Aung Zay Ya

Aung Zay Ya Aung Zay Ya Hatchery (Shwebo)

09 779 5251 83
09 9797 227 27
09 2545 763 27
09 213 2805

အမှ?

Monosex တီလားဗီးယားနှင့်ငါးသားပေါက်မျိုးစုံ ၊ အရွယ်စုံအရောက်ပို့ပေးပါသည်

အောင်ဇေယျငါးသားပေါက်စခန်းမှ မိတ်ဆွေတို့အတွက် မျိုးငါးသားပေါက် အော်ဒါများ လက်ခံနေပါပြီခင်ဗျာ🤝မျိုးငါးမှာယူရာတွင် မိတ်ဆွေတ...
11/07/2022

အောင်ဇေယျငါးသားပေါက်စခန်းမှ မိတ်ဆွေတို့အတွက် မျိုးငါးသားပေါက် အော်ဒါများ လက်ခံနေပါပြီခင်ဗျာ🤝

မျိုးငါးမှာယူရာတွင် မိတ်ဆွေတို့အတွက် အဆင်ပြေလွယ်ကူစေရန်အရောက်ပို့အရှင်အပ်စနစ်ဖြင့်ပို့ဆောင်နေပါပြီ 😉အောင်ဇေယျသားပေါက်စခန်းတွင် ငါးသားပေါက်ကာလတွင်ရရှိနိုင်မည့်မျိုးငါးများကတော့-

1️⃣ငါးကြင်းမျက်စံနီ (မှုံ၊သန်၊နှစ်ချို့)
2️⃣ရွှေဝါငါးကြင်း
3️⃣ငါးဒန်
4️⃣မြက်စားငါးကြင်း
5️⃣ငါးခုံးမ
6️⃣ငါးကြင်းဖြူ
7️⃣တောင်ပေါ်ငါးသားလောက်
8️⃣ရေချိုငါးမုတ်
9️⃣မိုနိုဆက် တီလားပီးယား (GIFT)
🔟မစ်ဆက် တီလားပီးယား (GIFT)

မျိုးငါးမှာယူမှုများသည့်အတွက် သားပေါက်လေးတွေမကုန်ခင်အမြန်မှာယူထားဖို့တော့လိုမယ်နော်🏃
မျိုးငါးသားပေါက်မှာယူပါက မွေးမြူနည်းစနစ် ၊ အစာကျွေးစနစ်နှင့်မိတ်ဆွေတို့သိလိုသည့်အရာများကိုလည်းအသေးစိတ်ဆွေးနွေးပေးသွားမည်ဖြစ်ပါတယ်ခင်ဗျာ။

📞092132805

လိပ်စာ - အမှတ်(၆)ရပ်ကွက်၊ကားကြီးကွင်းအနီး၊မူးအရှေ့ဘက်လမ်း၊ရွှေဘိုမြို့။

*မြန်မာနိုင်ငံရှိငါးမွေးမြူရေးကန်များတွင်အများဆုံးတွေ့ရတတ်သောရောဂါနှစ်မျိုး*Viral Diseases ( ကူးစက်/ကပ်ရောဂါ )__________...
07/05/2022

*မြန်မာနိုင်ငံရှိငါးမွေးမြူရေးကန်များတွင်အများဆုံးတွေ့ရတတ်သောရောဂါနှစ်မျိုး*

Viral Diseases ( ကူးစက်/ကပ်ရောဂါ )
______________________________

ဤရောဂါကိုတစ်နည်းအားဖြင့် Epizootic Ulcerative Syndrome ( EUS ) လို့ခေါ်ပါတယ်။ ထိုရောဂါသည်ရာသီအလိုက်ဖြစ်တတိသောရောဂါဖြစ်ပါသည်။ ၎င်းကိုရေချိုငါးမျိုးစိတ်များတွင်အများဆုံးတွေ့ရပြီးရောဂါကူးစက်ခံထားရသောငါးများသည် ရေမျက်နှာပြင်ပေါ်တွင်ပတ်ချာလည်ကူးခတ်နေခြင်း၊ ကြေးခွံနှင့်အရေပြားပေါ်တွင်အမည်း (သို့) အညိုရောင်အစက်များတွေ့ရခြင်း၊ ငါး၏ဝမ်းဗိုက်ဖောရောင်နေခြင်း၊ အကျိအချွဲမရှိခြင်း၊ ပါးဟပ်များဖြူဖတ်ဖြူရော်ဖြစ်နေခြင်း စသဖြင့်တွေ့ရတတ်ပါသည်။

