ထောင့်ချိုး

ထောင့်ချိုး ကမ္ဘာကြီးသို့ စိမ်းလန်းခြင်းများ မျှဝေမှု A Green Sharing Corner To The World

09/06/2024

မြန်မာ့ဘောလုံးရွှေခတ်က သူရဲကောင်းများ - ဆွတ်ဗဟာဒူး
-

မြန်မာဘောလုံးရွှေခေတ်ဆိုတာ တကယ်တော့ အတော်ကြီး ဝေးခဲ့ပါပြီ။ ၁၉၅၄ အာရှအားကစားပြိုင် ပွဲမှာ ဝင်ပြိုင်ပြီး ထိုင်ဝမ် နဲ့ ကိုရီးယားတို့နောက် ကြေးတံဆိပ် တတိယနေရာရရှိခဲ့ချိန်ကစပြီး မြန်မာ ဘောလုံးရွှေခေတ်ဆိုတာ စတင်ခဲ့ကာ ၁၉၆၆ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်၊ ၁၉၆၈ မှာ ဒုတိ ယ စသဖြင့် အာရှအဆင့်မှာပါ ထိပ်တန်းအဆင့်ဝင်လာနိုင်ခဲ့တဲ့အချိန်တွေဖြစ်သလို ၁၉၇၂ မြူးနစ်အို လံပစ်မှာလည်း အာရှဇုန်ကနေ အီရန်၊ မလေးရှားတို့နဲ့အတူ အာရှခြေစစ်ပွဲအောင်မြင်ကာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ဖူးတဲ့ကာလတွေပါပဲ။ အဲဒီလို ရွှေခေတ်မှာ ပေါ်ထွက်လာခဲ့ဖူးတဲ့ မြန်မာဘောလုံးသူရဲ ကောင်းတစ်ယောက်အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

သူကတော့ ကျွန်တော်တို့ မမြင်ဖူးခဲ့ပေမဲ့ လက်ဆင့်ကမ်းစကားတွေအရ ကြားဖူးခဲ့ရတဲ့ မြန်မာ့လက် ရွေးစင်ကစားသမား ဆွတ်ဗဟာဒူးပါပဲ။
၁၉၃၅ မေလ ၁၅ ရက်နေ့ မန္တလေး၊ ပျော်ဘွယ်မှာ မွေးဖွားခဲ့တဲ့ ဗဟာဒူးဟာ လက်ရွေးစင်ဘဝမှာ အရပ်အားဖြင့် ၅ ပေ ၆ လက်မသာရှိပေမဲ့ အသင်းအတွက်တော့ အရေးပါတဲ့ တိုက်စစ်မှူးနဲ့ ညာ တောင်ပံကစားသမားပါ။ ငယ်စဉ်ကတည်းက သူ့အရည်အသွေးကို အမြဲတိုးတက်အောင် လေ့ကျင့်နေခဲ့တဲ့ ကောင်းကျိုးတွေကြောင့် မြန်နှုန်း၊ ခြေအနှုတ်အသိမ်းသွက်လက်မှုနဲ့ ဂိုးရဖို့ အမြဲ စူးနှစ်ထားမှုတွေက သူ့ကို ထူးခြားစေခဲ့ပါတယ်။ အဲဒီခေတ်ကာလကတည်းက သာမန်ကစားသမား တွေလိုမဟုတ်ဘဲ လူအများရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ တောင်ပံကစားသမားဆန်ဆန် ကစားဟန်မျိုး ပိုင်ဆိုင်ထားတဲ့ ဗဟာဒူးဟာ အရည်အသွေးနဲ့လိုက်အောင်လည်း လူအများက တဖွဖွလက်ဆင့်ကမ်း ပြောပြတာမျိုး ခံခဲ့ရတဲ့ မြန်မာ့ဘောလုံး ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လို ကစားသမားပါ။

ပြည်နယ်နဲ့တိုင်း ပြိုင်ပွဲတွေမှာ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းကနေ ပါဝင်လာခဲ့ပြီး နိုင်ငံအသင်း အဆင့်ထိရောက်အောင် အရည်အသွေးကို အကောင်းဆုံးထုတ်ပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနှစ် က ပြည်နယ်နဲ့တိုင်း တံခွန်စိုက်ပြိုင်ပွဲမှာ ဗဟာဒူးပါဝင်တဲ့ ရှမ်းပြည်နယ်အသင်းက ဗိုလ်စွဲခဲ့တာကို ကြည့်ရင် သူ့ရဲ့အရည်အသွေးကို သိသာစေပါတယ်။ အဲဒီအချိန်ကာလက မြန်မာဘောလုံးအတွက် မျိုးဆက်သစ်၊ မျက်နှာသစ်ကစားသမားတွေကို ပြည်နယ်နဲ့ တိုင်းပြိုင်ပွဲကနေ မွေးဖွားပေးခဲ့တဲ့ ကာ လတစ်ခုဆိုရင်လည်း မမှားပါဘူး။ အဲဒီကစားသမားတွေထဲကနေ ဗဟာဒူးဟာ အခြားသော ထူးချွန် တဲ့ မျက်နှာသစ်ကစားသမားတွေနဲ့အတူ လက်ရွေးစင်အသင်းဆီကို စတင်ရောက်ရှိလာခဲ့ပါတယ်။

