kohtetgaming

kohtetgaming Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from kohtetgaming, Arcade, Yangon.

19/06/2023
I don't know who wrote the beautiful font hehe
10/05/2023

I don't know who wrote the beautiful font hehe

10/05/2023

ကိုယ်တက်နိုင်သလောက် လေးပါပဲ

လွှတ်ချခဲ့လိုက်တယ်~~~~~~~~~ကျနော်တို့ လူတချို့ကို အရမ်းချစ်တယ်ဒါပေမယ့်...ကိုပေးလိုက်ရတဲ့ ချစ်ခြင်းမေတ္တာနဲ့ပြန်လည်ရရှိ့လ...
15/01/2023

လွှတ်ချခဲ့လိုက်တယ်
~~~~~~~~~
ကျနော်တို့ လူတချို့ကို အရမ်းချစ်တယ်
ဒါပေမယ့်...
ကိုပေးလိုက်ရတဲ့ ချစ်ခြင်းမေတ္တာနဲ့
ပြန်လည်ရရှိ့လာတဲ့ ထိ့ခိုက်နာကျင်မူ့တွေဟာ
ဘယ်လိုမှ အချိုးစားမကျတဲ့အခါ
ချစ်နေပေမယ့် လက်လွှတ်နိင်ရမယ်

ဗိုက်စာနေတဲ့ လူတစ်ယောက်အတွက်
ထမင်းတစ်ပွဲက သူ့အတွက် အရေးပါနေလိမ့်မယ်

ဒါပေမယ့်...
အဲ့ဒီ ထမင်းမှာ ကျောက်ခဲရောနေရင်တော့
ကျနော်ထင်ပါတယ်
အဲ့ဒီထမင်းကို ဘယ်သူမှ သွားအနာခံပြီးစားကြမှာမဟုတ်ဘူး

ဒီလိုပါဘဲ...
ကျနော်တို့...စားချင်တာ ထမင်း,ကျောက်ခဲမဟုတ်ဘူး
ကျနော်တို့... ချစ်တာ ထမင်း,ကျောက်ခဲမဟုတ်ဘူး
ကျနော်တို့... ဖြစ်တည်မူ့က ထမင်း,ကျောက်ခဲမဟုတ်ဘူး

တစ်လုံးနှစ်လုံးပါတာ ဖယ်စားလို့ရပေမယ့်
ဆက်စားဖို့ ဘယ်လိုမှ အဆင်မပြေတော့တဲ့ အခြေအနေနဲ့
ထမင်းလုတ်တိုင်းက ကို့အတွက်အနှောက်အယှက်
ဖြစ်လာပြီးဆိုရင်တော့
ရပ်တန့်ပြစ်ဖို့ ဆုံးဖြတ်ကြရလိမ့်မယ်"

တချို့လူတွေ... ကိုယ့်ရဲ့ ရိုးသားမူ့ကို့ အသုံးချ ချင်လာတယ်

တချို့လူတွေ... ကိုယ့်ရဲ့ အားနာတက်မူ့ကို အခွန့်ရေးယူချင်လာတယ်

တချို့လူတွေ... ကိုယ့်ရဲ့ ထုတ်မပြောမူ့ကို အ,တယ်ထင်လာကြတယ်

အရမ်းချစ်တက်သူတွေအပေါ် နိင်စားလာကြတယ်

ထို့ကြောင့် တချို့ လက် တွေကို နာနာကျင်ကျင်နဲ့
ဆက်တွဲထားမယ့်အစား...

ဘယ် လောက် ချစ် ချစ်
လွှတ်ချခဲ့လိုက်တာက ကို့အတွက် အကျိုးရှိ့ပါတယ်...

#သူရ_စာပေမှသည်ခွန်အား
(စာပေ ချစ်သူများ လေးစားလျက်ပါ)

#ဦးဘုန်းဓာတု

သုတရသစာပေများနှင့်ဘဝနေထိုင်နည်းစာပေလေးများဖတ်ရှုရန် Page ကို Like နှိပ်ထားကြပါ

https://www.facebook.com/ဦးဘုန်းဓာတု-112877578308760/

💓 ဦးဘုန်းဓာတု 💓 ဦးဘုန်းဓာတု 💓

နား လည် မူ ဆို တာ   နားလည်မှုဆိုတာတော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူးနားလည်မှုဆိုတာတကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာတစ်ခါတလေ...
12/01/2023

နား လည် မူ ဆို တာ

နားလည်မှုဆိုတာ
တော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူး

နားလည်မှုဆိုတာ
တကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာ

တစ်ခါတလေ ကိုယ့်ဘက်ကမမှားလဲ
တောင်းပန်ပေးလိုက်တာတွေ

ကိုယ့်ဘက်က မလွန်လဲ