Bacterial Diseases ( ဘတ်တီးရီးယားရောဂါ )
________________________________

မွေးမြူရေးငါးများတွင်ဘတ်တီးရီးယားရောဂါသည်နွေရာသီတွင်အမြဲလိုလိုဖြစ်တတ်သောရောဂါတစ်မျိုးဖြစ်ပါသည်။ ဤရောဂါလက္ခဏာများမှာ ငါး၏မျက်လုံးတွင်တိမ်ဖုံးနေခြင်း၊ ဆူးတောင်များပျက်စီးနေခြင်း၊ ငါး၏ကိုယ်ထည်တွင်သွေးစွန်းကွက်များတွေ့ရခြင်း၊ ပါးစပ်နားတစ်ဝိုက်နှင့်ကိုယ်ထည်တွင်အနာများဖြစ်နေခြင်းစသည်တို့သည်ဘတ်တီးရီးယားရောဂါကြောင့်ဖြစ်ပါသည်။

ဤသို့ရောဂါများကူးစက်ခြင်းအားဖြင့် ငါးများကြီးထွားနှုန်းနှင့်မျိုးပွားမှုနှုန်းလျော့ကျလာခြင်း၊ အစာစားလိုစိတ်ကျဆင်းလာသောကြောင့်အစာများအလေအလွင့်ဖြစ်ကာကုန်ကျစရိတ်များလာခြင်း၊ ထိခိုက်လွယ်၍အားနည်းလာခြင်းနှင့်အတူငါးများသေဆုံးခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။

ရောဂါကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်း
______________________________

ရောဂါကာကွယ်ရာတွင်အသင့်ထုတ်လုပ်ထားသောအဆင့်မြင့်ကာကွယ်ဆေးများနှင့်ကုသလျှင်အကောင်းဆုံးဖြစ်သော်လည်းသဘာဝနည်းလမ်းများနှင့်လည်းရောဂါကူးစက်ခြင်းကိုထိန်းချုပ်နိုင်ပါတယ်။
၎င်းရောဂါကာကွယ်ခြင်းနှင့်ထိန်းချုပ်ခြင်းနည်းလမ်းများသည်ရောဂါကာကွယ်ရာတွင်အခြေခံကျပြီးလွယ်ကူရိုးရှင်း၍ကုန်ကျစရိတ်နည်းပါးသော​ကြောင့်ငါးမွေးမြူသူတိုင်းဆောင်ရွက်သင့်ပါသည်။ ၎င်းတို့မှာ ( ၁ ) ရေအရည်အသွေးကောင်းမွန်ခြင်းနှင့်မွေးမြူရေးကန်ပတ်ဝန်းကျင်ကိုထိန်းသိမ်းလျောက်ခြင်း၊ ( ၂ )သယ်ယူပို့ဆောင်ခြင်းနှင့်ကိုင်တွယ်ခြင်းတွင်ဂရုစိုက်ဆောင်ရွက်ခြင်း၊ ဤသို့ပြုလုပ်ခြင်းအားဖြင့်မျ်ုးငါးများ၏ Stress ( စိတ်ဖိစီးမှု ) ကိုလျော့ကျစေပြီးရောဂါဖြစ်ပွားမှုနှုန်းနည်းစေပါသည်။ ( ၃ ) ရောဂါလက္ခဏာရှိသော/ကူးစက်ခံထားရသော ငါးများနှင့်သီးခြားမွေးမြူခြင်း၊ ( ၄ ) ငါးကန်သုံးပစ္စည်းများအားအသုံးမပြုခင်သန့်စင်ပိုးသတ်ခြင်း၊ ( ၅ ) သင့်တင့်​လျောက်ပတ်သောအစာကိုသာကျွေးခြင်းဖြင့် ရေ၏အရည်အသွေးကိုပိုမိုကောင်းမွန်စေပြီး ရောဂါဖြစ်ပွားနှုန်းကိုထိန်းချုပ်နိုင်ပါသည်။

< ငါးမွေးမြူရေးနှင့်ပတ်သက်သောဗဟုသုများနှင့်မျိုးငါးများဝယ်ယူရရှိလိုပါက page ကို Like and Follow လုပ်ထားပေးပါဗျ။ >