လွယ်လွယ်ကူကူနဲ့ ဘောလုံးသမားဖြစ်လာဖို့ဆိုတာ အခုအချိန်ထိတောင် မြန်မာနိုင်ငံမှာ အိပ်မက် မက်လို့ မရသေးတာကြောင့် အဲဒီခေတ်ကာလလို အချိန်မှာ လက်ရွေးစင်ကစားသမားတစ်ယောက် ဖြစ်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲခဲ့မလဲဆိုတာ တွေးကြည့်လို့ရနိုင်ပါတယ်။ ဗဟာဒူးဟာ အ ခြားသော ကစားသမားတွေနည်းတူ မတူညီတဲ့ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီး သူရည်ရွယ်ထားတဲ့ အိပ်မက်ဆီကို လှမ်းလာခဲ့တဲ့ သူတစ်ယောက်ပါ။ သူတစ်ယောက်တည်း ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ရတာမဟုတ်ဘဲ အကုန်လုံးဟာလည်း သူ့အခက်အခဲတွေ သူ ကျော် ဖြတ်ခဲ့သူတွေချည်းပါပဲ။ ဒါကြောင့်လည်း မာကျောကျစ်လစ်တဲ့ ရွှေခေတ်အသင်းမှာ စုစည်းမိခဲ့ပြီး အောင်မြင်မှုတွေကို ဖန်တီးနိုင်ခဲ့ကြတာပါ။

ဗဟာဒူးဟာ သူ့ရဲ့ စည်းကမ်းကောင်းမှု၊ ခိုင်ကြည်မှုနဲ့ ပြင်းပြထက်သန်မှုတို့ကြောင့် နာမည်ကျော်ပြီး အသင်းဖော်တွေအပေါ်ကိုလည်း အကောင်းဆုံးပုံစံတွေရအောင် တောင်းဆိုတတ်တဲ့သူပါ။ သူ့ အသင်းခေါင်းဆောင်အဖြစ် ဉီးဆောင်ခဲ့တဲ့ ကာလတွေမှာ မြန်မာအသင်းဟာ ၁၉၆၆ နဲ့ ၁၉၇၀ အာရှ ချန်ပီယံဖြစ်ခဲ့သလို၊ ၁၉၆၈ မှာ ဒုတိယနေရာရပ်တည်နိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှကျွန်းဆွယ် ပြိုင်ပွဲမှာလည်း ၁၉၆၅, ၁၉၆၇, ၁၉၆၉ သုံးကြိမ်ဆက် ဗိုလ်စွဲခဲ့ပြီး မာဒေးကားဖလားကို ၁၉၆၄ နဲ့ ၆၇ တို့ မှာ ၂ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။ တဖက်မှာ ဗဟာဒူးဟာ ဂေါ်ရခါး လက်နက်ကိုင်တပ်ရင်း အမှတ် ၄ မှာ တာဝန်ထမ်းဆောင်နေသူဖြစ် ပြီး သူ့ရဲ့ ကလပ်ကစားသမားဘဝကိုတော့ အာမီအသင်းမှာ ကုန်ဆုံးခဲ့သူပါ။ အာမီအသင်းမှာ သူနဲ့ အတူ လက်ရွေးစင်အသင်းဖော် လှမောင်၊ ဘကြူ နဲ့ မောင်သောင်းတို့လည်း အတူကစားခဲ့ကြပါ တယ်။

