The Art Bridge Art Center

The Art Bridge Art Center Art Education

ကျွန် တော်တို့ The Art Bridge Gallery မှာ (၁၀.၁၀.၂၀၂၆ မှ ၁၂.၁၀.၂၀၂၆)ထိ ၃ရက်ပြသနေတဲ့ Artist တာရာ ရဲ့ Artworks တွေနဲ့ပတ်သက...
11/10/2026

ကျွန် တော်တို့ The Art Bridge Gallery မှာ
(၁၀.၁၀.၂၀၂၆ မှ ၁၂.၁၀.၂၀၂၆)ထိ ၃ရက်
ပြသနေတဲ့ Artist တာရာ ရဲ့ Artworks တွေနဲ့ပတ်သက်ပြီး မြင်တွေ့ခံစားမိသမျှ......

BEYOND THE STRUGGLE |
ရုန်းကန်မှုကို ကျော်လွန်၍
An Exploration of Movement,
Energy and the Human Spirit

တချို့သော ပန်းချီကားများသည် မြင်ကွင်းတစ်ခုကို ဖော်ပြကြသည်။ တချို့ကတော့ မြင်ကွင်းတစ်ခုထက် ပိုမိုနက်ရှိုင်းသော လူ့ဘဝ၏ အတွေ့အကြုံများကို အရောင်၊ မျဉ်းကြောင်းနှင့် Textureတို့မှတစ်ဆင့် ဖွင့်ဟပြသကြသည်။

Artist Taryar၏
ဤလက်ရာများသည်လည်း ထိုသို့သော
အနုပညာအမြင်တစ်ခုကို ဖိတ်ခေါ်နေပါတယ်။

လက်ရာများတွင် ရွှေဝါရောင်နှင့် မြေသားရောင်တို့၏ နွေးထွေးသော အလင်းအောက်၌ ထူထဲကြမ်းတမ်းသော Texture များက ပြင်းထန်သည့် လှုပ်ရှားမှုတစ်ခုကို ဖန်တီးထားတယ်။

ပုံသဏ္ဌာန်များသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်ရင်း ရှေ့သို့ အားမာန်အပြည့်ဖြင့် ရွေ့လျားနေသကဲ့သို့ ခံစားရသည်။ ယင်းလှုပ်ရှားမှုသည် တိုက်ပွဲတစ်ခု၏ အရှိန်အဟုန်ကိုလည်းကောင်း၊ အခက်အခဲများကြားမှ ရှေ့ဆက်ချီတက်နေသော လူ့စိတ်ဓာတ်၏ အားမာန်ကိုလည်းကောင်း ကိုယ်စားပြု‌ နေသကဲ့သို့
ခံစားမိပါတယ်။

ထိုပြင်းထန်သော လှုပ်ရှားမှုသည် ပိုမိုကျယ်ပြန့်သော စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မီးခိုးရောင်၊ မြေညိုရောင်နှင့် အဖြူရောင်တို့၏ အပြန်အလှန် ထိတွေ့မှုများအကြား Texture ၏ ကြမ်းတမ်းမှု၊ အလွှာလိုက်တည်ဆောက်မှုနှင့် အရောင်များ၏ ပွတ်တိုက်မှုတို့က ပဋိပက္ခနှင့်မတည်ငြိမ်မှုကို ဖော်ကျူးနေသကဲ့သို့ပင် ခံစားမိပါတယ်။

တစ်ချိန်တည်းမှာပင် အရောင်များကြားမှ ပေါ်ထွက်လာသော အလင်းရောင်သည် အမှောင်နှင့် ပရမ်းပတာအတွင်း၌ပင် ရှေ့ဆက်နိုင်မည့် မျှော်လင့်ချက်တစ်ခု ရှိနေသေးကြောင်း
သတိပေးနေသကဲ့သို့ ဖြစ်‌ေနပါတယ်။