မဲဇာတောင်ခြေကိုရွှေဝါသားပေါက်လေးများတစ်သိန်းကျော်ခရီးဆန့်ပြီ
24/04/2022

မဲဇာတောင်ခြေကိုရွှေဝါသားပေါက်လေးများတစ်သိန်းကျော်ခရီးဆန့်ပြီ

တီလားဗီးယား Gift မျိုးများကိုဆောင်းရာသီမှနွေပြောင်းချိန်ဖြစ်၍ ပြန်လည်သားဖောက်ရန်ပြင်ဆင်နေပါပြီခင်ဗျာ မတ် လလည်ရောက်လျင် G...
09/02/2022

တီလားဗီးယား Gift မျိုးများကိုဆောင်းရာသီမှနွေပြောင်းချိန်ဖြစ်၍ ပြန်လည်သားဖောက်ရန်ပြင်ဆင်နေပါပြီခင်ဗျာ မတ် လလည်ရောက်လျင် Gift တီလားဗီးယားမျိုး Monosex (သားမပေါက်သောတီလားဗီးယား) နှင့် Mixsex (သားပေါက်သောတီလားဗီးယား) များမှာယူရရှိနိင်ပါသည်။

Gift Monosex တီလားဗီးယား အကောင်ရေ ၁၀၀၀၀ အားမတ္တရာမှ ဦးခင်မောင်လေးအား ပို့ဆောင်ပေး
22/01/2022

Gift Monosex တီလားဗီးယား အကောင်ရေ ၁၀၀၀၀ အားမတ္တရာမှ ဦးခင်မောင်လေးအား ပို့ဆောင်ပေး

အောင်ဇေယျ ငါးသားပေါက်စခန်း ရွှေဘိုမှရွှေဝါငါးကြင်းသားပေါက်များရပါပြီPh - 092132805
20/01/2022

အောင်ဇေယျ ငါးသားပေါက်စခန်း ရွှေဘိုမှရွှေဝါငါးကြင်းသားပေါက်များရပါပြီ

Ph - 092132805

AZY ငါးသားပေါက်စခန်းမှာ ငါးကြင်းရွှေဝါ - Common Carp များမကြာခင်ရရှိတော့မှာဖြစ်ပါတယ်နော်...အနယ်နယ်အရပ်ရပ်မှမိတ်ဟောင်းမိတ...
29/12/2021

AZY ငါးသားပေါက်စခန်းမှာ ငါးကြင်းရွှေဝါ - Common Carp များမကြာခင်ရရှိတော့မှာဖြစ်ပါတယ်နော်...

အနယ်နယ်အရပ်ရပ်မှမိတ်ဟောင်းမိတ်သစ်များအနေဖြင့် ကြိုတင်မှာယူထားနိုင်ပါတယ်နော်...
အသေအပျောက်တာ၀န်ယူတဲ့ အရောက်ပို့/အရှင်အပ် စနစ်လည်းရှိတာကြောင့်လွယ်လွယ်ကူကူဆက်သွယ်မှာယူနိုင်ပါတယ်နော်...

မှယူချင်တယ်ဆိုရင်တော့အောက်ပါဖုန်းနံပတ်များကို ဆက်သွယ်ပေးပါနော်...

Contact us;

📱 09265279430
📱 09941924085
📱 09254576327
📱 09779525183
📱 092132805

အီးမေးလ်။ [email protected]

လိပ်စာ။ ကားကွင်းလမ်း၊မူးမြောက်ဘက်၊အမှတ်(၆)၊ရွှေဘိုမြို့။

AZY ငါးသားပေါက်စခန်း မှ GIFT တီလားပီးယားများ စတင်ရရှိ့ပါပြီခင်ဗျ။ယနေ့၀ယ်ယူအားပေးသော-------------------------------------...
18/12/2021

AZY ငါးသားပေါက်စခန်း မှ GIFT တီလားပီးယားများ စတင်ရရှိ့ပါပြီခင်ဗျ။

ယနေ့၀ယ်ယူအားပေးသော
-----------------------------------------
🐟 ဗမော်မြို့မှ ဖောက်သည်ကြီး ကိုစည် ဆီသို့ မိုနိုဆက် တီလားပီးယား ငါးကောင်‌ရေ ၁၀,၀၀၀‌ ကောင် ကို ဗမော်မန်း ကားဂိတ်ဖြင့် ပို့ဆောင်ရောင်းချပေးလိုက်ပါပြီ။

အစာ ၃ရက်စာ လက်ဆောင်ထည့်ပေးလိုက်ပါတယ်နော် ကိုစည်ရေ။

အနယ်နယ်အရပ်ရပ် မှ၀ယ်ယူအားပေးသော မိတ်ဟောင်း/မိတ်သစ် Customer များကိုလည်း အထူးပင်ကျေးဇူးတင်ရှိ့ပါတယ်။