မြန်မာလက်ရွေးစင်အသင်းအတွက်တော့ ၁၉၅၂ ကနေ ၁၉၇၀ အထိ ပွဲပေါင်း ၁၅၀ ကျော် ကစားပေး ခဲ့ကာ အသင်းအတွက် ဂိုး၈၀ ကျော်သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲဒီခေတ်က မှတ်တမ်းမှတ်ရာတွေ ကောင်းကောင်းမရှိတာကြောင့် ပွဲနဲ့ ဂိုးအရေအတွက်ကို အတိအကျ မှတ်တမ်းမတင်နိုင်ခဲ့တာက တော့ နစ်နာမှုတစ်ခုပါပဲ။ ၁၉၇၂ မြူးနစ် နွေရာသီအိုလံပစ်ကို ဉီးဆောင်သွားရောက်ခဲ့ပြီး ဆိုဗီယက်ယူနီယံ၊ မက္ကစီကို၊ ဆူဒန် အသင်းတို့နဲ့ အုပ်စု ဘီမှာ တစ်အုပ်စုတည်းကျရောက်ခဲ့တာပါ။ ဆိုဗီယက်ယူနီယံအသင်းနဲ့ကစားခဲ့ တဲ့ပွဲစဉ်မှာ ဒိုင်နမိုကိဗ်အသင်းရဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမား ဗစ်တာ မီဟေးလိုဗစ် ကိုလိုတော့ဗ် ရဲ့ တလုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို၊ မက္ကစီကိုအသင်းနဲ့ပွဲစဉ်မှာလည်း ကွင်းလယ်ကစားသမား မာနူရယ် မန်ဇိုရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဆူဒန်နဲ့ပွဲမှာတော့ စိုးသန်း နဲ့ အောင်မိုး သင်းတို့ရဲ့ ဂိုးတွေနဲ့ ၂-၀ အနိုင်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အုပ်စုအဆင့်ကနေတော့ နောက်တဆင့်ကို မတက်နိုင်ခဲ့ပါဘူး။

ဗဟာဒူးဟာ အာရှအောစတားအသင်းမှာ ၁၉၆၅, ၁၉၆၆,၁၉၆၇ နဲ့ ၁၉၆၈ ၄ ကြိမ် အရွေးခံခဲ့ရတဲ့သူ ဖြစ်ပြီး မြန်မာ့လက်ရွေးစင်သမိုင်းမှာ တစ်ဉီးတည်းသောသူအဖြစ် မှတ်တမ်းဝင်နေဆဲပါ။ သူဟာ တင်းနစ်နဲ့ မြက်ခင်းပြင်ဟော်ကီတို့ကိုလည်း ကောင်းမွန်စွာကစားတတ်သူတစ်ဉီးဖြစ်သလို မီတာ ၁၀၀ အပြေးမှာလည်း နိုင်ငံ့ချန်ပီယံတစ်ယောက်ဖြစ်ပြန်ပါတယ်။ ၂၀၀၁ ခုနှစ် ဩဂုတ်လ ၁၉ ရက် နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၆၈ နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မြန်မာ့အားကစားသမိုင်းတစ်လျှောက် ယနေ့ခေတ်တိုင်ထိကို သူ့လောက်အောင်မြင်တဲ့ မြန်မာ့လက်ရွေးစင်ကစားသမားနောက်ထပ်တစ်ယောက် ထွက်ပေါ်လာခြင်းမရှိသေးတာဟာ မြန်မာ့အားကစားတိုးတက်ဆုတ်ယုတ်လာမှုအတွက် ခါးသီးတဲ့အမှန်တရားတစ်ခုပါပဲ။ နောက်ထပ်နောက်ထပ်သော မြန်မာ့အားကစားမျိုးဆက်တွေမှာ ဆွတ်ဗဟာဒူးလို ကစားသမားမျိုးတွေ အများကြီးပေါ်ထွန်းလာဖို့မျှော်လင့်ချက်ကို မြန်မာအားကစားဝါသနာရှင်တွေဟာ ဆုပ်ကိုင်ထားဆဲ မျှော်လင့်နေကြဆဲ အားပေးနေကြဆဲပါပဲ။

ဒီလိုအကြောင်းအရာတွေဟာ အတိတ်ကို ပြန်လည်တူးဆွလွမ်းဆွတ်သလိုမျိုးထင်ရပေမဲ့ အနာဂတ်မြန်မာ့အားကစားသမားမျိုးဆက်တွေမှာ နောက်ထပ် နောက်ထပ်သော ဗဟာဒူးတွေ အများကြီး ပေါ်ထွက်လာဖို့အတွက် မြန်မာ့ဘောလုံးသူရဲ ကောင်းတွေအကြောင်းကို ပြန်လည်ဖော်ထုတ်ရေးဟာ အရေးပါတဲ့ကိစ္စရပ်တစ်ခုဖြစ်တယ်လို့ ယူဆတဲ့အတွက် တင်ဆက်ပေးလိုက်ရပါကြောင်း။

