DonnaLay

DonnaLay Hello! Wellcome My page.Give me Like & Follow.

03/06/2023

ဖတ်ဖြစ်အောင် ဖတ်ပေးနော်
မဖတ်ဖြစ်ရင်တောင်မှ Save ထားပေါ့
အားလပ်ချိန် ပြန်ဖတ်လိုရအောင်
အောက်ကရေးထားတဲ့ စာသားနဲ့
အပြင်မှာ တညီထဲဖြစ်ဖူး ကြုံဖူးကြမှာပါ :-)

ညနေ တစ်ခုမှာ
ဆိတ်လေး တစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။

ရုတ်တရက်
သစ်ပင် ခြုံကြားထဲက
ဝံပုလွေတစ်ကောင် ရောက်လာပြီး
ဆိတ်ကို စားမယ်ပြင်တယ်။

ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။

နွားက
သစ်ပင်ခြုံထဲက တစ်ချက်လှမ်းကြည့်ပြီး
ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းက
ခေါင်းငုံပြီး တစ်ချက်ကြည့်၊
ဝံပုလွေကိုတွေ့တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀က်ကလည်း
ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးလေးက
ဆိတ်အော်သံ ကြားတော့
ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး
ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

ဝံပုလွေ နာလွန်းလို့ ထအော်တယ်၊
ခွေးမာန်ဖီ လိုက်တော့
လန့်ပြီး ပြေးပါလေရော။

အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။

နွားက
နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင် လုပ်ပစ်မှာပေါ့။

မြင်းက
နင်က ဘာလို့ ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့။

ဝက်က
နင် ငါ့ကို ခေါ်ရောပေါ့
ငါတစ်ချက် ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ။

အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနေစရာမလိုပါဘူး။

တစ်ကယ် လိုအပ်ချိန်မှာ
မင်းကို လက်လှမ်း ကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။

************************

အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ
သူငယ်ချင်းအစစ် ဟုတ်မဟုတ်
မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတစ်ကယ် အကူအညီ လိုအပ်နေချိန်မှာ
အပိုမပြောပဲ ကူညီတဲ့သူ ဂရုစိုက်တဲ့ သူသာ
တစ်ကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။

ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်းများ ပိုင်ဆိုင်ကြပါစေ....❤️Crd.. #ဘဝရဲ့ခရီးသည် ✍️✍️

