13/10/2026
Fullest ဖြစ်ရင် ကိုယ့်မှာ သူ့တစ်ယောက်တည်းအတွက် ရှိရမယ်။
Struggle လုပ်ရမယ်ဆို ဘယ်သူ့ကိုမှ အမှီသဟဲလုပ်ဖို့ အဖေါ်ပြုဖို့ စိတ်ကူးထဲတောင်ထည့်မမက်ဘူး။
မစစ်မှန်တဲ့ရပ်ဝန်းက တွဲလက်တွေကို မလိုချင်ဘူး။
ယုံကြည်ရတဲ့ပေးလက်တွေ၊ သိက္ခာရှိတဲ့ကမ်းလက်တွေကို လည်း ကိုယ်ဘဝအတွက် လွယ်ကူစွာဖမ်းဆုပ်မှာမဟုတ်ပါဘူး။
ဘဝကို အရှုပ်အရှင်းကင်းစွာ ရိုးသားပါတယ်။
ကိုယ့်မေတ္တာတရား ၅၂၈ပါတ်သက်မိသူတိုင်းအတွက် အေးပါတယ်။
တချိန်ချိန်ကိုယ်အရိပ်တစ်ခုမှာ ခိုနားခဲ့ရင် အဲ့တာတကယ်လုံခြုံမှာမို့လို့ ကိုယ်လည်းအားကိုးထိုက်လို့ ချစ်နိုင်လို့ လေးစားနိုင်လို့ပါပဲ။
နေ့စဉ်နေ့တိုင်း မေတ္တာပို့ရင် လူတိုင်းအပေါ် ကောင်းတဲ့သက်ရောက်မှုတွေရောက်ပါစေ။
မျက်နှာမှုရာအရပ်သည်လည်း ကိုယ်လိုလူအတွက် အေးချမ်းစွာ လူပီသစွာ ရပ်တည်ဖို့ပါပဲ။
13-10-2026