Aesthetic Love For You

Aesthetic Love For You ဝတ္ထု၊ စာပေ၊ ရသ၊ ဗဟုသုတ ရှာမှီးလိုသူများအတွက်။ ❤️
ぶんがくや ちしき、そして あたらしいことを しりたい人のための いちばん いいページです。❤️

夜中に、急にあなたのことを思い出しました。ညသန်းခေါင်ယံမှာ ရုတ်တရက်ကြီး မင်းကိုသတိရလာမိတယ်။ あなたと会わなくなって、もう三年ぐらいになります。どうして急に思い出したのか、自分でもよく分かりませ...
28/03/2026

夜中に、急にあなたのことを思い出しました。
ညသန်းခေါင်ယံမှာ ရုတ်တရက်ကြီး
မင်းကိုသတိရလာမိတယ်။

あなたと会わなくなって、もう三年ぐらいになります。
どうして急に思い出したのか、自分でもよく分かりません。
မင်းနဲ့မတွေ့ရတာ သုံးနှစ်လောက်ရှိပြီပဲကို ဘယ်လိုဖြစ်လို့လဲ?

あの時、私たちは何でもできると思っていました。
အဲ့ဒီအချိန်တုန်းက ငါတို့တွေက ဘာမဆို လုပ်နိုင်မယ်လို့ ထင်ခဲ့ကြတယ်။

二人だけで海へ行って、写真をたくさん撮(と)ろうねって話しました。
နှစ်ယောက်တည်း ပင်လယ်ကိုသွားပြီး ဓာတ်ပုံတွေရိုက်ကြမယ်လို့ ပြောခဲ့တယ်။

でも今は、その気持ちは全部(ぜんぶ)、風と一緒に消(き)えてしまいました。
အခုတော့ အဲ့ဒီခံစားချက်တွေအားလုံး လေထဲမှာ ပျောက်ကွယ်ကုန်တယ်။

あなたに戻(もど)ってきてほしいわけではありません。
ただ、私のそばにいてくれたあなたのことを、静(しず)かに思い出しているだけです。
မင်းကိုပြန်လိုချင်တာမျိုးမဟုတ်ပေမယ့် ငါ့ဘေးနားမှာ ရှိနေခဲ့တဲ့မင်းကို ဒီတိုင်းလေးပဲ သတိရမိပါတယ်။

🍁🍁

暗い空に 星が 見えるたびに、あの人のことを 思い出します。前は あの人と いっしょに未来を えがきたかったです。あの人と いっしょにしあわせな 人生を つくりたかったです。でも、運命が私たちを はなればなれに しました。夏の 風が ふくた...
27/03/2026

暗い空に 星が 見えるたびに、
あの人のことを 思い出します。

前は あの人と いっしょに
未来を えがきたかったです。

あの人と いっしょに
しあわせな 人生を つくりたかったです。

でも、運命が
私たちを はなればなれに しました。

夏の 風が ふくたびに、
あの人の 声が 聞こえるような 気がします。

🍁🍁

မနေ့က နာကျင်ခဲ့ရင်တောင်၊ ဆုံးရှုံးခဲ့ရင်တောင် လက်မလျှော့ပါနဲ့။ ဒီနေ့မှာ အကောင်းဆုံး ကြိုးစားပြီး မနက်ဖြန်တိုင်းအတွက် အား...
21/03/2026

မနေ့က နာကျင်ခဲ့ရင်တောင်၊ ဆုံးရှုံးခဲ့ရင်တောင် လက်မလျှော့ပါနဲ့။ ဒီနေ့မှာ အကောင်းဆုံး ကြိုးစားပြီး မနက်ဖြန်တိုင်းအတွက် အားအင်အသစ်နဲ့ ရှေ့ဆက်ကြပါ။ ✨

🍁🍁

လမင်းတစ်စင်းရဲ့ငွေဖြူရောင် ရောင်စဉ်တန်းတွေက မင်းလေးရဲ့မျက်နှာကို အလင်းပေးထားသလိုလို....မြစ်ရေတွေက လှိုင်းမထန်ပဲလေညင်းတွေ...
15/01/2026

လမင်းတစ်စင်းရဲ့ငွေဖြူရောင် ရောင်စဉ်တန်းတွေက မင်းလေးရဲ့မျက်နှာကို အလင်းပေးထားသလိုလို....

မြစ်ရေတွေက လှိုင်းမထန်ပဲ
လေညင်းတွေကတောင် ခြေသံလျှော့ပြီး....
မင်း‌လေးရဲ့ ခြေဖဝါးအစုံမှာ
ကမ္ဘာဟာ တိုးတဆိတ်ပဲ အသက်ရှူတယ်....