မျိုးငါးဆက်သွယ်မှာယူရန်
_________________________
09 265 279 430
09 779 5251 83
09 9797 227 27

GIFT Tilapia
16/12/2021

GIFT Tilapia

Genetically improved farmed tilapia (GIFT) are now in their 17th generation and grow 100% faster than they did before the breeding program started! Learn more about the genetic gains made by the CGIAR Research Program on Fish in their 2020 Annual Report: https://bit.ly/3rKLUHg

AZY HATCHERY မှ GIFT တီလားပီးယားများ စတင်ရရှိ့ပါပြီခင်ဗျ။ယနေ့--------🐟 ထီးချိုင့် သို့ GIFT မိုနိုဆက် တီလားပီးယား ၁၂၀၀၀ ...
14/12/2021

AZY HATCHERY မှ GIFT တီလားပီးယားများ စတင်ရရှိ့ပါပြီခင်ဗျ။

ယနေ့
--------
🐟 ထီးချိုင့် သို့ GIFT မိုနိုဆက် တီလားပီးယား ၁၂၀၀၀ ကောင်၊
🐟 နမ်မတီး သို့ GIFT မစ်ဆက် တီလားပီးယား
၃၅၀၀၀ ကောင် တို့ကို ရောင်းချပေးလိုက်ပါပြီ။

အနယ်နယ်အရပ်ရပ် မှ၀ယ်ယူအားပေးသော မိတ်ဟောင်း/မိတ်သစ် Customer များကိုလည်း အထူးပင်ကျေးဇူးတင်ရှိ့ပါတယ်။

မျိုးငါးဆက်သွယ်မှာယူရန်
_________________________
09 265 279 430
09 779 5251 83
09 9797 227 27

GIFT Tilapia မျိုးစိပ် MonoSex ကို AZY Hatchery မှာဒီနှစ်အတွက်က December လ ဒုတိယအပတ်မှ စတင်ရရှိ့မှာဖြစ်ပါတယ်။ရချင်တယ်ဆို...
07/12/2021

GIFT Tilapia မျိုးစိပ် MonoSex ကို AZY Hatchery မှာဒီနှစ်အတွက်က December လ ဒုတိယအပတ်မှ စတင်ရရှိ့မှာဖြစ်ပါတယ်။

ရချင်တယ်ဆိုရင်တော့ မိတ်‌‌ဟောင်း မိတ်သစ်များအနေဖြင့် ကြိုတင် Pre Orderတင်ထားမှဖြစ်မယ်နော်။
Massagerမှာလာ၍ မှာယူနိုင်သလို အောက်ပါဖုန်းနံပတ်များကိုလည်း ဆက်သွယ်၍ မှာယူနိုင်ပါတယ်။

Contact Us;
___________

099829 855 82
099797 227 27
09779 5251 83

GIFT Tilapia အကြောင်း တစေ့တစောင်း-----------------------------------------------------------------------ကြီးထွားနှုန်းမြ...
24/11/2021

