Department of Archaeology and National Museum;Pathein

Department of Archaeology and National Museum;Pathein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Department of Archaeology and National Museum;Pathein, Cultural Center, Pathein.

စစ်သူကြီးမဟာဗန္ဓုလ၏ ဓနုဖြူခံတပ်………………………………………………..................ဓနုဖြူခံတပ်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနု...
04/06/2023

စစ်သူကြီးမဟာဗန္ဓုလ၏ ဓနုဖြူခံတပ်
………………………………………………..................

ဓနုဖြူခံတပ်သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူမြို့ အမှတ်(၁)ရပ်ကွက် နှင့် အမှတ်(၁၅)ရပ်ကွက်အကြားတွင် တည်ရှိပါသည်။
ဓနုဖြူမြို့သည် ရှေးမွန်မင်းများ လက်ထက်ကပင် ခံတပ်မြို့ဖြစ်ပါသည်။
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရာမြို့အဖြစ် သမိုင်းတွင် ထင်ရှားသည်။
ရှေးမွန်မင်းများတည်ဆောက်ခဲ့သော အုတ်မြို့ရိုးဟောင်းကို စစ်သူကြီးမဟာဗန္ဓုလမှ ခံတပ်အဖြစ် အခိုင်အမာပြုပြင်တည်ဆောက်ပြီး အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့ပါသည်။
အင်္ဂလိပ်တပ်များ၏ တပ်ပေါင်းစုမှူး ဗိုလ်ချုပ်ကင်းဘဲ၏ စစ်ဘက်ဆိုင်ရာ အတွင်းဝန် မေဂျာစနော့ဒ်ဂရတ်(စ်)က သူ့ရဲ့ Narrative Of The Burmese War စာအုပ်တွင် “မဟာဗန္ဓုလသည် မနှိုင်းယှဉ်သာ လောက်အောင် ပင်ကိုယ်ဉာဏ်အရည်အသွေးဖြင့် အထူးပြည့်ဝကြောင်းကို မည်သူမျှ မငြင်းနိုင်ခြေ။ ထို့အပြင် ဓနုဖြူခံတပ်၏ အကာအကွယ်အနေအထားနှင့် ခံကတုတ်များကို ပြန်ကြည့်ပါက ခေတ်မီလောကဓာတ်ပညာတတ် အင်ဂျင်နီယာကြီးများ၏ လက်ရာများကဲ့သို့ပင် အထူးချီးမွမ်းဖွယ်ကောင်းသည်ကို တွေ့ရပေသည်”… ဆိုပြီး ချီးကျူးရေးသားထားခဲ့ကြောင်းကိုလည်း မှတ်တမ်းများအရ သိရှိရပါသည်။
မူလခံတပ်မှာ မြစ်ဘက်တွင် အလျား(၁)မိုင်ခန့်ရှိခဲ့ပြီး အနံပေ(၁၅၀၀ မှ၂၄၀၀)ထိရှိခဲ့သည်ဟု သိရှိရပါ သည်။ လက်ရှိခံတပ်မှာ အလျား (၄၅၀)ပေ၊ အနံ(၁၁)ပေ၊ ထု(၅)ပေ ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ရှေးမူမပျက် ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ပြည်တွင်း/ပြည်ပဧည့်သည်များ (၁၂)လရာသီကာလပတ်လုံး လာရောက်လေ့လာကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။
ခံတပ်အနီးတည်ရှိသော သဒ္ဓမ္မ ဇောတိကရာမ ပါဠိတက္ကသိုလ့ကျောင်းတိုက်၏ အဝင်စောင်းတန်း (၄၂၀ ပေ)မှာ ခံတပ်၏ အစိတ် အပိုင်းတစ်ခုဖြစ်ပြီး စောင်းတန်းအဆုံးတွင် မဟာဗန္ဓုလကျဆုံးသည့်နေရာ အထိမ်းအမှတ်ရုပ်ထုနှင့် ကျောက်စာတိုင်၊ အုတ်ဂူတည်ရှိရာ အဆောက်အအုံ(၁)ခုကိုလည်း လေ့လာနိုင်ပါသည်။

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Department of Archaeology and National Museum;Pathein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share