မျက်ခုံးက
သက်တန့်လေး တစ်စင်းလို
မျက်လုံးက နက်ရှိုင်းတဲ့ ညတစ်ညလို....
နှုတ်ခမ်းပါးက တံခါးမလှပ်ချင်တဲ့ နှင်းဆီပွင့်ချပ်တွေလို....
စကားမဆိုလည်း... နှလုံးသားကို တီးတိုးငိုအောင် လုပ်နိုင်ရဲ့....

ပန်းတွေတောင် မင်းရှေ့မှာ
ရဲရဲတင်းတင်း မပွင့်ရဲဘူး...
အလှဆိုတာ မင်းအမည်နဲ့ပဲ
ပြည့်စုံသွားမှာကြောက်လို့…

မင်းရဲ့ အပြုံးတစ်ချက်မှာ
နွေက ဆောင်းဖြစ်
ဆောင်းက နွေဖြစ်
အချိန်တွေပါ စည်းကမ်းပျက်ကုန်တယ်။

မင်းဟာ ကမ္ဘာရဲ့ အလှကို
ခဏငှားသုံးပြီး... ထာဝရအဖြစ် ပြောင်းလဲပစ်ခဲ့သူပဲ....။ ။


အရာရာတိုင်းဟာ ကံကြမ္မာကြောင့်ဖြစ်လာတာဆိုပေမယ့် သတ္တဝါတစ်ခု ကံတစ်ခုပေါ့။ 🤍
13/01/2026

အရာရာတိုင်းဟာ ကံကြမ္မာကြောင့်ဖြစ်လာတာဆိုပေမယ့် သတ္တဝါတစ်ခု ကံတစ်ခုပေါ့။ 🤍


ခရေပန်းလေးတွေကနူးညံ့စွာ နားလည်နိုင်တဲ့ချစ်ခြင်းနဲ့ လွမ်းခြင်းကို ကိုယ်စားပြုကြတယ်။ဝါညိုညိုသူ့ရဲ့ အရောင်လေးက တိတ်ဆိတ်ညင်သ...
13/01/2026

ခရေပန်းလေးတွေက
နူးညံ့စွာ နားလည်နိုင်တဲ့
ချစ်ခြင်းနဲ့ လွမ်းခြင်းကို ကိုယ်စားပြုကြတယ်။

ဝါညိုညိုသူ့ရဲ့ အရောင်လေးက တိတ်ဆိတ်ညင်သာတဲ့ စိတ်အေးချမ်းမှုနဲ့ လှပမှုကို ပေးတတ်ပြီး အဖြူ‌ဖွေးဖွေး အရောင်လေးက
သန့်ရှင်းမှုနဲ့ စိတ်ကူးယဉ်ဆန်မှုကို တည်ငြိမ်စွာ ပေးစွမ်းနိုင်ကြတယ်။

တစ်စုံတစ်ယောက်ကို ခရေပန်း‌တွေပေးလိုက်တာက
“ငါ့စိတ်ထဲမှာ မင်းအတွက် နေရာတစ်ခုရှိနေတယ်၊ နှလုံးသားနဲ့ထပ်တူ လွမ်းနေတယ်”
လို့ နားလည်စေချင်တဲ့ အဓိပ္ပါယ်တဲ့။

ဝေနေလည်းမွှေး ကြွေကျမြေခရချိန်မှာလည်းမွှေးတဲ့ ပန်းခရေလေးတွေက မြတ်နိုးတတ်တဲ့လူတွေအတွက်တော့ တကယ့်ကိုအဖိုးတန်ပန်းကလေးတွေဖြစ်တယ်။


ကံ့ကော် ပန်းကလေးတွေကရိုးရှင်းပေမယ့်ကြည့်လေ ကြည့်လေအေးချမ်းလာစေတဲ့သဘာဝရဲ့ လက်ဆောင်တစ်ခုလိုပါပဲ။ကံ့ကော်ပန်းတွေကအိမ်၊ မိသား...
09/01/2026

ကံ့ကော် ပန်းကလေးတွေက
ရိုးရှင်းပေမယ့်
ကြည့်လေ ကြည့်လေ
အေးချမ်းလာစေတဲ့
သဘာဝရဲ့ လက်ဆောင်တစ်ခုလိုပါပဲ။

ကံ့ကော်ပန်းတွေက
အိမ်၊ မိသားစုနဲ့
နွေးထွေးတဲ့ အမှတ်တရတွေကိုကိုယ်စားပြုတတ်ပြီးဘယ်နေရာရောက်ရောက် အိမ်ပြန်ချင်စေတဲ့စိတ်လေးကို ပေးတတ်တယ်။

အေးချမ်းဆိတ်ငြိမ်နဲ့ ရနံ့သင်းသင်းလေးနဲ့ အဝါရောင်ဝတ်ဆံလေးတွေက ပျော်ရွှင်ကြည်နူးမှုကို ဖြစ်စေပါတယ်။

