𝒩𝒪𝒯ℰ

26/01/2024

နောက်ဆုံးတော့လည်း
ကြိုးပြတ်သွားတဲ့ စွန်လိုပါပဲ။
သူလည်း ကျွန်တော့်ဆီပြန်မလာတော့သလို
ကျွန်တော်လည်း သူ့ကို လိုက်မရှာဖြစ်တော့ပါဘူး။

#ဖော်မီယာ

24/01/2024

ငါဟာ ငါပဲပေါ့ အချစ်ရယ်
ငါ့စံနှုန်းနဲ့ ငါ့ဥပဒေနဲ့ ငါ့စည်းကမ်းနဲ့
ငါ့သမိုင်းကို ငါကိုယ်တိုင်ရေးနေစဥ်မှာပဲ
ငါယုံကြည်ကိုးကွယ်မိတဲ့
ဘုရားသခင်ဟာမင်းဖြစ်နေတော့
ဟုတ်ကဲ့ဆိုပြီး ခေါင်းငြိမ့်ခဲ့ရတယ်။

ပြိုင်မငြင်းရက်ပါဘူးအချစ်ရယ်
ကမ္ဘာ့အလှဘုရင်မဟာ ပုဇွန်ဦးနှောက်နဲ့
ဟစ်တလာကို ချီးမွမ်းခန်းထုတ်နေလည်း
အချစ်ကသာ အနိုင်ရပါစေ
ငါက ရှုံးပြီးသားပါ။

#ဘယ်လာခင်

23/01/2024

ရှုံးမယ်ဆိုတာသိရက်နဲ့
နှလုံးသားရော ဘဝရော
လောင်းကြေးထပ်ပြီး ချစ်ခဲ့တဲ့ကောင်ပါ
မင်းဖြစ်နေလို့ကိုအရှုံးပေးခဲ့တာ
ဒီပွဲမှာ သရေဆိုတာမရှိဘူး
မင်းနိင်ပါတယ်
မပြိုင်ခင်ကတည်းက
မင်းကိုအရှုံးပေးခဲ့ပြီးသားမို့ပါ

#အပယ်ခံ-ပုတီးကုန်း

22/01/2024

ချစ်လှစွာသော
လောကဓံတရားရေ
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ
ချစ်နေရပါတယ် ။

#မောင်ချောနွယ်

Address

Pathein

Website

Alerts

Be the first to know and let us send you an email when 𝒩𝒪𝒯ℰ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category