Ye Ya Tel

Ye Ya Tel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ye Ya Tel, Comedy Club, Shwe Wut Yee Thike Tan, Taunggyi.

09/05/2019

ထူးဆန်းသော နိုင်ငံတော်...

ဗိုလ်ချုပ်ကိုအတုယူ ပြီး
စွန့်လွှတ် အနစ်နာခံဖို့
စာပေဟောပြောတဲ့ပုဂ္ဂိုလ်တွေက..
ဟောပြောခ သိန်းနဲ့ချီပြီး အခါခါရတယ်....
တစ်ခါမှ အလကား မဟောဘူး..😂

မြန်မာပြည် ပညာရေးစနှစ်မကောင်းဘူးလို့
တဖွဖွ ပြောနေသူတွေကိုကြည့်လိုက်ရင်
မြန်မာပြည်မှာ ဆယ်တန်းအောင်ပြီး
ပညာရှင်ဂုဏ်နဲ့..
လုပ်စားနေသူတွေချည်းပဲ......😂

နိုင်ငံခြားကောင်းကြောင်းပြောသူတွေကြည့်ရင်
နိုင်ငံခြားမှာ လူရာမဝင်ပဲ..
အနူတော လူချောလုပ်ချင်သူတွေချည်းပဲ..

ငွေစက္ကူအတု သုံးတာမိရင်
ဇစ်မြစ်ကို ဖော်ပြီး အရေးမယူဘူး
သုံးစွဲသူ ပြည်သူကို ထောင်ချတယ်...

မူးယစ်ဆေး သုံးသူလူငယ်တွေနဲ့
လက်ဝယ်မိသူကို ဖမ်းတယ်
ပင်ရင်းဌာနကိုကျ ရေဆုံးရေဖျားလိုက် မဖမ်းဘူး

မြေဂရမ်မရှိရင် တရားမဝင်ဘူး တဲ့
မြေဂရမ်လျှောက်ရင် မပေးဘူး

ပညာရေးစနှစ် မြှင့်မယ်တဲ့
ဘွဲ့ရဆရာ ဆရာမတွေကျတော့
ဝိုင်ဘီအက် ကားဒရိုင်ဘာလောက် လစာမရဘူး

ကျန်းမာရေးကဏ္ဍ မြှင့်တင်မယ်တဲ့..
ဆရာဝန်တွေ နာ့စ်မတွေရဲ့လစာက
အပေါက်စောင့်ကုလားတွေရဲ့
ဝင်ငွေထက်နည်းနေတယ်....

ပြည်သူ့အကျိုးအတွက်..
အစည်းအဝေးတွေ ညီလာခံတွေလုပ်တဲ့
ကုန်ကျစားရိတ်က သိန်းပေါင်းထောင်ချီနေချိန်မှာ
တစ်ချို့ ကျေးရွာက ကလေးလေးတွေက..
ထမင်းနပ်မမှန် ကျောင်းမတက်နိုင်ကြဘူး..😂

ပြည်သူ့အကျိုးပြုမယ်လို့
ကြွေးကြော်သူတွေက အနည်းဆုံး
တစ်လ ဆယ်သိန်းစားနေချိန်မှာ..
ပြည်သူတွေက တစ်လ တစ်သိန်းရဖို့...
ဘယ်မှာ အလုပ်ရှာရမှန်းမသိဘူး

တို့ဆီမှာတော့..
အစိုးရတွေဆိုတာ မကျွမ်းကျင်ပဲ လုပ်စားနေတဲ့
စက်ချုပ်ဆိုင်တွေလိုပဲ..
ပိတ်စလည်းဆုံး ချုပ်ခလည်းပေးရ....
ဝတ်လို့လည်းမရ...
အလျော်တောင်းလို့လည်းမရ.....

ဒါလည်းမမှတ်ကြသေးဘူး
တော်ကီတွေနဲ့ ချုပ်တိုင်း သဘောတွေကိုကျလို့..😂

ငပိရည်ကျိုမှာ ဓါတ်မြေသြဇာတွေ ထည့်ပြီး
စားလို့ကောင်းကြတုန်း...😂

ငပိရည်ကျိုမှာ ဓါတ်မြေသြဇာတွေ ထည့်ပြီး
စားလို့ကောင်းကြတုန်း...😂

#လေဒီဒိုင်းမွန်း

ဟဟ
08/05/2019

ဟဟ

Address

Shwe Wut Yee Thike Tan
Taunggyi
165

Website

Alerts

Be the first to know and let us send you an email when Ye Ya Tel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Ye Ya Tel:

Share

Category