Lak Khote San

Lak Khote San ကမ္ဘာမြေရဲ့ဒိုက်တစ်ခုအဖြစ် ဒီမြစ်ကြောကြီးမှာ မဗေဒါကိုတင်ပြီး ကျနော်စီးမြောလာခဲ့ပါပြီ။

-ဒဒွေး

တစ်နေ့နေ့တော့ ကိုယ့်ကို မင်းတွေ့ပါစေ ချစ်ခြင်းမေတ္တာကိုလည်းတွေ့ပါစေ ။ -ခွန်းညိုသွေး -အထပ်ထပ်အခါခါ
05/06/2025

တစ်နေ့နေ့တော့
ကိုယ့်ကို မင်းတွေ့ပါစေ
ချစ်ခြင်းမေတ္တာကိုလည်းတွေ့ပါစေ ။

-ခွန်းညိုသွေး
-အထပ်ထပ်အခါခါ

“ကိုယ့်လူရေ လိုက်အုံးမလား” မြင်ယောင်ကြည့်ရုံနဲ့ ပြီးပြည့်စုံနေတဲ့နေရာ။အတိတ်ဆိုတာမရှိဘူး၊အနာဂတ်တွေလည်းမရှိဘူး။ဒေါသတွေမရှိ...
17/04/2025

“ကိုယ့်လူရေ လိုက်အုံးမလား”

မြင်ယောင်ကြည့်ရုံနဲ့ ပြီးပြည့်စုံနေတဲ့နေရာ။
အတိတ်ဆိုတာမရှိဘူး၊အနာဂတ်တွေလည်းမရှိဘူး။

ဒေါသတွေမရှိဘူး၊ မောဟတွေမရှိဘူး။
ယုတ်မာရက်စက်ခြင်းတွေလည်း မရှိတဲ့နေရာပေါ့ဗျာ။

ကိုယ့်လူရေ လိုက်အုံးမလား။

အဲ့ဒီနေရာမှာလေ စစ်ပွဲတွေမရှိဘူး။
အိမ်တွေမပြိုဘူး၊ ကလေးတွေမသေဘူး။
နိုင်ငံတော် အလံလည်း မီးမလောင်ဘူး။
ဆာလောင်မွတ်သိပ်ခြင်းတွေလည်း မရှိဘူး။

ကိုယ့်လူရေ လိုက်အုံးမလား။

ကြယ်ပွင့်တွေမကြွေတဲ့နေရာ။
ဂီတတွေမသေတဲ့ နေရာ။
သွေးချောင်းလည်းမစီးဘူး၊ စစ်ကြောင်းလည်းမချီဘူး။
နိဗ္ဗာန်လည်းမရှိဘူး ၊ ဗိမ္ဗာန်လည်း မရှိဘူး။
ကြောက်ခေတ်ကြီးဆိုတာလည်း မရှိတဲ့နေရာပေါ့ဗျာ။

အဲ့ဒီနေရာကို
ကိုယ့်လူရေ….ခဗျားလိုက်အုံးမလား။

-ဒဒွေး

(https://t.me/lakkhotesan_lks)

21/11/2024

ဆောင်းဝင်တော့မယ်

အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ။

-ကြည်ဇော်အေး

မရေရာတဲ့လမ်းတွေကိုလျှောက်ရင်း ဘဝအစစ်ကြီးထဲ တဖြေးဖြေးရောက်လာခဲ့တယ်။ဒါပေမဲ့လည်း ဆက်လျှောက်နေရတုန်းပဲ။ခြေမယိုင်စေနဲ့၊ဖိနပ်မ...
21/11/2024

မရေရာတဲ့လမ်းတွေကိုလျှောက်ရင်း
ဘဝအစစ်ကြီးထဲ တဖြေးဖြေးရောက်လာခဲ့တယ်။

ဒါပေမဲ့လည်း ဆက်လျှောက်နေရတုန်းပဲ။
ခြေမယိုင်စေနဲ့၊ဖိနပ်မပေါက်စေနဲ့၊

ပြီးတော့ လမ်းမပျောက်စေနဲ့။

-ဒ‌ဒွေး

“1987: When the day comes “ ( Movie Review) ကျောင်းသားတစ်ယောက်ရဲ့ တန်ဖိုး ဆိုတာ ကနေစခဲ့တဲ့တော်လှန်ရေးကြီး။မှာ လူသန်းပေါင...
21/11/2024

“1987: When the day comes “ ( Movie Review)

