TxT for all

TxT for all feel/comedy

16/05/2026

တကယ်လို့
အပြိုင်စကြာဝဠာတွေသာ
တကယ်ဆိုရင်
မင်းနဲ့ပေါင်းရမယ့်
စကြာဝဠာမှာပဲ
လူဖြစ်ပါစေလို့
ကိုယ်ဆုတောင်းမယ်။ ။

ဇာဒ်

16/05/2026
အမေကားတွေကတစ်ဝီဝီ၊အသံတွေကညံစီစီနဲ့လူတွေကလည်းအလီလီ၊ပုံစံတွေကလည်းတစ်သီနဲ့ဆိုတော့တိတ်"ဆိတ်"နဲ့တစ်ယောက်တည်းနေရတာကြိုက်တဲ့အမေ...
13/05/2026

အမေ
ကားတွေကတစ်ဝီဝီ၊အသံတွေကညံစီစီနဲ့
လူတွေကလည်းအလီလီ၊ပုံစံတွေကလည်းတစ်သီနဲ့ဆိုတော့
တိတ်"ဆိတ်"နဲ့တစ်ယောက်တည်းနေရတာကြိုက်တဲ့အမေ့သား နေရတာနည်း"တော့ခက်သားဗျ။
အမေ
အိမ်မှာဆိုဗိုလ်ကျ၊စိတ်ကောက်လို့မဝခဲ့
ကျကျနနနဲ့ အမေ့အိမ်မာအချောင်နေခဲ့ရတော့
ပျင်းရိရတာအကျင့်ဖြစ်နေတဲ့အမေ့သား
နေရတာနည်းနည်းတော့ကျပ်သားဗျ။
အမေ
လမ်းမှားမရောက်အောင်၊အမေ့စကားဆောင်လို့
အတွေးမမှားအောင်လေ၊အရက်သေစာတွေလည်းရှောင်
ဆေးလိပ်တောင်မသောက်ပါ အမေ။
အမေ
သားအတွက်စိတ်ချ၊မွန်းကျပ်ရပေမယ့်
အမေ့ဒုက္ခလေးတွေး၊အားမာန်ခဲလို့
အမေစိတ်အေးရအောင်
သားမာန်မာနလေးချ သည်းခံစိတ်လေးမ/တင်ထားပါတယ်အမေ။
အမေ
မိသားစုအတွက်၊အမေ့ရဲ့လက်တွေ
နာကျင်တဲ့ရက်တွေ၊ကုန်ဆုံးစေဖို့
သားလေ
ကိုယ့်ဒူးကိုယ်ချွန် လောကဓံကိုလည်းကြံ့ကြံ့ခံကာကြိုးစားနေပါတယ်အမေ။
အမေ
ကျန်းမာစေကြောင်း၊သားဆုတောင်းသည်
စိတ်ထောင်းမှုကင်း၊ပျော်ခြင်းများဝင်လို့
သားပြန်လာမှအိုပါ အမေ။

#လူဇော်

20/04/2026

#စိမ်းရက်လေအား
#ထူးအိမ်သင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when TxT for all posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category