Sett Kaung

Sett Kaung ငါ၏ချစ်ခြင်းအတ္တကင်း၍

အချစ်ခံရသူပျော်ပါစေ

ပုံ
ဆက်ကောင်း 😊😊

24/06/2025

အောင်စင်္ကြာမိုးကုတ်ဝိပသနာ
ကျောင်းတော်ကြီးဆွမ်းဆန်စိမ်း
သိမ်ဆင်းလောင်းလှူပွဲ
ပရဟိတလုပ်အားပေး 🙏🏻🙏🏻🙏🏻


Shout out to my newest followers! Excited to have you onboard!Kyaw Zaw, Yi Mon Aung, Myomoht Moht, San San, Thein Kyaw M...
21/06/2025

Shout out to my newest followers! Excited to have you onboard!

Kyaw Zaw, Yi Mon Aung, Myomoht Moht, San San, Thein Kyaw Maung, Nanda Kyaw Swar, Truger K, Bhone Htet Mann

Big shout out to my newest top fans! 💎Nilar HtikeDrop a comment to welcome them to our community,
20/06/2025

Big shout out to my newest top fans! 💎

Nilar Htike

Drop a comment to welcome them to our community,

စိတ်ကူး--------ယခုကာလအတွင်း John Lenon ကိုယ်တိုင် ရေးစပ်သီဆိုထားသည့် “Imagine”ဆိုသည့် သီချင်းလေးကို သတိရနေမိသည်။ ထို့ကြေ...
19/06/2025

စိတ်ကူး
--------
ယခုကာလအတွင်း John Lenon ကိုယ်တိုင် ရေးစပ်သီဆိုထားသည့် “Imagine”ဆိုသည့် သီချင်းလေးကို သတိရနေမိသည်။ ထို့ကြောင့် YouTube တွင်ရှာဖွေနားထောင်ရင်းက အဓိပ္ပာယ်ရှိလှသည့် ထိုသီချင်းလေးကို ပြန်လည်ခံစားရင်း စာတစ်ပုဒ်ရေးချင်စိတ် ပေါ်လာမိသည်။

ကျွန်တော်တို့ စိတ်ကူးဖူးပါသလား

နိဗ္ဗာန်လည်းမရှိ၊ ငရဲလည်းမရှိ၊ ဘာသာတရားလည်းမရှိ၊ နိုင်ငံလည်းမရှိသည့် လောကကြီးတစ်ခုကို ကျွန်တော်တို့ စိတ်ကူးဖူးပါသလား။ လူအချင်းချင်း သတ်ဖြတ်ခြင်းလည်းမရှိ၊ လူအချင်းချင်းသတ်၍ သေရသော နေရာလည်းမရှိသည့် လောကတစ်ခုကို စိတ်ကူးဖူးပါသလား။

ကျွန်တော်တို့ အပေါ်ကို မော့ကြည့်လိုက်လျှင် နိဗ္ဗာန်ဘုံဆိုတာလည်းမရှိ။ ကျွန်တော်တို့ နင်းထားသည့် မြေကြီးအောက်တွင် ငရဲလည်းမရှိသည့် လောက

ဘာသာတရား လွှမ်းမိုးချုပ်ကိုင်မှုတွေ တစ်ခုမျှမရှိသော လွတ်လပ်စွာ ရှင်သန်နေကြရသည် လောက

နယ်နိမိတ်စည်းမျဉ်းတွေ မသတ်မှတ်၊ ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်သတ်ဖြတ်ခြင်းကင်းသောလောက

ထိုသို့သော လောကမျိုးကို စိတ်ကူးယဉ်ကြည့်ဖူးပါသလား။

ကျွန်တော် သီချင်းအဖွင့်လေးကို နားထောင်လိုက်ရကတည်းက ဂျွန်လင်နွန်ကို အထင်ကြီး လေးစားမိသွား သည်။

လင်နွန်က ဘာသာရေးအယူအဆတွေအပါအဝင် နိုင်ငံရေးနယ်နိမိတ်တွေကို ဖယ်ရှားလိုက်ခြင်းဖြင့် လူသားတွေကြားက ပဋိပက္ခတွေကို ဖယ်ရှားနိုင်လိမ့်မည်ဟု ယခင်ကတည်းက ပြောဆိုခဲ့သည်မဟုတ်ပါလား။

လင်နွန်၏ ထိုအမြင်ကို ဘာသာမဲ့ဝါဒ (Atheism) သို့မဟုတ် လူသားဆန်သော လူ့ကျင့်ဝတ်ဝါဒ (Humanism) နှင့် အလွန်နီးစပ်သော အမြင်တစ်ခုဟူ၍ ဆိုနိုင်သည်။ သူက ဘာသာရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းတွေသည် လူသားတွေကို ကွဲပြားစေပြီး တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်စေရန် လှုံ့ဆော်နေသော အဓိကအရင်းအမြစ် တစ်ခုဖြစ်သည်ဟု ၁၉၇၁ ခုနှစ်လောက်ကတည်းက ဖွင့်ဟသီဆိုခဲ့သည်။

နိုင်ငံသတ်မှတ်ချက်တွေ၊ နယ်နိ မိတ်တွေ၊ ဘာသာရေးအစွန်းရောက်မှုတွေ မရှိလျှင် ငြိမ်းချမ်းစွာ အသက်ရှင် နေထိုင်နိုင်မည် (Livin' life in peace) ဟူ၍ သူခံယူသည်။