အနုပညာရှုထောင့်မှကြည့်လျှင် အရာဝတ္ထုများကို တိတိကျကျ ပုံဖော်ပြသခြင်းထက်
ထူထဲသော Texture များ၊ အားကောင်းသော Brushwork များနှင့် အရောင်အလွှာများ၏ အပြန်အလှန် သက်ရောက်မှုတို့သည် ကြည့်ရှုသူအား ပုံကိုကြည့်ရုံသာမက ၎င်းအတွင်းရှိ စွမ်းအင်ကို ခံစားရန်ပါ ဖိတ်ခေါ်နေပါသည်။

လက်ရာများကို တွဲဖက်ကြည့်ရှုသောအခါ
ပထမပန်းချီကား၏ တက်ကြွပြင်းထန်သော
ချီတက်မှုမှ ဒုတိယပန်းချီကား၏ ပိုမိုကျယ်ပြန့်ပြီး ရှုပ်ထွေးသော စွမ်းအင်နယ်ပယ်သို့ ကူးပြောင်းသွားသကဲ့သို့ မြင်တွေ့ခံစားရပါတယ်။

ရုန်းကန်ခြင်းသည် အဆုံးသတ်တစ်ခု
မဟုတ်ပါ။ ၎င်းသည် ပြောင်းလဲမှုတစ်ခု၏
အစလည်း ဖြစ်နိုင်သည်။

ပန်းချီကားတစ်ချပ်၏ တန်ဖိုးသည် မြင်တွေ့ရသော ပုံသဏ္ဌာန်များထဲ၌သာ မရှိဘဲ၊ ကြည့်ရှုသူတစ်ဦးချင်းစီ၏ အတွေ့အကြုံနှင့် စိတ်ခံစားမှုတို့အတွင်း မည်သည့်အဓိပ္ပာယ်များ ဆက်လက်ရှင်သန်လာစေသနည်း ဆိုသည့်အချက်ထဲတွင်လည်း
တည်ရှိနေပါတယ်။

Beyond the Struggle — Where Chaos Becomes Movement, and Movement Becomes Meaning.

🎈Artist Taryar ၏ Art Exhibition သည်
မနက်ဖြန် (၁၂.၁၀.၂၆)နောက်ဆုံးရက်မို့
မိတ်ဆွေများ လာရောက်ကြည့်ရှု ခံစားနိုင်ပါရန်
ဖိတ်ကြားပါတယ်။

The Art Bridge Art Centre (ABAC)
အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊ ပင်လုံလမ်းမကြီး (ဘေလီတံတားအဆင်း ၊နာရီစင်မှတ်တိုင်)၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့
ဖြစ်ပါတယ်။

မနက်ဖြန် ၁၁ ရက်နေ့မှာArtist တာရာ ရဲ့ ပန်းချီပြပွဲနှင့်အတူ....🔴 "လောကဓံကို အမှန်မြင်ခြင်း" "Reality Check" ခေါင်းစဉ်အောက်...
10/10/2026

မနက်ဖြန် ၁၁ ရက်နေ့မှာ
Artist တာရာ ရဲ့ ပန်းချီပြပွဲနှင့်အတူ....

🔴 "လောကဓံကို အမှန်မြင်ခြင်း" "Reality Check" ခေါင်းစဉ်အောက်မှာ ဆွေးနွေးဖလှယ်ကြမယ့် Panel Discussion ၂ နာရီက‌နေ ၄ နာရီအတွင်း
ရှိပါတယ်။

🔴 ပွဲအစီအစဉ် အသေးစိတ်ဖတ်ရှုရန် 👇
https://www.facebook.com/share/p/1CVUVJfS18/

🔴 ဝင်ကြေး အခမဲ့မို့ နေရာမပြည့်ခင် Registration Form လေး ကြိုတင်ဖြည့်ပေးပါဦးနော် 👇
https://forms.gle/8GC8a29t3JjyqLM1A