17/05/2024

Chatgpt AI 4o ဉာဏ်ရည်တုရဲ့ လူတစ်ယောက်ထက်ပိုတဲ့စွမ်းဆောင်ရည် 10 ခုအကြောင်း သင်မသိထားသေးရင် ခေတ်အများကြီးနောက်ကျကျန်ခဲ့ပါပြီ။

Chatgpt ဆိုတာ တစ်ကမ္ဘာလုံးကမတူညီတဲ့နယ်ပယ်မျိုးစုံရဲ့ အတိတ်သမိုင်း ၊ လက်ရှိပစ္စုပ္ပာန် ၊ နောင်လာမယ့်အနာဂတ်ထိ ကိုယ်သိချင်တဲ့အကြောင်းအရာမှန်သမျှကို အမိန့်ပေးခိုင်စေမေးမြန်းလို့ရပြီး ဟာသဉာဏ်ရွှင်တဲ့လူတစ်ယောက်ကဖြေပေးနေသလိုမျိုးစိတ်ထဲခံစားမိတဲ့အထိ ကျယ်ပြန့်ကြီးမားတဲ့အချက်အလက်တွေကိုစုစည်းထားတဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး ခေတ်သစ်ဉာဏ်ရည်အတုပဲဖြစ်ပါတယ်။ OpenAI ဆိုတဲ့ ဉာဏ်ရည်တုသုတေသနကုမ္ပဏီတစ်ခုက 2015 ခုနှစ်မှာ တီထွင်ခဲ့ပြီး ရိုးရိုးသာမန်အက်ဆေးစာတစ်ပုဒ်ရေးခိုင်းတာကနေ ဘဝဒဿနဆိုင်ရာ အပြန်အလှန်စကားပြောတွေ ၊ သင်္ချာတွက်ခိုင်းတာတွေ အစရှိတာအပြင် ကိုယ်လိုချင်တဲ့ဆော့ဝဲတစ်ခုခုကို ပရိုဂရမ်ကုဒ်ရေးခိုင်းလို့ရတဲ့ထိ လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်ကမ္ဘာလုံးရဲ့ မတူညီတဲ့နယ်ပယ်တွေထဲမှာ ပညာရပ်တစ်ခုခုသင်ကြားနေသူ ၊ နယ်ပယ်တစ်ခုခုကိုလေ့လာနေသူတွေအတွက် Chatgpt AI ဟာ အလုံးစုံသိမြင်တဲ့ တကယ့်လူပါမောက္ခကြီးတစ်ယောက်လို သင့်ကို လမ်းညွှန်သင်ပြ အကြံပေးနိုင်ပါတယ်။

ဘာသာစကားအနေနဲ့ နိုင်ငံပေါင်း ၅၀ ရဲ့ ဘာသာစကားနဲ့မေးမြန်းလို့ရပြီး အာရှမှာဆိုရင် ထိုင်း၊ တရုတ် ၊ ဂျပန် ၊ ကိုးရီးယား အစရှိတဲ့နိုင်ငံတွေအပြင် မြန်မာဘာသာစကားနဲ့ပါ အသုံးပြုလို့ရပါတယ်။ Chatgpt ကို အခမဲ့သုံးလို့ရပြီး တစ်ချို့လုပ်ဆောင်ချက်တွေကိုအသုံးပြုနိုင်ဖို့တော့ ဝယ်သုံးရမှာပါ။ Chatgpt 4o မှာတော့ ဉာဏ်ရည်တုဟာ အသံ ၊ အမြင် နဲ့ စာရိုက်တာတွေကို တိုက်ရိုက်တုန့်ပြန်နိုင်တဲ့အထိ လုပ်ဆောင်နိုင်လာတာပါ။

လက်ရှိခေတ်ကာလမှာ AI ဉာဏ်ရည်တုရဲ့ အခန်းဂဏ္ဌဟာ တကယ့်လူတစ်ယောက်နီးပါး အရေးပါလာနေပြီး အနာဂတ်မှာ ကြောက်ခမန်းလိလိ တကယ့်လူသားတွေထက်ပိုပြီး အရေးပါလာနိုင်တာမလို့ Chapgpt AI ဉာဏ်ရည်တုကို လေ့လာသိထားဖို့ လိုကိုလိုအပ်လာနေပြီဖြစ်ပါတယ်။ သင်ရော Chatgpt AI ကို စမ်းသပ်ဖူးပြီးပြီလား?





