Old but Gold - Antique collection

Old but Gold - Antique collection အတိတ်က ရွှေမှတ်တမ်းများဆီသို့ ပြန်လည်ခေါ်ဆောင်ပေးသွားပါမယ်။

28/06/2023

ဒီ page လေးကိုလည်း like & follow လုပ်ပေးကြပါဦးဗျ ❣

10/01/2023

မိတော့မိတယ် (1982)
=================
ချိုပြုံး

နိုင်ငံကျော် ရုပ်ရှင်မင်းသမီး အဆိုတော်
ထပ်ဆင့်အကယ်ဒမီ " ချိုပြုံး " ရဲ့ သီချင်းတစ်ပုဒ် ဖြစ်တဲ့ " မိတော့မိတယ် " သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ တော်တော်များများ သိထားကြတာကတော့ ဒီသီချင်းရဲ့ မူရင်းအဆိုရှင်ကို " ချိုပြုံး " လို့ သိထားကြပါတယ်။ ဒါပေမယ့် တကယ့် မူရင်းအဆိုရှင် အမှန်ကတော့
" မာမာအေး " ​ဖြစ်ပါတယ်။

Admin Khant



Original source: U Sann Aung

23/11/2022

ရွဲ့လိုက်တာလားစန္ဒာရယ်
===================
မြင့်မြင့်ကြည်

တစ်ခေတ်တစ်ခါက နာမည်ကျော် အငြိမ့်မင်းသမီး
" မြင့်မြင့်ကြည် " သီဆိုထားတဲ့ " ရွဲ့လိုက်တာလားစန္ဒာရယ် " သီချင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Admin Khant



credit to original uploader

13/11/2022

မြန်မာ့ဂုဏ်ရည်
============

တေးရေး - နန်းတော်ရှေ့ ဆရာတင်
တေးဆို - လေဘာတီ မမြရင်

03/11/2022

"ပန်းပန်လျက်ပါ" ရုပ်ရှင်ဇာတ်ကားမှ မဗေဒါ(ကြည်ကြည်ဌေး) ၏ အငြိမ့်ဇာတ်ဝင်ခန်း

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

ဒီဇာတ်ဝင်ခန်းလေးကတော့ မဗေဒါရဲ့ အဆက်ဟောင်းကြီး ဝန်ထောက်ဦးစောထွန်းနဲ့ ဝန်ထောက်ကတော် ဒေါ်ခင်မမတို့ရဲ့ မင်္ဂလာဆောင်မှာ မဗေဒါတယောက် အငြိမ့်သမပီပီ ခံစားချက်ကိုဘေးချိတ်၊ ဝမ်းနည်းဒဏ်ကိုမြိုသိပ်ပြီး မျက်ရည်လေးစမ်းစမ်းနဲ့ က,ပြခဲ့တဲ့ ဇာတ်ဝင်ခန်းလေးပဲ ဖြစ်ပါတယ်။

အပြောဖြင့်မဖေါ်ပြသော်လည်း မျက်ဝန်းများနှင့် အသံက ငိုကြွေးဒဏ်တွေကို အကနဲ့ဖုံးပြီး ပိုင်နိုင်စွာသရုပ်ဆောင်သွားတဲ့ ဝဏ္ဏကျော်ထင်ကြည်ကြည်ဌေးရဲ့ ဩချဖွယ်ရာ သရုပ်ဆောင်မှုဇာတ်ကွက်လေးကို ရှုစားကြပါဦးခင်ဗျာ။ 🤍

Admin Thant 🌺

02/11/2022

အင်းလျားမှာဆုံစို့ကွယ်
==================
ဟေမာနေဝင်း

" အင်းလျားမှာဆုံစို့ကွယ် " သီချင်းကို ဂန္ထဝင် တေးပြုစာဆို " စန္နယား လှထွတ် " က ရေးစပ်ခဲ့ပြီး မူရင်းအဆိုရှင်ကတော့ ဂန္ထဝင် တေးသံရှင် " မာမာအေး " က သီဆိုခဲ့ပါတယ်။ နိုင်ငံကျော် တေးသံရှင် " ဟေမာနေဝင်း " ပြန်လည်သီဆိုခဲ့တဲ့ မှတ်တမ်းလေးကို တင်ဆက်ပေးလိုက် ပါတယ်။

Admin Khant



video credit to original uploader

02/11/2022

ငွေဇင်ယော်သို့
============
မေဆွိ

ဂန္ထဝင် ဂီတစာဆိုတော်ကြီး အလင်္ကာကျော်စွာ မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ " ငွေဇင်ယော်သို့ " သီချင်းလေးကို နိုင်ငံကျော် တေးသံရှင် " မေဆွိ " က ပြန်လည်သီဆိုခဲ့တဲ့ မှတ်တမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Admin Khant



video credit to original uploader

01/11/2022

အားနာတာလား စဥ်းစားတုန်းပဲလား (1989)
=================================
နှင်းနှင်းအေး

တစ်ခေတ်တစ်ခါက Super Star တေးဂီတနဲ့ အတူ အဆိုတော် ညီအစ်မတွေ ဖြစ်တဲ့ သန်းသန်းနွယ် ၊ ခင်မြတ်မူ ၊ နှင်းနှင်းအေး တို့ဟာလည်း ကျော်ကြားခဲ့ကြပါတယ်။ အခုအခါမှာတော့ အဆိုတော် နှင်းနှင်းအေး ကိုယ်တိုင်ရေးစပ် သီဆိုထားတဲ့ " အားနာတာလား စဥ်းစားတုန်းပဲလား " သီချင်းကို တင်ဆက်ပေးလိုက်ပါတယ်။

Admin Khant



video credit: Hnynn Hnynn Aye

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Old but Gold - Antique collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share