03/06/2023

"ဖိနပ်"
ဘယ်လောက်အဖိုးတန်တန်
ခေါင်းမှာပန်လို့တော့ မရဘူး။
"လူယုတ်မာ"
ဘယ်လောက်တော်တော်
သူတော်ကောင်းဘွဲ့တော့ မရဘူး။
"မိဘ"
ဘယ်လောက်ပဲ သားသမီးကိုချစ်ချစ်
မချစ်တတ်ရင် ချစ်ရာမရောက်ဘူး။
"သားသမီး"
ဘယ်လောက်ပဲ မိဘကဆိုးဆိုး
မပြစ်မှားထိုက်ဘူး။
"ဆရာ"
ဘယ်လောက်ပဲ ပညာတွေစုံစုံ
လမ်းမှားကိုသင်ပေးနေရင်
တပည့်တွေဒုက္ခရောက်တယ်။
"တပည့်"
ဘယ်လောက်ပဲ ဆရာဆိုးဆိုး
လမ်းမှန်ကိုညွန်ပြရင် ချည်းကပ်သင့်တယ်။
"သူငယ်ချင်း"
ဘယ်လောက်ပဲ ကိုယ့်အပေါ်ကောင်းကောင်း
လမ်းမွားကိုဆြဲခေါ်နေရင် မပေါင်းထိုက်ဘူး။
"မိသားစု"
ဘယ်လောက်ပဲ သဘေားထားတွေ
ကွဲလွဲနေပါစေ သွေးတော့မကွဲသင့်ဘူး။
"ချစ်သူ"
ဘယ်လောက်ပဲ ချစ်ချစ်
နာကျင်မှုတွေပေးနေရင် လမ်းခွဲသင့်တယ်။
"အိမ်ထောင်ရေး"
ဘယ်လောက်ပဲ နားလည်မှုတွေပေးပေး
ဖောက်ပြန်တာကိုတော့ လက်မခံသင့်ဘူး။
"ပတ်ဝန်းကျင်"
ဘယ်လောက်ပဲ ဝေဖန်ဖန်
ကိုယ်အနေမှန်ရင်
ဝေဖန်တာတွေ ရပ်သွားလိမ့်မယ်။
"စကား"
ဘယ်လောက်ပဲ တတ်တတ်
လိုအပ်သလောက်ပဲ ပြောသင့်တယ်။
"နား"
ကိုယ်အပြောထက်
သူပြောကို နားထောင်ပေးတာ
ပိုပြီးအကျိုးရှိတယ်။
"မျက်စိ"
ကိုယ်ဘာမြင်လိုက်သလဲဆိုတာ
ကိုယ်ဘယ်လို ကြည့်သလဲဆိုတဲ့အပေါ်မှာ
မူတယ်တယ်။
"အကျင့်"
ဘယ်လောက်ပဲ ရုပ်ဆိုးဆိုး
အကျင့်ကောင်းနေရင် လူချစ်တယ်။
"မာန"
ဘယ်လောက်ပဲ ပညာတတ်တတ်
မာန်ရှိနေရင် ပညာရှိမဟုတ်ဘူး။
"စေတနာ"
ဘယ်လောက်ပဲ ပါပါ
ဉာဏ်ပညာမပါရင် မထိရောက်ဘူး။
"ဝီရိယ"
ဘယ်လောက်ပဲ ကောင်းကောင်း
ဉာဏ်ပညာနဲ့မလုပ်ရင် မအောင်မြင်နိုင်ဘူး။
"ပိုက်ဆံ"
မရှိခင် ချွေတာစုဆောင်းပြီး
ရှိလာတဲ့အခါ မ်ွဝေသုံးစွဲသင့်တယ်။
"အကောင်းမြင်စိတ်"
မိမိစိတ်ကို ငြိမ်းချမ်းစေဖို့
လိုကို လိုအပ်တဲ့အရာဖြစ်တယ်။
"စာအုပ် စာပေ"
စာပေအရသာကို
ခံစားမိရင်
စာဖတ်ချိန်ဆိုတာ
အလိုလို ရလာပါလိမ့်မယ်။
____အရှင်လက္ခဏ(အင်းပါ)
လေးစားစွာဖြင့်

 ရုံးတစ်ရုံးမှာ ဝန်ထမ်းချင်းမကောင်းကြောင်း အထက်လူကြီးကို ညှောင့်တဲ့ဝန်ထမ်း တစ်ကောင်ရှိနေရင်အဲ့ရုံးရဲ့စည်းလုံးမူ့ကပျက်ပြာ...
23/05/2023


ရုံးတစ်ရုံးမှာ ဝန်ထမ်းချင်းမကောင်းကြောင်း အထက်လူကြီးကို ညှောင့်တဲ့ဝန်ထမ်း တစ်ကောင်ရှိနေရင်အဲ့ရုံးရဲ့စည်းလုံးမူ့ကပျက်ပြားနေမှာပါ ယုံတဲ့လူကြီးဟာလည်းမျက်ကန်းတစ္ဆေပါပဲ
(ကိုယ်လည်းအဲ့လိုအညှောင့်ခံရတာကြောင့်အရမ်းချစ်တဲ့ဘဏ်ကိုစွန့်လွတ်ခဲ့တာ)

"သွေးခွဲအုပ်ချုပ်ကြမှာလား"
-------------------------

လုပ်ငန်းခွင်ထဲမှာကျွန်တော်တို့တွေ...ကျင်လည်လှုပ်ရှားကြတဲ့အခါမှာ...
အထက်ကအုပ်ချုပ်သူလူကြီးတွေများစွာ ကြုံခဲ့ကြရဖူးမှာပါ...

အုပ်ချုပ်သူနေရာရောက်ရှိနေကြတဲ့အထက်လူကြီးတွေဟာ...
အချို့ကလုပ်ငန်းအတွေ့အကြုံအရဝန်ထမ်းတွေကိုအုပ်ချုပ်မှုပေးကြသလို...
အချို့ကစနစ်တကျသင်ယူ လေ့လာထားကြတဲ့စီမံခန့်ခွဲမှုပညာရပ်နဲအုပ်ချုပ်မှုပေးပြီး...
အချို့ကမိမိရဲ့စိတ်ခံစားချက်အတိုင်းအုပ်ချုပ်မှု ပေးတတ်ကြပါတယ် ...