#ဗဟုသုတ
#သုတ
#သုတရသ
#သတင်းထူး
#သတင်းစုံ

08/05/2024

သန်းပေါင်းများစွာသော လူတွေရဲ့ စိတ်နှလုံးကိုနင့်နေအောင် ကွဲကြေစေခဲ့တဲ့
တရုတ်လူငယ်လေး လျိုကျဲ (Liu Jie) ခေါ် ကြောင်ဝတုတ်လေး ( Fat Cat ) ရဲ့ ရင့်နင့်ဖွယ်ဇာတ်လမ်းလေး

ပြီးခဲ့တဲ့ April လ ၁၁ ရက်နေ့က တရုတ်ပြည် ၊ ကွမ်တုန်းပြည်နယ် ၊ ချုံချင်းမြို့အနီး မေလုံ ( Meilong ) အဝေးပြေးလမ်းမပေါ်မှာ ရှိတဲ့ တံတားတစ်ခုပေါ်ကနေ မြစ်ထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပုံမှန်လည်း အဲ့တံတားဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှု ၄၈ မှု အပါအဝင် ခုန်ချအဆုံးစီရင်ဖို့ကြိုးစားမှု ၃၀ မှု စုစုပေါင်း ၈၀ နီးပါးရှိခဲ့တဲ့ထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တံတားတစ်ခုဖြစ်ပါတယ်။ အဲ့ထဲမှာမှ လက်ရှိနောက်ဆုံးဖြစ်ပွားခဲ့တဲ့ လျိုကျဲ ခေါ် ကြောင်ဝတုတ်လေးရဲ့ အဆုံးစီရင်မှုနဲ့ နောက်ကွယ်က အကြောင်းရင်းအမှန်ဟာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ တစ်ကမ္ဘာလုံးရဲ့ မီဒီယာထက်မှာ လူပြောအများဆုံးဖြစ်ခဲ့ပြီး သန်းပေါင်းများစွာသောလူထုရဲ့ စိတ်ဝမ်းနှလုံးကို ကွဲကြေယူကြုံးမရ ဖြစ်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကြုံခဲ့ဖူးတဲ့ ကြားခဲ့ဖူးတဲ့ ဖတ်ခဲ့ဖူးတဲ့ ကြည့် ခဲ့ဖူးတဲ့ အချစ်ဇာတ်လမ်းတွေ အားလုံးရဲ့ ဘယ်နာကျင်ဖွယ်အဆုံးသတ်တိုင်းကမှ ဒီလက်တွေ့ဒီအချစ်ဇတ်လမ်းထက်ပိုပြီး သင့်ကိုနာကျင်ကြေကွဲစေနိုင်မှာ မဟုတ်လို့ပါပဲ။

လျိုကျဲခေါ် ကြောင်ဝတုတ်လေးဟာ တခြားသူတွေရဲ့ ဂိမ်းအကောင့်တွေကို Rank တက်အောင် အခကြေးငွေယူပြီး ဂိမ်းလယ်ဗယ်တင်ပေးခြင်းနဲ့ အသက်မွေးဝမ်းကြောင်းနေတဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်လေးဖြစ်ပြီးတော့ သူ့ထက်အသက် ၆ နှစ်ကြီးတဲ့ သူ့ရဲ့ကောင်မလေးဖြစ်သူ ထန်ကျူး ( Tan Zhu ) ဆိုတဲ့ တရုတ်ပြည် ချုံချင်း ( Chongqing ) ဒေသက ကောင်မလေးနဲ့ အွန်လိုင်းပေါ်ကနေ အမှတ်မထင်တွေ့ ပြီး အွန်လိုင်းချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ၂၀၂၄ မေလကျရင် လက်ထပ်ကြမယ်ဆိုတဲ့ ကတိတူတူထားခဲ့ကြပြီး ကောင်မလေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စတိုးဆိုင်ကြီးတစ်ခု ဖွင့်ပေးနိုင်ဖို့ လျိုကျဲဟာ သာမာန်ထက်ပိုပြီး အလုပ်ကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ ချစ်သူသက်တမ်း နှစ်နှစ်တာ ကာလအတွင်းမှာ မြန်မာငွေနဲ့တွက်ရင် သိန်းပေါင်း ၂၅၀၀ ကျော်ရှိတဲ့ တရုတ်ငွေပေါင်း ယွမ် ၅သိန်း၁သောင်းကို ချစ်သူဖြစ်သူကောင်မလေးဖြစ်သူ ထန်ကျူးကို ပေးပို့နိုင်ခဲ့တဲ့ထိ လျိုကျဲဟာ အပေါစားအငှားအိမ်လေးတစ်လုံးမှာနေပြီး တစ်ရက်လုံးမှာမှ တရုတ်ငွေ ၁၀ ယွမ်ထက်မပိုတဲ့ အပေါစားအသင့်စား အစာတွေစားရင်း ဂိမ်းကစားပေးခြင်းအလုပ်ကို တစ်ရက် ၁၀ နာရီအနည်းဆုံးလုပ်ခဲ့တဲ့ထိ ဆင်းရဲပင်ပန်းကြီးစွာနဲ့ အလုပ်ကြိုးစားလုပ်ခဲ့ပါတယ်။ တနေ့ကျရင် လက်ထပ်ပြီး အတူနေရဖို့ဆိုတဲ့ အိပ်မက်လေးတစ်ခုအတွက် နောက်ဆုံးအနေနဲ့ သူအရမ်းစားချင်ခဲ့တဲ့ McDonald's ဟမ်ဘာဂါတစ်ခုလေးတောင် ဝယ်မစားရက်ခဲ့တဲ့အထိ ချိုးချံချွေတာပြီး ရှာလို့ရသမျှ ငွေအကုန်လုံးနီးပါး ကောင်မလေးကို ပို့ပေးခဲ့တဲ့ထိ သူဟာ ချစ်တတ်လွန်းခဲ့တာပါ။

