Gallery YNT online

  • Home
  • Gallery YNT online

Gallery YNT online This is an oline art gallery. You can also read art articles occasionally here.

For saleTitle- PeaceArtist- Chan MyaeSize-2 ft by 3 ftMedium- Acrylics on canvasPrice- cb
29/06/2024

For sale
Title- Peace
Artist- Chan Myae
Size-2 ft by 3 ft
Medium- Acrylics on canvas
Price- cb

ဓားပြက လက်ထဲက သေနတ် ကို ပြတိုက်မန်နေဂျာကို ထိုးချိန်ရင်း အမိန့်ပေးလိုက်သည်။" ဒါ ဓားပြတိုက်နေတာ။ ရှိသမျှ မို နေး အကုန်ထုတ...
04/09/2023

ဓားပြက လက်ထဲက သေနတ် ကို ပြတိုက်မန်နေဂျာကို ထိုးချိန်ရင်း အမိန့်ပေးလိုက်သည်။

" ဒါ ဓားပြတိုက်နေတာ။ ရှိသမျှ မို နေး အကုန်ထုတ်စမ်း "

* မိုနေး = မိုးနေး ပန်းချီကား၊Claude Monet ( ကမ္ဘာကျော်ပြင်သစ် အင်ပရက်ရှင်းနစ် ပန်းချီဆရာ)

Title- Towards ShwedagonArtist- (U)Tun Aungsize-11×15 inchesType- watercolor on paperPrice-300,000 MMK 🟢Available
21/07/2023

Title- Towards Shwedagon
Artist- (U)Tun Aung
size-11×15 inches
Type- watercolor on paper
Price-300,000 MMK
🟢Available

ဒီကနေ့ တင်ဆက်ပေးမှာကတော့ ကွန်လွန်သူပန်းချီဆရာကြီး ဦးမြအေး ရဲ့ ရေဆေးပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ ဆရာကြီးရု့ က်ိုယ်ရေး အကျဉ...
17/07/2023

ဒီကနေ့ တင်ဆက်ပေးမှာကတော့ ကွန်လွန်သူပန်းချီဆရာကြီး ဦးမြအေး ရဲ့ ရေဆေးပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။ ဆရာကြီးရု့ က်ိုယ်ရေး အကျဉ်းက်ိုလည်း ဖော်ပြပေးလိုက်ပါတယ်။

လှေဆိပ်
ပန်းချီ- ဆရာကြီး ဦးမြအေး
ရေဆေး
၉ လက်မခွဲ × ၁၄ လက်မခွဲ
၅၀၀,၀၀၀ ကျပ်
🟢available

🔴Sold Title- The ChildArtist- Chan Myae30×40 inchesAcrylic on Canvas
10/07/2023

🔴Sold
Title- The Child
Artist- Chan Myae
30×40 inches
Acrylic on Canvas

Colorful landscape-114"×18"Artist- Maung Nway MoeAcrylic on canvas@2023Price-200,000 MMK
21/06/2023

Colorful landscape-1
14"×18"
Artist- Maung Nway Moe
Acrylic on canvas
@2023
Price-200,000 MMK

ပြတိုက်တစ်ခု တွင် ဆော်ဒီ ရေနံ သူ​​​ေဋ္ဌး တစ်ယောက်သည် ပီကာဆို ၏ ပန်းချီကား ကိုကြည့်ရင်း မှတ်ချက်ချသည်။" ကျုပ်တော့ ပီကာဆို...
21/06/2023

ပြတိုက်တစ်ခု တွင် ဆော်ဒီ ရေနံ သူ​​​ေဋ္ဌး တစ်ယောက်သည် ပီကာဆို ၏ ပန်းချီကား ကိုကြည့်ရင်း မှတ်ချက်ချသည်။
" ကျုပ်တော့ ပီကာဆို ကို သိပ်လေးစား တယ်ဗျာ။ ..........
ဘယ်သူ့မှ သူ့ Oil ကို သူ့လောက်ဈေး ရအောင် မရောင်း နိုင်ဘူးဗျ။ "

( Oil= ရေနံ ( သို့မဟုတ်) ဆီဆေး ပန်းချီ)

Source- Gallery jokes
Photo- from arabstcok.com

ငါ ကို က ... အ, တာပါကွာ ...       ဆရာသော်တာဆွေက မိုးကုတ်ဦးမြမောင်ကို " ငွေကို လေ လို သုံးသူ " ဟု တင်စားခဲ့၏။ ( ဦး ) ခင်မ...
21/06/2023

ငါ ကို က ... အ, တာပါကွာ ...