GIFT Tilapia အကြောင်း တစေ့တစောင်း
-----------------------------------------------------------------------
ကြီးထွားနှုန်းမြန်ပြီး မျိုးရိုးဗီဇကောင်းမွန်သော မွေးမြူ‌ရေးအတွက်သီးသန့် ပြုစုထားသောထားသော တီလားပီးယား (GIFT) သည် အိန္ဒိယနိုင်ငံတွင် ငါးပုစွန်မွေးမြူရေးအတွက် အရေးကြီးသော မျိုးစိတ်တစ်ခုဖြစ်သည်။
1988 ခုနှစ်တွင် စတင်ခဲ့ပြီး၊ WorldFish မှ CGIAR သုတေသီများ ဦးဆောင်သော မျိုးရိုးဗီဇ ပိုမိုကောင်းမွန်သော မွေးမြူထားသော တီလာပီးယား (GIFT) ပရောဂျက်သည် စီးပွားဖြစ်နှင့် အသေးစားစနစ်များ နှစ်မျိုးစလုံးတွင် ငါးများ၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။ အသေးစားလယ်သမားများအတွက် GIFT သည် ရေရှည်တည်တံ့သော ၀င်ငွေ၊ အစားအစာနှင့် အာဟာရအရင်းအမြစ်ကို ပံ့ပိုးပေးပါသည်။ ရာသီဥတုဖောက်ပြန်မှုနှင့်အတူ လယ်သမားများကို လိုက်လျောညီထွေဖြစ်အောင်လည်း ကူညီပေးခဲ့သည်။
ယခု GIFT သည် တိုက်ကြီးငါးတိုက်ရှိ နိုင်ငံပေါင်း 14 နိုင်ငံထက်မနည်းတွင် ထုတ်လုပ်ထားပြီး ထုတ်လုပ်မှုစက်ဝန်းကို ပို၍လျင်မြန်ထိရောက်စွာ ပြီးမြောက်နိုင်ပြီဖြစ်သည်။ တိုးတက်လာသော မျိုးကွဲ၊ နိုင်းတီလာပီးယားနှင့် ၎င်း၏ ဆင်းသက်လာမှုများသည် ယခုအခါ ကမ္ဘာပေါ်ရှိ တီလားပီးယား ထုတ်လုပ်မှု၏ ထက်ဝက်ကျော်အတွက် တာဝန်ရှိပါသည်။
တိလာပီးယားသည် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် မရှိမဖြစ်လိုအပ်သော ဖက်တီးအက်ဆစ်များကို တတ်နိုင်သော အရင်းအမြစ်တစ်ခုဖြစ်သည်။ ၎င်း၏ထူးခြားသောဝိသေသလက္ခဏာများက ၎င်းအား ရွေးချယ်မျိုးပွားခြင်းဖြင့် မျိုးဗီဇတိုးတက်မှုအတွက် စံပြကိုယ်စားလှယ်ဖြစ်လာစေသည်။ တီလားပီးယား ကို အမျိုးမျိုးသော မွေးမြူရေးစနစ်များတွင် မွေးမြူနိုင်သည်။ ကွဲပြားသော ရေအရည်အသွေးကို သဘာဝအတိုင်း ခံနိုင်ရည်ရှိပြီး ရေချိုပတ်ဝန်းကျင်တွင် ကြီးထွားနိုင်သည်။
တီလားပီးယားသည် မာကျောပြီး ရောဂါခံနိုင်ရည်ရှိသောကြောင့် အစားအစာ၊ အာဟာရနှင့် ဝင်ငွေအတွက် အသေးစားတောင်သူလယ်သမားများအတွက် စျေးကွက်‌ ကောင်းမွန်ပြီး မွေးမြူရန် လွယ်ကူပါသည်။ တီလာပီးယား ငါးသည် လေးလမှ ခြောက်လအတွင်း စတင်ပေါက်ပွားခဲ့ပြီး အချိန်တိုအတွင်း မျိုးရိုးဗီဇတိုးတက်မှုကို ပြုလုပ်နိုင်စေပါသည်။
တီလာပီးယားသည် ကမ္ဘာပေါ်တွင် ငါးကြင်းနှင့် ဆယ်လ်မွန် ပြီးနောက် တတိယအရေးအကြီးဆုံးငါးဖြစ်သည်။ GIFT တီလားပီးယားငါး သည် အပူပိုင်းဇုန်တွင်‌ မွေးမြူရေးအတွက် အသင့်တော်ဆုံးဖြစ်ပြီး မျှတသောအပူချိန်သည် ကြီးထွားမှုမြန်ဆန်ရန်အတွက် အလွန်သင့်လျော်သောကြောင့်ဖြစ်သည်။ GIFT တီလားပီးယားငါးသည် အပူချိန် ၈၂ မှ ၈၆ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိသည်။ GIFT တီလားပီးယားငါးသည် သုတေသနအဖွဲ့ အစည်းများစွာမှ မိုနိုဆက် လိင်‌ပြောင်းယဉ်ကျေးမှုကို ထွန်းကားစေသည့် သုတေသနအဖွဲ့ အစည်းများ၏ စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်သည်။ လက်ရှိတွင် မျိုးဗီဇပြုပြင်မွေးမြူထားသော တီလားပီးယား (GIFT) ကို ကျွန်ုပ်တို့နိုင်ငံ၌ အောင်မြင်စွာ ထုတ်လုပ် မွေးမြူလျက်ရှိပါသည်။ ဤမျိုးစိတ်သည် 400-500 gms (25 ကျပ်သား မှ ၃၀ ကျပ်သား) အရွယ်အစားသို့ ရောက်ရှိရန် 5 လသာ ကြာပါသည်။

Address

မူးဘောင်လမ်း(မြောက်ခြမ်း)
Shwebo

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+9592132805

Website

Alerts

Be the first to know and let us send you an email when Aung Zay Ya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Aung Zay Ya:

Share

Category