလျင်ဖြစ်တယ်လို့ ပြောကြပြန်ပါတယ်။ တချို့က ငလျင်ဟာကမ္ဘာမြေကြီးအောက်က သားရဲတိရစ္ဆာန်တွေ တိုက်ပွဲဖြစ်ကြလို့ဆိုတဲ့ အပြောတွေလဲရှိပါတယ်။ အဲ့ဒါတွေတစ်ခုမှမဟုတ်ပါဖူး။

ငလျင်ဘာကြောင့်လှုပ်ရတယ်ဆိုတာကိုသိဖို့အတွက် ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ တည်ဆောက်ပုံကိုသိဖို့လိုပါတယ် ။ ကမ္ဘာမြေကြီးကိုအလွှာ (၄) ပိုင်းနဲ့ဖွဲ့စည်းထားပါတယ်။ ဟိုးအတွင်းဆုံးအပိုင်းမှာ Inner Core ဆိုတာရှိပါတယ် ။အဲ့နေရာဟာ အချင်းအားဖြင့် ၈၀၁ မိုင်လောက်ရှိပါတယ် ။ ဒါပြီးရင် Outer Core ဆိုတာရှိပါတယ် ။ သူကတော့ အချင်းအားဖြင့် ၁၃၇၀ မိုင်လောက်ရှိပါတယ် ။ ပြီး၇င် Mantle လို့ဆိုတဲ့ အလွှာရှိပါတယ်။ ဒါကတော့ ၁၈၀၀ မိုင်လောက်အချင်းရှိပါတယ် ။ နောက်ဆုံးမှာမှ Crust လို့ခေါ်တဲ့ အပြင်ခွံရှိပါတယ် ။ သူကတော့ ၃ မိုင်ကနေ ၁၂ မိုင်အထိထူပါတယ် ။ (အောက်မှာပုံလေးပါပါတယ် ။ အဲ့ဒါလေးနဲ့တွဲကြည့်ရင်ပိုမြင်သာပါတယ်) ကျနော်တို့ဟာ Curst ပေါ်မှာနေနေကြတာပါ။ အဲ့ Crust ဟာ ဘာနဲ့တူလဲဆိုတော့ အပိုင်းပိုင်းကွဲအက်နေတဲ့ ကြက်ဥအခွံနဲ့တူပါတယ် ။ သူ့ရဲ့အောက်မှာတော့ မီးတောင်ကထွက်တဲ့ မီးတောင်ချော်လိုအရာတွေရှိနေပါတယ် ။ ဒီတော့ အဲ့ဟာတွေဟာ ရေခဲတုံးကြီးတွေ ရေထဲမျောနေသလို ဦးတည်ချက်အမျိုးမျိုးနဲ့ သွားနေပါတယ် ။

အဲ့တော့ Crust မျက်နှာပြင်အချပ်ကြီးတွေကို ကျနော်တို့က Tectonic Plate လို့နာမည်ပေးထားပါတယ်။ ဒီတော့ အဲ့ Tectonic Plate တွေဟာ တစ်ခုနဲ့တစ်ခုကြားမှာ တစ်နှစ်ကို 50 millimeter (၂လက်မခန့်) ရွေ့နေပါတယ်။ ဒါဆိုရင် Tectonic Plate နှစ်ခုတိုက်မိတဲ့အခါ နှစ်သန်းပေါင်းများစွာကြာတဲ့အခါ ဘာဖြစ်မလဲ …. ဟုတ်ပါတယ် တောင်တွေ ၊တောင်တန်းတွေဖြစ်ပေါ်လာပါတယ် ။ ဒါဖြင့် ဒီ Tectonic Plate နှစ်ခုဟာ ဆန့်ကျင်ရာဖက်ကို ရွေ့လျားမယ်ဆိုရင်ကော နှစ်သန်းပေါင်းများစွာကြာတဲ့အခါ ဘာဖြစ်လာမလဲ ….. ဟုတ်ပါတယ် ခန့်မှန်းတာမှန်ပါတယ် ။ ချိုင့်ဝှမ်းကြီးတွေဖြစ်ပေါ်လာပါမယ်။

