Burma Historical Arts

Call Contact the establishment

Burma Historical Arts Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burma Historical Arts, Yangon.

12/07/2026

ဒဿဂီရိ၏ သား
မေဃနာဒ (ခ) ဣန္တစိတ္တခေါင်းတော်ပြုလုပ်ခြင်း

မန္တလေးက သီရိပစ္စယာပန်းချီပြခန်းမှာ ကျင်းပမယ့် ဆရာဦးတင်ဌေးအောင်ရဲ့ “ဇဝ” တစ်ကိုယ်တော်ပန်းချီပြပွဲပါ။ ၂၈၊၂၉၊ ၃၀၊ ၃၁ (၄ရက်)...
24/03/2026

မန္တလေးက သီရိပစ္စယာပန်းချီပြခန်းမှာ ကျင်းပမယ့် ဆရာဦးတင်ဌေးအောင်ရဲ့ “ဇဝ” တစ်ကိုယ်တော်ပန်းချီပြပွဲပါ။
၂၈၊၂၉၊ ၃၀၊ ၃၁ (၄ရက်) ကျင်းပမှာဖြစ်လို့ စုံမ အဆင်ပြေတဲ့ရက် သွားရောက်နိုင်အောင် သတင်းကောင်းလေးပါးပေးတာပါ။

ကျွန်တော်တို့ မကြေပွဲတစ်ပွဲနွှဲဖို့ရှိပါတယ်။

ဘာကြောင့် မကြေပွဲလဲလို့မေးရင်တော့
ပြီးခဲ့တဲ့ငလျင်မှာ ကျွန်တော်တို့ ကြေမွမသွားခဲ့လို့ ပြန်နွှဲနိုင်တဲ့ပွဲမို့လို့ပါ လို့ ဖြေရမှာပါ ...

လာမယ့် မတ်လ ၂၈ ရက်နေ့မှာ ငလျင်လှုပ်တာ တစ်နှစ်ပြည့်ပါပြီ။ ငလျင်ကြောင့်လုပ်နေရတဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေက အခုအချိန်အထိမပြီးသေးပါ။ တချို့တွေဆိုရင် ဘယ်တော့မှပြန်မထူထောင်နိုင်ကြတော့ပါ။ အဲ့ဒီအထဲမှာ ကံကောင်းလို့ မကြေခဲ့တဲ့အထဲ ကျွန်တော်တို့ သီရိပစ္စယာလည်း ပါခဲ့ပါတယ်။

ဒေါက်တာတင်ဌေးအောင်ရဲ့ "အဟုန်" ပြပွဲကိုပြဖို့ပြင်ဆင်နေတုန်း ချိတ်ဆွဲရေးနေ့မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ကျွန်တော်တို့ ပြခန်းမှာ ဆရာ့ပွဲကို online အနေနဲ့ပဲ ပြသခဲ့ရပါတယ်။ ကျွန်တော်တို့သီရိပစ္စယာနဲ့ Lavender Mist Art Studio တို့ ပူးပေါင်းတင်ဆက်တဲ့ဒီပွဲမှာ ပန်းချီကားအားလုံး ရောင်းကုန်သွားခဲ့ပြီး ရောင်းရငွေရဲ့ တစ်ဝက်တိတိကို ဆရာက ငလျင်ဘေးသင့်သူများအတွက် အလှူငွေအဖြစ်ပေးအပ်ခဲ့ပါတယ် ... ။ အလှူငွေအားလုံးကိုလည်း ထိထိရောက်ရောက် အကျိုးရှိရှိဖြစ်အောင် စာရင်းအင်းမှတ်တမ်းများနှင့်တကွပြင်ဆင်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

အခုလို ငလျင်နှစ်ပတ်လည်နေ့မှာ ကျွန်တော်တို့ ပြခန်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ကြိုးစားရင်း ကျွန်တော်တို့ပထမဦးဆုံးဖြစ်ချင်တဲ့ဆန္ဒကတော့ ဒေါက်တာတင်ဌေးအောင်ရဲ့ ပြပွဲကို ဆက်ပြချင်တဲ့ ဆန္ဒပါပဲ ...
ရိုးရိုးရှင်းရှင်းပြောရရင် ဆရာ့ရဲ့ "အဟုန်" ကို Physically မပြလိုက်ရလို့ ကျွန်တော်တို့စိတ်ထဲ မကြေနပ်ပါဘူး ....
Gallery အဆောက်အဦးပြုပြင်လို့ ရပ်နားထားရတဲ့ကာလအပါအဝင် ပြန်လည်ဖွင့်လှစ်ဖို့လုံးပမ်းရတဲ့ တစ်နှစ်ပတ်လုံး ဆရာ့ပွဲ မပြရသေးဘူးဆိုတဲ့စိတ်ကပဲ ကျွန်တော်တို့ သီရိပစ္စယာအဖွဲ့သားတွေကိုဦးဆောင်နေခဲ့ပါတယ် ...

ဒါနဲ့ပဲ ဆရာ့ဆီကို ကျွန်တော်တို့ပြန်ဖွင့်တဲ့အခါ ဆရာ့တစ်ကိုယ်တော်ပွဲနဲ့ ဖွင့်လို့ရနိုင်မလားမေးကြည့်တော့ ဆရာက ဝမ်းမြောက်ဝမ်းသာ လက်ခံပြီး ပြပွဲတစ်ပွဲစာနီးပါး ရေးထားမိတဲ့ကားတွေဆရာ့မှာရှိကြောင်းပြောပါတယ် ....

