18/03/2026
ဒီလထဲ ရှိမဲ့ နှစ်ရက်တာသင်တန်းလေးပါ
လူဦးရေအကန့်အသတ်ရှိလို့ Register ,လုပ်ထားဖို့လို့ပါမယ်ရှင့် ,,, အမျိုးသမီးလေးများတို့ ဆုံကြမယ်နော်
RebuildHer:စွန့်ပစ်အုန်းမှုတ်ခွက်များမှ ပလတ်စတစ်မပါဝင်သော သဘာဝအုန်းကြယ်သီးများဖန်တီးခြင်း သင်တန်း trainers များမိတ်ဆက်ခြင်း
3ZERO House Myanmar မှ အမျိုးသမီးများအသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပေးနိုင်ရန်နှင့် အားလုံးပါဝင်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်သည့် “ RebuildHer: Women’s Path to Zero Exclusion မှ မတ်လတွင် ပြုလုပ်သွားမယ့် “စွန့်ပစ်အုန်းမှုတ်ခွက်များမှ ပလတ်စတစ်မပါဝင်သော သဘာဝအုန်းကြယ်သီးများဖန်တီးခြင်း သင်တန်း” ကို ဦးဆောင်သင်ကြားပေးသွားမည့် Handmade by Theint မှ သင်တန်းနည်းပြများဖြင့် မိတ်ဆက်သွားမှာဖြစ်ပါတယ်။
ယခု သင်တန်းကို နှစ်ရက်တာစာတွေ့/ လက်တွေ့ အုန်းခွံမှ ရောင်းတန်းဝင်ကြယ်သီးထုတ်လုပ်နိုင်သော အဆင့်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်ကြားပေးသွားမည့် သင်တန်းဆရာမနှင့်ဆရာကတော့
ဆရာမသိမ့်သိမ့်မြတ်
Handmade by Theint တည်ထောင်သူ နှင့်
ဆရာဦးသူရိန်မင်းစိုး
Handmade by Theint ဖန်တီးသူ တို့ပဲဖြစ်ပါတယ်။
ဆရာမသိမ့်သိမ့်မြတ်
Handmade by Theint ၏ တည်ထောင်သူဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော လူမှုစီးပွားဘဝ (Sustainability) ကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှစတင်၍ ပလတ်စတစ်အသုံးပြုမှု လျှော့ချရေးကို စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် Handmade by Theint ကို တည်ထောင်ကာ အုန်းမှုတ်ခွက်များနှင့် စွန့်ပစ်ပစ္စည်းများကို တန်ဖိုးမြှင့် (Upcycled) လက်မှုထုတ်ကုန်များအဖြစ် ဖန်တီးခဲ့ပါတယ်။
ဆရာမက အုန်းမှုတ်ခွက်များမှ ဆန်းသစ်သော ဒီဇိုင်းဖန်တီးမှုများဖြင့် ဈေးကွက်ထဲတွင်အောင်မြင်မှုရရှိနေသော အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး၊ လက်ရှိအချိန်ထိ သင်တန်းသားပေါင်း (၁၀၀) ကျော်ကို လက်မှုပညာများ မျှဝေသင်ကြားပေးထားပြီး ဖြစ်ပါတယ်။
ဆရာဦးသူရိန်မင်းစိုး (U Thu Rein Min Soe)
နိုင်ငံတကာကုန်သွယ်မှုနှင့် တပိုင်တနိုင်စီးပွားရေလုပ်ငန်းစီမံခန့်ခွဲမှု အတွေ့အကြုံရှိသော လုပ်ငန်းရှင်တစ်ဦးဖြစ်သလို၊ အုန်းမှုတ်ခွက် လက်မှုအနုပညာရှင် (Artisan) တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှစတင်ကာ စွန့်ပစ်အုန်းမှုတ်ခွက်များကို အသုံးပြုပြီး ပလတ်စတစ်မပါဝင်သော ထုတ်ကုန်များဖြစ်လာအောင် ကိုယ်ပိုင်နည်းပညာများဖြင့် သုတေသနပြု ဖန်တီးခဲ့သူဖြစ်ပါတယ်။
Handmade by Theint ၏ အဓိက ဖန်တီးရှင် (Main Creator) အဖြစ် ထုတ်ကုန်ဒီဇိုင်းနှင့် ထုတ်လုပ်မှုပိုင်းကို ဦးဆောင်နေသူဖြစ်ပြီး သင်တန်းသားပေါင်း (၁၀၀) ကျော်ကို အုန်းမှုတ်ခွက် လက်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးခဲ့သူ ဖြစ်ပါတယ်။
သင်တန်းအသေးစိတ်
နေ့ရက်: ၂၀၂၆ ခုနှစ်၊ မတ်လ (၂၅) ရက်နှင့် (၂၆) ရက်
အချိန်: နံနက် ၁၀:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီ ထိ
ကျင်းပမည့်နေရာ: (3ZERO House Myanmar)
တည်နေရာ: အမှတ် (၁၆၇)၊ ၄၇ လမ်း (အထက်လမ်း)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
ကိုယ်တိုင်ဖန်တီးခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားရင်း သဘာဝနှင့်နီးစပ်သော လက်မှုအနုပညာတစ်ခုကို အတူတကွ လေ့လာနိုင်မည့် သင်တန်းလေးတစ်ခု ဖြစ်တာကြောင့် တက်ရောက်လိုသော အမျိုးသမီးတို့အနေဖြင့် အောက်ပါ Link တွင် စာရင်းပေးသွင်းနိုင်ပါတယ်။
သင်တန်းလျှောက်လွှာဖောင်: https://forms.gle/1GUMiWXjvHTrL39SA
သင်တန်းအတွက် လူဦးရေအကန့်အသက်ရှိတာကြောင့် အမြန်ဆုံးစာရင်းပေးသွင်းဖို့လိုအပ်ပါတယ်။
သင်တန်းအကြောင်းအရာနှင့်ပတ်သက်သည်များကို သိရှိလိုပါက မစုမြတ်ကျော် [09 978447481] နှင့် ကိုဘုန်းမြတ်ကျော် [09 973474141] သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင်တန်းလျှောက်လွှာများမှ အမှန်တကယ် သင်ယူကာပြန်လည်အသုံးချလိုသောအမျိုးသမီးများကို ရွေးချယ်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။
