14/02/2023
Moonton ဟာ အခုဆိုရင် Game ရဲ့ Security အပိုင်းကို တအားမြင့်တင်တော့မှာဖြစ်ပြီး အခုလို လုပ်ရပ်ကြောင့်လဲ Players တွေ လျော့နည်းသွားမလား ၊ တိုးလာမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါပြီ။
မကြာသေးခင်ကမှ Leak လာတဲ့ သတင်းအချက်လက်တွေအရ Moonton ဟာ Mobile Legends အတွက် Auto Baning System အသစ်ကို ထည့်သွင်း အသုံးပြုသွားမယ်လို့ သိရပါတယ်။
၎င်းစနစ်ဟာ လူကနေ အတည်ပြုတာမဟုတ်ဘဲ System ရဲ့ ကန့်သတ်ချက်တွေအတိုင်း အလိုလျောက် Baning လုပ်တာမျိုးတွေကို လုပ်ဆောင်ပေးသွားမှာပါ။
အခြေခံအားဖြင့် Map Hack တာတွေ Cheat ဆော့တာတွေကို Ban တယ်ဆိုတာက သာမန်ဆိုပေမယ့် ဒီတစ်ခါ Auto Baning System ရဲ့ လုပ်ဆောင်ချက်တွေဟာ အရင်ကနဲ့ မတူအောင်ကို ပိုမိုတင်းကျပ်တော့မှာဘဲ ဖြစ်ပါတယ်။
1. No VPN 🚫
Moonton ဟာ VPN ကိစ္စနဲ့ပတ်သတ်ပြီး အရင်ကလည်း တင်းကြပ်ထားပေမယ့် ဒီတစ်ခါ Auto Baning System ကြောင့် VPN နဲ့ Game ဝင်တဲ့သူ မှန်သမျှကို Account Ban တာမျိုးတွေ အလိုလျောက် လုပ်ဆောင်တော့မှာပါ။ လူကနေ အတည်ပြုတော့မှာမဟုတ်ဘဲ System ရဲ့ Detect နဲ့တင် Ban မှာ ဖြစ်တာကြောင့် အရင်လို Event အတွက် VPN ကျော်ခွ ဂုန်းဆင်းတာမျိုးတွေ လုပ်ယူလို့ မရတော့ပါဘူး။ အထူးသဖြင့် လာမယ့် 515 Event အတွက် အခု စနစ်ကြီးဟာ အတော်လေးကို ဂယက်ထသွားစေမှာပါ။
×
2. No Account Sharing 🚫
ML Players အများစုဟာ မိမိရဲ့ Account ကို တခြားသူတွေနဲ့ Sharing လုပ်တာမျိုးတွေ၊ အထူးသဖြင့် Rank Boost သမားတွေအတွက် ဒီ အချက်က အတော်လေးကို ပြဿနာတက်စေမှာပါ။
Moonton ဟာ အရင်ကတည်းက Rank နဲ့ ပတ်သတ်ပြီး အခုလို ကြေးစား Player တွေ အများပြားရှိနေတာကို သတိထားမိခဲ့တာ ကြာပါပြီ။ အခကြေးငွေပေးပြီး Rank Up တာမျိုးတွေကို ဆက်လက်မလုပ်ဆောင်နိုင်တော့တာကြောင့် Account Sharing နဲ့ ပတ်သတ်ပြီးလည်း Auto Baning System က အလိုလျောက် Ban တာမျိုးတွေ လုပ်ဆောင်သွားမှာပါ။ Rumors အရ သိရတာကြောင့် တကယ်သာဖြစ်ခဲ့ရင် Players တွေကြားမှာ ဂယက်အကြီးကြီး ထသွားနိုင်ပါတယ်။
×
3. Win Rate Trading and Rank Match Time 🚫
ဒီအချက်ကတော့ ML Player အများစု သိပြီးကျမှာဖြစ်ပြီး Season အသစ် စတင်တိုင်း Rank Down တတ်ကျတဲ့ လူတစ်စုကို ကြုံဖူးကြမှာပါ။ အဲ့ဒီလိုလူတွေဟာ အထူးသဖြင့် ကိုယ့်ရဲ့ အနှစ်သက်ဆုံး Hero အတွက် Win Rate တင်ကြတာမျိုးတွေ ပိုတွေ့ရပြီး အဲ့ဒီအတွက်လည်း Auto Baning System က အချက်လက်အသစ်တွေနဲ့ အမိရ ဖမ်းတော့မှာပါ။ ဘာကြောင့်လဲဆိုရင် တခြား Players တွေ အတွက် Toxic ဖြစ်ရုံတင်မကဘဲ မိမိကိုယ်ကျိုးအတွက် တခြားသူတွေ စိတ်နှောက်ယှက်ဖြစ်တာမျိုးတွေကို Moonton က ထိုင်ကြည့်နေတော့မှာ မဟုတ်ပါဘူး။
