Zay Yar - Moto Bike services

Zay Yar - Moto Bike services Knowledge sharing . . .

ဆရာဝန်ဆိုဘာလိုလဲ  bar ဆီမှာ ဘာညာ...🤙🤙🤙
15/07/2026

ဆရာဝန်ဆို
ဘာလိုလဲ
bar ဆီမှာ ဘာညာ...🤙🤙🤙

07/07/2026

Yesterday is history, tomorrow is a mystery; Ride and live today

Before & After Engine Oil လေးတွေ ဂရုစိုက်ကြပါဗျာသတ်မှတ်ကီလိုအလိုက် ပုံမှန်လဲပေးရင် ငွေကုန်သက်သာပါလိမ့်မယ် စိတ်ချ ...
24/06/2026

Before & After
Engine Oil လေးတွေ ဂရုစိုက်ကြပါဗျာ
သတ်မှတ်ကီလိုအလိုက် ပုံမှန်လဲပေးရင်
ငွေကုန်သက်သာပါလိမ့်မယ် စိတ်ချ ...

• 𝐀𝐮𝐭𝐨 ဆိုင်ကယ်တိုင်းအတွက် 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 𝐆𝐮𝐢𝐝𝐞Auto ဆိုင်ကယ်စီးသူတိုင်း သိထားရမည့် ထိန်းသိမ်းနည်းလမ်းညွှန်သတ်မှတ်ကီ...
24/06/2026

• 𝐀𝐮𝐭𝐨 ဆိုင်ကယ်တိုင်းအတွက်
𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 𝐆𝐮𝐢𝐝𝐞

Auto ဆိုင်ကယ်စီးသူတိုင်း သိထားရမည့်
ထိန်းသိမ်းနည်းလမ်းညွှန်

သတ်မှတ်ကီလိုအလိုက် လဲလှယ်ပေးသင့်သည့် ပစ္စည်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ

✅ အင်ဂျင်ဝိုင် ➡️ ၁,၅၀၀ - ၂,၀၀၀ ကီလိုမီတာ (km) မှာ အသစ်လဲပါ။ ❗️
(အင်ဂျင်သက်တမ်းအတွက် အရေးကြီးဆုံးဖြစ်ပါတယ်)

✅ ဂီယာဝိုင် ➡️ ၄,၀၀၀ - ၆,၀၀၀ ကီလိုမီတာ (km) မှာ အသစ်လဲပါ။ ❗️
(ဂီယာအိုး / ဂါဗနာအိုးအတွင်း ဂီယာပင်နီယံများ ပွန်းစားမှု အနည်းဆုံးဖြစ်စေရန်အတွက်)

✅ လေစစ် (Air Filter) ➡️ ၆,၀၀၀ - ၈,၀၀၀ ကီလိုမီတာ (km) မှာ အသစ်လဲပါ။
(အဆွဲအရုန်းနှင့် ဆီစားနှုန်းအတွက် အရေးကြီးဆုံးဖြစ်ပါတယ်)

✅ ပလပ် (Spark Plug) ➡️ ၁၀,၀၀၀ - ၁၂,၀၀၀ ကီလိုမီတာ (km) မှာ အသစ်လဲပါ။
(စက်နှိုးရလွယ်ကူစေရန်အတွက် ဖြစ်ပါတယ်)

✅ ပတ်တီးကြိုး (V-Belt) ➡️ ၂၀,၀၀၀ - ၂၄,၀၀၀ ကီလိုမီတာ (km) မှာ မဖြစ်မနေ အသစ်လဲပါ။
(လမ်းခုလတ်မှာ ပြတ်တောက်ပြီး ကြွေမွသွားခြင်းမျိုး မဖြစ်စေရန်အတွက် ဖြစ်ပါတယ်)

✅ ရေစိမ်း (Coolant) ➡️ ၁၂,၀၀၀ ကီလိုမီတာမှာ ရေလျော့နေလျှင် ဖြည့်ပါ။ ၂၄,၀၀၀ ကီလိုမီတာရောက်လျှင် ရေဟောင်းများကို ဖောက်ထုတ်ပြီး အသစ်ပြန်လဲ (Flush & Replace) လုပ်ပေးရပါမယ်။
(အင်ဂျင်အတွင်းပိုင်း စက်ပစ္စည်းများကို ကာကွယ်ထိန်းသိမ်းရာ ရောက်ပါတယ်)

