ZIN LAY

ZIN LAY တိုင်ရင်သာများကိုပိချစ်သည်

17/06/2026

ပဲနှပ်နဲ့အမဲနှပ် 🥰 ငရုတ်သီးထောင်းလေးရော

17/06/2026

အရင်းနှီးဆုံးတွေက
အနာကျင်ရဆုံးတွေ ပေးတဲ့အခါ
ရင်ထဲကဒ-ဏ်ရာတွေ မပိုပါစေနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

အယုံကြည်ရဆုံးတွေက
ရင်နာစရာတွေ လုပ်သွားတဲ့အခါ
ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

အချစ်ရဆုံးတွေက
ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ
မျက်ရည်စတွေနဲ့
မုန်းတီးလို့ မနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

နောက်ထပ်ပြန်ဆုံနိုင်စရာ
အကြောင်းလည်းမရှိတဲ့
ရင်ဘတ်ချင်း
မနီးစပ်တဲ့သူတွေအတွက်
နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး
ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

ဆုံးရှုံးခဲ့တာတွေ
နစ်နာခဲ့တာတွေ အတွက်

လွယ်လွယ်လေးနဲ့တော့
ခွင့်လွှတ်ပေးနိုင်မှာ မဟုတ်ဘူး

လွယ်လွယ်လေးနဲ့တော့
မေ့ပစ်လိုက်နိုင်မှာ မဟုတ်ဘူး

စိတ်တိုစရာတွေ
စိတ်နာစရာတွေ
စိတ်ဒဏ်ရာတွေ ဆိုတာ
ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း
လောကမှာ ခွင့်မလွှတ်နိုင်စရာကို
ခွင့်လွှတ်ပေးနိုင်ခြင်းကသာ
စိတ်ချမ်းသာရမှာပါ။

မေ့မပစ်နိုင်စရာကို
မေ့ပစ်လိုက်နိုင်ခြင်းကသာ
စိတ်ငြိမ် အေးချမ်းရမှာပါ။

ဘဝမှာ
သာယာလှပပြီး
စိတ်ငြိမ် အေးချမ်းသောဘဝကို
ပိုင်ဆိုင်ချင်တယ် ဆိုလျှင်
ရိုးရှင်းစွာနဲ့
စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

သိထားဖို့က
လောကဓံကို ရင်ဆိုင်တဲ့အခါမှာ
လက်ထဲမှာ
"ဓား" ရှိဖို့ မလိုဘူး
ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။

ဒါကြောင့်
ကိုယ့်အပေါ်မကောင်းလို့ ဆိုပြီး
ဒေါသမဖြစ်နဲ့
ရန်မလိုမိပါစေနဲ့။
ကိုယ်လုပ်ခဲ့တဲ့အတိတ်က
အကြွေးဆပ်ရတယ်လို့ သဘောထားလိုက်။

သူကသာ ကြွေးသစ်ယူနေတာ
သူပြုသည့်ကံက
သူ့ဆီ
ပြန်လာလိမ့်မည်
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။

#မေတ္တာဖြင့် #စာပေ #ဗဟုသုတ

17/06/2026

**၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ထိုင်းအစိုးရထီပေါက်စဉ် ရလဒ်များ ထွက်ပေါ်လာပါပြီ။**

ကံထူးရှင်များအားလုံးကို ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါတယ်။ ဒီနေ့ ဇွန်လ ၁၆ ရက်အတွက် အဓိက ဆုကြီးကြီးတွက် ထီပေါက်စဉ် နံပါတ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

**ပထမဆု (ဘတ် ၆ သန်း) -** 287184
**ပထမဆုရဲ့ ဘေးတိုက်ဆု (ဘတ် ၁၀၀,၀၀၀) -** 287183 ၊ 287185

**အခြားဆုကြီးများ ရလဒ် -**
* **ရှေ့ ၃ လုံးတိုက် -** 434 ၊ 758
* **နောက် ၃ လုံးတိုက် -** 007 ၊ 721
* **၂ လုံးတိုက်ဆု -** 48

**ဒုတိယဆု (ဘတ် ၂၀၀,၀၀၀) -**
124998 | 281342 | 327953 | 459206 | 791717

**တတိယဆု (ဘတ် ၈၀,၀၀၀) -**
012001 | 161155 | 173838 | 330999 | 349577 | 367469 | 340705 | 600950 | 628731 | 966561

စတုတ္ထဆု (ဘတ် ၄၀,၀၀၀) နှင့် ပဉ္စမဆု (ဘတ် ၂၀,၀၀၀) အတွက် နံပါတ်အပြည့်အစုံကိုတော့ အောက်ပါပုံ ထဲတွင် သေချာစွာ တိုက်စစ်နိုင်ပါတယ် ခင်ဗျာ။