ဒီလိုနဲ့ပဲ အဟုန် 2.0 လိုမျိုး ပြပွဲတစ်ပွဲပြဖို့ ကျွန်တော်တို့ စီစဥ်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ပြပွဲအမည် "အဟုန်" ကို ဆရာ့မိတ်ဆွေ ဆရာဇေယျာအေးက ပေးခဲ့တာဖြစ်တဲ့အတွက် အဲ့ဒီအမည်ကို ဆရာအပါအဝင် ကျွန်တော်တို့ အားလုံး တန်ဖိုးထားကြပါတယ်။ အခု ၇ကြိမ်မြောက်ဆရာ့ တစ်ကိုယ်တော်ပွဲမှာလည်း အဲ့ဒီ အဟုန် အမည်ရဲ့ အငွေ့အသက်လေးပါချင်တဲ့အတွက် အဟုန် ဆိုတဲ့စကားလုံးနဲ့ ဆက်စပ်ပြီး အနုပညာ ၊ စိတ်ခံစားမှုနဲ့လည်း နီးစပ်တဲ့ ပါဠိစကားလုံး တစ်လုံးကို ကျွန်တော်တို့ ရှာဖွေရွေးချယ်ခဲ့ပါတယ်။

"ဇဝ" လို့အမည်ရပါတယ်။
မြန်မာလိုတိုက်ရိုက်အဓိပ္ပါယ်ကတော့ မြန်ခြင်း ၊ အရှိန် ၊ အင်အားရှိတဲ့လှုပ်ရှားမှု စသည်ဖြင့် ကောက်ယူနိုင်ပြီး အဘိဓမ္မာမှာတော့ "ကံကိုဖြစ်ပေါ်စေတဲ့ စိတ်လှုပ်ရှားမှုအဆင့်" ကိုဆိုလိုပါတယ်။

ဇဝါဓိက ဆိုရင် မြင်းပျံ / မြင်းမြန်/ အပြေးအလွန်မြန်သောမြင်း / တနည်းအားဖြင့် နတ်မြင်းပျံ လို့ အဓိပ္ပါယ်ပေါက်ပါတယ်။

"ဇဝ" ဆိုတဲ့စကားလုံးကို ဆရာဦးတင်ဌေးအောင်လည်း နှစ်သက်တဲ့အတွက် ဒီပွဲကို လာမယ့် ငလျင်နှစ်ပတ်လည်နေ့မှာ ပြသဖို့ ကျွန်တော်တို့ စီစဥ်ဖြစ်ပါတယ်။ ပန်းချီကားအရေအတွက် ၁၀၀ လောက်ပြသနိုင်ဖို့ စီစဥ်ထားပါတယ်။

ဇဝ အမည်အတွက် ကဗျာဆရာဥက္ကာကျော်ကို ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ အဲ့ဒီအမည်စာလုံးကို လက်ရေးနဲ့ အမှတ်တရရေးပေးတဲ့ ဆရာ ကာတွန်းအောင်မော် ကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ မအားတဲ့ကြားက ဖိတ်စာ၊ လွယ်အိတ်၊ ကက်တလောက် ၊ တီရှပ် ဒီဇိုင်းတွေကို အကောင်းဆုံးပြုလုပ်ပေးခဲ့တဲ့ သီရိပစ္စယာရဲ့ member ပန်းချီစိုင်းမောင်မောင်ကိုလည်း ကျွန်တော်တို့ အထူးကျေးဇူးတင်ပါတယ်။

အားလုံးက အကောင်းဆုံးဖြစ်နေချိန်မှာ အားနည်းနေတာက ကျွန်တော်တို့ပြခန်းဖြစ်ပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပေမယ့် ပြခန်းကအခုအချိန်အထိ ပြင်ဆင်လို့မပြီးသေးပါ။ ငလျင်အကြွင်းအကျန် ဒဏ်ရာအနာတရများကြောင့် ပြပွဲရက်မှာ ပြခန်းဘက်က အားနည်းချက်များရှိခဲ့ရင် ကြိုတင်ပြီး တောင်းပန်ထားပါရစေ။

ဘာပဲဖြစ်ဖြစ် ပြချင်လွန်းတဲ့ပွဲတစ်ပွဲကို ကျွန်တော်တို့ စီစဥ်လိုက်နိုင်ပြီမို့ ဂုဏ်ယူမိပါတယ်။ အနုပညာစျာန်နဲ့ အပြင်းအထန်လှုပ်ရှားနေတဲ့စိတ်ရဲ့ အဆင့်ကို ပန်းချီကားများကတဆင့်ခံစားမိနိုင်ကြရန် မိတ်ဆွေများအားလုံးကို လေးစားစွာဖိတ်ကြားအပ်ပါတယ်။

၂၀၂၆ ခုနှစ် မတ်လ ၂၈ − ၂၉ − ၃၀ − ၃၁ (၄ ရက်)
မနက် ၁၀း၀၀ နာရီက နေ ညနေ ၅း၀၀ အထိ
ကျွန်တော်တို့ သီရိပစ္စယာ ပန်းချီပြခန်းမှာ
ဒေါက်တာတင်ဌေးအောင်ရဲ့ "ဇဝ" တစ်ကိုယ်တော်ပန်းချီပြပွဲရှိပါမယ်။

Address

Yangon

Telephone

+959420255014

Website

Alerts

Be the first to know and let us send you an email when Burma Historical Arts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Burma Historical Arts:

Shortcuts

Share