✅ ဘရိတ်ဆီ (Brake Fluid) ➡️ ၂ နှစ် သို့မဟုတ် ၂၀,၀၀၀ ကီလိုမီတာမှာ အသစ်လဲလှယ်ပေးသင့်ပါတယ်။
(ဘရိတ်ဆီက ကြာလျှင် ရေငွေ့ပြန်တတ်သဖြင့် ဘရိတ်ပစ္စည်းများနှင့် ပိုက်လိုင်းများ ထိခိုက်ပျက်စီးတတ်လို့ပါ)

✅ CVT စနစ် (ပတ္တားကြိုးပိုင်း) ➡️ Automatic ဆိုင်ကယ်တွေမှာ ဒါက အသက်ပါပဲ။ ၈,၀၀၀ ကီလိုမီတာမှာ CVT ခွံကိုဖွင့်ပြီး ဖုန်ခါ၊ သန့်ရှင်းရေးလုပ်ပါ။ ၁၂,၀၀၀ ကီလိုမီတာမှာ Weight Roller (ဘောစေ့) နဲ့ Slide Piece တွေကို စစ်ဆေးပြီး ပွန်းစားနေလျှင် လဲပါ။
(စက်သံငြိမ့်ညောင်းခြင်းနှင့် အဆွဲအရုန်းအပိုင်းမှာ ပိုမိုကောင်းမွန်စေပါတယ်)

✅ တာယာနှင့် ဘရိတ်ရှူးပြား (Brake Pads) ➡️ ဘရိတ်ရှူးပြား အသားကုန်ခါနီး (သို့မဟုတ်) အသံမြည်လာလျှင် လဲပါ။ အရှေ့ဘရိတ်ပြားက များသောအားဖြင့် ၁၀,၀၀၀ ကီလိုမီတာ ဝန်းကျင်မှာ ကုန်တတ်ပါတယ်။
တာယာ (Tires) ➡️ ၁၅,၀၀၀ ကီလိုမီတာမှ ၂၀,၀၀၀ ကီလိုမီတာ ဝန်းကျင်မှာ တာယာပန်းသား ပါးလာတတ်ပါတယ်။
(ဘေးကင်းဖို့အတွက် ပန်းသားနက်နက် ကျန်သေးလား အမြဲစစ်ဆေးပါ)

✅ Smart Key (Remote) ➡️ ဒါက တော်တော်များများ မေ့နေတတ်တဲ့ အချက်ပါ။ ကီလိုမီတာ ၆,၀၀၀ ကျော် (သို့မဟုတ် ဆိုင်ကယ်သက်တမ်း ၁ နှစ်ဝန်းကျင်) မှာ Remote ထဲက Button Cell (ဓာတ်ခဲ) အားနည်းလာတတ်ပါတယ်။
(လမ်းမှာစီးရင်း ပါဝါပိတ်မသွားစေရန် အသစ်လဲလှယ်ခြင်း သို့မဟုတ် ဓာတ်ခဲအသစ် အပိုဆောင်ထားခြင်း ပြုလုပ်ပေးပါ)

✅ ဘက်ထရီခေါင်းနှင့် ဝါယာကြိုးစနစ် (Battery Terminals) ➡️ Click 160 ကဲ့သို့ အီလက်ထရောနစ်စနစ်များ အများကြီးပါဝင်တဲ့ EFI ဆိုင်ကယ်တွေမှာ
ဘက္ထရီက အရမ်းအရေးကြီးပါတယ်။ ဘက်ထရီခေါင်းတွေမှာ ဆားပေါက်တာ (Oxidation) ရှိ၊ မရှိ စစ်ဆေးပါ။ အဖြူဖတ်များ တက်နေလျှင် ရေနွေးဖြင့် လောင်းချပြီး သန့်ရှင်းရေးလုပ်ပါ။ ပြီးလျှင် အမဲဆီ (Grease) ပါးပါးလေး သုတ်ပေးထားပါက လျှပ်စစ်စီးဆင်းမှု ပိုမိုကောင်းမွန်စေပါတယ်။