ကျောင်းသားတစ်ယောက်ရဲ့ တန်ဖိုး ဆိုတာ ကနေစခဲ့တဲ့တော်လှန်ရေးကြီး။

မှာ လူသန်းပေါင်းများစွာပါဝင်လာခဲ့ကြတယ်။
နှိပ်စက်ပြီး ဖုံးလိုက်ကြတဲ့ အာဏာရှင်နဲ့ အကျင့်ပျက်ခြစားနေတဲ့ အဆင့်အတန်းတွေကို ထင်ဟပ်ပြသခဲ့တယ်။
မှန်တာလုပ်ပြီး ကြောက်လန့်ပုန်းခိုနေရတဲ့ တော်လှန်ရေးသမားတွေ၊ သတင်းထောက်တွေ၊ကျောင်းသားတွေ ။ဒါတွေဟာ ရင်ထဲမှာ တဆစ်ဆစ်နဲ့နာကျင်ရစေတာ အမှန်ပါပဲ။
လူထုအင်အားဟာ ပန်းတိုင်မဟုတ်တောင် အရာတစ်ခုတော့ ထင်ကျန်စေမှာပါ။ ပါဝင်ပါ။စည်းလုံးပါ။

"ကျောင်းသားတွေရဲ့ တန်ဖိုးဟာ ကြိုးမိန့် မဖြစ်စေရ။"

(https://t.me/lakkhotesan_lks)

#1987 # Movie_review

ဒီနေ့ မိုးတွေအရမ်းရွာတယ်။ မိုးရေတွေကိုကြည့်ပြီး အချိန်ဖြုန်းနေမိခဲ့တာပဲ။ဆေးလိပ်ကို လည်ချောင်းတွေရှတဲ့အထိ သောက်ပြီး သေဆုံ...
02/10/2024

ဒီနေ့ မိုးတွေအရမ်းရွာတယ်။
မိုးရေတွေကိုကြည့်ပြီး အချိန်ဖြုန်းနေမိခဲ့တာပဲ။
ဆေးလိပ်ကို လည်ချောင်းတွေရှတဲ့အထိ သောက်ပြီး သေဆုံးနေတဲ့ရှင်သန်ခြင်းတွေ အကြောင်းကို တွေးနေမိတယ်။

လူတွေက သေရမှာကို ကြောက်တယ်။
သေရမှာကို ကြောက်နေတဲ့လူတွေ…
သေခြင်းက မကောင်းဘူးဆိုရင်
ရှင်သန်ခြင်းကရော။

ထမင်းစားဖို့ ခက်ခဲတဲ့အချိန်တွေ၊ ထမင်းစားနေရင်းခက်ခဲတဲ့ အချိန်တွေ၊ ကျောတစ်ခင်းစာ နေရာအတွက် ခက်ခဲတဲ့အချိန်တွေ၊ တွေးပူရင်း ခက်ခဲခဲ့တဲ့အချိန်တွေ။နာကျင်စရာတွေ၊ သောကတွေ၊ ပူလောင်မှုတွေ၊ သွေးစက်တွေနဲ့ ရင်ထဲက ထရော်မာတွေ။

ပြီးတော့
အိမ်မပြန်နိုင်တော့တဲ့ အချိန်တွေ။

ငါတို့ဟာ ရုန်းကန်ရင်း၊ ငိုကြွေးရင်း ခြေယိုင်ယိုင်နဲ့ လျှောက်လှမ်းနေတဲ့ကောင်တွေ။

ငါတို့ဟာ
သေဆုံးနေတဲ့ ရှင်သန်ခြင်းတွေ။

-ဒဒွေး

27/09/2024

After dinner with a blue star

The poet - Mg Chaw Nwe
Recited by - Da Dway

- I'm really apologize if I have some mistake. I'm a just a fan of the poetry. Please support to me and my channel.

Appreciate credit goes to original translator (Kenneth Wong) of the English language Jeffrey Pramudia (YouTube channel), the original owner of the background music, and the original owners of the images inside.

https://www.youtube.com/watch?v=B6q8kw8pp_U&t=110s

https://t.me/lakkhotesan_lks

အမေရယ်လေတွေထန်လာလေလေသားမှာ ကြေကွဲရလေလေပါပဲ...မိုးဦးအကျစောမယ်ဆိုတာလည်းတကယ်တော့လောကဓံတရားပါလား။အိပ်စရာမရှိတဲ့ညတွေမှာမိုးတွ...
26/09/2024

အမေရယ်
လေတွေထန်လာလေလေ
သားမှာ ကြေကွဲရလေလေပါပဲ...
မိုးဦးအကျစောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား။

အိပ်စရာမရှိတဲ့ညတွေမှာ
မိုးတွေသိပ်ရွာတာပဲ အမေရယ် ။
အမှောင်နဲ့စိုစွတ်
မိုးရေတွေရွှရွှနစ်လို
အသံတွေတောင်ငုတ်နေခဲ့ပါပြီ အမေ ။

-မောင်ချောနွယ်
ကြယ်ပြာလေးနဲ့ထမင်းစားပြီးနောက်
(https://t.me/lakkhotesan_lks)

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Lak Khote San posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category