သူ့သီချင်းထဲတွင်

"And the world will be as one"

"A brotherhood of man" ဆိုသည့် သဘောတရားတွေကို ပြောထားခြင်းမှာ ဘာသာတရား၊ လူမျိုး၊ နိုင်ငံ မခွဲခြားဘဲ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်နိုင်မည့်သဘောကို ပြဆိုခြင်းဖြစ်သည်။ သူ့အမြင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး စည်းလုံးညီညွတ်ရေးဝါဒ (Global Humanism) သို့မဟုတ် (Cosmopolitanism) နှင့် ဆက်စပ်နေသည်။ လူမှုရေးသဟဇာတဖြစ်စေလိုလျှင် ကမ္ဘာကြီးကို ကွဲပြားစေသော နိုင်ငံရေး နယ်နိမိတ် များ၏ အခန်းကဏ္ဍကို ဖယ်ရှားပစ်ရန်လိုသည်။

တကယ်တော့ ဂျွန်လင်နွန်သည် သူ့ကိုယ်သူ Dreamer တစ်ယောက်အနေဖြင့်သာ စိတ်ကူးနေမိသူဖြစ်သည်။

သူက

"You may say I'm a dreamer

But I'm not the only one

I hope someday you'll join us

And the world will live as one" ဟူ၍ဆိုခဲ့သည်။

သူ့ကို စိတ်ကူးယဉ်သမားတစ်ယောက်ဟု ဆိုချင်ဆို အမှန်တကယ် သူ့စိတ်ကူးတွေက တစ်ကမ္ဘာလုံးရှိ ပြည်သူတွေ၏ စိတ်ကူးနှင့် ထပ်တူကျလိမ့်မည်ဟု သူမြင်သည်။

အဘယ်ကြောင့်နည်း

နိုင်ငံတစ်နိုင်ငံကို ခေါင်းဆောင်နေသူတွေ၏ စီးချင်းထိုးမှုတွင် ပြည်သူတွေမှာ ကြားထဲက မြေစာပင်တွေ ဖြစ်နေ ကြရသည်။

အီရန်-အစ္စရေးစစ်မီးက တတိယကမ္ဘာစစ်ဆီသို့ ဦးတည်နေမလား ကမ္ဘာသားတစ်ယောက် အနေဖြင့် စိုးရိမ် နေရချိန်တွင် လင်နွန်၏ “Imagine” သီချင်းလေးမှာ လူသားတိုင်းကို နှိုးဆော်နေသလို ဖြစ်ပေလိမ့်မည်။

ဖြေကြည့်ပါ

ကျွန်တော်တို့ ငြိမ်းချမ်းသည့် ကမ္ဘာလောကကြီးတစ်ခု မဖြစ်စေချင်ဘူးလား။

အချိန်မရွေး ကိုယ်နေထိုင်သည့် အိမ်လေးပေါ်ကို ဗုံးတွေ တဝုံးဝုံးကျလာပြီး အသက်အန္တရာယ် စိုးရိမ်ရကာ နေ့သေမလား၊ ညသေမလား ကိုယ့်ဘဝကိုယ်မပိုင်သည့် ကာလတွေကို စိတ်ကူးမိပါသလား။

ဂျွန်လင်နွန်စိတ်ကူးလေးကို ကျွန်တော်တို့ နှစ်ပေါင်းများစွာ စိတ်ကူးခဲ့သော်လည်း ပြည့်ခဲ့ပါသလား။

လူသားတွေ၏ ငြိမ်းချမ်းသော ဆန္ဒတွေကို မပြည့်နိုင်စေရန် မည်သူတွေက ဖန်တီးနေကြပါသနည်း။

တင်ညွန့်

၁၉.၆.၂၀၂၅

ပညာရှေ့ဆောင်(ကိုယ်ပိုင်)အထက်တန်းကျောင်း(၇၆)နှစ်မြောက် အာဇာနည်နေ့နံရံကပ်စာစောင်ပြပွဲ ကျောင်းသား/သူများ၊ ဆရာ/မများ၏ပြခန်းအ...
19/07/2023

ပညာရှေ့ဆောင်(ကိုယ်ပိုင်)အထက်တန်းကျောင်း
(၇၆)နှစ်မြောက် အာဇာနည်နေ့
နံရံကပ်စာစောင်ပြပွဲ
ကျောင်းသား/သူများ၊ ဆရာ/မများ၏
ပြခန်းအတွင်း၌ ပြသထားသော ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊
စာစီစာကုံး၊ ၀တ္ထုတို၊ သရုပ်ဖော်၊ပုံများ

01/07/2023
ကျောင်းသား/သူ မိဘများ၏တောင်းဆိုချက်များအရ........အလယ်တန်း နှင့် အထက်တန်း သာ
06/04/2023

ကျောင်းသား/သူ မိဘများ၏
တောင်းဆိုချက်များအရ........
အလယ်တန်း နှင့် အထက်တန်း သာ

Address

Aung Chan Thar 5 Street

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00

Telephone

+959750300601

Website

Alerts

Be the first to know and let us send you an email when Sett Kaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Sett Kaung:

  • Want your establishment to be the top-listed Arts & Entertainment?

Share