Myanma Thukhuma Art Gallery

Myanma Thukhuma Art Gallery Art Gallery

အလွမ်းတွေ ပိုစေရော့ လို့
27/11/2021

အလွမ်းတွေ ပိုစေရော့ လို့

ဘာကြောင့် ၊ ဘာအတွက်၊ ဘယ်သူ့အတွက် ၊ ဘာလို့လုပ်ရတာပါဆိုတဲ့ အကြောင်းပြချက်တွေ မပေးလိုပါဘူး။ လုပ်တော့ လုပ်လိုက်တယ်။ Myanmar ...
17/11/2021

ဘာကြောင့် ၊ ဘာအတွက်၊ ဘယ်သူ့အတွက် ၊ ဘာလို့လုပ်ရတာပါဆိုတဲ့ အကြောင်းပြချက်တွေ မပေးလိုပါဘူး။
လုပ်တော့ လုပ်လိုက်တယ်။ Myanmar Plazar မှာ ၊ မြန်မာ့လက်မှုအနုပညာအသင်းက ဦးဆောင်ကျင်းပတဲ့ပွဲမို့ ၊ ရွှေချည်ထိုးတွေ ပြသရောင်းချခဲ့တယ်။ ပြပွဲလုပိမှတော့ အကောင်းဆုံး လုပ်ပေးရမယ်ဆိုတဲ့ စိတ်နဲ့ 💖
ရွှေချည်ထိုးတွေ သရုပ်ပြ ထိုးပြပေးခဲ့တယ်။ 💖 ဒီလောက်ပါဘဲ။ 💖

ရွှေချည်ထိုး ပြပွဲနဲ့အတူ ပန်းချီကားချပ်လေးတွေ ကြည့်ရင်း ဘဝအမောတွေပြေပါစေရယ်လို့၊ လက်ကလေးတွေပေါ်မှာလည်း ပန်းချီလေးတွေဆွဲရငါး ပျော်ပါစေရယ်လို့၊
ထူးထူးခြားခြား သမီးငယ်လေးတစ်ာက်က ပုဂံပန်းချီကားချပ်တွေကိုဘဲ လက်ညှိုးထိုးပီး အခန်းရှေ့ကနေလုံးဝမခွာ၊ ဘုရားပုံတွေဘဲ လက်ညှိုးလေးထိုးပီး စကားတွေပြောနေလို့ မိဘဆွေကိုခွင့်တောင်းပီး ဓါတိပုံရိုက်ယူထားလိုက်ပါတယ်။ Page တင်ခွင့်လဲတောင်းပီး ခွင့်ပြုပေးတာမို့ ကျေးဇူးတင် ချစ်ခင်စွာနဲ့ တင်ပေးလိုက်ပ့တယ်။
အမှတိတရများစွာနဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင့်။ 🙏

#မြန်မာ့သုခုမ
#မြန်မာ့သုခုမ_Tapestries
#မြန်မာ့သုခုမ_woodcarving_sculpture_woodenaddition
Myanma_Thukhuma_Art_Gallery

ဒီနေ့ ပိတောက်တွေ ပွင့်တယ်။ပန်းပိတောက်တွေနဲ့ ကိုယ်ရည်ရွယ်ရာလေးတွေက်ုဖော်ပြနေတဲ့ ပုံလေးတွေ Social Media တွေမှာဖော်ပြကြတယ်။...
05/04/2021

ဒီနေ့ ပိတောက်တွေ ပွင့်တယ်။

ပန်းပိတောက်တွေနဲ့ ကိုယ်ရည်ရွယ်ရာလေးတွေက်ုဖော်ပြနေတဲ့ ပုံလေးတွေ Social Media တွေမှာဖော်ပြကြတယ်။

ပိတောက်ပွင့်ပီဆို နှစ်သစ်ကူးဖို့လည်း နီးပီလေ။ နှစ်ဟောင်းမှာ ရှိခဲ့တဲ့ စိတ်အညစ်အကြေး ကိုယ်အညစ်အကြေးတွေကို အတာရေနဲ့ သန့်စင်ဆေးကြောပီး နှစ်သစ်ကို ကြိုဆိုကြရတာလည်း ပျော်စရာ၊ စိတ်ကျေနပ်စရာ၊ ပိတောက်နံ့တွေ တလှိုင်လှိုင်နဲ့ ကိုယ်ရည်သန်ရာ စိတ်ဆန္ဒတွေကို ပြုလုပ်ကြရင်း နှစ်သစ်ကို ကြိုဆိုခဲ့ကြတာပါ။

အနယ်နယ် အရပ်ရပ်မှာ ပုံစံ အစုံ နဲ့ နှစ်သစ်ကို ကြိုဆိုကြတဲ့ ပုံတွေထဲကမှ - ဆရာမင်းဦးရဲ့
ပိတောက်တွေ ပွင့်နေချိန်၊ အတာရေသွန်းလောင်းပီး နှစ်သစ်ကူးပြောင်းတဲ့ ပုံလေး ကို ရင်မှာတခဏလေးဖြစ်ဖြစ် ပျော်ရွှင် အေးချမ်းသွားကြပါစေရယ်လို့ မျှော်လင့်ရင်း -