April လအရောက်မှာ လျိုကျဲက သူ့ကောင်မလေးဖြစ်သူ ထန်ကျူးကို လက်ထပ်ကြတော့ဖို့ ဖွင့်ပြောလိုက်တဲ့အခါ ကောင်မလေးဘက်က " နင်က ငါ့စိတ်ခံစားမှုကို နားလည်မပေးနိုင် မဖြည့်ဆည်းပေးနိုင်ဘူး "လို့ အလွယ်လေး ပြောပြီး လမ်းခွဲလိုက်ပါတော့တယ်။ ကောင်မလေးဘက်က နောက်ဆုံး လမ်းခွဲလိုက်တဲ့နေ့ထိ သူတို့နှစ်ယောက်စတင်သိကျွမ်းခြင်း ၇၆၀ ရက်ပြည့်အထိမ်းအမှတ်အနေနဲ့ လျိုကျဲဟာ ပန်းပွင့်ပေါင်း ၇၆၀ ပွင့် ဝယ်ယူပေးပို့ပေးခဲ့ပါတယ်။ April 10 ရက်နေ့မှာတော့ သူ့ရဲ့ လက်ကျန်ငွေတွေ အားလုံးဖြစ်တဲ့ ယွမ် ( ၆၆,၆၆၆.၆၆ ) ယွမ်ကို နောက်ဆုံးလက်ဆောင်ပေးခြင်း ပုံစံမျိုးနဲ့ ကောင်မလေးဆီကို ဖုန်းကနေတဆင့် လွဲပေးခဲ့ပါတယ်။ April 11 ရက်နေ့ မနက်ခင်းစောစောမှာတော့ လျိုကျဲဟာ တရုတ်ပြည်ရဲ့ အဓိကမြို့တော်ကြီးတစ်ခုဖြစ်တဲ့ ချုံချင်း မြို့အနီးက ယန်ဇီ ( Yangtze ) မြစ်ထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပြီး လောကကြီးကိုအရှုံးပေးသွားခဲ့ပါတော့တယ်။

April 15 ရက်နေ့ကနေစပြီး လျိုကျဲရဲ့ ညီမလေးဖြစ်သူဟာ ဆိုရှယ်အကောင့်တစ်ခုကနေ လျိုကျဲနဲ့ သူ့ကောင်မလေးဖြစ်သူ ထန်ကျူးတို့နှစ်ယောက်ရဲ့ အပြန်အလှန်ပြောထားတဲ့စကားတွေနဲ့ ငွေလွဲပေးထားတဲ့ ပြေစာအသေးစိတ်ပါတဲ့ Screenshots ၂၅ ခုကို တင်ခဲ့ပေမယ့် လူတော်တော်များများက သာမန်အဆုံးစီရင်မှုတစ်ခုထက်ပိုပြီး သိပ်မသိခဲ့ကြသေးပါဘူး။ မေလ ရဲ့ အားလပ်ရက်တွေအတွင်းမှာတော့ ဒီ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှုဟာ တဖြည်းဖြည်းနဲ့ လူပြောအများဆုံးသတင်းတစ်ခုဖြစ်လာခဲ့ပြီး တကမ္ဘာလုံးအတိုင်းအတာကိုပျံ့သွားတဲ့အထိ ကြီးမားခဲ့လို့ လူထုတော်တော်များများရဲ့ အထင်အမြင်ဖိအားကို မခံနိုင်တော့တဲ့အဆုံးမှာ ကောင်မလေးဖြစ်သူဟာ လူသိရှင်ကြားတောင်းပန်ဖို့ မျက်နှာထွက်ပြလာခဲ့ရပါတယ်။

