Enter

Website

Enter ရသစုံစုံလင် ခံစားစေရမည်။

🇲🇲 ချုပ်ကွက်ဆရာကြီး ပန်တိုဂျာကို အနိုင်ယူပြီး မကြေပွဲမှာ ဘယ်သူကျား ဘယ်သူနွား ကွဲပြားအောင် သက်သေပြလိုက်သည့် မောင်ဗန်▪️ပထမ...
20/09/2026

🇲🇲 ချုပ်ကွက်ဆရာကြီး ပန်တိုဂျာကို အနိုင်ယူပြီး မကြေပွဲမှာ ဘယ်သူကျား ဘယ်သူနွား ကွဲပြားအောင် သက်သေပြလိုက်သည့် မောင်ဗန်

▪️ပထမတစ်ကြိမ် တွေ့ဆုံစဉ်က ပန်တိုဂျာ လက်ကျိုးဒဏ်ရာရသွား၍ မောင်ဗန် အနိုင်ရခဲ့ခြင်းအပေါ် မတော်တဆ ကံကောင်းလို့ နိုင်တာပါဟု ပြောဆိုနေကြသူများကို ဒီနေ့ မကြေပွဲမှာတော့ မောင်ဗန် က ဘယ်သူကျား ဘယ်သူနွားဆိုတာ အပြတ်အသတ် ခွဲခြားပြလိုက်ပြီ ဖြစ်ပါတယ် ဖြစ်ပါတယ်။ UFC ဖလိုက်ဝိတ်သမိုင်းမှာ ချုပ်ကွက်ဖြင့် အနိုင်ရရှိမှု အများဆုံး (၆ ကြိမ်) ရရှိထားသည့် အနိုင်ယူရခက်လှသော အတွေ့အကြုံရင့် ဆရာကြီး ပန်တိုဂျာကို မောင်ဗန်က ဒိုင်အားလုံး၏ တညီတညွတ်တည်း အမှတ်ပေးမှု (Unanimous Decision) ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူပြသွားခဲ့ပါတယ်။

▪️ဒီနေ့ပွဲမှာ မောင်ဗန်က ပန်တိုဂျာထက် ထိုးချက်ရော နည်းဗျူဟာပါ အပြတ်အသတ် သာလွန်ခဲ့ပါတယ်။ မောင်ဗန်သည် ပန်တိုဂျာကို ၁ ကြိမ်တည်းနှင့် လဲကျသွားစေသည့် အကြိမ် (Knockdowns 1) ပြုလုပ်နိုင်ခဲ့သလို၊ အမှတ်ရစေမယ့် ထိရောက်သည့် ထိုးချက် (Sig. Strikes) တွင်၅၁%အထိ တိကျစွာ ထိုးနှက်နိုင်ခဲ့ပြီး ပန်တိုဂျာ၏ ၄၃% ကို သာလွန်ခဲ့တာပါ။ ပန်တိုဂျာသည် မောင်ဗန်ကို မြေပြင်ချုပ်ကွက်မိအောင် ကြိုးစားပေမယ့် မောင်ဗန်၏ တိကျပြင်းထန်လှသော လက်သီးချက်များအောက်မှာဘဲ အထိနာခဲ့ရပါတယ်။

▪️အသက် ၂၄ နှစ်အရွယ်မျှသာရှိသေးသည့် မောင်ဗန်သည် တိုက်ခိုက်ရေးစွမ်းရည်နဲ့ ထိုးချက်တိကျလှသလို UFC သမိုင်းမှာ ဒုတိယမြောက် တိကျသည့် ထိုးချက်နှုန်းအမြင့်ဆုံး (၁ မိနစ်လျှင် ၈.၄၃ ချက်) သမိုင်းဝင် စံချိန်မှတ်တမ်းကောင်းများကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ UFC ဖလိုက်ဝိတ်တန်းမှာ ၇ ပွဲဆက် အနိုင်ရရှိမှု စံချိန်နှင့်အတူ အာရှမြေမှာ တစ်ဦးတည်းသော UFC ဖလိုက်ဝိတ် ချန်ပီယံအဖြစ် မြန်မာ့မြေပုံနှင့် မြန်မာ့အလံကို ကမ္ဘာ့အလယ်မှာ ဂုဏ်ရောင်တောက်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီနေ့အောင်ပွဲက သူတစ်ယောက်ထဲအတွက်မဟုတ်ဘူး။ မြန်မာ့အလံနဲ့အတူ မြန်မာပြည်ဖွား မြန်မာနိုင်ငံသားအားလုံးအတွက်ပါ။ MMA ဂုတ်ကြီးဖြစ်လာမယ့် မောင်ဗန် 💕 🇲🇲🏆

😲 လူ (၈၀) နီးပါး သ/တ်ခဲ့တယ်ဆိုတဲ့ ကြေးစား ကွင်းဆက်လူသ/တ်သမား မိန်းမလိုဝတ်ဆင်ပြီး ထွက်ပြေးစဉ် ဖမ်းဆီးခံရဘရာဇီးနိုင်ငံမှာ ...
18/09/2026