🗓 ၁၀၊ ၁၁၊ ၁၂ အောက်တိုဘာ ၂၀၂၆
(10 AM - 5 PM)

📍 လိပ်စာကတော့
The Art Bridge Art Center
အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊
ပင်လုံလမ်းမကြီး (ဘေလီတံတားအဆင်း ၊
နာရီစင်မှတ်တိုင်)၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်
🧡
#အမှန်မြင်ခြင်း

"ပြပွဲ ပထမရက် အမှတ်တရ""Reality Check " ပန်းချီတာရာ 🌸 စာရေးဆရာမ မာရာပန်းချီပြပွဲနှင့် စာအုပ်မိတ်ဆက်ပွဲ (၁၀.၁၀.၂၀၂၆ - ၁၂.၁...
10/10/2026

"ပြပွဲ ပထမရက် အမှတ်တရ"

"Reality Check "
ပန်းချီတာရာ 🌸 စာရေးဆရာမ မာရာ
ပန်းချီပြပွဲနှင့် စာအုပ်မိတ်ဆက်ပွဲ

(၁၀.၁၀.၂၀၂၆ - ၁၂.၁၀.၂၀၂၆)
(10:00 - 5:00)

The Art Bridge Art Gallery (ABAC)
• အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊
ပင်လုံလမ်းမကြီး (ဘေလီတံတားအဆင်း
နာရီစင်မှတ်တိုင်)၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
• ဖုန်းနံပါတ် - +95 9 798441931,
09 940 100091

အဖေ တာရာ နှင့် သမီးမာရာ ရဲ့ "အနုပညာအခင်းအကျင်း"ဒီတစ်ပတ်မှာလည်း ကျွန်တာ်တို့ The Art Bridge Gallery မှာ ထူးခြားတဲ့ အနုပညာ...
06/10/2026

အဖေ တာရာ နှင့် သမီးမာရာ ရဲ့
"အနုပညာအခင်းအကျင်း"

ဒီတစ်ပတ်မှာလည်း ကျွန်တာ်တို့
The Art Bridge Gallery မှာ ထူးခြားတဲ့
အနုပညာအခင်းအကျင်း အစီအစဉ်လေး
တစ်ခုရှိနေပါတယ်။

ဒါကတော့
အဖေ ဖြစ်သူ တာရာ ရဲ့ ပန်းချီပြပွဲနှင့်အတူ
သမီး ဖြစ်သူ မာရာ ရဲ့ စာအုပ်မိတ်ဆက်ပွဲကို
အတူခင်းကျင်းပြသ သွားမှာပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်ပြီး သမီးဖြစ်သူ
မာရာ ရဲ့ ဖိတ်ကြားစာလေးကို အောက်မှာ
မျှဝေလိုက်ရင်း မိတ်‌ဆွေများကို ကြွရောက်
အားပေးကြဖို့ The Art Bridge Art Centre မှ
လည်းနွေးထွေးစွာဖိတ်ခါ်ပါတယ်ခင်ဗျား။

The Art Bridge Art Centre ......................................................................

🟠"အဖေ့ရဲ့ ပန်းချီပညာနဲ့ သမီးရဲ့ အတွေးအ‌ရေးတို့ ပေါင်းစပ်ထားတဲ့ မြန်မာ့ပထမဆုံး စာအုပ်မိတ်ဆက်ပွဲ သို့မဟုတ် Reality Check။

မင်္ဂလာပါ။
ဒီတစ်ခါမှာ စာဖတ်ပရိသတ်တွေနဲ့ အနုပညာ ခံစားချင်သူ အားလုံးအတွက် ထူးထူးခြားခြား
ပွဲလေးတစ်ပွဲကို ဖိတ်ကြားချင်ပါတယ်။

