15/08/2025
✔️✔️✔️
ဓာတ်ပုံဆုတွေရချင်ပါတယ်ဗျာ
photo tripတွေမjoinနိုင်လို့⛔
ခရီးတွေမထွက်နိုင်လို့ ⛔
မအားလို့ ⛔
No ဒါတွေအားလုံးကို ကျွန်တော်ကတော့ Noလို့ပြောချင်ပါတယ်ခင်ဗျာ
ပြိုင်ပွဲပြိုင်တယ်ဆိုတာက တကယ်တော့ အရမ်းလွယ်ပါတယ် ကိုယ့်ဆီမှာရှိတဲ့ပုံနဲ့ title or themeနဲ့ကိုက်ရင်၊ ရပါပြီ
ဒါ့အပြင် ဆိုဒ်ချိူးဖို့နဲ့ သတ်မှတ်ကာလရိုက်ထားတဲ့ပုံဖြစ်ဖို့တော့ လိုတာပေါ့ဗျာ✅
ဓာတ်ပုံပြိုင်ပွဲတစ်ခုမှာ ဆုရခြင်း မရခြင်းက
ပုံကောင်းခြင်း၊မကောင်းခြင်းနဲ့ တိုက်ရိုက်ချိူးကြနေတာတော့မဟုတ်ဘူးဗျ။
ကိုယ်ခံစားလို့ရတဲ့ပုံက ရွေးချယ်မဲ့ဒိုင်တွေရဲ့
ရင်ဘတ်ထဲကို ထိသွားဖို့ပဲလိုတာ
တစ်ခါတစ်လေheavyမှန်းတာတွေက ဆုမရသလို ၊
တစ်ခါတစ်လေ မြင်တာလေးရိုက်ခဲ့ရုံနဲ့လဲ ဆုကရတက်သေးတာ ✅
ဒါကြောင့် ပြိုင်ပွဲပြိုင်မယ်ဆိုရင် ဘာရှိမှ ၊ညာရှိမှထက် ဘာမှမရှိသေးလဲ အလေ့အကျင့်လေးဖြစ်အောင်၊တရင်းတနှီးဖြစ်အောင် ရှိတာလေးပဲတင်ကြည့်စေချင်ပါတယ်
ကျွန်တော်ဆိုရင် ပြိုင်ပွဲတွေစပြိုင်စဉ်က
ဘာဆုကြေးမှမရတဲ့ လူအများအထင်မကြီးကျတဲ့ MEGA PIXELတို့လိုမျိူး Groupလေးတွေကနေ Photo of the day ရလိုက် ပျော်လိုက်၊Photo of the month ရလိုက်ပျော်လိုက်နဲ့ ပြိုင်ပွဲတွေနဲ့ရင်းနှီးမှုယူခဲ့ရပါတယ်ဗျာ ။အဲ့ပွဲလေးတွေကနေပဲ အခြားသူပုံလေးတွေ လေ့လာတယ်။$ပြိုင်ပွဲတွေအတွက် gudie lineပေးမဲ့သူဆိုတာမရှိခဲ့ဘူး။ပြိုင်ပွဲတွေရှာချိန်ပေးရတယ်။တစ်ခါ ruleတွေဖတ်ချိန်ပေးရပြန်တယ်။themeနဲ့ကိုက်မဲ့ပုံစဉ်းစားရတယ် ဒီလိုနဲ့တစ်ဆင့်ချင်းအချိန်ပေးခဲ့ရတယ်။ဒါကြောင့် ခုမှစတင်မဲ့ညီကိုတွေကို အားမလျော့စေချင်ဘူး။
တစ်ပွဲတည်းနဲ့$တန်းရတဲ့သူကတော့Abundanceပေါ့ဗျာ
မရခဲ့ရင်လဲ ကျွန်တော်ပြောသလို ပုံတွေလေ့လာရင်း လေ့ကျင့်ကြည့်ပါဗျာ
ကိုယ့်ပုံတွေကိုယ်ချစ်ပြီး ၊ဆက်လျောက်ဖို့ပဲလိုပါတယ်ဗျာ💪