😲 လူ (၈၀) နီးပါး သ/တ်ခဲ့တယ်ဆိုတဲ့ ကြေးစား ကွင်းဆက်လူသ/တ်သမား မိန်းမလိုဝတ်ဆင်ပြီး ထွက်ပြေးစဉ် ဖမ်းဆီးခံရ

ဘရာဇီးနိုင်ငံမှာ လူပေါင်း (၈၀) နီးပါးကို သ/တ်ခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ သံသယရှိ ကြေားစား ကွင်းဆက်လူသ/တ်သမားတစ်ဦးဟာ ရဲလက်ကနေ လွတ်အောင် အမျိုးသမီးလို ရုပ်ဖျက်ဝတ်ဆင်ပြီး ထွက်ပြေးဖို့ ကြိုးစားစဉ် ဖမ်းဆီးခံလိုက်ရပါတယ်။

ဘရာဇီးအရှေ့မြောက်ပိုင်း Paraiba ပြည်နယ်မှာ ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုအတွင်း အသက် (၃၃) နှစ်အရွယ် Jorlan Alves da Silva ကို အစင်းကြောင်းပါ ဂါဝန်၊ ဆံပင်တုအရှည်နဲ့ မျက်မှန်နက် ဝတ်ဆင်ထားပြီး မိန်းမတစ်ဦးအသွင် ရုပ်ဖျက်ထားစဉ် ရဲတပ်ဖွဲ့က ရုတ်တရက် ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးမှုအတွင်း Silva က ဆံပင်အတုကို ချွတ်လိုက်ရင်း ပြုံးရယ်နေခဲ့သေးပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃) ရက်နေ့က Paraiba ပြည်နယ် Mulungu မြို့မှာ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရချိန်မှာ Silva ဟာ အမျိုးသမီးစီး ဖိနပ်၊ မျက်မှန်နက်နဲ့ လက်သည်းနီ ဆိုးထားရုံတင်မကဘဲ (၂) နှစ်အရွယ် ကလေးတစ်ဦးကိုလည်း ပွေ့ချီထားပြီး မိန်းမအသွင်နဲ့ တွေ့ရပြီး ဒီကလေးဟာ သူနဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

[စိတ်ဝင်စားရင်း Like ထားကြည့် Admin team က ဘာသာပြန် တင်ဆက်ထားပါတယ်]

အစောပိုင်းမှာ ရဲတပ်ဖွဲ့က Silva နဲ့ အပေါင်းအပါတွေ စီးနင်းလာတဲ့ ယာဉ်ကို တားဆီးနိုင်ခဲ့ပြီး ကားပေါ်ပါလာသူ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ Silva ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ (၄၈) နာရီကြာ စစ်ဆင်ရေးအပြီးမှာ Silva ကို ယခုလို မိန်းမလို ရုပ်ဖျက်ပြီး ထွက်ပြေးစဉ် ဖမ်းမိသွားခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ Silva ဟာ ပြီးခဲ့တဲ့ (၃) လအတွင်းမှာတင် ရာဇဝတ်ဂိုဏ်းတွေအတွက် အနည်းဆုံး လူ (၁၅) ဦးထက်မနည်း သတ်ဖြတ်ပေးခဲ့တဲ့ ကြေးစား ကွင်းဆက်လူသတ်သမားလို့ သံသယရှိခံထားရပါတယ်။ သူ့ကို စစ်ဆေးမေးမြန်းချိန်မှာ Silva က သူ့ဘဝတစ်လျှောက်လုံး လူပေါင်း (၈၀) နီးပါးကို သတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

Mulungu မြို့ ရဲတပ်ဖွဲ့မှ စုံထောက် Douglas Garcia ရဲ့ အဆိုအရ Silva ဟာ အသက် (၁၃) နှစ်အရွယ်မှာပင် ပထမဆုံးအကြိမ် လူသ/တ်မှုကို ကျူးလွန်ခဲ့တာဖြစ်ပြီး အခြား ရာဇဝတ်မှုတွေနဲ့ ထောင်ဒဏ် (၅) နှစ်ကနေ (၆) နှစ်အထိ ကျခံခဲ့ရဖူးကာ ၂၀၂၆ ခုနှစ် မေလကုန်ပိုင်းကမှ ထောင်ကနေ ပြန်လွတ်လာတာလို့ သိရပါတယ်။

လက်ရှိ စုံစမ်းစစ်ဆေးနေတဲ့ အမှုတွေထဲမှာ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့က Rio Tinto မှာ ဖြစ်ပွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် (၂) ဦး အသ/တ်ခံရမှုလည်း ပါဝင်ပြီး Silva က အလောင်းတစ်လောင်း မြှုပ်နှံထားတဲ့ နေရာကို အတိအကျ ညွှန်ပြခဲ့ပါတယ်။