လက်မှုအနုပညာ (Handicraft) တစ်ခုကို ကိုယ်တိုင် ဖန်တီးသင်ယူနိုင်သလို၊ အခြေခံလက်မှုပညာရပ်တစ်ခုကို လက်ဆင့်ကမ်း သင်ယူနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်တာမို့ အခုပဲလျှောက်လိုက်တော့နော်……
♻️ 3ZERO House Myanmar မှပြုလုပ်သော တခြားသောအစီအစဥ်များ၊သင်တန်းများ၊ဆွေးနွေးပွဲများထဲမှ မိမိတို့စိတ်ဝင်စားရာကဏ္ဉအလိုက် ပါဝင်တက်ရောက်နိုင်ရန်နှင့် တခြားမျှဝေပေးသော သတင်းအချက်အလက်များကိုရရှိနိုင်ရန် 3ZERO House Myanmar ၏ Social Media များကို Like ,Follow, Subcrise & Join ထားနိုင်ပါတယ်၊👇
3ZERO House Myanmar page: https://www.facebook.com/share/16WLfUe9g9/
3ZERO House Myanmar Telegram Channel: https://t.me/threezerohousemm
3ZERO House Myanmar TikTok Channel: www.tiktok.com/.house.myanma
3ZERO House Myanmar Linkedin: https://www.linkedin.com/company/3zero-house-myanmar/
3ZERO House Myanmar You Tube Channel: https://youtube.com/?si=fF16WODQo5SGO-Uv
[ English Version]
Meet Our Trainers: RebuildHer Natural Coconut Button Workshop
To support women’s livelihoods and foster a community of "Zero Exclusion," 3ZERO House Myanmar is excited to introduce the expert trainers from Handmade by Theint for our upcoming March workshop: "Creating Plastic-Free Natural Coconut Buttons from Waste."
This two-day intensive program covers both theory and hands-on practice, guiding you through the process of transforming raw coconut shells into market-ready buttons.
Introducing Our Trainers:
Sayarma Theint Theint Myat
Founder of Handmade by Theint Sayarma Theint Theint Myat is a dedicated entrepreneur with a deep passion for environmental conservation and sustainable living.
A leader in plastic reduction since 2014, she founded Handmade by Theint in 2021 to turn coconut shells and waste materials into high-value, upcycled crafts.
As a successful woman entrepreneur known for her innovative designs, she has already shared her craft and empowered over 100 trainees to date.
Sayar U Thu Rein Min Soe
Main Creator & Artisan at Handmade by Theint U Thu Rein Min Soe is a skilled artisan and entrepreneur with extensive experience in international trade and small business management.
Since 2019, he has conducted deep research to develop unique, chemical-free production techniques for upcycling discarded coconut shells.
As the lead for product design and production at Handmade by Theint, he has trained over 100 individuals, helping them turn eco-friendly craftsmanship into sustainable livelihood opportunities.
Workshop Details
Date: March 25th & 26th, 2026
Time: 10:00 AM – 4:00 PM
Venue: 3ZERO House Myanmar
Address: No. 167, 47th Street (Upper Block), Botahtaung Township, Yangon.
How to Apply
Come experience the joy of creating nature-inspired art! If you are a woman looking to learn a new craft and build a sustainable future, please register via the link below:
🔗 Application Form: https://forms.gle/1GUMiWXjvHTrL39SA
Seats are limited. We will select and contact applicants who demonstrate a strong commitment to applying these skills.
Contact Ma Suu Myat Kyaw [09 978447481] or Ko Bhone Myat Kyaw [09 973474141] during office hours.
Stay Connected with 3ZERO House Myanmar
Don't miss out on our other programs, workshops, and discussions! Like, Follow, and Subscribe to our channels for the latest updates: 👇
Facebook: https://www.facebook.com/share/16WLfUe9g9/
Telegram: https://t.me/threezerohousemm
TikTok: www.tiktok.com/.house.myanma
LinkedIn: https://www.linkedin.com/company/3zero-house-myanmar/
YouTube: https://youtube.com/