ဒါဖြင့်လာပါပြီး ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး …. တည့်တည့်လဲမတိုက် … ဆန့်ကျင်ဖက်လည်းမတွန်းပဲ ..ဘေးတိုက်ချင်း ပွတ်နေမယ်ဆိုရင်ကောဗျာ …. ဒီမှာ Tectonic Plate အချင်းချင်းဘေးတိုက်ကြီးတွန်းနေတဲ့လမ်းကြောင်းကြီးကို ကျနော်တို့က Fault Line (ငလျင်ကြော) လို့နာမည်ပေးလိုက်ပါတယ် ။ ကျနော်တို့နိုင်ငံရဲ့ ကမ္ဘာကျော် စစ်ကိုင်းငလျင်ကြောဟာ Indian tectonic Plate (သူက မြောက်ဖက် euroasia ကိုရွေ့ပါတယ်) နဲ့ Sundra Tectonic Plate တို့ ဘေးတိုက်ပွတ်တိုက်နေတဲ့ နေရာကြီးပဲဖြစ်ပါတယ်။Techanical term အရ Strike-slip fault လို့ခေါ်ပါတယ်။ စစ်ကိုင်းငလျင်ကြောဟာ ၉၃၂ မိုင်လောက်ရှည်လျားပြီး မြန်မာပြည် မြောက်ဖျားကနေ တောင်ဖက်အထိပါ။ လူနေထူထပ်တဲ့မြို့ကြီးတွေ (နေပြည်တော် ၊ မန္တလေး ၊ ပဲခူး ၊ စစ်ကိုင်း ၊ ၇န်ကုန်နား) ဟာ ငလျင်ကြောအပေါ်မှာရှိနေတာမို့ အမြဲတမ်းသတိရှိနေဖို့လိုပါတယ် ။

ဒါဆို အတော်လေး ရှင်းသွားမယ်ထင်ပါတယ် (ဒီမှာ အများပြည်သူနားလည်အောင်ရေးတာမို့ Techanical အရတချို့ကိုချန်လှပ်ထားခဲ့ပါတယ် ဘူမိဗေဒပညာရှင်များနှင့် အင်ဂျင်နီယာများကတော့ အသေးစိတ်ထပ်မံလေ့လာဖို့လိုပါဦးမယ်ဗျ) …
ဆက်ပြောပါဦးမယ် …

ကျနော်တို့ရဲ့ စစ်ကိုင်းငလျင်ကြောဟာ အမေရိကန်ပြည်ထောင်စုက နာမည်ကြီး San Andreas Fault နဲ့အတော်ဆင်တူတာပါ ။ သူလဲ Strike-Slip fault အမျိုးအစားပဲဖြစ်ပြီးရွေ့လျားတဲ့နှုန်းကလဲတူပါတယ် ။အရှည်ကလဲတူတူနီးပါပဲ။ ကျနော်တို့လို လူနေထူထပ်တဲ့ ဆန်ဖ၇န်စစ်စကိုမြို့လိုကိုဖြတ်တာပါတူပါတယ်။ ဒါ့ကြောင့်ကျနော်တို့ရဲ့ အဆောက်အဦးစံချိန်စံညွှန်း (Building Code) ဟာ အမေရိကန်က Building Code ကိုမှီးငြမ်းထားတာလို့ စဉ်းစားမိပါသေးတယ် ။

အဓိကအကြောင်းအရာကိုပြန်သွားလိုက်ရအောင် … ဒါဆိုရင် ဘေးတိုက်ပွတ်နေတဲ့ Tectonic Plate ကြီးနှစ်ခုဟာ ထိစပ်တဲ့နေရာတွေမှာ အချင်းချင်းကြိတ်ပြီးပွတ်ကြပါတယ်။ ဘာနဲ့တူလဲဆိုတော့ လက်ဖျောက်တီးသလို လက်ညှိုးနဲ့လက်မကိုအတင်းဖိထားသလိုပါပဲ … အခုဖိကြည့်ပါ … အတင်းအချင်းချင်းဖိလာတဲ့အခါမှာ နောက်ဆုံးအချိန်ရောက်ရင် ချော်ထွက်သွားပါတယ်… အဲ့လိုချော်ထွက်ရင်လက်ဖျောက်အသံလေးထွက်သလိုပါပဲ …

Tectonic Plate ကြီးနှစ်ခုဟာ အချင်းချင်းပွတ်ရင်း စွမ်းအင်တွေစုဆောင်းလာလိုက်တာ နောက်ဆုံးအချိန်မှာရုတ်တရက် ကျိုးပျက်သွားပါတယ် ။ အဲ့အချိန်မှာ အရင်ကစုဆောင်းထားတဲ့စွမ်းအင်တွေကို ရုတ်တရက်ပြင်းထန်တဲ့ရွေ့လျားမှုနဲ့ ထုတ်ပစ်လိုက်တာကို ငလျင် လှုပ်တယ်လို့ ကျနော်တို့က ပြောကြပါတယ် … (အခုမှပဲ ဇာတ်ရည်လည်တော့တယ် လူဆိုးက ဒင်းပဲ …) ပီးရင်နောက်တစ်ဖန် ထပ်ပြီးအချင်းချင်းပွတ်ကြပြန်ပြီး နောက်တစ်ခါ ငလျင်လှုပ်ဖို့အတွက် အလုပ်ဆက်လုပ်ကြပြန်ပါတယ် ....

