28/05/2026
ကုသိုလ် ။
နှလုံးသားချင်းနီးစပ်စေမယ့် “Heart to Heart” အနုပညာအလှူမှ ကျေးဇူးတင်စကားနှင့် ဆုတောင်းလွှာ
"Heart to Heart" Art Exhibition အနုပညာပြပွဲကြီးကို အားတက်သရော ဝန်းရံပံ့ပိုးပေးခဲ့ကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
ပြပွဲမှ ပန်းချီကားရောင်းရငွေများထဲမှ စုစုပေါင်း ၈၆၇,၀၀၀ ကျပ် တိတိကို မွန်မြတ်လှစွာသော နွေးထွေးတဲ့ ပရဟိတအလှူအဖြစ် လှူဒါန်းခွင့်ရရှိတော့မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာသတင်းပါးအပ်ပါသည်။
ဤအလှူအောင်မြင်စွာဖြစ်မြောက်စေရန် နှလုံးသားချင်းထပ်တူကျစွာ ပူးပေါင်းပါဝင်ပေးခဲ့ကြသည့်
ပန်းချီဆရာကြီးများ၊ ဆရာမများ 👉မိမိတို့ရဲ့ ထူးခြားပြောင်မြောက်လှတဲ့ အနုပညာလက်ရာများဖြင့် အလှူအတွက် အဓိကအားဖြည့်ပေးခဲ့ကြသူများ၊
Good Mood Gallery 👉အနုပညာနှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ပေါင်းကူးတံတားထိုးပေးခဲ့သည့် ပြပွဲစီစဉ်သူများ၊
12 INYA Fusion & Lounge 👉အဆင်ပြေချောမွေ့လှပသော နေရာထိုင်ခင်းဖြစ်မြောက်ရေးအတွက် အပြည့်အဝ ပံ့ပိုးကူညီပေးခဲ့သည့် Venue Partner၊
မိတ်ဆွေ၊ အလှူရှင်၊ ဝယ်ယူအားပေး Support လုပ်ပေးခဲ့ကြသူများအားလုံး👉အနုပညာကို တန်ဖိုးထားပြီး မေတ္တာကရုဏာအပြည့်ဖြင့် ဝယ်ယူအားပေးခဲ့ကြသည့် သူများ၊
ယခုပြုခဲ့ရသည့် မွန်မြတ်လှသော အနုပညာဒါန၊ အလှူဒါနကြောင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ စီးပွားဥစ္စာ ရတနာအဖြာဖြာ ဒီရေအလား တိုးပွားကြပါစေကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်သော လူမှုအကျိုးပြု အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ကြပါစေကြောင်း" Good Mood Gallery မှ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။