သူ ဝန်ခံထားတဲ့ လူပေါင်း (၈၀) ကို သ/တ်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးပါဘူး။

အကယ်၍ သူပြောတဲ့အတိုင်းသာ အမှန်ဖြစ်ခဲ့ပါက Silva ဟာ "Brazilian Dexter" လို့ လူသိများပြီး လူ (၇၁) ဦးကို သ/တ်မှုနဲ့ ထောင်ဒဏ်ကျခံခဲ့တဲ့ Pedro Rodrigues Filho ရဲ့ စံချိန်ကို ကျော်လွန်ပြီး ဘရာဇီးသမိုင်းမှာ အဆိုးရွားဆုံး ကွင်းဆက်လူသတ်သမား ဖြစ်လာမယ်လို့ ဆိုပါတယ်။

#မှုခင်းသတင်း

ရှားစောင်းလက်ပပ်နှင့် ပျောက်ကင်းသည့်ရောဂါများ....၁.ရှားစောင်းဂျယ်လီအနှစ်ကို မျက်ခွံပေါ်တင်ပေးပါကမျက်စိနာ၊ကိုက်၊ပူစပ်၊ယား...
13/09/2026

ရှားစောင်းလက်ပပ်နှင့် ပျောက်ကင်းသည့်ရောဂါများ....

၁.ရှားစောင်းဂျယ်လီအနှစ်ကို မျက်ခွံပေါ်တင်ပေးပါက
မျက်စိနာ၊ကိုက်၊ပူစပ်၊ယားယံခြင်းကို
သက်သာစေပါသည်။

၂.နားထဲတွင်အနာပေါက်ခြင်း၊နားကိုက်ခြင်းနှင့် နားပိုးဝင်၍ ရောင်ကိုင်းခြင်း တို့တွင် ရှားစောင်းလက်ပပ်
၂ လက်မအရွယ်ကိုလှီးဖြတ်ကာ ထက်ခြမ်းခြမ်းပြီး နား၏အရှေ့ဘက်နှင့်
အနောက်ဘက်တို့တွင် ကပ်၍ ဂျယ်လီအချွဲများဖြင့်နားအပြင်မှပွတ်ပေးခြင်း
ဖြင့် ရောင်ကိုင်းမှုများလျော့ကျကာ
နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါသည်။

၃. ရှားစောင်းလက်ပတ်ကိုဖျော်ရည်သောက်ခြင်း
သို့ ပါးပါးလှီး၍ချက်စားခြင်းဖြင့် ဓမ္မတာမှန်စေကာ အမျိုးသမီးမျိုးပွါးအင်္ဂါကို ခွန်အားဖြစ်စေရုံသာမက သားအိမ်ကိုသန့်စင်စေသည်။သွေးဆုံးပြီးနောက် မီးယပ်ရောဂါတို့ကိုလည်းမဖြစ်စေပါ။

၄.ကျားမ အင်္ဂါများရှိရေယုန်နာများကိုလည်း
ဂျယ်လီအနှစ်လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၅.ရှားစောင်းလက်ပတ်၏အတွင်းပိုင်းရှိ ဂျယ်လီသည် အရေပြားတွင်အနီပိမ့်များ
ထွက်ခြင်း၊အရေပြားတွင် အရည်အိတ်တည်ခြင်း၊အပူလောင်ခြင်း၊
ဘက်တီးရီးယားနှင့် ပိုးမွှားများကြောင့်
အရေပြားတွင် ပွေး၊ဝဲ၊ညှင်း စသည့် အရေပြားရောဂါ အမျိုးမျိုးကို သက်သာ
စေသည်။

၆.ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိသဖြင့်
အစာချေစနစ်ကိုအားပေးကာ အစာအိမ်နာခြင်း၊အစာမကြေခြင်းတို့ကို
သက်သာစေသည်။အထူးသဖြင့် အူမကြီး
ကင်ဆာအပါအဝင် ကင်ဆာအကျိတ်များ
ကြီးထွားလာမှုကို ရပ်တန့်စေသည်။
အစာအိမ်ပြည်တည်နာများ၊အသည်းရောင်ခြင်း၊အူရောင်ခြင်း
ဝေဒနာတို့ကိုလျော့ကျစေသည်။

၇.သွေးထဲရှိ oxygen ကိုကောင်းစွာလည်ပတ်စေပြီး
cell များကိုခွန်အားဖြစ်စေသည်။

၈.အပင်ထဲရှိ polysaccharides ,mannans,anthraquinones
စသောဒြပ်များသည် နှလုံးစွမ်းရည်ကိုတိုးမြှင့်ပေးစေသည့်အပြင်
သွေးတွင်းအဆီခဲ သွေးခဲများပိတ်ဆို့ခြင်း၊
နှလုံးသွေးပျစ်ခြင်းစသော နှလုံးသွေးကြော
ဆိုင်ရပြဿနာများကို များစွာကောင်းကျိုးပြု
သည်။ထို့ပြင် နှလုံးရောဂါနှင့်ဆက်စပ်သည့်လေဖြတ်ခြင်းကိုလည်း ဖြစ်မလာစေနိုင်ပါ။