လိုအပ်သေးသည့် ကျန်အချက်များကို နောက်ထပ်ပို့စ်ခေါင်းစဉ်တွေမှာ ဆက်လက်တင်ပြပေးပါ့မယ်ခင်ဗျာ။ အဆုံးထိ ဖတ်ရှုပေးခဲ့ကြသည့် မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ။ 🙏🙏🙏

Crd

16/06/2026

😆

🌧️ မိုးတွင်းမှာ ဆိုင်ကယ်ဘရိတ်ရှူးတွေ အကုန်မြန်နေလို့ စိတ်ညစ်နေရပြီလား?ကချင်ပြည်နယ်မှာ မိုးတွင်းဆို လမ်းတွေက ဗွက်ထ၊ သဲနဲ့...
16/06/2026

🌧️ မိုးတွင်းမှာ ဆိုင်ကယ်ဘရိတ်ရှူးတွေ အကုန်မြန်နေလို့ စိတ်ညစ်နေရပြီလား?

ကချင်ပြည်နယ်မှာ မိုးတွင်းဆို လမ်းတွေက ဗွက်ထ၊ သဲနဲ့ ရွှံ့တွေပွနေတာ နယ်ခံလူတွေအသိဆုံးပါ။ အထူးသဖြင့် လမ်းကြမ်း၊ လမ်းချောမရွေး အစီးများတဲ့ Kenbo, Canda (125) စတဲ့ ဆိုင်ကယ်လေးတွေမှာ "မိုးတွင်းရောက်မှ ဘရိတ်ရှူးက ခဏခဏ ကုန်နေတာ ဘာလို့လဲ" ဆိုပြီး ညည်းတွားသံတွေ ခဏခဏ ကြားရတတ်ပါတယ်...

--------------

ဒီနေ့တော့ ဘရိတ်ရှူးဘာလို့ အကုန်မြန်ရတာလဲ၊ ဘာတွေ သတိထားရမလဲနဲ့ ဘယ်လို ပြုပြင်ထိန်းသိမ်း (Maintenance) ရမလဲဆိုတာ ဆိုင်ကယ်ပိုင်ရှင်တွေကို ပညာပေး ပို့စ်လေး အနေနဲ့ ဝေမျှပေးလိုက်ပါတယ်..

- မိုးတွင်းမှာ ဘရိတ်ရှူး ဘာလို့ ဒီလောက်တောင် အကုန်မြန်ရတာလဲ

မိုးရွာတဲ့အခါ လမ်းပေါ်က ရွှံ့တွေ၊ ဗွက်တွေနဲ့ သဲပွင့်လေးတွေက ဘရိတ်ဒရမ် (Brake Drum - ဘရိတ်အုံ) ထဲကို ရေနဲ့အတူ စိမ့်ဝင်သွားတတ်ပါတယ်။ အဲဒီ သဲနဲ့ ရွှံ့တွေက ဘရိတ်ဖမ်းလိုက်တိုင်းမှာ ကော်ပတ် လိုမျိုး ဘရိတ်ရှူးမျက်နှာပြင်ကို အဆက်မပြတ် ပွတ်တိုက်စားပစ်တာကြောင့် ပုံမှန်နွေရာသီထက်စာရင် မိုးတွင်းမှာ ၃ ဆလောက် ပိုပြီး ကုန်မြန်ရတာ ဖြစ်ပါတယ်...

- စီးသမားတွေ အမြဲဂရုစိုက်သင့်တဲ့ အချက်ပြလက္ခဏာများ

၁။ ဘရိတ်အသံမြည်ခြင်း : ဘရိတ်ဖမ်းတဲ့အခါ "ကျွိကျွိ" သို့မဟုတ် "ဂျိန်းဂျိန်း" ဆိုပြီး သဲပွတ်သံ ထွက်လာရင် ဘရိတ်အုံအတွင်းထဲမှာ ရွှံ့နဲ့သဲတွေ အောင်းနေပြီဆိုတာ သေချာပါတယ်..

၂။ ဘရိတ်မမိခြင်း/ဘရိတ်ဝေးခြင်း : ဘရိတ်ခြေနင်းကို အဆုံးအထိ နင်းနေရပြီဆိုရင်‌တော့ဘရိတ်ရှူး အရမ်းပါးသွားတာ ဖြစ်နိုင်ပါတယ် အရပ်စကားအရဆို ဘရိတ်ရှူး ကုန်တာပေါ့..