နောက်တစ်ချက်က Moonton ဟာ Rank Match တွေနဲ့ ပတ်သတ်ပြီး မူမမှန်တာမျိုးတွေကို စစ်ဆေးနိုင်ဖို့အတွက် Auto Baning System မှာပါ အချက်လက်အချို့ကို ထည့်သွင်းပေးထားပါသေးတယ်။ အဲ့ဒါကတော့ Rank Match ရဲ့ ပွဲစဥ်တိုင်းမှာ ကြာချိန်နဲ့ ပတ်သတ်ပြီး စစ်ဆေးပေးသွားမှာဘဲဖြစ်ပါတယ်။ History ကို Hide လုပ်လို့ရတယ် စနစ်ကြောင့် မသမာတဲ့နည်းနဲ့ ကစားနေတဲ့ Player တွေကို တခြားကစားသူတွေက Report တင်ဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် Rank ပွဲတိုင်းမှာ ခဏလေးနဲ့ ပြီးသွားတာမျိုးတွေကို Auto Baning System က ပွဲအရေတွက် ကြာချိန်တူလာတာနဲ့အမျှ Auto Baning လုပ်တာမျိုးတွေကို ဆောင်ရွက်သွားမှာပါ။
×
4. Name & Picture 🚫
Moonton ရဲ့ Auto Baning System ဟာ နာမည်တွေနဲ့ ပတ်သတ်ပြီးလည်း ကန့်သတ်ချက်တွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ Profile Picture ကနေ Wall Picture တွေထိ ဓာတ်ပုံတိုင်းကို စစ်ဆေးပေးသွားမှာဖြစ်ပြီး မူမမှန်တဲ့ နာမည်တွေနဲ့ ဓာတ်ပုံအသုံးပြုသူတွေကို Account Ban တာ မျိုးတွေ လုပ်ဆောင်ပေးသွားမှာပါ။ အသေးစိတ်ကိုတော့ Update ကျမှ သေချာ စောင့်ကြည့်ရမှာပါ။
×
5. No Future Content 🚫
ဒီတစ်ခုကတော့ Moonton အတွက် လူပြောများစရာတစ်ခု ဖြစ်လာနိုင်ပြီး Official မချပြသေးတဲ့ သတင်းမှန်သမျှကို Leak လုပ်တာမျိုးတွေမလုပ်ဆောင်နိုင်အောင် ဆောင်ရွက်တော့မှာပါ။ အထူးသဖြင့် ထွက်ရှိလာမယ့် Skins အသစ်တွေ ၊ Event အကြောင်းတွေနဲ့ ပတ်သတ်ပြီး Leak ဖြစ်တာမျိုးတွေကို Moonton ဘက်က သိပ်သဘောကျပုံ မရပါဘူး။ လာမယ့် JJK Event အတွက် Warning ပေးတာတွေဟာ သက်သေဖြစ်ပြီး လာမယ့် အနာဂတ်မှာ Moonton ဘက်က ဘယ်လို ထိန်းသိမ်းသွားမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါပြီ။
အခုရရှိထားတဲ့ သတင်းတွေဟာလည်း Leak သဘောတရားအရဆိုပေမယ့် အခုကတည်းက တစ်ချို့သော Account တွေကို စ Ban တာမျိုးတွေ မြင်တွေ့နေရပါပြီ။
အဲ့ဒါကြောင့် မိမိ Account မှာ Skin အတွက် Script သုံးတာတွေ ၊ All Skin Injection လုပ်တာတွေကို အခုကတည်းက ပြင်ဆင်သင့်ပြီး Account နဲ့ပတ်သတ်တဲ့ မူမမှန်တာမျိုးတွေကို ချက်ခြင်း ရပ်လိုက်ကျဖို့ အသိပေးချင်ပါတယ်။ Third-party App တွေဟာ အဆိုးဆုံးဖြစ်ပြီး Skin Hack တာထက် Map Hack , Damage Hack တာတွေကို အခုလာမယ့် Moonton ရဲ့ Auto Baning System က လူပုဂ္ဂိုလ်ရဲ့ အတည်ပြုမှုကို စောင့်ဆိုင်းနေတော့မှာမဟုတ်ဘဲ အလိုလျောက် တန်း Ban တော့မှာဘဲ ဖြစ်ပါတယ်။