Ŝhinê Xugø

Ŝhinê Xugø ဘာပြောရမှန်းမသိ

22/09/2021

ကျွန်တော်က လူတစ်ယောက်ကို စိတ်နာခဲတယ်

ကျွန်တော်က လူတစ်ယောက်ကို
လွယ်လွယ်​လေးနဲ့ စိတ်မနာတတ်ဖူး

ကိုယ့်အပေါ် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
တတ်နိုင်သလောက် မျှတွေးပေးတယ် နားလည်ပေးတယ်

နောက်ပြီး လူတစ်ယောက်အပေါ်ကို စိတ်ရင်းနဲ့ဘဲ ဆက်ဆံလေ့ရှိတယ်

ကိုယ့်ဘက်က တတ်နိုင်သလောက် လုပ်ပေးတယ်
တတ်နိုင်သလောက်လဲ သည်းခံတယ် တတ်နိုင်သလောက် ဖြည့်စီးပေးတယ်

ဒါပေမဲ့ စေတနာ လူတိုင်းနဲ့မတန် ဆိုသလိုဘဲ
တခါတလေကျ လူတွေက သည်းခံပေးနေတာကိုလဲ ငါအနိုင်ကျင့်လို့ရတယ်ကွလို့ ထင်ချင်ထင်သွားတာ
တတ်နိုင်သလောက် ခေါင်းငုံ့ပေးထားတာကိုလဲ တတ်နင်းချင် နင်းသွားကြတာ

ကျွန်တော်က လူတစ်ယောက်ကို ကိုယ်နဲ့ပေါင်းတာထက် စိတ်နဲ့ပေါင်းရတာကို ပိုသဘောကျတာ

ကျွန်တော်က လူတစ်ယောက်ကို ခင်ရင် ဘယ်သူနဲ့မှမတူဘူး အစွဲလမ်းကြီးတယ်လို့ဘဲပြောရမလား အဲ့လူ ကောင်းသည် ဆိုးသည် မကြည့်တော့ဘဲ စိတ်ရင်းနဲ့ပေါင်းပြစ်လိုက်တာ

အဲ့လိုဘဲ လူတစ်ယောက်ကို မုန်းသွားပြီ ရွံသွားပြီဆိုရင်လဲ သူများတွေလို စကားတွေနဲ့ ပုတ်ခက်မနေတတ်ဖူး အမူအယာတွေနဲ့ ရွဲ့စောင်းမနေတတ်ဖူး လူသိရှင်ကြားလဲ လိုက်ပြောမနေတတ်ဖူး

တိတ်တိတ်ကလေး အဲ့ဒီလူကို လျစ်လျူရှူ့ပြစ်လိုက်တာ စိတ်နာပြစ်လိုက်တာ ရှင်းရှင်းပြောရရင် သူနဲ့ ပတ်သတ်သမျှအကုန်လုံးကို ကျွန်တော့်ဘက်ကနေ တိတ်ဆိတ်ပြစ်လိုက်တာပေါ့

နောက်ပြီး အဲ့လူအတွက် အချိန်ပေးဖို့မပြောနဲ့ အတွေးလေးတစ်စ စကားလေးတစ်လုံးမှာတောင် သူ့အကြောင်း မပါအောင် ပြုမူနေထိုင်ပြစ်လိုက်တော့တာ

ကျွန်တော်က လူတစ်ယောက်ကို ခင်ရင်လဲ သူများနဲ့မတူသလို စိတ်နာသွားရင်လဲ သေတာတောင် လှည့်မကြည့်တတ်တဲ့ လူစားမျိုးဗျ

ဒါကြောင့် ကျွန်တော့်ကို စိတ်နာအောင်မလုပ်ပါနဲ့
ကျွန်တော့်လို လူက ပြန်ရခဲတယ် ။


𝑪𝒓𝒅

မသိဘူး... ချိတေ.....
31/08/2021

မသိဘူး... ချိတေ.....

30/08/2021

စော်ရှိလား

Address

နေချင်တဲ့နေရာမာနေမာပေါ့
Yangon
ပို့ချင်တာပို့လေ

Telephone

+959456032590

Website

Alerts

Be the first to know and let us send you an email when Ŝhinê Xugø posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share