မတူကွဲပြားတဲ့အုပ်ချုပ်မှုပုံစံတွေထဲကမှ...အချို့တွေက.ဝန်ထမ်းတွေကြား " သွေးခွဲအုပ်ချုပ်တဲ့စနစ် " ကိုကျင့်သုံးတတ်ကြပါတယ် ...

ဒီစနစ်ကိုကျင့်သုံးရခြင်းရဲ့အဓိကရည်ရွယ်ရင်းဟာ...
ကိုယ်အုပ်ချုပ်တဲ့ " Team " ထဲကဝန်ထမ်းတွေအချင်းချင်းမညီညွတ်မှ...
တစ်ဦးရဲ့ကွယ်ရာမှာတစ်ဦးရဲ့အကြောင်းကို...အုပ်ချုပ်သူထံသတင်းအကုန်အစင်သိ ရဖို့ရည်စူးတာပဲဖြစ်ပါတယ်...

ကျွန်တော်ကတော့ဒီလိုအုပ်ချုပ်တဲ့စနစ်ကို...
" သွေးကြောင်သောအုပ်ချုပ်ရေးစနစ် " ဒါမှမဟုတ်... " မိမိရဲ့အုပ်ချုပ်မှုစွမ်းရည်အပေါ်ယုံကြည်မှုအားနည်းသောအုပ်ချုပ်မှုစနစ် " ရယ်လို့ယူဆပါတယ် ~~~

ဒီစနစ်ကိုကျင့်သုံးလိုက်တဲ့အခါ...ဝန်ထမ်းတွေကြားမှာ အချင်းချင်းစည်းလုံးမှုပျက်ပြားသွားပါတယ်.
နောက်ကွယ်မှာ..လူကြီးကိုကိုယ့်အကြောင်းမဟုတ်တာ တွေဘာများပြောလိမ့်မလဲဆိုတဲ့အတွေးတွေနဲ့. လုပ်ငန်းခွင်လာဖို့မပျော်ပိုက်တာတွေဖြစ်လာပါတယ်.

တကယ်တော့ဘယ်အလုပ်မဆို...တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ပြီးမြောက်နိုင်တာမဟုတ်ပါဘူး.
ဖြောင့်မတ်တဲ့အုပ်ချုပ်သူလူကြီးအောက်မှာ..ဝန်ထမ်း တွေအားလုံးစုစည်းညီညွတ်စွာလုပ်ဆောင်မှသာ.အလုပ်တွေကချောမွေ့စွာပြီးမြောက်တာဆိုတာကို...အုပ်ချုပ်သူတွေကောင်းကောင်းနားလည်ဖို့လိုပါတယ်.

ဝန်ထမ်းတွေအချင်းချင်းမစည်းလုံးရင်တောင်...အထက်လူကြီးကဖြောင့်မတ်တဲ့စိတ်ထားနဲ့...
သွေးစည်းအောင်လမ်းပြညွှန်ကြားပေးရမယ်ဆိုတာကိုသာ... သတိပြုကျင့်သုံးရမှာပါ ...

ပျော်ရွှင်ချမ်းမြေ့တဲ့လုပ်ငန်းခွင်ဖြစ်ဖို့ဆိုတာ...
အထက်လူကြီးတွေဖြောင့်မတ်မှန်ကန်ပြီး
ဝန်ထမ်းဖြစ်သူတွေစည်းလုံးညီညွတ်စွာလက်တွဲပူး ပေါင်းဆောင်ရွက်မှဆိုတာကို...အုပ်ချုပ်သူလူကြီးတွေ.နားလည်သဘောပေါက်တဲ့အခါမှာ...
" အုပ်ချုပ်သူ " ဆိုတဲ့စကားလုံးထက်...
ချစ်ခင်လေးစားဖွယ် " ခေါင်းဆောင်ကောင်း " တွေ ဖြစ်လာကြမှာအမှန်ပဲ...မဟုတ်ပါလားဗျာ


(MMT)

06/05/2023

တချို့လူတွေက
မျက်လုံးနှစ်လုံး လုံးမြင်နိုင်ပါလျက်နဲ့
မျက်လုံးတစ်လုံးသာမြင်တယ်
မျှမျှတတမကြည့်နိုင်တော့
ကျန်တဲ့မျက်လုံးတစ်လုံးက ကန်းနေသလိုပါပဲ ။