“စံပယ်”ပန်းလေးတွေရဲ့ ပန်းစကားက....တိတ်တဆိတ်ချစ်ခြင်း...မပြောပဲ နားလည်ပေးနိုင်မှုနဲ့အချိန်ကြာကြာ မပျောက်ပျက်သွားတဲ့အမှတ်တ...
07/01/2026

“စံပယ်”ပန်းလေးတွေရဲ့ ပန်းစကားက....
တိတ်တဆိတ်ချစ်ခြင်း...
မပြောပဲ နားလည်ပေးနိုင်မှုနဲ့
အချိန်ကြာကြာ မပျောက်ပျက်သွားတဲ့
အမှတ်တရတွေပါတဲ့…။

🌱 နှစ်သစ်ဆိုတာပြီးပြည့်စုံ‌နေဖို့ မလိုပါဘူး....။မရပ်တန့်ဘဲ ဆက်လျှောက်နိုင်ရင်....အဲ့ဒါနဲ့ပဲ လုံလောက်ပါပြီ။
06/01/2026

🌱 နှစ်သစ်ဆိုတာ
ပြီးပြည့်စုံ‌နေဖို့ မလိုပါဘူး....။

မရပ်တန့်ဘဲ ဆက်လျှောက်နိုင်ရင်....
အဲ့ဒါနဲ့ပဲ လုံလောက်ပါပြီ။

ဘဝလက်တွဲဖော်ဆိုတာ အရမ်းကိုအရေးကြီးတယ်။ သေချာစဉ်းစားပြီးရွေးချယ်ရမယ်တဲ့။ အံ့ဩပါ့။ ငါတို့လည်း သေချာရွေးတာပဲလေ။ ရွေးပြီးတော...
05/01/2026

ဘဝလက်တွဲဖော်ဆိုတာ အရမ်းကိုအရေးကြီးတယ်။ သေချာစဉ်းစားပြီးရွေးချယ်ရမယ်တဲ့။

အံ့ဩပါ့။ ငါတို့လည်း သေချာရွေးတာပဲလေ။ ရွေးပြီးတော့မှ မှားမှားသွားတာတော့ မတတ်နိုင်ဘူး။

ချယ်ရီ ပန်းကလေးတွေက ခဏလေးပဲ ပွင့်လန်းပြီးခဏလေးနဲ့ ပျောက်သွားတတ်တယ်။ဒါပေမယ့်...အဲ့ဒီ ခဏလေးအတွင်းမှာပဲအလှအပနဲ့ ဘဝရဲ့ တန်ဖိ...
04/01/2026

ချယ်ရီ ပန်းကလေးတွေက ခဏလေးပဲ ပွင့်လန်းပြီးခဏလေးနဲ့ ပျောက်သွားတတ်တယ်။

ဒါပေမယ့်...
အဲ့ဒီ ခဏလေးအတွင်းမှာပဲအလှအပနဲ့ ဘဝရဲ့ တန်ဖိုးကိုအပြည့်အဝ သင်ပေးနိုင်တယ်။

ချယ်ရီပန်းတွေက
အဆုံးသတ်မရှိတဲ့ အချစ်မဟုတ်ဘူး။
ရှိနေချိန်မှာ
အကောင်းဆုံး လှပနိုင်ဖို့
သတ္တိရှိရမယ်ဆိုတာကို
တိတ်တဆိတ် ပြောနေသလိုပါပဲ။

မိုးတိမ်တွေ လေထဲလွင့်သွားသလိုငါ့စိတ်တွေလည်း မင်းဆီလွင့်သွားတယ်။လေပြေနုနုတိုးတိုင်းမှာ မင်းနာမည်ကိုပဲ တမ်းတမိတယ်။နေဝင်ချိ...
03/01/2026

မိုးတိမ်တွေ လေထဲလွင့်သွားသလို
ငါ့စိတ်တွေလည်း မင်းဆီလွင့်သွားတယ်။

လေပြေနုနုတိုးတိုင်းမှာ မင်းနာမည်ကိုပဲ တမ်းတမိတယ်။

နေဝင်ချိန်ရဲ့ အလင်းရောင်က
မင်းမျက်ဝန်းတွေလိုပဲ တောက်ပတယ်။

ကြယ်တွေစုံတဲ့ ညတိုင်းမှာ အလွမ်းတွေက တိတ်တဆိတ် ဖူးပွင့်လာတတ်တယ်။

ပန်းရနံ့လေး လေထဲသင်းသလိုမျိုး ချစ်ခြင်းက ငါ့ရင်ထဲမှာ ပျံ့နှံ့နေပြီ။

မင်းမရှိတဲ့ နေ့ရက်တိုင်းမှာ သဘာဝတရားကတောင် အသံတိတ်သွားသလိုပါပဲ အချစ်ရယ်။

Address

Mohnyin

Website

Alerts

Be the first to know and let us send you an email when Aesthetic Love For You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Aesthetic Love For You:

Shortcuts

Share