May လ ၄ ရက်နေ့ ညနေခင်းတခုမှာတော့ ထန်ကျူး ဆိုတဲ့နာမည်နဲ့ ကောင်မလေးတစ်ယောက်ဟာ အများပြည်သူလူထုကို အသိ‌ပေးတောင်းပန်‌နေတဲ့ ဗွီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာတော့ ထန်ကျူးဟာ လျိုကျဲခေါ် ကြောင်ဝတုတ်လေးကို သေချာလေးနက်စွာ ချစ်မြတ်နိုး တန်ဖိုးမထားခဲ့မိကြောင်း နဲ့ လျိုကျဲရဲ့ ဖြူစင်လွန်းတဲ့စိတ်ခံစားချက်တွေကို နာကျင်စေခဲ့မိလို့ နောင်တကြီးစွာရမိကြောင်း တရုတ်ရိုးရာ ၉၀ ဒီဂရီ ဦးညွတ်ဟန်ဖြင့် ဝန်ချတောင်းပန်ခဲ့ပါတယ်။ ပြီးတော့ အခုဖြစ်ရပ်ကြောင့် သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာထိခိုက်ရကြောင်း ပို့စ်တွေ ဆက်တိုက်တင်ခဲ့ပါတယ်။ သူမအနေနဲ့ စိတ်ဖိတ်စီးမှုများစွာခံစားနေရပြီး တစ်လခွဲအတွင်း စိတ်ကျန်းမာ‌ရေးဆေးရုံကို ၃ ကြိမ်အထိသွားရောက်ပြသခဲ့ရတဲ့ဆေးရုံဆေးမှတ်တမ်းတွေပါ ဖော်ပြခဲ့ပါတယ်။ ပြီးတော့ သူမအနေနဲ့ လျိုကျဲကိုယ့်ကိုယ်ကိုအဆုံးမစီရင်ခင်က လွဲပေးခဲ့တဲ့ ‌ငွေတွေအားလုံးထဲက ယွမ် ၁သိန်း၃သောင်း၇ထောင်ကျော် ကို လျိုကျဲမိဘတွေဆီပြန်လွဲပေးခဲ့ပြီးတဲ့အကြောင်းနဲ့ ကျန်တဲ့‌ငွေတွေအားလုံးကို အကြေ ပြန်လည်ပေးဆပ်မယ့်အကြောင်း ရဲဌာနတစ်ခုခုမှာသဘောတူလက်မှတ်ထိုးရဖို့ ‌မျှော်လင့်ပါကြောင်း ပြောဆိုတောင်းပန်ထားတဲ့ ဗွီဒီယိုကို တင်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုတွေက ပိုပြီးတော့တောင် ‌ဒေါသထွက် စိတ်ဆိုးခဲ့ကြပါတယ်။ ဗွီဒီယိုထဲက မိန်းကလေးဟာ ထန်ကျူး တကယ်မဖြစ်နိုင်ကြောင်းနဲ့ ဗွီဒီယိုထဲမှာ သူမဝတ်ဆင်ထားတဲ့ပုံစံနဲ့ပါတ်သက်ပြီး ပြင်းပြင်းထန်ထန် ထပ်ဝေဖန်ခဲ့ကြပါတယ်။ ဗီဒီယိုထဲက ထန်ကျူးဆိုတဲ့မိန်းကလေးရဲ့ မျက်နှာအမူအရာနဲ့ ကိုယ်နေဟန်ထားဟာ တကယ့်ဝမ်းနည်းမှုနဲ့ နောင်တရမှု အရိပ်အယောင် တစိုးတစိမှမရှိကြောင်း ထောက်ပြခဲ့ကြတဲ့အပြင် ထန်ကျူးအနေနဲ့ အရမ်းတိုလွန်းတဲ့ ဒန်နင် ( Denim ) ဂျင်းဘောင်းဘီအတို ၊ တီရှပ်အနီနဲ့ ဒူးခေါင်းအထိရှည်တဲ့ ခြေအိပ်ကိုဝတ်ထားခြင်းဟာ ကွယ်လွန်သွားသူကို တကယ်ကို မလေးစားရာကျတဲ့ ဝတ်စားဆင်ယင်မှုဖြစ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။