၃။ ဘရိတ်တစ်ချက်တစ်ချက် ကပ်ကျန်ခဲ့ခြင်း : ရွှံ့တွေခြောက်ပြီး ဘရိတ်အုံထဲမှာ အဲ့ရွှံ့တွေက ကပ်နေမယ်ဆိုရင်တော့ ဘရိတ်က လွှတ်လိုက်ပေမယ့် ချက်ချင်းမတုံ့ပြန်ဘဲ ဘရိတ်ဖမ်းထားသလိုမျိုး ဘီးလေးပြီး ကြပ်နေတတ်ပါတယ်..

-----------

ကဲ ဒါဆို မိုးတွင်းကာလမှာ ဘရိတ်ရှူးအသုံးခံအောင် ဘယ်လို ဂရုစိုက်မလဲ

ဘရိတ်ရှူး ခဏခဏမလဲရအောင် ဆိုင်ကယ်စီးသူတိုင်း လုပ်ဆောင်သင့်တဲ့ စနစ်တကျ ထိန်းသိမ်းနည်းအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်

1. ဆိုင်ကယ်မောင်းပြီးတိုင်း ရေပြင်းပြင်းနဲ့ ဆေးပါ

ဟုတ်ပါတယ် ဗွက်လမ်းတွေ ဖြတ်မောင်းပြီး အပြန် ဆိုင်ကယ်ဆေးရင် ဘရိတ်အုံ ဘေးပတ်ပတ်လည်နဲ့ ကြိုကြားတွေကို ရေပြင်းပြင်းနဲ့ ထိုးပြီးဆေးပေးပါ။ ဒါက ဘရိတ်အုံအတွင်းထဲက သဲနဲ့ရွှံ့တွေ အနည်မထိုင်ခင် စိမ့်ထွက်သွားအောင် ကူညီပေးပါတယ်..

2. ဝပ်ရှော့မှာ စနစ်တကျ ဖြုတ်ဆေးပါ

အနည်းဆုံး ၁ လ တစ်ကြိမ် (သို့) ဘရိတ်ကအသံမြည်လာရင် ဆိုင်ကယ်ဝပ်ရှော့မှာ ဘရိတ်အုံကို ဖြုတ်ခိုင်းပြီး အတွင်းထဲက ရွှံ့ခြောက်တွေကိုထုတ်၊ ဘရိတ်ရှူးမျက်နှာပြင်ကို ကော်ပတ်စက္ကူလေးနဲ့ အနည်းငယ် ပွတ်တိုက် သန့်စင်ပေးရပါမယ်..

3. ဘရိတ်ကို အရမ်းတင်းမထားပါနဲ့

ဘရိတ်မိချင်ဇောနဲ့ ဘရိတ်ကို အရမ်းတင်းထားမိရင်လည်း မောင်းနေရင်း ဘရိတ်ရှူး နဲ့ ဒရမ်ဟာ အမြဲ ထိကပ်နေပြီး‌တော့ ပွတ်တိုက်တဲ့အပူကြောင့် ဘရိတ်ရှူး ကုန်တာမြန်ပါတယ်။ ဘရိတ်မှာ အနည်းငယ် လှုပ်ရှားလို့ရမယ့် အကွာအဝေး (Free play) ချန်ထားပေးပါ..

4. Quality စိတ်ချရတဲ့ အပိုပစ္စည်းကိုပဲ ရွေးချယ်ပါ

ကချင်ပြည်နယ်ရဲ့ တောင်တက်တောင်ဆင်း လမ်းတွေမှာ ဘရိတ်အသုံးများပါတယ်။ ဒါကြောင့် ဈေးပေါတဲ့ ဘရိတ်ရှူးအတုတွေထက် Quality ကောင်းတဲ့ အမှတ်တံဆိပ် (သို့) Genuine ပစ္စည်းကိုပဲ ရွေးသုံးတာက ရေရှည်မှာ မိတ်ဆွေတို့အတွက် ငွေကုန်ကြေးကျ ပိုသက်သာစေပါတယ်..

