
Myanmar German Shepherd Dog Club and Sieger Shows GSD Dog Shows of Myanmar

22/07/2022

The International Court of Justice (ICJ), the principal judicial organ of the UN, delivers its Judgment on the preliminary objections raised by Myanmar in the case concerning Application of the Convention on the Prevention and Punishment of the Crime of Genocide (The Gambia v. Myanmar) on Friday, 22...

31/07/2020

နေပြည်တော် GSD Show ပွဲ
ကျင်းပရန် (၃)လသာလိုပါတော့သည်
covid ရောဂါ အမြန်ကင်းစင်ပါစေ

အပူဒဏ်သင့်ခြင်း(Heat Stroke)=======================ယခုလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာ ခွေးတွေဟာ အပူဒဏ်သင့်ခြင်း(Heat Stroke...
07/05/2020

အပူဒဏ်သင့်ခြင်း(Heat Stroke)
=======================
ယခုလိုပူပြင်းတဲ့ရာသီဥတုမျိုးမှာ ခွေးတွေဟာ အပူဒဏ်သင့်ခြင်း(Heat Stroke)ကိုခံစားရနိုင်ပါတယ်
(၁) ကိုယ်အပူချိန်(104-110)ံF အထိတိုးလာခြင်း
(၂) အလွန်အမင်းမောဟိုက်ခြင်း
(၃) လျှာအရောင် နီရဲရဲ(သို့)ညိုပုပ်ပုပ်ဖြစ်လာခြင်း
(၄) လျှာရည်ပျစ်လာခြင်း(သို့)မထွက်တော့ခြင်း(လျှာနှင့် နှာခေါင်းချွေးခြောက်သွေ့ခြင်း)
(၅) လမ်းလျှောက်လျှင် ခယိုခယိုင်ဖြစ်လာခြင်းနဲ့
(၆) ဝမ်းပျက်ခြင်း စတဲ့လက္ခဏာတွေဖြစ်လာရင် မပေါ့ဆသင့်ပါဘူး
ခွေးတွေမှာချွေးထွက်စေတဲ့ ချွေးလင်းတွေမပါတာကြောင့် လူတွေလိုချွေးထွက်ခြင်းအားဖြင့် ကိုယ်အပူချိန်ထိမ်းညှိနိုင်ခြင်းမရှိတဲ့အတွက် အသက်အန္တရာယ်အထိရှိနိုင်လာနိုင်ပါတယ်
အထက်ပါလက္ခဏာများတွေ့ရှိပါက
(၁) ခြေဖဝါးနေရာများအား အရက်ပျံဆွတ်ပေးပါ
လှုပ်ရှားမှုအနည်းဆုံးရှိပါစေ
(၂) ဖြစ်နိုင်လျှင် အဲကွန်းအခန်းတွင်ထားပါ(သို့)အရိပ်ရ၍လေတိုက်သောနေရာတွင်ထားပါ
(၃) ခန္တာကိုယ်ပေါ်သို့ရေဖျန်းပေးပါ(သို့)ရေကူးခိုင်းပါ
(၄) ရေအေးအေးကို အဝတိုက်ပေးပါ
(၅) ကျွမ်းကျင်သူ၏အကူအညီကိုရယူပါ