ပန်းချီကားတွေကို ဘယ်လို ထိန်းသိမ်းသင့်လဲ ပန်းချီလက်ရာတွေကို မြတ်နိုးတန်ဖိုးထားတဲ့သူတွေအနေနဲ့ လက်ရာကောင်းမွန်တဲ့ ပန်းချီက...
16/01/2021

ပန်းချီကားတွေကို ဘယ်လို ထိန်းသိမ်းသင့်လဲ

ပန်းချီလက်ရာတွေကို မြတ်နိုးတန်ဖိုးထားတဲ့သူတွေအနေနဲ့ လက်ရာကောင်းမွန်တဲ့ ပန်းချီကားတွေကို ရှာဖွေစုဆောင်းတာအပြင် လက်ဝယ်ထားရှိတဲ့ပန်းချီကားတွေကို သက်တမ်းကြာရှည်အောင် ဘယ်လိုထိန်းသိမ်းမလဲ၊ နည်းစနစ်တကျ သန့်ရှင်းရေးဘယ်လိုလုပ်ရမလဲဆိုတာတွေကိုပါ သိရှိထားဖို့လိုအပ်ပါတယ်။

ဒါကြောင့် ပထမဆုံးအနေနဲ့ ပန်းချီကားတစ်ချပ်ကို ဘယ်လိုသန့်ရှင်းရေးလုပ်ရမလဲဆိုတာ အရင်ဆုံးမျှဝေပေးချင်ပါတယ်။

ဆီဆေးပန်းချီကားတွေ၊ Acrylic ပန်းချီကားတွေဆိုရင် ဂွမ်းဖြူသန့်သန့်လေးကို ဆပ်ပြာရည်ထဲမှာ နှစ်ပြီးအသာအယာ သန့်စင်ပေးရုံနဲ့ ဖုန်နဲ့အညစ်အကြေးတွေကို သန့်စင်နိုင်ပါတယ်။ အထူးသဖြင့် သံလွင်ဆီပါတဲ့ ဆပ်ပြာဆိုရင် ပိုပြီး သက်ရောက်မှုကောင်းပါတယ်။

ရေဆေးပန်းချီကားတွေကို သန့်ရှင်းရေးလုပ်တဲ့အခါမှာတော့ ရေလေးနည်းနည်းတောင် ပါလို့မရပါဘူး။ အစွန်းအထင်းလေး နည်းနည်းရှိနေရင်တောင် အင်မတန်နူးညံ့တဲ့ ဘရက်ရှ် ဒါမှမဟုတ် ရေလုံးဝမစိုတဲ့ ဂွမ်းအဖြူသန့်သန့်လေးနဲ့ စိတ်ရှည်လက်ရှည် အသာအယာ ပွတ်တိုက်သန့်စင်ပေးရမှာပါ။

ရေဆေးပန်းချီမဟုတ်ရင်လည်း သန့်ရှင်းရေးလုပ်တဲ့အခါ ရေနဲ့လုံးဝ မထိတာက အကောင်းဆုံးပါ။ ကားချပ်မှာ ရေကွက်သွားတဲ့အခါ ပြန်ပြီးပြုပြင်ရ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ဝါဂွမ်းအခြောက်ကို အသုံးပြုတာက Safe အဖြစ်ဆုံးနည်းလမ်းလို့ ယူဆနိုင်ပါတယ်။

နောက်တစ်ချက်က ပန်းချီကားဘောင်တွေပါ။ အချိန်ကြာတဲ့အခါ ဘောင်တွေဟာ အသစ်လို တောင့်တင်းနေတာမျိုး မရှိတော့ဘဲ လျော့တိလျော့ရဲ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာဆိုရင် ပန်းချီကားနောက်ကျောဘက်ကနေ ရေဖြန်းပြီး နာရီအနည်းငယ်ကြာအောင် နေပြပေးလိုက်ပါ။

အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်တွေက ပန်းချီကားတွေကို စနစ်တကျထိန်းသိမ်းလိုသူတွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်လည်း အခုလို ရိုးရှင်းလွယ်ကူတဲ့ ပြုပြင်ထိန်းသိမ်းနည်းတွေကို မျှဝေပေးသွားပါဦးမယ်။

ကိုယ်ပိုင်နည်းလမ်းတွေ ရှိခဲ့လို့ရှိရင်လည်း comment မှာ ‌ေ၀မျှပေးခဲ့ဖို့လည်း ဖိတ်ခေါ်ပါတယ်

Artist :Tun Win GuavaWashing18"/24"AcrylicPrice : 250000Ks.
11/01/2021

Artist :Tun Win Guava
Washing
18"/24"
Acrylic

Price : 250000Ks.

Address

Kyan Khin Su Qutar
Yangon
111111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959420012540

Website

Alerts

Be the first to know and let us send you an email when Myanma Thukhuma Art Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Myanma Thukhuma Art Gallery:

Share

Category