ဒါဆိုကျနော်တို့ဟာ အမြဲတမ်း ငလျင်ဒဏ်ကိုခံနေရမယ်ဆိုတာကို ခန့်မှန်းမိမယ်ထင်ပါတယ် … ဒီတော့ အချင်းချင်းပွတ်ကြပြန်ပြီး ဘယ်အချိန်မှာထပြီး ငလျင်လှုပ်မယ်ဆိုတာကို ဘယ်သူမှမခန့်မှန်းနိုင်ပါဖူး ။ ဒီအောက်မှာရှိတဲ့ ကျောက်သားတွေရဲ့တည်ဆောက်မှုကဘယ်လိုဆိုတာကို အသေးစိတ်သိဖို့ရာခက်တာကိုဗျ … သို့သော်လည်း ဒါကို ခန့်မှန်းလို့၇တဲ့ Theory တစ်ခုရှိပါတယ် …ဒါကိုနောက်ပိုင်းဆက်ပြောပါ့မယ် ။

ကျနောခန့်မှန်း ပြောနိုင်တာက တစ်နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ Magnitude 6 နဲ့ ငလျင် အခု ၂၀၀ ၊ Magnitude 7 နဲ့ ငလျင် အခု ၂၀ ၊ Magnitude 8 အထက် ငလျင် ၁ ခု လှုပ်နိုင်ပါတယ်။
ငလျင်နဲ့ပတ်သတ်လို့ ခန့်မှန်းထားတာတွေပါ …

၂၀၃၂ မနိုင်ခင်မှာ San Francisco မှာ magnitude 6.7 နှင့်အထက် ငလျင်လှုပ်ပါလိမ့်မယ် ။
၂၀၄၁ မတိုင်ခင်မှာ နယူးဇီလန်နိုင်ငံမှာ ငလျင် အကြီးအကျယ်လှုပ်ပါမယ် ။
၂၀၅၁ မတိုင်ခင်မှာ တူရကီနိုင်ငံ Istanbul မြို့မှာ Magnitude 7 နှင့်အထက် ငလျင်တစ်ခုလှုပ်ပါလိမ့်မယ် ။

အဲ မြန်မာပြည်အတွက် တစ်ခုခန့်မှန်းထားတာလေး မျှဝေပါရစေ .…
၂၀၄၀ မတိုင်ခင် Magnitude 7 နှင့်အထက် ငလျင်တစ်ခု လှုပ်နိုင်ပါတယ် ။

စာလဲရှည်သွားတော့နားပါရစေ ။ နောက်ထပ် ငလျင်နဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ ဆက်တိုက်တင်ပေးသွားပါ့မယ် ။

References …
Google
Earthquake Tips (C.V.R Murty)
US Geological Survey
Journal of Geophysical research ,109 ,BS5304 (Parsons.T)
Technical Report , Calfornia Institute of Technology (Huixian .L et al)
Seismic Design for architects (Andrew Charleson)
Bulletin of the New Zealand National Society for Earthquake Engineering (Norton,J.A et al)
Earthquake Hazard along Sagaing Fault (Tint Lwin Swe)

အောင်လ က အပြီးပိုင် အနားယူသွားပြီလား?***********“ ကွင်းဘေး တာဝန်ကျ ဆရာဝန်ကနေ တဆင့် ကျနော် နားလည်တဲ့ ပုံစံကို ပြောပြရရင် ...
21/02/2025

အောင်လ က အပြီးပိုင် အနားယူသွားပြီလား?
***********

“ ကွင်းဘေး တာဝန်ကျ ဆရာဝန်ကနေ တဆင့် ကျနော် နားလည်တဲ့ ပုံစံကို ပြောပြရရင် အောင်လ က အမှောက်သိပ်ခံလိုက်ရချိန်မှာ ချက်ခြင်း ကုန်းထလာပြီး “ငါ မရတော့ဘူး ၊ အနားယူတော့မယ်” ဆိုပြီး ပြောပါတယ်။