တချို့လူတွေကျပြန်တော့
နားနှစ်ဖက်လုံးကြားနိုင်ပါလျက်နဲ့
နားတစ်ဖက်သာကြားကြတယ်
မျှမျှတတ နားမထောင်တတ်ဘူး
သူကြားချင်တာကြားတယ်
ကျန်တဲ့နားတစ်ဖက်က
ကန်း(ပင်း)နေသလိုပါပဲ ။

တကယ်တော့
လူတစ်ယောက်ဟာ
မျက်လုံးနှစ်လုံးနဲ့ကြည့်ရမယ်
နားနှစ်ဖက်နဲ့ကြားအောင်နားထောင်ရမယ်
အဲဒီမျက်လုံးနှစ်လုံးနဲ့နားနှစ်ဖက်က
သေချာ/မျှတ/စိစစ်/ဝေဖန်/သုံးသပ်ပြီးမှ
တစ်ပေါက်ထဲပါတဲ့
ပါးစပ်ကမှန်ကန်သောစကားကို
ပြောဆိုရမယ် ။

ဒါမှ
မျက်လုံးနှစ်လုံး
နားနှစ်ဖက်
ပါးစပ်တစ်ပေါက်ပါတဲ့ " လူ "လို့
ခေါ်ဆိုထိုက်တယ် ။

အဲဒီလိုမဟုတ်ပဲ
ကိုယ်ထင်ရာကိုယ်စိုင်း
ကိုယ်မြင်ရာကိုယ်လုပ်
ကိုယ်ပြောတာ အမှန်ဆိုပြီး
နေရာတကာ
ကိုယ့်အတ္တကိုရှေ့တန်းတင်ပြီး
မျက်လုံးတစ်လုံးနဲ့သာကြည့်
နားတစ်ဖက်နဲ့သာနားထောင်
မမျှတ/မစီစစ်/မသုံးသပ်ပဲ
ပါးစပ်ပေါက်က
ရမ်းသန်းပြီး
စည်းမရှိ/ကမ်းမရှိ
ပြောချင်ရာလျှောက်ပြော
ဘာမသိ ညာမသိ
ဂဃနဏ မသိဘဲ
စွပ်စွဲပြောဆိုနေလို့ကတော့
၁။မျက်လုံးတစ်ဖက်ကန်းနေတဲ့ " လူ "
၂။နားတစ်ဖက်ကန်း(ပင်း)နေတဲ့ " လူ "
၃။ကိုယ်အင်္ဂါမပြည့်စုံတဲ့ "လူ" လို့ခေါ်ရမှာပဲ ။

လူဆိုတာ
ငါအနိုင်ရရင်ပြီးရော
ငါချမ်းသာရင်ပြီးရော
ငါအသာရရင်ပြီးရောဆိုပြီး
မကောင်းမြင်စိတ်နဲ့
သူတစ်ပါးကို
တစ်ဖက်သတ်နဲ့
ရမ်းသန်းပြီး မပြောရဘူး
မစွပ်စွဲရဘူး ၊

ငါသာမှန်တယ်ဆိုပြီး
ကိုယ့်အတွက်ကြီးပဲ မကြည့်ရဘူး ။

လူမှန်ရင်
အတ္တစိတ်ကို ဘေးဖယ်ပြီး
တစ်ဖက်လူဘယ်လိုဖြစ်သွားမလဲလို့
မျှမျှတတတွေးပေးတဲ့စိတ်ရှိရမယ် ။