ပြပွဲနာမည် Reality Check ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်မ စာရေးသူ မာရာရဲ့ Reality Check ( အမှန်မြင်ခြင်း ) စာအုပ်မိတ်ဆက်ပွဲနဲ့
ကျွန်မအဖေ ပန်းချီဆရာကြီး တာရာရဲ့ နှစ်ပေါင်း ၄၀ ကျော် အတွေ့အကြုံတွေနဲ့ ဖန်တီးထားတဲ့ ပန်းချီလက်ရာများကိုပါ ခံစားနိုင်မှာ ဖြစ်ပါတယ်။

အကောင်းဆုံးအပိုင်းက ဒီပွဲလေးက လူ့အဖွဲ့အစည်း အကျိုးပြုပွဲလေးလည်း ဖြစ်ပါတယ် 💚

စာအုပ်လက်မှတ်ထိုးပွဲမှာ အုပ် ၁၀၀ ကိုသာ လက်မှတ်ထိုး ရောင်းချသွားမှာဖြစ်ပြီးတော့ ရောင်းရသမျှ ငွေအားလုံးရဲ့ ၁၀၀ % အပြည့်ကို
လူငယ် ပရဟိတ အဖွဲ့အစည်းတွေနဲ့ လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။
နောက်ပြီး ရလာတဲ့အလှူငွေတွေကိုလည်း Projector ပေါ်မှာ Live Donation အနေနဲ့ ပြထားမှာဖြစ်လို့
ပွင့်လင်းမြင်သာမှုလည်း ရှိစေတာပါ။

ဒါတင်မကသေးပါဘူး။
ပြပွဲနေ့လယ်ပိုင်းမှာလည်း Reality Check ခေါင်းစဉ်နဲ့ စာ‌ရေးသူမာရာက နေ ဦးဆောင် ဆွေးနွေးသွားမယ့် Panel Discussion အစီအစဉ်တွေ ရှိဦးမှာဖြစ်လို့ လူငယ်တွေအတွက်လည်း Networking တိုးစေပြီး၊ အသိပညာတွေပါ အကျိုးရရှိသွားစေမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်။

ပြပွဲက စုစုပေါင်း သုံးရက် ကျင်းပမှာဖြစ်ပြီးတော့ လူမျိုးဘာသာမရွေး မည်သူမဆို Registration Form ဖြည့်ပြီး ဝင်ကြေးအခမဲ့နဲ့
လွတ်လွတ်လပ်လပ်
လာရောက်တက်ရောက်နိုင်ပါတယ်။

🔴 ပြပွဲတက်ရောက်ရန် ဒီ Link ကနေ Registration Form ဖြည့်ပေးဖို့ လိုပါတယ်ရှင်။

👇🏻👇🏻
https://forms.gle/8GC8a29t3JjyqLM1A

အချိန် : 10 am to 5 pm
Reality Check ပြပွဲ ကျင်းပမယ့် လိပ်စာ :

The Art Bridge Art Centre (ABAC)
အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊ ပင်လုံလမ်းမကြီး (ဘေလီတံတားအဆင်း ၊နာရီစင်မှတ်တိုင်)၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့
ဖြစ်ပါတယ်။

ပွဲကျင်းပမဲ့ နေ့ရက်တွေနဲ့ အစီအစဉ်အသေးစိတ်ကိုတော့ နောက်က ပုံတစ်ပုံချင်းစီမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်။ 👇🏻👇🏻
မာရာတို့ ဆက်ဆက်ဆုံကြမယ်နော် 🧡
#အမှန်မြင်ခြင်း #စာပေ #ပန်းချီပြပွဲ

Artist: Kyaw Nyein၏ Artworks များArtist: Kyaw NyeinMedium: Acrylic on canvas Size: (36x48)"Price: 30 Lakhs🟢 Available fo...
27/09/2026

