05/06/2024
2023 နှစ်ကုန်ပိုင်းလောက်က စတင်အကောင်ထည်ဖော်ခဲ့တဲ့ Esports World Cup 2024 ဆိုတဲ့ပြိုင်ပွဲကြီး ဟာဆိုရင် ယခုလ ၂၈ ရက်နေ့မှာစတင်တော့မှာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဆော်ဒီနိုင်ငံ Riyadh မြို့မှာကျင်ပပြုလုပ်သွားမှာဖြစ်ပြီးတော့ ပြိုင်ပွဲကိုလည်း ၈ လပိုင်း ၂၅ ရက်နေ့ထိ ၃ လတိုင်တိုင်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးတစ်ခုလုံးရဲ့ Total Prize Pool ကလည်း သန်း ၆၀ ဆိုတော့ အတော်လေးကိုဆုကြေးမြင့်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
ဆုကြေးက သန်း ၆၀တောင်ဆိုတော့ Esports World Cup 2024 မှာဘယ်လို Game တွေပါဝင်သွားမလည်း ဆိုတာအတော်လေးစိတ်ဝင်စားမိလို့လိုက်လေ့လာကြည့်မိပါတယိ။ Esports World Cup 2024 ပြိုင်ပွဲကြီးမှာတော့ MLBB, Dota 2, CS2, StarCraft II, HOK, Free Fire, PUBG, PUBG Mobile, Rainbow Six Siege, Overwatch 2, Fortnite, Rocket League, EA Sports FC, Street Fighter Six, Tekken 8, LOL, Teamfight Tactics, RENNSPORT နဲ့ Apex Legends ဆိုပြီး Game ပေါင်း ၂၀ ကျော်ပါဝင်သွားမှာဖြစ်ပါတယ်။
Game ပေါင်း ၂၀ ဆိုတော့လည်း ပြိုင်ပွဲကာလ ၃ လဆိုတာကတော့ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့တစ်ခုရှိတာက လက်ရှိ နိုင်ငံတစ်ကာ Esports Scene မှာ Active သိပ်မဖြစ်တော့တဲ့ Overwatch 2, Apex, Rainbow Six Siege တို့လို့ First Person Shooter Game တွေအတွက် Esports World Cup ပြိုင်ပွဲကြီးကနေပြန်လည် ထွန်းတောက်လာဖို့မျှော်လင့်ရပါတယ်။
ကိုတွေနိုင်ငံကအသင်းတွေအနေနဲ့လည်း Esports World Cup 2024 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိလို့ထားပါတယ်။ ထုံစံအတိုင်း မြန်မာနိုင်ငံရဲ့ လူအကြိုက်အများစုံး Game တစ်ခုဖြစ်တဲ့ MLBB အသင်းတစ်သင်းဖြစ်တဲ့ Falcon နဲ့ Zino Zinith တို့ပဲဖြစ်ပါတယ်။ ZINO ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ မဟုတ်ပဲ မဲခေါင်ဒေသကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
နောက်လာမယ့်နှစ်တွေမှာတော့ HOK, DOTA2, CS2 တို့လိုပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံကအသင်း တွေဝင်ရောက်ယှဉ်ပြိုင်နိုင်ရင် ပိုပြီးတော့ အခွင့်အလမ်း တွေရလာလိမ့်မယ်လို့မျှော်လင့်မိပါတယ်။