စခေါ်ပေးခဲ့ရတာတွေ

တုန့်ပြန်ချင်ပါလျှက်
မျိုသိပ်လိုက်ရတဲ့ ဝေဒနာတွေ

ကိုယ့်စိတ်နဲ့ကိုယ်
ပြတ်သားလိုက်ချင်ပေမယ့်
ကိုယ့်အတ္တထက် တဖတ်သူဘက်ကို
ဖြည့်တွေးပြီး လိုတာထက် စိတ်ကို
ပိုရှည်ပေးထားရတဲ့
ကိုယ်မှ အလျှော့မပေးရင်
ပြတ်တောက်သွားတော့မယ်
ဆက်ဆံရေးတွေ

ဒါကြောင့်
နားလည်မှုဆိုတာ
တော်ရုံလူ မပေးနိုင်ဘူးလို့ ပြောတာ

ဒါပေမယ့်
ကိုယ့်ပေါ်နားလည်မှု ပေးနိုင်တဲ့သူဆို
လူတွေက သိပ်တန်ဖိုး မထားတတ်ကြဘူး
အနိုင်ကျင့်ချင်ကြတယ်
အထက်စီးက ဆက်ဆံချင်ကြတယ်
ငါ့သဘော ငါ့ဆန္ဒ
နေရာတကာ ငါအမှန်ပဲလုပ်ချင်ကြတယ်

ဒါ က
အတိုင်းအတာတစ်ခုထိဘဲကောင်းတယ်
အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အခါ
ကိုယ့်ပေါ် တကယ်နားလည်ပေးနိုင်တဲ့သူတွေ
အလျှော့ပေးဆက်ဆံတဲ့သူတွေ
အနားက ထွက်သွားတဲ့အခါ
ဆုံးရွုံးသြားတဲ့အခါ
ကိုယ့်နားမှာ အထီးကျန်မှုနဲ့
အပေါ်ယံလူတွေဘဲ ကျန်ခဲ့လိမ့်မယ်

အဆင်ပြေနေချိန်
အနားမှာ အဖော်ရှိနေချိန်
တွဲထားတဲ့ လက်တွေ မြဲနေချိန်
ခဏမှာတော့
ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး
အရေးလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့

ဒါပေမယ့်
ဘဝမှာ ဘယ်အရာမှာ အကြာကြီး
အမြဲတမ်း ရှိမနေနိုင်ဘူး
ပြောင်းလဲခြင်းတရားတွေဆိုတာ
ကြုံ လာ ရ ဦး မှာ ဘဲ

အဲ့အခါကျမှ
အတောင်ကျိုးတဲ့ ငှက်လိုမျိုး
ဘယ်ကောင်းကင် ပျံရမှန်းမသိဖြစ်မယ်

ကိုယ်ဘယ်လိုစိတ်မျိုးထားလဲ
ကိုယ် ဘယ်လို တုန့်ပြန်မှုတွေ
ပြုတတ်သလဲ
ဘဝမှာ ဒါအရေးကြီးတယ်

ကိုယ့်အလှည့်ကျမှ
လူတွေက လုပ်ရက်လေခြင်းလို့
အပြစ်မတင်နဲ့လေ

ပြန်စဉ်းစားကြည့်ပေါ့
ကိုယ့်အလှည့်တုန်းကရော
ငါ လူတွေပေါ် ဘယ်လိုလုပ်ခဲ့လဲလို့

ဝဋ်တွေက တကယ်လည်တတ်ပါတယ်
တစ်ခါတလေ ဘဝတောင် မကူးလိုက်ဘူး

နားလည်ပေးတတ်စေချင်တယ်

ဒါထက် ကိုယ့်ပေါ်နားလည်ပေးတဲ့သူကို
ပို တန် ဖိုး ထား ပါ

လူတိုင်းကို နားလည်မပေးနိုင်ရင်တောင်
ကိုယ့်အပေါ်ကိုတကယ် စိတ်ရင်းအမှန်နဲ့
ပေါင်းတဲ့သူမျိုးကိုတော့ ပြန်တန်ဖိုးထား
နားလည်ပေးစေချင်တယ်

တကယ်တော့
နား လည် မှု ဆို တာ
နားလည်ခံရတဲ့သူက
ပျော် ဖို့ ကောင်း သ လောက်
နားလည်ပေးလိုက်ရတဲ့သူက
တစ်ခါတလေမှာ
နာကျင်နေရတတ်တယ်

ဒါကြောင့်
အနာကျင်ခံပြီး
နားလည်ပေးတဲ့သူကို ပိုတန်ဖိုးထားပါ

ဘယ်အရာကိုပဲဖြစ်ဖြစ်
မရှိတော့မှ တန်ဖိုးနားလည်လာမယ့်အစား ရှိနေချိန်မှာ တန်ဖိုးထားပါ

တစ်ချို့အရာတွေက
မင်းဘဝထဲကို
အကြိမ်ကြိမ် ပြန်လာမှာ မဟုတ်ဘူး

နားလည်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို
အမြဲ နားလည်ပေးနေရတဲ့သူတွေပဲ သိတယ်
အမြဲအနိုင်ယူနေတဲ့သူတွေ မသိဘူး ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when kohtetgaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category