Best mvi2023

Best mvi2023 ကဗျာချစ်သူများအားလုံးကိုကြိုဆိုပါတယ်

12/08/2023
12/08/2023
12/08/2023
12/08/2023
12/08/2023
30/11/2022

နုပျိုချင်းတွေခမ်းခြောက်တဲ့
ရင့်ရော်ရော်ရွက်ကြမ်းတို့
မြေခကြွေကျခဲ့ရသည်က

ရွက်နုတို့ဝေဝေဆာ
ဖူးပွင့်ကာလှဖို့အရေး
ရင်းနှီးခဲ့ရသည်မဟုတ်ပါလော

ထိုက်တန်၏မတန်၏ဆိုသည်ကား
ရွက်ကြမ်းတို့အဘိဓာန်တွင်
စာလုံးတို့ နတ္တိ ပါတကား

ရာသီတွေအလှည့်ပြောင်းမှာ
မျှတစွာလှပဖို့ရာပေါ့
နှုတ်ဆက်ထွက်ခွာသူရယ်
လွမ်းဆွတ်ကျန်ရစ်သူရယ်
လှပပါတယ်ကမ္ဘာမြေရယ်
TZOမနောမြေ
12:25pm 15.12.2020

"ဥယျာဉ်မှုးတို့ဖြစ်စဥ်များ"​​ဘေးတို့က ဘိုးတို့ကိုပြုစုပျိုးထောင်ခဲ့ကြတယ်ဘိုးတို့က အဖိုးတို့ကိုပြုစုပျိုးထောင်ခဲ့ကြတယ်အဖိ...
12/11/2022

"ဥယျာဉ်မှုးတို့ဖြစ်စဥ်များ"

​​ဘေးတို့က ဘိုးတို့ကို
ပြုစုပျိုးထောင်ခဲ့ကြတယ်

ဘိုးတို့က အဖိုးတို့ကို
ပြုစုပျိုးထောင်ခဲ့ကြတယ်

အဖိုးတို့က အဖေတို့ကို
ပြုစုပျိုးထောင်ခဲ့ကြတယ်

အဖေတို့က ကျနော်တို့ကို
ပြုစုပျိုးထောင်ခဲ့ကြတယ်

ခေတ်တွေအလီလီ နှစ်တွေအဖုံဖုံ
နေ့ရက်အချိန်တွေ
ဘယ်လိုပင်ပြောင်းခဲ့

မိဘဆိုတဲ့ ဥယျာဉ်မှုးလိုချစ်ချင်း
ဘယ်သောအချိန်ခါမှ
မပြောင်းလဲခဲ့ပေါ့

ချစ်ချင်းတွေလက်ဆင့်ကမ်း
တာဝန်တွေကိုစိီ
ပခုံးပြောင်းထမ်းလို့

အသစ်အသစ်သောအချစ်တွေနဲ့
လောကကိုအလှဆင်နေတာ
မိဘတို့ရဲ့မေတ္တာတရားတွေရယ်ပါ

TZO မနောမြေ
9:45AM 12.11.2022

13/03/2021

နိူင်ငံ တခုရဲ့ စစ်တပ်ဆိုတာ
နိူင်ငံ သက်ေတာ်ေစာင့်ပဲ ြဖစ်သင့်တာပါ

နိူင်ငံရဲ့ ဝိညာဉ် ြဖစ်တဲ့ ဒီမိုကေရစီ
မပျောက်ပျက်ေအာင်

နိူင်ငံရဲ့ အလှတရား ြဖစ်တဲ့
တရာမျှတမှု့နဲ့ လူသားချင်းစာနာစိတ်ေတွ မပျောက်ပျက်ေအာင်

ထိန်းသိမ်းေစာက်ေရှာက်တဲ့
သက်ေတာ်ေစာင့်ပဲ ြဖစ်သင့်တာပါ။
TZO မနောေမြ ၁၄.၃.၂၀၂၁

Send a message to learn more

လောကရဲ့ သောကအပူတွေကြားကိုယ်ကနှစ်သိမ့်လိုက်သူကဖြေသိမ့်လိုက်နဲ့ပေါ့လိုအပ်ချက်တွေကိုယ်စီရှိကြပေမဲ့ကိုယ်ကပြုပြင်ပေးလိုက်သူကထ...
06/05/2020

လောကရဲ့ သောကအပူတွေကြား
ကိုယ်ကနှစ်သိမ့်လိုက်
သူကဖြေသိမ့်လိုက်နဲ့ပေါ့

လိုအပ်ချက်တွေကိုယ်စီ
ရှိကြပေမဲ့
ကိုယ်ကပြုပြင်ပေးလိုက်
သူကထိန်းသိမ်းပေးလိုက်နဲ့ပေါ့

တိုတောင်းတဲ့ဒီဘဝရဲ့လမ်း
ငြိမ်းချမ်းစွာပန်းတိုင်းရောက်ဖို့
အချစ်တွေနဲ့လက်ချင်းချိတ်
အပြုံးတွေနဲ့ဆက်ရှောက်ကြပေါ့

အချစ်တွေပန်ဆင်ရင်း
အပြစ်တွေမမြင်ကြပဲ
အပျော်တွေနဲ့ရှေ့ဆက်ကြမယ်
ချစ်ရသူရေ

TZO နောမြေ 7:30 AM
6.5.2020

Address

Myitkyina

Website

Alerts

Be the first to know and let us send you an email when Best mvi2023 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Best mvi2023:

Shortcuts

Share

Category