∆ သတိပေးချက် : အချို့က "မိုးကုန်မှပဲ တစ်ခါတည်းလဲတော့မယ်" ဆိုပြီး ဘရိတ်ရှူးကုန်နေတာကို ဒီအတိုင်း ဆက်စီးတတ်ကြပါတယ်။ အဲ့တော့ ဘာဆက်ဖြစ်လည်းဆိုတော့ ဘရိတ်ရှူးရဲ့သံပြားနဲ့ ဘရိတ်ဒရမ်အုံ (Brake Drum) တိုက်ရိုက်ပွတ်မိပြီး ဘီးရဲ့ မူလအုံသားပါ စားသွားတတ်ပါတယ်..

ဘရိတ်အုံသား ပျက်စီးသွားရင် နောက်ပိုင်း ဘရိတ်ရှူးအသစ် ဘယ်လောက်ပဲလဲလဲ ဘရိတ်ပြန်မမိတော့ပါဘူး။ ဘီးဂွေတစ်ခုလုံး ဒါမှမဟုတ် ဘီးအုံတစ်ခုလုံး လဲလှယ်ရတဲ့အထိ ငွေကုန်ကြေးကျ အရမ်းများသွားပါလိမ့်မယ်...

ဘရိတ်ဆိုတာက ဆိုင်ကယ်တစ်စီးလုံးမှာ အရှိန်သတ်ဖို့အတွက်သက်သက် မဟုတ်ဘဲ မိတ်ဆွေတို့ရဲ့ အသက်အန္တရာယ်ကိုပါ ကာကွယ်ပေးထားတဲ့ အဓိက အစိတ်အပိုင်းပါ။ ဒါကြောင့် မိမိကိုယ်တိုင်နဲ့ မိသားစု ဘေးကင်းဖို့အတွက် ဒီမိုးတွင်းမှာ ဘရိတ်စနစ်ကို ပေါ့ဆမထားဘဲ အချိန်မှန် စစ်ဆေးပြုပြင်ကြပါလို့ တိုက်တွန်းရင်းနဲ့ ဒီစာကို ဒီနေရာမှာဘဲ ရပ်လိုက်ပါတော့မယ်..

မိုးတွင်းကာလမှာ ကချင်ပြည်နယ်က ဆိုင်ကယ်‌‌ မောင်းနှင်သူအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ ခရီးသွားနိုင်ကြပါစေခင်ဗျာ (ကျန်တဲ့ဒေသတွေကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့😜🫢)

🎙️ CC ချင်း အတူတူပဲကို... ဘာလို့ တစ်စီးက ပိုပြေးပြီး အရှိန်တက်တာ ပိုမြန်နေရတာလဲ?- ဆိုင်ကယ် Specs တွေကြည့်ရင်ဖြစ်ဖြစ်၊ ဆိ...
13/06/2026

🎙️ CC ချင်း အတူတူပဲကို... ဘာလို့ တစ်စီးက ပိုပြေးပြီး အရှိန်တက်တာ ပိုမြန်နေရတာလဲ?

- ဆိုင်ကယ် Specs တွေကြည့်ရင်ဖြစ်ဖြစ်၊ ဆိုင်ကယ်အကြောင်း ပြောရင်ဖြစ်ဖြစ် (HP) (Horsepower) ဒါမှမဟုတ် ( မြင်းကောင်ရေ) ဆိုတာကို ခဏခဏ ကြားဖူးကြမှာပေါ့

အများစုက "CC ကြီးရင် ပြီးရော၊ ပိုပြေးတာပဲ" လို့ ထင်တတ်ကြပေမဲ့ တကယ်တမ်း ဆိုင်ကယ်တစ်စီးရဲ့ အပြေးနှုန်းနဲ့ စွမ်းဆောင်ရည်ကို အဓိက သတ်မှတ်ပေးတာက 🐎 ဒီကောင်ကြီးပါ ...

ကဲ ဟုတ်ပြီဗျာ အဲ့သည်‌တော့ HP ဆိုတာ ဘာလဲ၊ ဘာလို့အရေးကြီးလဲဆိုတာကို ရိုးရိုးရှင်းရှင်းလေးပဲ ခွဲခြမ်းစိတ်ဖြာကြည့်ရအောင် ...

--------------

၁။ HP (Horsepower) ဆိုတာ တကယ်တော့ ဘာလဲ

ရိုးရိုးလေးပြောရရင် "အင်ဂျင်ရဲ့ အလုပ်လုပ်နိုင်စွမ်း (Power Output)" ဖြစ်ပါတယ်။ အချိန်တစ်ခုအတွင်းမှာ အင်ဂျင်က စွမ်းအင် ဘယ်လောက်အထိ အမြင့်ဆုံး ထုတ်ပေးနိုင်လဲဆိုတာကို တိုင်းတာတာပါ...