၉.သွေးဖိအားထိန်းညှိပေးခြင်းကြောင့်
သွေးတိုးရောဂါမဖြစ်စေပါ။

၁၀. အရေပြားရှိထိခိုက်ဒဏ်ရာများနှင့်
ပိုးဝင်ခြင်းတို့ကိုသက်သာစေပါသည်။
ရှားစောင်းအနှစ်ကို လိမ်းပေးပါက မီးလောင်နာ ၊အရည်ကြည်ဖုနာ၊ထိခိုက်ရှနာ၊
နေလောင်နာ စသည်တို့ကို ရှားစောင်းလက်ပက်တွင်ပါဝင်သော အောက်စီဂျင်ဓာတ်တစ်မျိုးတည်းကြောင့်
အရေပြားမှ cell များကို အလိုလို ပြုပြင်ပေး
နိုင်စွမ်းရှိသည်။
(သို့သော်) ခွဲစိတ်အနာချုပ်ရိုးများကို
အနာကောင်းစွာမကျက်ခင် မလိမ်းသင့်ပါ၊
အနာကျက်နှေးသွားစေပါတယ်။

၁၁.သွေးစုနာ၊အကြိတ်ဖုနာ၊သွေးလုံး၊လေလုံး၊ အဆီဖုများကို အပင်၏ဂျယ်လီ
လိမ်းကပ်ပေးခြင်းဖြင့် အကြိတ်မှပြည်ပေါက်
ထွက်ကာ ငန်းမန်းကို ကြေစေနိုင်သည်။

၁၂.ရှားစောင်းလက်ပပ်အပင်ကို မီးမြှိုက်၍
အနှစ်ကိုစားပေးပါက ရေဖျဉ်းရောဂါကို
သက်သာစေပြီး မီးမြှိုက်ထားသောအနှစ်ကို
သကြားနှင့်စားပါက အမျိုးသမီးများ အဖြူဆင်းခြင်းကိုသက်သာစေသည်။

၁၃ ဂျယ်လီအနှစ်ကိုခြစ်ယူ၍ ဆန်ဆေးရည်တွင်စိမ်ပြီး သကြားထည့်သောက်ပါက ဆီးပူ၊ဆီးအောင့်ရောဂါကိုပျေါက်ကင်းစေပြီး
ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးသည်။

၁၄.အသားဝါရောဂါရှိသူများ ဂျယ်လီအနှစ်ကို စားပေးခြင်းဖြင့်
ချမ်းသာရာရစေသည်

၁၅.ဖျော်ရည်လိုသောက်သုံးပေးခြင်းဖြင့်
အအေးမိ၊တုပ်ကွေးဖျားနာ၊နှာခေါင်းပိတ်
ခြင်း၊လေပြွန်ရောင်ခြင်း၊ရင်ပူခြင်း၊စသည့်
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကောင်းစွာကုသပေးနိုင်စွမ်း
ရှိသည်။

၁၆.သွေးထဲရှိ glucose ပမါဏကိုကျစေသဖြင့် ဆီးချိုရောဂါသည်
များရှားစောင်းလက်ပက်ဖျော်ရည်ကို
သောက်သုံးသင့်ပါသည်။

၁၇.ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားပိုးမွှားများကိုသေစေကာ
သွားများကိုဖြူဖွေးသန့်စင်ခိုင်ခန့်စေပြီး၊
သွားဖုံးများကိုကျန်းမာစေသည်။

၁၈.သဘာဝသကြားဓာတ် ပါရှိသဖြင့်
ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေသည်။

၁၉.အပင် ၏ enzymes များတွင် ဝမ်းသက်စေသော အာနိသင်ပါရှိခြင်း
ကြောင့် အူမကြီးနံရံရှိ အချွဲအကျိများကို တိုးပွါးစေကာ အူကိုသန့်စင်စေပြီး ဝမ်းမချုပ်စေပါ။

၂၀.ခေါင်းမလျှော်ခင်ရှားစောင်း လက်ပက်
ဂျယ်လီနှင့် ဦးခေါင်းကို နှိပ်နယ်ပေးခြင်းဖြင့်
ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊
ဆံပင်ကျိုးခြင်းတို့ကို သက်သာစေကာ
သန်း နှင့် ဗောက်များကိုလည်ကင်းစင်
စေသည်။

၂၁.ရှားစောင်းလက်ပက်ထဲတွင် ယောင်ယမ်းနာများကို ပျေါက်ကင်းစေသော
သဘာဝပစ္စည်း ၁၂ မျိုးပါရှိ၍ ဘေးထွက်ဆိုး
ကျိုးလုံးဝမရှိပဲ အရိုးအဆစ်အမြစ် နာကျင်
ကိုက်ခဲခြင်းတို့ကိုသက်သာစေသည်။
ထို့ပြင် ကြွက်သားများတောင့်တင်းခြင်းကိုလဲ
ပြေလျော့စေသည်။