Artist: Kyaw Nyein၏ Artworks များ

Artist: Kyaw Nyein
Medium: Acrylic on canvas
Size: (36x48)"
Price: 30 Lakhs

🟢 Available for collection

The Art Bridge Art Centre (ABAC)
• အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊
ပင်လုံလမ်းမကြီး (ဘေလီတံတားအဆင်း ၊
နာရီစင်မှတ်တိုင်)၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
• ဖုန်းနံပါတ် - +95 9 798441931,
09 940 100091

Artist:Min Kyaw ၏ Artworks များ🟢 Available for collection 26th, September ,26 )Art Exhibition (26-28,September,2026)The ...
27/09/2026

Artist:Min Kyaw ၏ Artworks များ

🟢 Available for collection

26th, September ,26 )Art Exhibition (26-28,September,2026)

The Art Bridge Art Centre (ABAC)
• အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊
ပင်လုံလမ်းမကြီး
(ဘေလီတံတားအဆင်း ၊နာရီစင်မှတ်တိုင်)၊
မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
• ဖုန်းနံပါတ် - +95 9 798441931,
09 940 100091

Artist:Ye Lin Tun ၏ Artworks များ🟢 Available for collection 26th, September ,26 )Art Exhibition (26-28,September,2026)Th...
27/09/2026

Artist:Ye Lin Tun ၏ Artworks များ

🟢 Available for collection

26th, September ,26 )Art Exhibition (26-28,September,2026)

The Art Bridge Art Centre (ABAC)
• အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊
ပင်လုံလမ်းမကြီး
(ဘေလီတံတားအဆင်း ၊နာရီစင်မှတ်တိုင်)၊
မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
• ဖုန်းနံပါတ် - +95 9 798441931,
09 940 100091

Artist:Tar Yar၏ Artworks များ🟢 Available for collection 26th, September ,26 )Art Exhibition (26-28,September,2026)The Ar...
26/09/2026

Artist:Tar Yar၏ Artworks များ

🟢 Available for collection

26th, September ,26 )Art Exhibition (26-28,September,2026)

The Art Bridge Art Centre (ABAC)
• အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊
ပင်လုံလမ်းမကြီး
(ဘေလီတံတားအဆင်း ၊နာရီစင်မှတ်တိုင်)၊
မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
• ဖုန်းနံပါတ် - +95 9 798441931,
09 940 100091

Artist:Khaing Khaing Thin Kyi ၏Artworks များ🟢 Available for collection 26th, September ,26 )Art Exhibition (26-28,Septem...
26/09/2026

Artist:Khaing Khaing Thin Kyi ၏
Artworks များ

🟢 Available for collection

26th, September ,26 )Art Exhibition (26-28,September,2026)

The Art Bridge Art Centre (ABAC)
• အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊
ပင်လုံလမ်းမကြီး
(ဘေလီတံတားအဆင်း ၊နာရီစင်မှတ်တိုင်)၊
မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
• ဖုန်းနံပါတ် - +95 9 798441931,
09 940 100091

ပြပွဲပထမရက်အမှတ်တရ ပုံရိပ်တချို့(26th, September ,26 )Art Exhibition(26 -28,September,2026The Art Bridge Art Centre (ABA...
26/09/2026

ပြပွဲပထမရက်အမှတ်တရ ပုံရိပ်တချို့

(26th, September ,26 )
Art Exhibition
(26 -28,September,2026

The Art Bridge Art Centre (ABAC)
• အမှတ် (1A + 1B/6)၊ ၄ လွှာ၊ ၃၂ ရပ်ကွက်၊
ပင်လုံလမ်းမကြီး
(ဘေလီတံတားအဆင်း ၊နာရီစင်မှတ်တိုင်)၊
မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
• ဖုန်းနံပါတ် - +95 9 798441931,
09 940 100091

Address

No. (1A+1B/6), 4th Floor, 32 Ward, Pinlon Road
Yangon
11181

Website

Alerts

Be the first to know and let us send you an email when The Art Bridge Art Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share