21/05/2026
မေမေတွေနောက်ထပ် အမေးများတဲ့မေးခွန်းလေးပါ
AEIS မဖြေဘဲ စင်ကာပူကျောင်းဝင်ခွင့်ရနိုင်လားဆိုရင်
နိုင်ငံခြားသားတွေအနေနဲ့ AEISကို မဖြေဘဲစင်ကာပူ အစိုးရကျောင်း ဝင်ခွင့်ရဖိုဆို တနည်းဘဲရှိပါတယ်
ကလေးအသက်က စာသင်နှစ်မှာ ၆ နှစ်ပြည့်ပြီးဖြစ်မယ်ဆိုရင်တော့ AEIS ဖြေစရာမလိုဘဲ P1 အတွက် ကျောင်းလျောက်လို့ရပါတယ် ။
ဥပမာ ။ 2027 ပညာသင်နှစ်အတွက် 2026 May သို့ June လလောက်ထဲက စလျောက်ရပါတယ် ။ ကလေးအသက်က 2027 January 2 ရက်မှာ 6 နှစ်ပြည့်ပြီးဖို့တော့လိုပါတယ် ။
ရနိုင်ခြေက AEIS ဖြေတာထက်တော့ပို နည်းနိုင်ပေမယ့် မရတာမျိုးလည်းမဟုတ်တော့ ကလေးကို စလုံးမှာကျောင်းထားဖို့စိတ်ကူးရင် ကလေးလဲ အသက်မှီရင် ဝင်လျောက်ကြည့်စေချင်ပါတယ် ။ ရသွားတဲ့သူတွေလဲရှိပါတယ်။
နိုင်ငံခြားသားကလေးများအတွက်2027 ခုနှစ်ပညာသင်နှစ်မှာတက်ခွင့်ရဖို့
9 May 2026 to 25 May 2026 အထိ interest to register ဖွင့်ထားပါတယ်။ interest to register ပါနော် ။ register မဟုတ်ပါဘူး ။
ကျောင်းရွေးလို့မရပါဘူး ။
ကျောင်းလျောက်ဖို့ ဘာတွေလိုအပ်မလဲဆိုတော့
- ကလေး passport number
- ကလေး မိဘ နှစ်ယောက်ရဲ့ personal particulars
- email
-မိဘက စင်ကာပူမှာအလုပ်လုပ်ပြီး ကလေးက DP နဲ့နေရင် pass details
အာ့ဒါတွေလိုပါမယ်
အသေးစိတ်သိချင်ရင် MOE link အောက်မှာပေးထားပါတယ် ။ ဖွင့်ပြီး လေ့လာကြည့်ကြပါရှင် ။ ဒီတလော အလုပ်လေးနဲနဲများနေလို့ အသေးစိတ်မရေးပေးနိုင်တာအားနာပါတယ် ။ 25 May 2026 အထိ ဘဲ interest to reg ကဖွင့်တာမလို့ မသိလိုက်တာမျိုးဖြစ်မှာစိုးလို့ ခပ်မြန်မြန်ရေးလိုက်ပါတယ် ❤️
https://www.moe.gov.sg/primary/p1-registration/international-students/indicate-interest