၂၂. cholesterol ကိုကျစေပြီး အဆိပ်အတောက်ကင်းကာ ခန္ဓာကိုယ်ကို
ပေါ့ပါးလန်းဆန်းစေသည်။

၂၃.ခန္ဓာကိုယ်ထဲ oxygen ပြတ်လပ်မှုကို
ကာကွယ်ပေးသည်။

၂၄.ကော်ဖီနှင့် လက်ဖက်ရည်အလွန်အကျွံသောက်သုံး
ခြင်းကြောင့် ခန္ဓာကိုယ်တွက် မလိုအပ်သော
oxalates ဓာတ်မန္တရာယ်မှကာကွယ်ပေးသည်။

၂၅.ညအိပ်ယာဝင်ခါနီး ရှားစောင်းလက်ပက်
ဂျယ်လီကို မျက်နှာအနှံ့ပွတ်လိမ်းပြီး
မိနစ်၂၀ အကြာတွင် ရေအေးနှင့် မျက်နှာ
သစ်ပေးပါက မိတ်ကပ်ချေးများ ကင်းစင်စေပြီး ချွေးပေါက်ပွင့်ကာ ဝက်ခြံ
လုံးဝမထွက်စေပါ။ရှားစောင်းအနှစ်ကို
မျက်နှာပေါ်တွင်အုပ်ပြီးလိမ်းပေးပါက
ရှားစောင်းတွင်ပါဝင်သော oxygen
ကြောင့် အရေပြားcell များကိုပိုမိုသန့်စင်စေ
ပြီးချေါမွတ်စေပါသည်။ဝက်ခြံသာမက
တင်းတိပ်များကိုဖယ်ရှားပြီး နူးညံ့လှပစေ
ပါသည်။

၂၆.ရှားစောင်းလက်ပက်ကို အစိမ်းလိုက်ဝါးစားပါက အရက်နာကျရောဂါကိုသက်သာစေသည်။
လူကိုပုံမှန်တိုင်း လန်းဆန်းစေသည်။
(သို့သော်)တစ်နေ့ ၂၀ cc ထက်ပို၍
အစိမ်းစားပါက ကျောက်ကပ်ကို
ပျက်စီးစေနိုင်သည်။

အစာအိမ်ရောဂါပါပျောက်ကင်းပါတယ်။
သုံးစွဲနည်း= ဓါးပါးပါးလေးနဲ့အခွံကိုလှီးထုတ်ပါ။မြိုချလို့ရတဲ့အရွယ်အတုံးလေးတွေရအောင် ဖြတ်ပါ။မတ်ခွက်ထဲအပြည့်ထည့်ပါ၊သကြားဟင်းစားတစ်ဇွန်းထည့်ပါ၊သံပုရာသီးတစ်လုံးအရည်ညှစ်ထည့်ပါ၊အဖုံးဖုံးထားပါ၊၂၄ နာရီနှပ်ထားပါ၊၂၄ နာရီပြည့်ရင် အစာအိမ်ထဲအစာမရှိမီ(အိပ်ယာထချိန်)မှာ ဇွန်းနဲ့ခပ်ပီး မြိုချပါ။ ရှားစောင်းလက်ပတ်ရဲ့အကျိအချွဲတွေက အစာအိမ်နံရံ၊အနာရှိတဲ့နေရာမှာသွားကပ်ရင် အနာကျက်မြန်ပီး တစ်လလောက်မှာ အစာအိမ်ရောဂါ သက်သပျောက်ကင်းပါတယ်🥰

အကျိုးကျေးဇူးများစွာဖြင့် လူတို့၏
ကျန်းမာရေးအတွက်လိုအပ်မှုများစွာကို ဖြည့်ဆည်းပေးနိုင်သည့်
သဘာဝရှားစောင်းလက်ပက်ဖြင့်ဖော်စပ်ထားသောဆေးများ ၊အလှကုန်ပစ္စည်းများကို အသုံးပြုသင့်ပါတယ်🥰

🥬🥬🥬🥬🥬🥬🥬🥬🥬🥬🥬🥬🥬🥬

ဝမ်းချုပ်ခြင်းပြဿနာ နဲ့ ရှားစောင်းလက်ပပ်

ဗိုက်ထဲမှာ လေးလံပြီး နာနေတာဟာ အူတွေထဲမှာ အစာဟောင်း ( မစင် ) တွေ စုပုံနေလို့ ဖြစ်ပါတယ်။
ဝမ်းမသွားဘဲ အစာဟောင်းတွေစုပုံနေတာ ( ဝမ်းချုပ်နေတာ ) ဟာ ရုတ်ချည်းအသက်အန္တရာယ်ပေးနိုင်တာမျိုး မဟုတ်ပေမယ့် တာရှည်မှာ ကျန်းမာရေးအတွက်တော့မကောင်းပါဘူး။