ဒီနေ့ပွဲမှာ မိမိတို့ဝယ်ထားတဲ့ ထီလက်မှတ်လေးတွေနဲ့ တိုက်ကြည့်ပြီး ဘယ်နှစ်ဦး ကံထူးကြလဲဆိုတာ ကွန်မန့်မှာ မျှဝေပေးခဲ့ကြဦးနော်။

Boo k2
#ထီပေါက်စဉ် #ထိုင်းထီ #ထိုင်းအစိုးရထီ #ထိုင်းသတင်း #ကံစမ်းမဲ

17/06/2026

ကျွဲတစ်ကောင်ဟာ သူအရမ်းမြတ်နိုးတန်ဖိုးထားတဲ့ သိပ်လှသောသူ့ရဲ့ဦးချိုလေးကို အိုင်ထဲမှာကြည့်ပြီး ဝမ်းသာပီတိတွေနဲ့ သူ့ဘဝသူကျေနပ်နေရှာတယ်။
နှစ်အနည်းငယ်ကြာလာတာနဲ့မျှတဖြည်းဖြည်းရှည်လာတဲ့သူ့ရဲ့ဦးချိုက ကျောပြင်နဲ့ ဗိုက်အနားတစ်ဝိုက်ကို စတင်ထိုးစိုက်ဝင်လာခဲ့တယ်။
ဒီလိုနဲ့ပဲသွေးယိုစီးနေတဲ့ဒဏ်ရာက နာကျင်နေရပေမယ့်ဦးချိုကို ချိုးထုတ်လိုက်ရင်ဒီထက်ပိုနာကျင်လေမလားဆိုတဲ့အတွေးနဲ့မချိုးထုတ်ရက်ပဲ နာကျင်မှုတွေနဲ့ နေ့ရက်တွေကိုရှေ့ဆက်နေခဲ့တယ်။
ဒါကို ကျီးတစ်ကောင်ကတွေ့တော့ကျွဲကိုမေးတယ် ဒဏ်ရာတွေနဲ့ဘဝကိုရှေ့ဆက်နေတာ မနာကျင်ဘူးလား သင့်ရဲ့ဦးချိုကို ချိုးထုတ်လိုက်ပါလားတဲ့။
ကျွဲပြန်ပြောတာက -
``ချိုးထုတ်ချင်ပေမယ့် ဒီထက်ပိုနာကျင်ရမှာကြောက်လို့ ဒီအတိုင်းလေးထားထားတာပါ။ "
ကျီးကနောက်တစ်ခါ ထပ်ပြောတယ် -
``ငါပြောတာယုံပါနာကျင်ခံပြီးအဓိပ္ပါယ်မဲ့နေတာ နဲ့စာရင်ချိုးထုတ်လိုက်စမ်းပါ "
ဒီတော့မှကျွဲက ကျီးစကားကိုနားထောင်ပြီး ချိုးထုတ်လိုက်တော့ဒဏ်ရာက ရက်အနည်းငယ်အတွင်း သိသိသာသာ သက်သာသွားခဲ့တယ်။
နောက်ဆုံးတော့ ကျွဲဟာ ဦးချိုကို စွန့်လွှတ်ဆုံးရှုံးလိုက်ရပေမယ့် နာကျင်ဒဏ်ရာတွေလည်း အချိန်နဲ့မျှ သက်သာသွားခဲ့တယ်လေ။
ဘဝမှာကိုယ်အရမ်းမြတ်နိုးတန်ဖိုးထားပြီး မျှော်လင့်ထားတဲ့အရာတွေက တခါတရံမှာကိုယ့်အတွက် နာကျင်စရာတွေဖြစ်မှန်းမသိ ဖြစ်နေတတ်သလိုအဆိပ်အတောက်တွေလည်းဖြစ်နေတတ်ပါတယ်။
နာကျင်ရမှာကြောက်လို့ဆုပ်ကိုင်ထားလေ ပိုနာကျင်ရလေပါပဲ အစွဲအလမ်းကြီးလွန်းတဲ့စိတ် တက်မက်လွန်းတဲ့ စိတ်ကိုပြင်ပြီး နာကျင်စရာတွေကြားမှာ
စွန့်လွှတ်သင့်တာကို ပြတ်ပြတ်သားသားစွန့်လွှတ်နိုင်မှ ဘဝဟာ ပိုတန်ဖိုးရှိမှာပါ။

13/06/2026

Address

Thiland
Thanlyin
RM

Website

Alerts

Be the first to know and let us send you an email when ZIN LAY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category