ဆရာသော်တာဆွေက မိုးကုတ်ဦးမြမောင်ကို " ငွေကို လေ လို သုံးသူ " ဟု တင်စားခဲ့၏။ ( ဦး ) ခင်မောင်ရင် ကား ငွေ ကို မြွေ (မြွေဆိုး) လို သဘောထားသူဟု ကျွန်တော်ဆိုချင်၏။ မြွေဆိုးကို တွေ့လျှင် ကိုယ်က ဦးအောင်သတ်လျှင်သတ်၊ မသတ်လျှင် သူက ကိုယ့်ကို ပေါက်နိုင်သည် ။ ( ဦး) ခင်မောင်ရင်ကား ငွေရလျှင် ကိုယ်က ဦးအောင် သုံးလျှင်သုံး ၊မသုံးလျှင် ထိုငွေက ဆီလို အပေါက်ရှာကာ ထွက်သွားနိုင်သည်ဟု မှတ်ယူထားဖွယ်ရှိ၏။
တစ်ခါသား သူမြို့ထဲထွက်တော့ ကျွန်တော်လိုက်သွား၏။ ပန်းချီကားရောင်းရငွေလား၊ စာသင်ရငွေလား သူ့လက်ထဲငွေယား ပါလာသည်။ ပန်းချီ ပစ္စည်း များဝယ်ရင်း " ငါ့သား ဘာဝယ်ချင်သလဲ" ဟု မေး၏။ ကျွန်တော်က သူ့အကုန်အကျ များနေမှာကို အားနာ၍ မဝယ်ချင်ပါဟု ငြင်းလိုက်၏။ သူက " နေ ပေါ့ " ဆိုသည့် သဘောနှင့် ပါလာ သည့် ငွေများကို ပန်းချီပစ္စည်း ၊အဂ်လိပ်စာအုပ် အဟောင်းဝယ်၊ မုန့် ဝယ်စား နှင့် ပါလာသော ငွေ သိန်းဂဏန်း ကုန်သလောက်ဖြစ်သွား၏။ သူဝယ်ပေး ချင်လျှင်ပင် ကျွန်တော့် အတွက် ဝယ်ပေးစရာ မကျန်တော့။
တခါက သူ၏ အမျိုး " အန်တီ ရိုစီ" နှင့် မိတ်ဆွေ သူ့ထံ အလည်လာ၏။ ထိုင်၍ပန်းချီ ဆွဲနေသော သူ့ကို ပြရင်း ပါလာသော မိတ်ဆွေကို အန်တီရိုစီက ပြောသည်။
" ကြည့်ထား။ တကယ့် Artist၊ မနက်ဖန် အကြောင်း ဘာမှ မစဉ်းစားဘူး " ဟူ၏။
အမှန်ပင် ( ဦး) ခင်မောင်ရင်ကား မနက်ဖန် အကြောင်း မစဉ်းစား၊ တစ်နေ့ချင်းသာ ရှင်သန်နေထိုင်သွား၏။ သူ့အဖို့ အနာဂါတ် စီမံကိန်းတို့၊ငွေကို ခြိုးခြံ ခြွေတာ စုဆောင်း ဖို့ တို့ မလိုအပ်။
သူမဆုံးခင် တစ်နှစ်ခန့် အလိုက သူ့ပန်းချီကား ဈေးတကျသညျ။ တက်ရသည့် အကေြာင်းအရင်းကလည်း သူတက်ချင်၍ မဟုတ်။ ကျွန်တော်တို့ အနားနေ တပည့်များ ၊ သူ၏ မိတ်ဆွေများက သူနှင့် ခေတ်ပြိုင်ပန်းချီ ဆရာများ သိန်းနှစ်ဆယ် သုံးဆယ် ရကုန်ပြီ။ ယုတ်စွ အဆုံး ကျွန်တော်တို့လို လူငယ် ပန်းချီဆရာများ ပင် gallery တွင် ဒေါ်လာ ထောင်ဂဏန်းြဖင့် ရောင်းနေပြီ ။ သူလို artist က သူရောင်းနေကျ ကားကြီး (၂ ပေ ၃ ပေ ခပ်လျော့လျော့ကို ) တစ်ကား ၅၀၀၀၀ ကျပ်ဖြင့် ရောင်းနေသည်မှာ အလွန် နည်းနေသည်စ သည်ဖြင့် အတင်းအကြပ် ဖိအားပေးသဖြင့် ဈေးတက်ပေးရခြင်းဖြစ်သည်။ ဒီကြားထဲ နဂိုလို မရောင်းရတော့လျှင် ဈေးတက်ခိုင်းဖို့ ဝိုင်းလှော်သော သူများက ဝယ်မှာလား ဟု စကားနာထိုးပီး ဆူဆူအောင့်အောင့် လုပ်ချင်သေးသည်။
တစ်မနက် သူ့အိမ်ကျနော် ရောက်သွားတော့ နံရံတွင် ပန်းချီကား ဈေး အသစ်ကို စာရေး ကပ်ထားသည်။ ဈေး စကား ကို ကိုယ်တိုင် မပြော ချင် သော ( ဦး) ခင်မောင်ရင်သည် ပန်းချီကား ဈေးသစ်ကို ကိုယ်တိုင် ရေးကပ်ထားသည်။ သူ၏ ပန်းချီကား ဈေးစာရွက်ကို ကျွန်တော်တို့ မြင်တော့ ငိုအားထက် ရယ်အားသန် ဖြစ်သွားသည်။ ရေးထားသည်မှာ
( ကားကြီး -၁၅၀၀၀ ၊ ကားသေး ၁၀၀၀၀) ဟူ၍ ဖြစ်သည်။ ဖြစ်ပုံမှာ မဆလ လက်ထက်တွင် ကြီးပြင်းလာသော ( ဦး) ခင်မောင်ရင် သည် နဝတ၊ နအဖခေတ်ကုန်ဈေးနှုန်းများကို မကျက်မိ။ သူ့စိတ်ထဲ သိန်းဂဏန်းကို သူတို့ခေတ်က သောင်းဂဏန်း နှင့် မှားမှား ပြောလေ့ရှိသည်။ ယခုလည်း ယခင် ကားကြီး ၅၀၀၀၀ မှ ၁၅၀၀၀၀၊ ကားသေး ၂၅၀၀၀ မှ ၁၀၀၀၀၀ တိုးချင်သည်ကို သူ့စိတ်ထဲစွဲနေသော သောင်း ဂဏန်းများနှင့် မှားရေး မိခြင်း ဖြစ်သည်။ ကျွန်တော်တို့ ထောက်ပြမှ သူအမြန် ပြင်ခိုင်းရသည်။ နို့မို့ ဈေးတက်ခိုင်းကာမှ ပို နည်သွား မည့်ကိန်း။