အူမကြီးဟာ အစာချေလုပ်ငန်းအတွက် အရေးပါတာမို့ အူတွေ သန့်ရှင်းပြီး ကျန်းမာနေဖို့ဟာ အရေးကြီးပါတယ်။
အူတွေဟာ အစာဟောင်းတွေနဲ့ ပြည့်ကျပ် ညစ်ပေနေလျှင် ဝမ်းချုပ်ခြင်း , ဝမ်းလျောခြင်း , ဗိုက်နာခြင်း , မအီမသာဖြစ်ခြင်း , မူးဝေခြင်း , ခေါင်းကိုက်ခြင်း , အစားပျက်ခြင်း , ပါးစပ်နံခြင်း , ကိုယ်ခံအား နည်းခြင်း , ပျို့အန်ခြင်း , ဗိုက်ရောင်ရမ်းခြင်း စတာတွေ ခံစားရပါတယ်။

ဝမ်းချုပ်စေတဲ့အကြောင်းတွေမှာ အဓိက ၂ချက်ကတော့
အစားအသောက် ဂရုမစိုက်ခြင်း နဲ့ ထိုင်ခုံမှာ စွဲစွဲမြဲမြဲ အလုပ်လုပ်ရခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြုပြင်ထားတဲ့ အလွယ်စားစရာတွေ အားထားစားသောက်ခြင်း နဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာလည်း အစာချေခြင်းလုပ်ငန်းကို ထိခိုက်စေပါတယ်။
အဆီများတဲ့အစားအစာ , အချိုများတဲ့အစားအစာ စားသုံးမှုများခြင်း
နို့နဲ့ နို့ထွက်အစားအစာတွေ စားသုံမှုများခြင်း
ရေအသောက်နည်းခြင်း
ဖိုင်ဘာကြွယ်ဝတဲ့ အစားအစာများ မစားခြင်း
အရက်သေစာ နဲ့ ကော်ဖီ အသောက်များခြင်း
ဝမ်းအချိန်မှန်မသွားဘဲ အောင့်အည်းချုပ်တည်းထားခြင်း စတာတွေကလည်း ဝမ်းချုပ်စေသည့်အကြောင်းတွေ ဖြစ်ပါတယ်။

သွေးတိုးခြင်း
လေဖြတ်ထားခြင်း
ခြေလက်တုန်ယင်သည့် ပါကင်ဆင်ရောဂါဖြစ်ခြင်း
ဆီးချိုရောဂါရှိခြင်း
ခါးအာရုံကြောထိခိုက်ထားခြင်း
ကိုယ်ဝန်ဆောင်ခြင်း
အသက်အရွယ်ကြီးခြင်း
စတာတွေကြောင့်လည်း ဝမ်းချုပ်ခြင်း ဖြစ်ရပါသေးတယ်။

အူတွေလှုပ်ရှားမှုကို အားပေးပြီး အစာဟောင်းတွေ စွန့်ထုတ်ပစ်နိုင်အောင်
ပြုလုပ်ပေးနိုင်တဲ့ သဘာဝဆေးဝါးများ ရှိပါတယ်။

အလွယ်ကူဆုံးဆေးနည်းအတွက် လိုအပ်ချက်ကတော့
ရှားစောင်လက်ပပ် ဂျဲလ် စားပွဲတင်ဇွန်း ၃ဇွန်းစာ
ပျားရည်
သံပုရိုသီး ၁လုံး
ရေ ၃ခွက်
တို့ဖြစ်ပါတယ်

ရေ ၁ခွက်ထဲ သံပုရိုသီး ညှစ်ထည့်ဖျော်
ရှားစောင်းလက်ပပ် စားပွဲတင် ၃ဇွန်းထည့်မွှေ
ဖျော်စက်ထဲ ထည့်
ရေ ၂ခွက် ထပ်ထည့်
မွှေ
ပျားရည် လိုသလိုထည့်

မနက်အိပ်ရာထ မနက်စာမစားမီ ၃၀မိနစ်မှာ ၁ခွက်သောက်။
နေ့လည်စာနဲ့ ညစာ မစားမီ နာရီဝက်စောပြီး နောက်ထပ် ၁ခွက်စီ သောက်ပါ။

အလွယ်ကူဆုံး သဘာဝ ဝမ်းနုတ်ဆေးဖြစ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
Crd

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရသျှမ်းသံတော်ဆင့်၊...
10/09/2026

