06/08/2026
ဒီတစ်ခါမှာတော့ Creation of the Gods Part 1 ရဲ့ အဆက်ဖြစ်တဲ့ ကျန်းကျစ်ယာနဲ့ ကျီးဖားတို့ ရှီးချီပြည်နယ်ကို ကာကွယ် စောင့်ရှောက်နေကြတဲ့ ဇာတ်လမ်းဆင်းကို ရှုစားကြရမှာပါ။
အဲဒီအချိန်မှာ တန့်ချန်းယွီနဲ့ ဝမ်ကျုံးတို့က စစ်သူကြီး လေးဦးကို ဦးဆောင်ပြီး ရှီးချီကို ထိုးစစ်ဆင်လာကြတဲ့အခါ ယင်းကျောင်း၊ ယန်ကျန်း၊ နီကျားနဲ့ အခြားသော သူရဲကောင်းတို့က ရှီးချီဘက်ကနေ ကူညီဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း ယင်းရှို့ဟာ တန်ခိုးရှိလှတဲ့ "နတ်ဘုရား ခန့်အပ်စာရင်း" ကို ရယူဖို့ ရှီးချီသို့ ရောက်ရှိလာခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် ပြင်းထန်သော အားပြိုင်မှုတွေ၊ နတ်ဘုရား ခန့်အပ်စာရင်းကို ရယူဖို့ အပြန်အလှန် စိန်ခေါ်ယှဉ်ပြိုင်ကြပုံတွေကိုတော့ ဒီ ဒုတိယအတွဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။
#ကောမန့်မှာဇာတ်ကားလင့်ရှိပါတယ်