HP များရင် - အမြင့်ဆုံးအမြန်နှုန်း (Top Speed) ပိုရမယ်။

HP များရင် - လမ်းမကြီးပေါ်မှာ အရှိန်ရနေတဲ့အချိန် (ဥပမာ 60 km/h) ကနေ ရှေ့ကားကို ကျော်ဖို့ ထပ်ဆွဲလိုက်ရင် ဇတ်ခနဲ အရှိန်တက်တာ ပိုမြန်မယ်။ ခရီးဝေးမောင်းရင် အင်ဂျင် သိပ်မညည်းဘူး စသဖြင့် ဘလာ ဘလာ ဘလာပေါ့ဗျာ ...

----------

၂။ လူသိများတဲ့ အလွဲ - CC နဲ့ HP ဘာကွာလဲ

CC (Cubic Centimeter) : ဒါက အင်ဂျင်ရဲ့ "အရွယ်အစား" (ဆလင်ဒါ ထုထည်) ကို ပြောတာပါ။ (ဥပမာ - အိမ်တစ်အိမ်ရဲ့ အခန်းအကျယ်အဝန်းပေါ့)

HP (Horsepower) : ဒါကတော့ အဲဒီအင်ဂျင်ကနေ ထွက်လာတဲ့ "တကယ့်အလုပ်လုပ်နိုင်စွမ်း"ပါ။ (ဥပမာ - အဲဒီအခန်းထဲကလူတွေ ဘယ်လောက် ထိရောက်အောင် အလုပ်လုပ်နိုင်လဲဆိုတာမျိုးပေါ့)

ဒါကြောင့် နည်းပညာ (Engine Technology) ကောင်းတဲ့ ၁၅၀ စီစီ ဆိုင်ကယ်တစ်စီးဟာ နည်းပညာရိုးရိုးပဲသုံးတဲ့ ၁၅၀ စီစီ ဆိုင်ကယ်ထက် HP ပိုများနိုင်ပြီး ပိုပြီးလည်း အဆွဲအရုန်း သာနေတာ ဖြစ်ပါတယ်ဗျာ

------------

၃။ TORQUE (ရုန်းအား) နဲ့ HP ဘာကွာသေးလဲ

ဆိုင်ကယ်အင်ဂျင်တစ်လုံး စွမ်းဆောင်ရည်အပြည့်ရဖို့ ဒီနှစ်ကောင် အတွဲညီမှသာရပါတယ်

Torque (ရုန်းအား) : ဆိုင်ကယ် စထွက်တဲ့အချိန်၊ ကုန်းတက်တဲ့အချိန် ဒါမှမဟုတ် ဝန်အလေးကြီး သယ်တဲ့အချိန်မှာ သုံးတဲ့ "ဆွဲအား/ရုန်းအား" ပါ

HP (မြင်းကောင်ရေ) : ဆိုင်ကယ် ရွေ့လျားသွားပြီဆိုရင် အရှိန်ကို အမြင့်ဆုံးအထိ မြန်မြန်ဆန်ဆန် ရောက်အောင် တွန်းပို့ပေးတဲ့ "အရှိန်နှုန်း" ပါ

အတိုချုပ်မှတ်မယ်ဆိုရင်တော့ -

"Torque က ဆိုင်ကယ်ကို အားရှိရှိနဲ့ စတင်ရွေ့လျားစေပြီး၊ HP ကတော့ အရှိန်နှုန်းကို ပြင်းပြင်းထန်ထန်နဲ့ အဆုံးထိ တင်ပေးတာ ဖြစ်ပါတယ်"

မျက်လုံးထဲမြင်သာအောင် ပြောပြရရင် "Hulk" ဆိုတဲ့ လူစိမ်းကောင် လူသန်ကြီးက weight များများမနိုင်ပြီးတော့ "Flash" လိုမျိုးလည်း အပြေးသန်တာမျိုး‌ပေါ့ဗျာ (2+1)
━━━━━━━━━━━━━━━━━━━━
ဒီလောက်ဆိုရင်တော့ ဆိုင်ကယ်ဝယ်တဲ့အခါ ဘယ်ဆိုင်ကယ်အမျိုးအစားကို ရွေးချယ်ဝယ်ယူရမလဲဆိုတာကို အကြမ်းဖျင်း နားလည်လောက်မယ်လို့ ယုံကြည်ပါတယ်...