ဒါပေမယ့် နောက်ထပ် မိနစ် အနည်းငယ်ကြာတော့ သူ့ကိုသူ သတိ ပြန်လည်လာပုံ ရပါတယ်။ အဲဒီမှာ နိုး နိုး … မနားသေးဘူး ဆိုပြီး ထပ်ပြောတာပါ။ ဒါကြောင့် လက်အိတ်ကို သံဇကာဝိုင်းထဲမှာ မချွတ်တော့ပဲ အနားမယူဖြစ်ပါဘူး။

အဲဒီ အခိုက်တန့်က ဇဝေဇဝါတောင် ဖြစ်စရာပါ။ အောင်လ က ဘာတွေ ပြောသွားလဲ ဆိုတာ ကျနော်လဲ မသိပါဘူး”

ချတ်ထရီ ရဲ့ ပွဲအပြီး မှတ်ချက်စကား

နဲနဲလောက် ကိုက်မယ်နော် 😁
15/12/2024

နဲနဲလောက် ကိုက်မယ်နော် 😁

11/12/2024
ခြေလှမ်းမပျက် ဆက်သွားဖို့ဘယ်လောက်ခက်တယ်ဆိုတာ နားလည်ပါတယ်အများကြီး ပြိုခဲ့ဖူးသူချင်းမဟုတ်လား မင်းကိုလည်း ယုံတယ်မေတ္တာတရား...
08/12/2024

ခြေလှမ်းမပျက် ဆက်သွားဖို့
ဘယ်လောက်ခက်တယ်ဆိုတာ နားလည်ပါတယ်
အများကြီး ပြိုခဲ့ဖူးသူချင်းမဟုတ်လား

မင်းကိုလည်း ယုံတယ်
မေတ္တာတရားကိုလည်း ယုံတယ်
ဒါကြောင့်လည်း မဆုံအောင် နေလိုက်တော့တာ။ ။

လူတွေဟာ ရယ်စရာကောင်းကြောင်း "😄😄😄😄😄😄😄😄😄😄😄တစ်နေ့ -မျောက်နှစ်ကောင် စကားပြောကြတယ်ပထမမျောက်က ပြောတယ် " လူ့ဘဝက သိပ်ပျော်ဖို့ကေ...
02/12/2024

လူတွေဟာ ရယ်စရာကောင်းကြောင်း "
😄😄😄😄😄😄😄😄😄😄😄

တစ်နေ့ -
မျောက်နှစ်ကောင် စကားပြောကြတယ်

ပထမမျောက်က ပြောတယ်
" လူ့ဘဝက သိပ်ပျော်ဖို့ကောင်းတာဘဲကွာ "

ဒုတိယမျောက်ကပြောတယ်
" လူ့ဘဝက ပျော်ဖို့မကောင်းဘူးကွ လူတွေကရယ်စရာကောင်းနေတာ "

ပထမမျောက်က ပြန်ပြောတယ်
"ဘာလို့လည်းကွ " ???

ထိုအခါ ... ဒုတိယမျောက်က -
ထိုသို့ဖြေကြားပါလေတော့တယ်

" လူတွေဟာ ပြုံးနေတိုင်း ပျော်နေတာ မဟုတ်သလို ...
ငိုနေတိုင်းလည်း ဝမ်းနည်းနေတာမဟုတ်ဘူးကွ "

" မင်းပုခုံးကိုဖတ်ထားတဲ့ လူတိုင်းလည်း
မင်းလူမဟုတ်ဘူးကွ "

" မင်းကိုလက်တစ်ဖက်နဲ့ နှုတ်ဆက်နေတဲ့အချိန်မှာ
ကျန်တစ်ဖက်က ဓားတစ်လက်နဲ့
မင်းနောက်ကျောကိုချိန်ထားပြီးသား "

" မင်း အကြိမ်တစ်ရာကောင်းပေမဲ့
တစ်ကြိမ်မကောင်းလိုက်တာနဲ့
မင်းဟာ လူဆိုးစာရင်း Auto ဝင်သွားရော "

" တစ်ခါတစ်လေ ချို့တဲ့သူကို သနားသလိုနဲ့
သူတို့အတွက် အခွင့်အလမ်းရဖို့ကိုလည်း မြင်တတ်တယ်ကွ "