ထိုစဥ်က သူ့ဆီ ဝင်ထွက် သွားလာနေသော ပန်းချီ စုဆောင်းသူ ( အချို့) ၏ လူလည်ကျပုံအကြောင်း၊ သူ့မုန့်ပုံးထဲ ထည့်ပေးသွားသော ပန်းချီကားဖိုး အချို့ မပြည့်ပုံ အကြောင်း၊ ပွဲလုပ်ပေးမည် ဟု ပြောကာ ယူသွားသည့် ပန်းချီကား များကို ( ပွဲတွင် ရောင်းရသော်လည်း) ပွဲပြီးသော အခါ ပန်းချီကားဖိုး ကုန်စင်အောင် မပေးချေတတ်သော သူ အချို့ အကြောင်း အနီးနေ ကျွန်တော်တို့ တပည့် အချို့က အားမလို အားမရ သူ့အား ပြောပြလေ့ရှိသည်။ ထို အခါ ( လေဖြတ် ပြီးသော်လည်း အသေးစိတ် မှတ်ဉာဏ် ကောင်းသူ၊ သူ့ ဆီ ဘယ်သူတစ်ခါလာဘာ ယူသွားပြီး ဘာပြန်ပေးဖို့ ကျန်သည် စသ ဖြင့် စိတ်လို လက်ရ ရှိလျှင် အသေးစိတ်က အစ မှတ်မိနေကြောင်း ပြောပြတတ်သူ) ( ဦး ) ခင်မောင်ရင်က ဒေါသ ထွက်နေသော သူ့တပည့် ကျွန်တော်တို့ ကို အောက်ပါ အတိုင်း ပြန်ပြောလေ့ရှိသည်။

" ငါ ကိုက အ, တာပါကွာ"

ရည်နန်းသိုက်

(၁၀.၆.၂၀၂၃)
၁၀:၂၆ pm
( ဦး) ခင် မောင်ရင် ကွယ်လွန်ခြင်း ၉ နှစ်ပြည့်

Photo Credit- ( ဦး) ခင် မောင်ရင် ပေး ခဲ့သော ဓာတ်ပုံကို digital copy ရ အောင် ဖုန်းဖြင့်ပြန်ရိုက် သည်။

20/06/2023
' သီပေါဘူတာ''ပန်းချီ - ရဲကျော်9x12 inchACPrice - 350,000 ks🟢availablePh-09 752342223 or cb
20/06/2023

' သီပေါဘူတာ''
ပန်းချီ - ရဲကျော်
9x12 inch
AC

Price - 350,000 ks
🟢available
Ph-09 752342223 or cb

Address


Telephone

+959752342223

Website

Alerts

Be the first to know and let us send you an email when Gallery YNT online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Gallery YNT online:

  • Want your establishment to be the top-listed Arts & Entertainment?

Share