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

သျှမ်းသံတော်ဆင့်၊ ၂၀၂၆ စက်တင်ဘာ ၁၀

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ ဗဟိုစုံစမ်းရေးဗျူရို (CIB) မှ အယုဒ္ဓယ ခရိုင်အတွင်းရှိ Wat Phutthaisawan ဘုန်းကြီးကျောင်းအတွင်း ထိုကျောင်းထိုင်ဆရာတော်အား ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စုံစမ်းမှုများအရ ပြီးခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း ဘုန်းကြီးကျောင်း၏ အမည်အားအသုံးပြု၍ အလှူငွေပြေစာ အစောင် ၂၀ အား အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း၊ ထိုအလှူငွေပြေစာ ၂၀ မှ ဘတ် ၉၂ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အဆိုပါ ငွေများအား ကျောင်းထိုင်ဆရာတော်ဖြစ်သူနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးထံသို့ လွှဲပြောင်းထားကြောင်း၊ ထိုအမျိုးသမီးမှ အခြားသူများ၏အမည်ဖြင့် ပိုင်ဆိုင်မှုများပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းတို့ပြုလုပ်ရန် ကူညီခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိုအမျိုးသမီးကိုလည်း ဖမ်းဆီးခဲ့ပြီး ထပ်မံစစ်ဆေးခဲ့ရာ ၎င်း၏ ဘဏ်အကောင့်တွင် နှစ်စဉ် ဘဏ်သန်းပေါင်း သောင်းနှင့်ချီသော ငွေများအဝင်အထွက်ရှိနေခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ငွေကြေးစီးဆင်းမှုလမ်းကြောင်းများနှင့် အခြားပိုင်ဆိုင်မှုများကိုပါပါ ဆက်လက်စစ်ဆေးလျက်ရှိသည်။

ထို့အပြင် ဘုန်းကြီးကျောင်း၏ CCTV များမှတဆင့် အဆိုပါ သက်တော် ၆၆ နှစ်ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူသည် ၎င်းအမျိုးသမီးနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများပါရှိခဲ့ကြောင်း သိရသည်။

၎င်း ကျောင်းထိုင်ဆရာတော်သည် Nuea Duang (ကံကြမ္မာထက်မြင့်သော) ဂျတုခမ် (Jatukam) အဆောင်လက်ဖွဲ့များကြောင့်လည်း ထိုင်းပြည်သူများအကြားတွင် နာမည်ကြီးသော ဆရာတော်တစ်ပါးဖြစ်ကြောင်း ဖော်ပြထားသည်။



#ဘုန်းကြီး

၂၄ နှစ်လုံး ပေါင်းသင်းလာတဲ့ ဇနီးသည်က ယာဉ်မောင်းဆရာနဲ့ ဖောက်ပြန်သွားလို့ ဘတ် ၃ သန်း နစ်နာကြေးတောင်းပြီး တရားဝင် လမ်းခွဲလိ...
07/09/2026

၂၄ နှစ်လုံး ပေါင်းသင်းလာတဲ့ ဇနီးသည်က ယာဉ်မောင်းဆရာနဲ့ ဖောက်ပြန်သွားလို့ ဘတ် ၃ သန်း နစ်နာကြေးတောင်းပြီး တရားဝင် လမ်းခွဲလိုက်ရတဲ့ ဒုရဲအုပ် စွန်ဖို့ဟာ "ဟုန်းကရာဆဲ" ရုပ်သံအစီအစဉ်မှာ ပါဝင်ပြီးတဲ့နောက် နာမည်ကြီးသွားခဲ့ပါတယ်။

TV အစီအစဉ်မှာ နှလုံးသားတံခါး ပြန်ဖွင့်ပြီး ဇနီးသစ် (ရဲကတော်) ရှာနေပါတယ်လို့ ကြေညာလိုက်တာနဲ့ Facebook စာမျက်နှာဆီ အမျိုးသမီး ၈,၃၀၀ ကျော်က ဓာတ်ပုံတွေနဲ့တကွ စာပို့လျှောက်ထားလာကြသလို တစ်နေ့ကိုလည်း စုံစမ်းတဲ့ ဖုန်းခေါ်ဆိုမှု ၁၀၀ မက ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ဖုန်းဆက်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နာမည်က ဇနီးဟောင်းနဲ့ တူနေလို့ ဒုရဲအုပ် စွန်ဖို့တစ်ယောက် လန့်သွားခဲ့သေးပေမဲ့ အဲဒီမိန်းကလေးက "နာမည်တူပေမဲ့ စိတ်ဆင်းရဲအောင် မလုပ်ပါဘူး" ဆိုပြီး စနောက်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သတင်းကိုကြည့်ပြီး သနားလွန်းလို့ ချင်းမိုင်ကနေ လေယာဉ်စီးလာပြီး ရဲမူးကြီးအိမ်သန့်ရှင်းရေးနဲ့ ပန်းကန်ခွက်ယောက်တွေ လာဆေးပေးပြီးမှ ညနေပိုင်းမှာ ချင်းမိုင်ကို ချက်ချင်းပြန်သွားတဲ့ အမျိုးသမီးတစ်ဦးလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဒုရဲအုပ် စွန်ဖို့ဟာ စာနဲ့ ဖုန်းအဆက်အသွယ် ၁,၀၀၀ ကျော်ကို စိစစ်ပြီးသွားပြီဖြစ်ပြီး ၎င်းရဲ့ စိတ်ကြိုက်နဲ့ ကွက်တိကျတဲ့ အမျိုးသမီး ၅ ဦးကို စိတ်ကူးထဲမှာ ရွေးထားပြီဖြစ်ကြောင်း သိရပါတယ်။

