U Nay-Kyauk Kwin

U Nay-Kyauk Kwin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Nay-Kyauk Kwin, Poet, Pyay.

 #မျှော်ကာတတဲ့ အလွမ်းပုံပြင်ရှိုက်ခဲ့ဖူးတဲ့ အချစ်ဟာလတ်ဆတ်လွန်းတဲ့ လေလိုပဲအချစ်ရပ်ဝန်းလေးမှာ ရှင်သန်တုန်းက. . .ရှုထုတ်လို...
28/02/2026

#မျှော်ကာတတဲ့ အလွမ်းပုံပြင်
ရှိုက်ခဲ့ဖူးတဲ့ အချစ်ဟာ
လတ်ဆတ်လွန်းတဲ့ လေလိုပဲ
အချစ်ရပ်ဝန်းလေးမှာ ရှင်သန်တုန်းက. . .

ရှုထုတ်လိုက်တဲ့ အခိုးငွေ့
အရင်လိုမဟုတ် အလွမ်းငွေ့သာ
တမြည့်မြည့်နဲ့ကျန်ရစ်ခဲ့ နေဝင်ညတွေမှာ. . .

ပြန်ဆုံချိန်သာ မျှော်ကာတမ်းတ
ဝေးရချိန်များ အင်မတန်လွမ်းလှ
မျဉ်းပြိုင်နှစ်​ကြောင်းထက်က လေလိုင်းကသာ
ဒို့နှစ်ဦးအတွက် ဆုံဆည်းစေခဲ့. . .

ပြန်စာမလာ မျှော်ကာတတော့
အနေဝေးလို့ သွေးအေးမှာစိုး
သော့ခတ်ထားတယ် အချစ်အိမ်ရယ်
မျှော်သူလာမည့် ဒီရင်ခွင်မှာကွယ်. . .
ဦးနေ

 #ဆင်ခြင်တုံအတွေးအတွေးရှုပ်‌‌ထွေး မတူညီခဲ့တာလူသားတို့သဘာဝအတွေးတစ်ခုက ကမ္ဘာပတ်နိုင်တယ်အတွေးများက ကောင်းကင်သို့ နှင်စေသလို...
07/02/2026

#ဆင်ခြင်တုံအတွေး
အတွေးရှုပ်‌‌ထွေး မတူညီခဲ့တာ
လူသားတို့သဘာဝ
အတွေးတစ်ခုက ကမ္ဘာပတ်နိုင်တယ်
အတွေးများက ကောင်းကင်သို့ နှင်စေသလို
ချော်ထွက်အတွေး သောကငရဲမှာလောင်ကျွမ်းစေနိုင်တယ်
ဒါကြောင့်. . .
အတွေးတစ်ခု ဆင်ခြင်တုံတရားနဲ့ သတိပြုစေလို. . .။
ဦးနေ

 #အဆိပ်ပြင်းသော အစွယ်မသိမသာ သိသိသာသာဘဝတွေပျက် လူသားမျိုးနွယ်ကိုရိုက်နှက်ရန်စွယ် အဆိပ်ပြင်းသောအစွယ်ထိုအရာကား မူးယစ်ဆေးဝါး...
07/02/2026

#အဆိပ်ပြင်းသော အစွယ်
မသိမသာ သိသိသာသာ
ဘဝတွေပျက် လူသားမျိုးနွယ်ကိုရိုက်နှက်
ရန်စွယ် အဆိပ်ပြင်းသောအစွယ်
ထိုအရာကား မူးယစ်ဆေးဝါးတည်း. . .။

ရှောင်ဖယ်ဝေးဝေး လက်တွဲကာတိုက်ဖျက်
လူသားအရေးမို့ ဥယျာဉ်ခင်းထဲ
ရောင်စုံပန်းများ လှပဖို့
ဘာသာနိုင်ငံ လူသားတို့တာဝန်လေ. . .။

ကောင်းခြင်းဆိုးခြင်း စွဲလန်းခြင်းအရာ
လူငယ်များသိတယ်
အနာဂတ်ကိုရိုက်မချိုး စွဲလန်းမှုများသတိပြုလို့
အဆိပ်ပြင်းသောအစွယ်ကို တွန်းလှန်းကြစို့. . .။
ဦးနေ

 #ကြမ္မာစက်ဝိုင်းခဏတာတွေ့ဆုံဘဝတစ်ခုနီးပါ ခွဲခွါရကိုယ်ချစ်ရသူတွေနဲ့ပေါ့. . .ဒါဟာသိပ်မဆန်းကြယ်လောကမာယာပေတွေ့ဆုံ၊ ခင်မင်၊ ခ...
07/02/2026

#ကြမ္မာစက်ဝိုင်း
ခဏတာတွေ့ဆုံ
ဘဝတစ်ခုနီးပါ ခွဲခွါရ
ကိုယ်ချစ်ရသူတွေနဲ့ပေါ့. . .
ဒါဟာသိပ်မဆန်းကြယ်
လောကမာယာပေ
တွေ့ဆုံ၊ ခင်မင်၊ ချစ်ခင်
နောက်တော့ အကြာကြီးခွဲရတဲ့
ကြမ္မာစက်ဝန်းအောက်က
လူသားတွေပေါ့. . .။
ဦးနေ

 #သမိုင်းမှတ်တမ်းဘဝဇာတ်ခုံဝယ်ဝမ်းနည်းပျော်ရွှင်လည်းရေးနေရအုံးမယ်. . .။လဲကျနေချိန်အောင်မြင်နေချိန်လည်းရေးနေရအုံးမယ်. . .။...
07/02/2026

#သမိုင်းမှတ်တမ်း
ဘဝဇာတ်ခုံဝယ်
ဝမ်းနည်းပျော်ရွှင်လည်း
ရေးနေရအုံးမယ်. . .။

လဲကျနေချိန်
အောင်မြင်နေချိန်လည်း
ရေးနေရအုံးမယ်. . .။

လူကောင်းလူတော်
လူဆိုးလူညံ့လည်း
ဆက်ရေးနေရအုံးမယ်. . .။

မရေးချင်တော့ဘူး
လက်ညောင်းနေလဲ
ဆက်ရေးနေရအုံးမယ်. . .။

ဘဝနိဒါန်းမှနိဂုံးထိ
အဲဒါ. . .
ကိုယ့်သမိုင်းမှတ်တမ်းတည်း. . .။
ဦးနေ

Address

Pyay

Website

Alerts

Be the first to know and let us send you an email when U Nay-Kyauk Kwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category