Poem Box

Poem Box ခံစားချက်ကို ကဗျာအဖြစ်ပြောင်းလဲပါ

03/12/2025

လိင်စိတ်အတက်အကျဆိုတာ
ဝယ်လို့ရတယ် နှင်းသဒ္ဒါ

လူတစ်ယောက် အရိပ်လေးမြင်တာနဲ့
ရင်ခုန်မိခြင်းကိုတော့
ဝယ်ယူလို့ရမှာမဟုတ်ဘူး ။

-ဂန္ဓမာ-

03/12/2025

" အများကြီး ချစ်တာပေါ့ " လို့
တစ်စုံတစ်ယောက်က ပြောရင်

အဝေးကြီး ဝေးရဦးမယ်လို့ပဲ
နားမှာ ကြားတယ်

ဒဏ်ရာ ရထားတဲ့ သားကောင်ဟာ
ခြေသံ ကြားရုံနဲ့ ထပြေးမိတာမျိုး ။

-နွေသစ်ငြိမ်း-

02/12/2025

ဒီတစ်ညတော့ အနှောက်အယှက်ကင်းစွာ
မင်းအိပ်ပျော်နိုင်ပါစေ ။
ကိုယ်ကတော့ ကိုယ့်နာကျင်မှုနဲ့ကိုယ်
ရှိပါစေတော့ကွယ် ။

-ဂန္ဓမာ-

26/09/2025

သတိဆိုတာ ရတတ်မှန်းသိရင်
ငါတို့အစတည်းက
တစ်ယောက်ကိုတစ်ယောက်
သတိမထားမိအောင် နေခဲ့ကြမှာပေါ့ ။

-ဂန္ဓမာ-

အနာကျင်ရဆုံးအချိန်ကိုပြောပါဆိုရင်ကိုယ်အချစ်ဆုံးသူတစ်ယောက်ကသူအချစ်ဆုံးလူတစ်ယောက်ကိုရှာတွေ့သွားတာမျိုးပေါ့-မိုးနေ့-
24/09/2025

အနာကျင်ရဆုံးအချိန်ကိုပြောပါဆိုရင်
ကိုယ်အချစ်ဆုံးသူတစ်ယောက်က
သူအချစ်ဆုံးလူတစ်ယောက်ကို
ရှာတွေ့သွားတာမျိုးပေါ့

-မိုးနေ့-

24/09/2025

ထွက်ပြေးသွားတဲ့သူနောက်
ဆက်မလိုက်တော့ပါဘူး
သူထားသွားတဲ့နေရာမှာပဲ
ရပ်နေလိုက်တယ်
ကမ္ဘာ ကြီးလည်နေတာပဲ
တစ်နေ့ကျရင်သူဒီနေရာကို
ရောက်လာမယ်ဆိုတဲ့ အတွေးနဲ့ပေါ့...

-တာရာမင်းဝေ-

Why(?) နဲ့မေးရင် Because နဲ့ဖြေဆိုလို့"ဘာကြောင့် ကိုယ့်ကိုမချစ်နိုင်ရတာလဲ"လို့မေးတော့ "တရားနဲ့​ဖြေလိုက်ရတယ်။""အကြောင်းပြ...
24/09/2025

Why(?) နဲ့မေးရင်
Because နဲ့ဖြေဆိုလို့
"ဘာကြောင့် ကိုယ့်ကိုမချစ်နိုင်ရတာလဲ"
လို့မေးတော့ "တရားနဲ့​ဖြေလိုက်ရတယ်။"
"အကြောင်းပြချက်မရှိ"တဲ့။
- Pi Ya - ပီယ -

24/09/2025

မင်းကအပြုံးတွေနဲ့သတ်တယ်
ငါက နာကျင်မှုကိုဆေးစွဲသလိုစွဲတယ်
ပြီးတော့ မင်းအကောင်နဲ့
သွားလေးပေါ်အောင်ပြုံးတယ်
ငါက အချစ်ပိုတဲ့ ရောဂါရတယ်...။

-ခန့်ထည်-

အာရုံငါးပါးနဲ့ တပ်မက်ခြင်းမှာသာအသားအရေ၊ အချိုးအစားအသက်အရွယ်ရှိတာပါအချစ်နဲ့ မေတ္တာမှာကျမင်းဟာမင်း ဘာဖြစ်ဖြစ်ပေါ့ အချစ်ရဲ့...
21/09/2025

အာရုံငါးပါးနဲ့ တပ်မက်ခြင်းမှာသာ
အသားအရေ၊ အချိုးအစား
အသက်အရွယ်ရှိတာပါ

အချစ်နဲ့ မေတ္တာမှာကျ
မင်းဟာမင်း ဘာဖြစ်ဖြစ်ပေါ့ အချစ်ရဲ့
မင်းဟာမင်း ဘာဖြစ်ဖြစ် ။

-ဆန်းကျော်စွာဝင်း-

19/09/2025

အဲ့တုန်းက
ကမ္ဘာမှာလူဦးရေ ဘယ်လောက်ရှိလဲ
ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး

သူ့စိတ်ထဲလူဘယ်နယောက် ရှိလဲကိုပဲ
ကျွန်တော်ဂရုစိုက်ခဲ့ပါတယ် ။ ။

-ဂန္ဓမာ- (၂၀၁၇ )

18/09/2025

ကျွန်တော်တို့ဟာ တစ်ချိန်ကျရင်
သူများနဲ့ညားမယ့်သူကိုမှ
ရင်ဘတ်တစ်ခုလုံးနှင့်ရင်း၍
ချစ်မိလေသည်။

-Poem Box-

17/09/2025

အမှတ်တရတွေကတော့
အမှတ်တရအတိုင်းပဲပေါ့။
မေ့ပစ်မှာလည်း မဟုတ်သလို
မေ့မရတာလည်း မဟုတ်ပါဘူး ။

-ခက်နှောင်-

Address

Myeik

Website

Alerts

Be the first to know and let us send you an email when Poem Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category