= = = = = = = = = = = = = = = = = = = = = = = = = = =
(Unicode Version)
အပူဒါဏ်သင့်ခြင်း(Heat Stroke)
ခွေးတွေဟာပူပြင်းတဲ့ရာသီဥတုမျိုးမှာ”Heat Stroke” လို့ခေါ်တဲ့အပူဒါဏ်သင့်ခြင်းကို ခံစားရတတ်ပါတယ် ၊ အပူဒါဏ်သင့်ခြင်းဖြစ်တဲ့အခါအသက်အန္တရာယ်အထိဖြစ်လာ တတ်တဲ့အတွက်မပေါဆသင့်ပါဘူး
ခွေးတွေမှာထူးခြားတဲ့အချက်ကတော့ လူအပါအဝင်အခြားတိရစ္ဆာန်တွေမှာလို ချွေးကို ထွက်စေတဲ့ချွေးဂလင်း တွေမပါရှိခြင်းပဲဖြစ်ပါတယ်၊အဲဒါကြောင့်ပတ်ဝန်းကျင်ရာသီဥတုပူပြင်းလာတဲ့အခါခွေးတွေဟာခန္တာကိုယ် အတွင်းမှာစုမိလာတဲ့အပူဓာတ်ကိုချွေးထွက်စေခြင်းအားဖြင့်စွန့်ထုတ်ပြီးအပူချိန်ကိုထိမ်းညှိနိုင်ခြင်းမရှိပါဘူး၊ အဲဒီအားနည်းချက် ကြောင့် ခွေးတွေအပူဒါဏ်သင့်တဲ့အခါ အသက်အန္တရာယ်အထိရှိလာတတ်ပါတယ်
(၁) ခန္တာကိုယ်အပူချိန်ဟာ (104-110)ံF အထိရုတ်တရက်တက်လာခြင်း
(၂) အလွန်အမင်းမောဟိုက်လာခြင်း
(၃) လျှာရဲ့အရောင်ဟာ ပန်းရောင်ကနေနီရဲရဲ(သို့)ညိုပုပ်ပုပ်ဖြစ်လာခြင်း
(၄) လျှာရည်မထွက်တော့ခြင်း(သို့)ပျစ်တွဲတွဲဖြစ်လာခြင်း
(၅) နှာခေါင်းချွေးမထွက်တော့ခြင်း
(၆) လမ်းလျှောက်တဲ့အခါ ခယိုခယိုင်ဖြစ်လာခြင်းနဲ့
(၇) ဝမ်းလျှောဝမ်းပျက်ဖြစ်လာခြင်းစတဲ့လက္ခဏာတွေဟာ အပူဒါဏ်သင့်နေတဲ့လက္ခဏာတွေဖြစ်ပါတယ်
မိမိရဲ့ခွေးမှာအထက်ပါလက္ခဏာများတွေ့ရှိလာပါကအောက်ပါအချက်များကိုချက်ချင်းဆောင်ရွက်သင့်ပါတယ်
(၁) ခွေးရဲ့ခြေဖဝါးနေရာတွေကို ချက်ချင်းအရက်ပျံဆွတ်ပေးဖို့လိုပါတယ်
(၂) ရေအေးအေးကို အဝတိုက်ပေးရပါမယ်
(၃) ခွေးရဲ့ခန္တာကိုယ်ပေါ်ကို ရေအေးအေးလောင်းပေးခြင်း(သို့) ခွေးကိုရေကူးခိုင်းခြင်း တို့ပြုလုပ်ပေးနိုင်ပါ တယ်
(၄) မိမိရဲ့ခွေးကို လှုပ်လှုပ်ရှားရှားသိပ်မလုပ်စေဖို့အတွက်တိတ်ဆိပ်ငြိမ်သက်တဲ့ အခန်းထဲကိုပြောင်းရွှေ့ထား သင့်ပါတယ်
(၅) အဲယားကွန်းအခန်းရှိလျှင် အဲယားကွန်းအခန်းထဲကိုပြောင်းရွှေ့ထားသင့်ပါတယ်
(၆) အဲယားကွန်းအခန်းမရှိလျှင်တော့ အရိပ်ရပြီးလေတိုက်နေတဲ့နေရာပြောင်းရွှေ့ထား သင့်ပါတယ်
(၇) နောက်ဆက်တွဲပြသနာတွေကို ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက် ကျွမ်းကျင်တဲ့တိရစ္ဆာန်ရောဂါကု ဆရာဝန်ရဲ့အကူအညီကိုရယူဖို့လိုအပ်ပါတယ်

A blog about pet care and pet health ခွေးရောဂါ ကြောင်ရောဂါများ cat diseases dog diseases AYPC

မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းတသင်းဖွဲ့စည်းတည်ထောင်တော့မယ်ဆိုရင် အသင်းဖြစ်မြောက်ရေးအတွတ် မတည်ငွေလိုအပ်ပါတယ်၊မတည်ငွေ စိုက...
27/12/2019

မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းတသင်းဖွဲ့စည်းတည်ထောင်တော့မယ်ဆိုရင် အသင်းဖြစ်မြောက်ရေးအတွတ် မတည်ငွေလိုအပ်ပါတယ်၊မတည်ငွေ စိုက်ထူထားသူများသည် အကျိုးအမြတ်မယူရလို့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေမှာ အခန်း(၁)အပိုဒ်(၂)စမှာ တရာဝင်ရေးသားထားပါသည်၊
မိမိစိုက်ထုတ်ထားလို့ မိမိဘာသာအကျိုးအမြတ်ယူမယ်ဆိုရင် တည်ဆဲဥပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်၊ အသင်းဖွဲ့ပြီး မည်သို့မျှ အကျိုးအမြတ် လုပ်ယူလို့ မရပါကြောင်း

အသင်းတသင်းမှာ နှစ်စဉ်ငွေစာရင်းရှင်းတမ်းကို အသင်းအဖွဲ့ဝင်တွေကိုလဲ နှစ်စဉ်ဖော်ပြရမှာဖြစ်ပါတယ်၊

ငွေစာရင်းရှင်းတမ်းဆိုသည်မှာ မှတ်ပုံတင်ထားသော အကျိုးအမြတ် မယူသောမတည်ငွေ၊တည်ဆဲဥပဒေနှင့်အညီ ပြည်တွင်း သို့မဟုတ် ပြည်ပမှလှူဒါန်းငွေများအား မိမိအသင်းအဖွဲ့​၏ စည်းမျဉ် စည်းကမ်းနှင့်အညီ လက်ခံရရှိခြင်းနှင့် သုံးစွဲခြင်းတို့အား မိမိအသင်း​၏ စိမံခန့်ခွဲမူ့ဖြင့် စာရင်းစစ်ဆေးကာ စနစ်တကျ စာရင်းရေးသွင်းထားသော ရှင်းတမ်းကိုဆိုလိုပါသည်။

မကြာခင် အသင်းဖွဲ့စည်းတော့မှာဖြစ်တဲ့အတွတ် မဖွဲ့ခင် အသင်းဝင် အားလုံးရှင်းရှင်းလင်းလင်း သိရအောင် ဖော်ပြရခြင်းဖြစ်ပါကြောင်း
ဆက်လက်ဖော်ပြပါမည်
STN

၆လပိုင်း ၂၀၂၀ မှာကျင်းပဖြစ်မယ်ဆိုရင်ခုလို ညပိုင်းကျင်းပဖို့ စိတ်ကူးမိတယ် အားလုံးရဲ့သဘောထားလေး ရေးပေးခဲ့ကြပါလား၊ညနေ ၄ နာရ...
18/12/2019

၆လပိုင်း ၂၀၂၀ မှာကျင်းပဖြစ်မယ်ဆိုရင်
ခုလို ညပိုင်းကျင်းပဖို့ စိတ်ကူးမိတယ် အားလုံးရဲ့သဘောထားလေး ရေးပေးခဲ့ကြပါလား၊ညနေ ၄ နာရီလောက်က စမယ်ဆိုရင် အစဥ်ပြေမယ်ထင်မိတယ်၊ ရပ်ဝေးကလူအများလဲ မနက်လာ ညနေပြိုင် ပြီး ပြန်လို့ရမဲ့ အခြေအနေမှာ ရှိတော့ ခွေးထားစရာလဲ မပူရတော့ဘူး၊
Photo -crd

မြန်မာနိုင်ငံ ရဲ့........ ?
05/12/2019

မြန်မာနိုင်ငံ ရဲ့........ ?

05/12/2019
29/11/2019Seminar
05/12/2019

29/11/2019
Seminar

Address

Naypyidaw
15011

Telephone

+95 9 44944 9445

Website

Alerts

Be the first to know and let us send you an email when Myanmar German Shepherd Dog Club and Sieger Shows posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share