11/01/2026
အမျိုးသမီးတစ်ဦးက
မဟာမြိုင်ပရိယတ္တိစာသင်တိုက်ဘုန်းကြီးကို ပိုက်ဆံလာလှူတယ်
ဆိုင်ခန်းနှစ်ခန်းရှိတယ်
တစ်ခန်းရောင်းပြီးလာလှူတာလို့ဆိုတယ်။
ဘုန်းကြီးကအိုက်တင်ခံပြီးအင်တင်တင်လုပ်ပြတော့ အဲ့ဒီအမျိုးသမီးကသေရင်ကိုယ့်နောက်မပါလို့လာလှူတာဆိုပြီးတရားပြန်ချတယ်။
ဘာကြောင့် ဘွီးကဟန်ဆောင်ပြီးအင်တင်တင်လုပ်ပြတယ်လို့ပြောရလဲဆိုရင် တကယ်အလိုမရှိရင် အဲ့ဒီဗီဒီယိုဖိုင်ကိုလိုင်းပေါ်တင်စရာမရှိပါဘူး။
တွေ့လား ဆိုင်ခန်းရောင်းပြီးတောင် လာလှူကုန်ပြီဆိုတာပြချင်လို့ နောက်ထပ်အဲ့သလိုအလှူရှင်တွေထပ်တိုးလာဖို့ လိုင်းပေါ်တင်ငပိန်းဖမ်းတာပဲ။
ဆိုင်ခန်းနှစ်ခန်းရှိရင် သုံးခန်းဖြစ်အောင်
သုံးခန်းဖြစ်ရင် ခြောက်ခန်းဖြစ်အောင်ကြိုးစားရမှာပေါ့။
သမ္မာအာဇီဝအလုပ်နဲ့စီးပွားရှာတာပဲ
အဲ့ဒီဆိုင်ခန်းတွေကို ကိုယ်မရှိရင် ကိုယ်မလုပ်နိုင်ရင် ကိုယ့်မျိုးဆက် ဒါမှမဟုတ် တစ်စုံတစ်ဦးက အရှိန်မပျက်ဆက်ခံနိုင်အောင် လက်ဆင့်ကမ်းရမယ်။
ဒါမှလူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မယ်။
တချို့က ချမ်းသာလျက်နဲ့သူ့အနားက ဆွေမျိုးမောင်နှမတွေကိုထောက်ပံ့ကူညီမှုမရှိဘူး
ဘုန်းကြီးတွေ နတ်တွေဘိုးတော်မယ်တော်အစ်မတော်ဆိုတာတွေကိုတော့ အလျှံအပယ်ပူဇော်တယ်။
ဒီတော့ သူ့ဆွေမျိူးအသိုင်းအဝိုင်းက သူ့ကိုရှောင်ဖယ်လာတယ်။
သူ့ကိုရှောင်ဖယ်တာဘာကြောင့်လဲ အဖြေမရှာတဲ့အပြင် ဆွေမျိုးတွေကိုအငြိုးထားတယ်။
ငါသေရင်ငါပိုင်ဆိုင်သမျှ ဘုန်းကြီးကျောင်းလှူပစ်မယ် ဒင်းတို့တစ်ပြားမှမရစေရဘူးတဲ့။
နောက်ဆုံးတော့ ဘုန်းကြီးစားသွားတယ်။
လူတချို့က ချမ်းသာလာရင် သူတို့ရဲ့ကြွယ်ဝမှုကိုထုတ်ဖော်ဝံ့ကြွားချင်တယ်။
အဲ့ဒီအခါမှာ ခုဘဝနောက်ဘဝကောင်းကျိုးရစေကြောင်းမစားရဝခမန်းအာမခံတဲ့အပြင် ကိုယ်ဘယ်လောက်လှူဒါန်းနိုင်ကြောင်း အများသိအောင်ကြော်ငြာပေးနိုင်တဲ့ဘာသာရေးဆရာတွေရဲ့ဂွင်ထဲဝင်သွားတယ်။
မဟာမြိုင်ဘုန်းကြီးလို ဆိုင်ခန်းရောင်းပြီးလာလှူတဲ့ဒကာမကို လိုင်းပေါ်တင်ကြော်ငြာပေးသလိုမျိုး။
အလှူ့အမကြီး ကျောင်းအမကြီးဆိုပြီးလည်းချီးမွှမ်းပေးတယ်။
အလှူရှင်ရဲ့အသိဉာဏ် အမျှော်အမြင်နည်းလေ အတ္တမောဟများလေ လှူဒါန်းငွေဟာ လူ့အဖွဲ့အစည်းကိုကောင်းကျိုးမပြုဘဲ ဘုန်းကြီးနဲ့ဂေါပကကိုအကျိုးပြုလေပဲ။
သူလှူချင်ရာလှူမှာပေါ့ ဒါနဆိုတာမပိတ်ပင်ကောင်းဘူးဆိုတာ ဘွီးတွေရဲ့လက်သုံးစကားပဲ။
နိုင်ငံသားတွေရဲ့ငွေပိုငွေလျှံငွေကြေးလည်ပတ်မှုလမ်းကြောင်းဟာ နိုင်ငံသားတွေဆီပြန်မရောက်ဘဲ ဘုန်းကြီးတွေ ဘာသာရေးအရေခြုံစီးပွားရှာသူတွေဆီစီးဆင်းသွားတယ်။
အဲ့သလိုစီးဆင်းနေဖို့အတွက် အဲ့ဒီနိုင်ငံသားတွေကို အသိဉာဏ်အမျှော်အမြင် ဆင်ခြင်တုံတရားနည်းပါးအောင် ငါလှူရင်ငါရမယ်ဆိုတဲ့အတ္တမောဟတွေများအောင် အဆိပ်ခတ်ထားတယ်။
ဒီတော့ကိုယ့်ကိုယ်ကိုအတ္တများလို့များမှန်းမသိတဲ့ဘာသာရေးအရေခြုံကြောင်သူတော်ကြွက်သူခိုးလူ့အဖွဲ့အစည်းဟာ ဒုက္ခတွေနဲ့လည်ပတ်နေရ
တာပဲ။
Crd Nay