#သတင်းenter

မြန်မာနိုင်ငံ တောင်ကြီးမြို့မှာ စာသင်ကျောင်းဆောင်သစ် လာရောက်လှူဒါန်းသွားခဲ့တဲ့ တာခဲရုONE Championship မှ နာမည်ကြီး ဂျပန်...
19/08/2026

မြန်မာနိုင်ငံ တောင်ကြီးမြို့မှာ စာသင်ကျောင်းဆောင်သစ် လာရောက်လှူဒါန်းသွားခဲ့တဲ့ တာခဲရု

ONE Championship မှ နာမည်ကြီး ဂျပန်ဖိုက်တာကြီး တာခဲရု ဟာ ၈လပိုင်း ၁၈ ရက်နေ့မှာ တောင်ကြီးမြို့ အေးသာယာရပ်ကွက် ရွှေတောင်တန်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ကိုလာရောက်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း ရွှေတောင်တန်းစာသင်ကျောင်း ကိုလည်း သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အသုံးဝင်မယ့် ကျောင်းဆောင်သစ် ၃ ဆောင်တွဲ ကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ 🙏

မြန်မာနိုင်ငံအပေါ် ချစ်ခင်မှုနဲ့ အခုလို အကျိုးပြုလှူဒါန်းမှုအတွက် လေးစားဂုဏ်ယူရပါတယ်။


#တာခဲရု

ဆောက်လုပ်ရေးဆိုက် တစ်ခုမှာ ရေပိုက်တွေ တပ်ဆင်ဖို့ မြေကြီးတွေ တူးနေစဉ် မြေအောက်ခန်း နံရံထဲမှာ ဖွက်ထားတဲ့ ရွှေချောင်းတွေ ရွ...
15/08/2026

ဆောက်လုပ်ရေးဆိုက် တစ်ခုမှာ ရေပိုက်တွေ တပ်ဆင်ဖို့ မြေကြီးတွေ တူးနေစဉ် မြေအောက်ခန်း နံရံထဲမှာ ဖွက်ထားတဲ့ ရွှေချောင်းတွေ ရွှေဒင်းဂါးပြားတွေ အများကြီးကို တွေ့သွားကြပါတယ်။

15ရက်နေ့ သတင်းထဲမှာ မျက်မြင်တွေ့ရှိသူ အသက် 18နှစ် ကျောင်းသားလေးက ကျောင်းပိတ်ရက်မှာ အလုပ်လာလုပ်စဉ် အဆောက်အုံဟောင်းကို ရေပိုက်တွေ တပ်ဆင်ဖို့ တူးဖော်ကြတယ်။

အဲလို တူးနေရင်း ကလုပ် ကလုပ်နဲ့ နံရံကြားထဲမှာ ဖွက်ထားတဲ့ ရွှေချောင်းတွေ ရွှေပြားတွေ အများကြီး ထွက်ကျလာကြတယ်။

အဲနောက် ချက်ခြင်းပဲ ရဲကို အကြောင်းကြားခဲ့ကြပြီး ရဲတွေက ရွှေချောင်းတွေကို လုံခြုံတဲ့ နေရာမှာ သိမ်းထားလိုက်ပါပြီ။

အခု ရွှေတွေ့တဲ့ နိုင်ငံက ဘယ်ဂျီယန် နိုင်ငံမှာ ဖြစ်ပြီး ရွှေချောင်းတွေရဲ့ ကာလပေါက်စျေးက ဘတ်နဲ့တွက်ရင် သန်းပေါင်း 350 ကျော် ရှိပါတယ်။

လက်ရှိမှာ ပိုင်ရှင်ကို ရှာနေဆဲဖြစ်ပြီး တကယ်လို့ ပိုင်ရှင် မပေါ်လာခဲ့ရင် သူတို့နိုင်ငံရဲ့ ဥပဒေ အရ 5နှစ် ထိန်းသိမ်းခွင့်ရှိပြီး တကယ်လို့ ပိုင်ရှင်ပေါ်လာမယ်ဆိုရင် ရွှေချောင်းတွေက ရာဇဝတ်မှုနဲ့ မသက်ဆိုင်ခဲ့ရင် ပိုင်ရှင်နဲ့ ရွှေချောင်းတွေ့သူနဲ့က ခွဲဝေခွင့် ရှိတယ်လို့ သိရပါတယ်။

crd

07/07/2026

ရှမ်းခေါက်ဆွဲသုပ်

03/07/2026

ဟင်းထုပ်လေးစားကြပါအုန်း

23/06/2026

🥔အာလူကြော်

Address

Main Street
Taunggyi

Alerts

Be the first to know and let us send you an email when Enter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share