အဲ့ဗွီဒီယိုအပြီး နောက်ထပ်ဗွီဒီယိုတစ်ခုမှာတော့ ထန်ကျူးဟာ အင်္ကျီအနက်အရှည်နဲ့ ဘောင်းဘီထောင့်ချိုးအကွက်ပါတဲ့အရှည်ကိုဝတ်ဆင်ပြီး ထပ်မံတောင်းပန်တဲ့ ဗွီဒီယိုတစ်ခုကိုတင်ခဲ့ပေမယ့် ပြည်သူလူထုကတော့ ထပ်ပြီး မယုံကြည်တော့ပါဘူး။ သူမအနေနဲ့ လျိုကျဲ‌ခေါ် ကြောင်ဝတုတ်လေးရဲ့ သေဆုံးမှုအပေါ် တကယ်မနာကျင် မဝမ်းနည်း နောင်တမရတဲ့အပြင် ကြိုတင်စီမံထားတဲ့ရိုက်ကူးမှုတွေနဲ့ အွန်လိုင်းအသုံးပြုသူတွေရဲ့ စိတ်အာရုံကိုရယူချင်ရုံ ၊ အင်တာနက်ကြားထဲနာမည်ပိုကြီးလာချင်တဲ့ရည်ရွယ်ချက်နဲ့သာ ရိုက်ကူးတင်ထားခြင်းဖြစ်တယ်လို့ ထပ်မံဝေဖန်ခဲ့ကြပါတယ်။

May လ ၃ ရက်နေ့မှာတော့ လျိုကျဲရဲ့ ညီမလေးဖြစ်သူဟာ လျိုကျဲခေါ် ကြောင်ဝတုတ်လေးရဲ့ မီးသဂြိုလ်ခြင်းအခန်းအနားကို သူမရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှာ ပို့စ်တင်ကြေငြာခဲ့ပြီး လူထောင်သောင်းပေါင်းများစွာဟာ လျိုကျဲခုန်ချသွားတဲ့တံတားပေါ်မှာ မစ်တီးတွေ ၊ ဘာဂါတွေ ၊ အခြားစားစရာတွေများစွာနဲ့ အမှတ်တရပန်းစည်းထောင်သောင်းများစွာ လာရောက်ပေးပို့ရင်း ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကို ပြခဲ့ကြပါတယ်။ အဲ့ဒီအကြောင်းအရာဟာ တကမ္ဘာလုံးကအင်တာနက်အသုံးပြုသူတွေကြားမှာ လူပြောအများဆုံး ရင်နင့်ဖွယ်ဇတ်လမ်းလေးတစ်ခုအနေနဲ့ ကြည့်မိသူတိုင်းကို ရင်ကွဲနာကျင်စေခဲ့ပါတယ်။ လူတိုင်းနဲ့မကင်းတဲ့အချစ်ဆိုတာဟာ အဆုံးသတ်ရတဲ့အခါ ဘဝပေါင်းများစွာနာကျင်စေရတတ်တာမလို့ အချစ်နဲ့ပါတ်သက်ပြီး လိမ်လည်ခြင်း လှည့်ဖျားခြင်း တကယ်မချစ်ပဲချစ်ဟန်ဆောင်ခြင်းတွေဟာ လူသားတစ်ယောက်အနေနဲ့ မလုပ်သင့်ဆုံးဖြစ်ကြောင်းအသိပေးလိုက်ပါရစေ။

ဒီတကယ့်ဖြစ်ရပ်ဇာတ်လမ်းလေးနဲ့ပါတ်သက်ပြီး မိမိထင်မြင်ချက်တွေကို ကောမန့်မှာ ရေးသွားပေးကြပါအုံး ။
နောက်ထပ် ထပ်တင်မယ့် ဗွီဒီယိုလေးတွေကို မလွတ်တမ်းကြည့်ရှုနိုင်ဖို့ ၊ A Green Corner ရဲ့ TikTok Channel နဲ့ page ကို Follow လုပ်ထားပြီး ၊ Youtube Channel လေးကို Subscribe လုပ်ထားဖို့ မမေ့နဲ့နော် ။

အားလုံးပဲ အေးချမ်းပျော်ရွှင်သော နေ့လေးဖြစ်ပါစေ။

29/04/2022

အသင်းရှုံးနေတဲ့အချိန် သခင်ကြီး Maguire ကိုလူစားလဲတာမြင်တော့ Fan တွေ ပျော်ပြီလေ 🔥

21/04/2022

သခင်ကြီး Maguire Skill 🔥🔥🔥

Address

Baho Road
Yangon
11121

Telephone

+959941743149

Website

Alerts

Be the first to know and let us send you an email when ထောင့်ချိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share