လူသားအချင်းချင်း
ကိုယ်ချင်းစာနာတတ်ရမယ် ၊

သူ့ဘက် ကိုယ်ဘက်
မျှတပြီး ကြည့်တတ်ရတယ် ။

သူ့ဘက် ကိုယ့်ဘက်
မျှမျှတတ
တွေးပေးတတ်ရမယ် ။

ဒါမှ
အင်္ဂါပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ပါလိမ့်မယ် ၊

လူတစ်ယောက်ဟာ
အတ္တစိတ်တွေလွန်ကဲသွားရင်
၁။ လူကိုလူချင်းမမြင်နိုင်တော့ဘူး ။
၂။ ကိုယ့်အမှားကိုအမှားလို့မမြင်နိုင်တော့ဘူး ။
၃။ ပြိုင်ဆိုင်မှုတွေနဲ့မအေးချမ်းတော့ဘူး ။
၄။ မိတ်ဆွေကောင်းတွေဆုတ်ယုတ်လာတယ် ။
၅။ ပစ္စည်းဥစ္စာတွေဆုံးရှုံးလာတယ် ။
၆။ ဘဝကအထီးကျန်ဆန်လာတယ် ။
၇။ ခိုက်ရန်ဒေါသတွေနဲ့ပူလောင်လာတယ် ။
၈။ အမှားတွေကိုထပ်ထပ်ပြီးလုပ်လာရင်းနဲ့
နောက်ဆုံးအပါယ်ဘုံကိုရောက်သွားရတယ် ။

ဒါဟာ အတ္တကြီးခြင်းရဲ့အကျိုးဆက်တွေပါပဲ ။

အတ္တ/ပရ မျှမျှတတ ထားရှိနိုင်ကြပါစေ ။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
________
" အတ္တဖြေဆေး " စာအုပ်မှ ဖော်ပြသည်

ဝဋ်ဆိုတဲ့ခုံရုံးက ပိတ်ရက်မရှိဘူး❀▬▬▬❀❀❀▬▬▬❀ဆဲတာဆဲပေါ့  ……လူတိုင်း ဆဲလို့တတ်တယ် ။ဒါပေမဲ့စရိုက်ချင်းမတူချင်လို့ပြန်မဆဲတာကိ...
05/04/2023

ဝဋ်ဆိုတဲ့ခုံရုံးက ပိတ်ရက်မရှိဘူး
❀▬▬▬❀❀❀▬▬▬❀

ဆဲတာ
ဆဲပေါ့ ……
လူတိုင်း ဆဲလို့တတ်တယ် ။
ဒါပေမဲ့
စရိုက်ချင်းမတူချင်လို့
ပြန်မဆဲတာကို
ကြောက်တယ်လို့ထင်မနေနဲ့ …

လူပါးဝတာ
ဝ ပေါ့ ………
လူတိုင်း လုပ်လို့တတ်တယ် ။
ဒါပေမဲ့
စိတ်ဓာတ်ချင်းမတူချင်လို့
သည်းခံနေတာကို
ကြောက်တယ်လို့ထင်မနေနဲ့...

မိုက်ရိုင်းတာ
ရိုင်းပေါ့ ……………
လူတိုင်း ရိုင်းလို့တတ်တယ် ။
ဒါပေမဲ့
အဆင့်တန်းချင်းမတူချင်လို့
့ပြန်မရိုင်းတာကို
ကြောက်တယ်လို့ထင်မနေနဲ့...

ပြိုင်ပြီးအဖတ်မလုပ်ချင်လို့ရှောင်နေတာကို
ကိုယ့်ကိုယ်ကို သိပ်ဟုတ်နေပြီထင်နေရင်
ဆီနဲ့ရေဟာ
ဘယ်တော့ ရောလို့မရဘူးဆိုတာ
သဘောပေါက်မှလူပီသတာ
တစ်ကောင်ကြွေးထားတာကို သိပ်ပျော်မနေနဲ့
သုံးကောင်ပြန်စားခံရမှာကိုသတိထား...

အချိန်တန်ရင်
ဖားလားငါးလားဆိုတာ
အချိန်ကသက်သေပြသွားမှာပါ ။
ရေပေါ်ဆီဟာ ရေပေါ်ဆီပဲ...

ဝဋ်ဆိုတဲ့ခုံရုံးက
ပိတ်ရက်မရှိဘူး နေ့ညမရှိဘူး ။
လုပ်ရပ်မှန်သမျှကိုအဂတိကင်းကင်းနဲ့
ထိုက်တန်တဲ့ပြစ်ဒါဏ်ချမှတ်မှာပါပဲ…

တစ်ခုတော့သိထားပေါ့
လောကပါလတရားဆိုတာ
အယူခံဝင်ခွင့်မရှိဘူး……… ။ ။



#ဗဟုသုတ

Address

Ngazun-Myotha Street
Ngazun
05281

Alerts

Be the first to know and let us send you an email when DonnaLay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to DonnaLay:

Share