" တစ်နေ့လုံးနေလို့ အိမ်ကဘုရားဘက်လှည့်ပြီး
လမ်းမလျှောက်တဲ့သူတွေက လပြည့်နေ့ကျတော့
ဘုရားဖူးသွားလိုက်ကြတာ ... "

" အရမ်းချစ်ပါတယ် ခွဲမသွားပါဘူး ဆိုတဲ့အတွဲတွေ
ပြတ်လည်းပြတ်ရော နောက်ချစ်သူရှေ့မှာ
တစ်ယောက်ကိုတစ်ယောက် အပြစ်ပြောလိုက်တာကွာ ... "

" အိမ်ကမိဘကိုသာ ရှာကျွေးဖို့မေ့နေတာ
ချစ်သူရှေ့ကျ ချစ်ဘာလိုချင်လည်း ပြောတဲ့ကောင်တွေက တစ်ပုံကြီးကွာ "

" အိမ်မှာ ဆန်တစ်ပြည်လောက်စားတဲ့ မိန်းမတွေကလည်း
သူတိုဘဲတွေရှေ့ကျ မုန့်ဟင်းခါး တစ်ပွဲမကုန်တဲ့
ဇွတ် အစားနည်းမိန်းမတွေလည်းရှိသေးတယ် "

" တရားစခန်းဝင်ပြီး အိမ်စိတ်မချရတာနဲ့
ဘယ်လောက်ချမ်းသာကြောင်း
သားနဲ့သမီး ဘယ်လောက်တော်ကြောင်းပြောတဲ့
ဇွတ်တရားပေါက်နေတဲ့ သူတွေလည်းအများကြီး "

" အရာရာသိနေတဲ့ ဇွတ် ပညာရှိကြီးတွေလည်း တစ်ပုံကြီး "

" အမှန်တရားတွေပြောဖို့လား ...
ယောင်လို့တောင်မစဥ်းစားနဲ့
Auto ရွာပြင်ပို့လိုက်တာ " 😄😄😄

" မောတယ်ကွာ ...
ဒီနေ့တော့ ဒီလေါက်ဘဲနောက်နေ့မှ ဆက်ပြောပြမယ် "

" ဒါပေမဲ့ ... အဲ့လူတွေမသိတာ
သူတို့ဟာဘာကောင်ဖြစ်ဖြစ်
နောက်ဆုံးတော့ သူတို့ဟာ သေလူပါဘဲ
မွေးဖွားခြင်းက သေဆုံးခြင်းရဲ့အစပါ "

" ပေါ့သေးသေးတော့မထင်နဲ့
" မျောက်ချေးနဲ့ မသေးဆေး " ဖော်လို့ရတယ်ဆိုပြီး
ကြားကြည့်ပါလား ...
ငါတို့မျောက်တွေ ချေးပါချိန်တောင်ရမှာမဟုတ်ဘူး
ဗိုက်ခွဲပြီး ချေးယူသွားလို့ မျောက်မျိုးပါတုံးသွားမယ် "

ထိုစကားကြောင့် ...
ပထမ မျောက်က ထပ်မေးတယ်
" ဘာကြောင့် လူ့ဘဝကအဲ့လောက်တောင်ရှုပ်ထွေးရတာလည်းကွာ "

ထိုအခါ ... ဒုတိယမျောက်က ထပ်ပြောတယ်
" လူဘဝ ကရှင်းပါတယ်
မွေးဖွားပြီးရင် သေရမယ် ရှင်းရှင်းလေး
လူတွေကသာ ရှုပ်နေတာ
ဘာကြောင့်ရှုပ်တာလည်းမမေးနဲ့တော့ ...
သူတို့က " လူ " တွေဖြစ်နေလို့ကိုရှုပ်နေတာ "

စကားအဆုံး၌
မျောက်သုံးကောင်
အတွေးကိုယ်စီဖြင့် ပြုံးလိုက်လေတော့သည် 😄😄😄

နေ့သစ်
Credit

လေဖြတ်မှာ 🤨
02/12/2024

လေဖြတ်မှာ 🤨

သာမာန်နေ့လေး တစ်နေ့ပါပဲထူးခြားဖြစ်စဉ်လေးတော့ ပါတာပေါ့ 😁
02/12/2024

သာမာန်နေ့လေး တစ်နေ့ပါပဲ
ထူးခြားဖြစ်စဉ်လေးတော့ ပါတာပေါ့ 😁

Address

Yangon
HI

Alerts

Be the first to know and let us send you an email when Fanny Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share