အားလုံးပဲ ဆိုင်ကယ်ဗဟုသုတနဲ့ ပြည့်စုံကြပါစေ...
~ လပ်ခ်ယူအော

#ဆိုင်ကယ်ဗဟုသုတ

12/06/2026

Tokyo..

DT 🏁 # YAMAHA DT Series အကြောင်း တစေ့တစောင်းအားလုံးသိကြတဲ့အတိုင်း DT ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ဆိုင်ကယ်လောကမှာ မသိသူမရှိသ...
11/06/2026

DT 🏁

# YAMAHA DT Series အကြောင်း တစေ့တစောင်း

အားလုံးသိကြတဲ့အတိုင်း DT ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ဆိုင်ကယ်လောကမှာ မသိသူမရှိသလောက် နာမည်ကြီးသလို သူတို့ဆီမှာလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ Dual purpose street legal ဆိုင်ကယ်တစ်မျိုးဖြစ်ပါတယ်...

- Dual purpose ဆိုတာက လမ်းကြမ်း (Off-road) လည်း မောင်းလို့ရသလို လမ်းမ (On-road) တွေမှာလည်း မောင်းလို့ရတဲ့ ဆိုင်ကယ်အမျိုးအစားတစ်ခုပါ...
- Street legal ဆိုတာက "လမ်းများပေါ်တွင် တရားဝင်မောင်းနှင်ခွင့်ရှိသော" လို့ အဓိပ္ပာယ်ရပါတယ်... Street legal ဖြစ်အောင် ရှေ့မီးကြီး၊ နောက်မီး၊ ရှေ့နောက် Signal မီးများ၊ နောက်ကြည့်မှန်၊ Standard emission ဖြစ်တဲ့ CO2 ထုတ်လွှတ်မှု၊ Licence plate holder စတဲ့အချက်များ ပြည့်စုံရပါတယ်...

1960 ဝန်းကျင် မော်တော်ဆိုင်ကယ်တွေ စတင်ခေတ်စားချိန်မှာ Off-road လမ်းကြမ်းမောင်းဆိုင်ကယ်ဆိုပြီး သက်သက်မှတ်မှတ် ဘယ်ကုမ္ပဏီကမှ မထုတ်ခဲ့ကြပါဘူး... အဲ့တုန်းက Husqvarna (ဟူ့စ်ဗားနား) လို ဆွီဒင်ကုမ္ပဏီတစ်ခုလောက်ပဲ Off-road ဆိုင်ကယ်တွေ ထုတ်ပါတယ်... ဒါပေမယ့် ဈေးအရမ်းကြီးပြီး ခိုင်ခံ့မှု သိပ်မရှိပါဘူး...

အဲ့ခေတ်တုန်းက ဆိုင်ကယ်သမားတွေဟာ ရိုးရိုးဆိုင်ကယ်တစ်စီးကို ဝယ်ပြီး Off-road အတွက် Modified ပြန်လုပ်ရပါတယ်... Off-road တာယာတွေ တပ်ဆင်တာ၊ Exhaust ပြောင်းကို ဖုန်တွေသဲတွေ မဝင်နိုင်အောင် အပေါ်မှာ တပ်ဆင်တာ၊ Frame ကို ခိုင်ခံ့အောင် ထပ်ပိုးတာ စသဖြင့် ငွေကြေးထပ်ပြီး အကုန်အကျခံရပါတယ်... အဲ့လိုဘီးတွေကို Scramblers တွေလို့ ခေါ်ကြပါတယ်...

---

# # 1. DT 1 ၏ စတင်ခြင်း (1968)

1968 မှာတော့ ဂျပန်ကုမ္ပဏီ YAMAHA က DT 1 ဆိုတဲ့ Off-road ဆိုင်ကယ်ကို စတင်ထုတ်လုပ်ပါတယ်... DT ဆိုတာက Dirty Track သို့မဟုတ် Dirt Trail (ညစ်ပတ်ပေရေသော လမ်းကြောင်းလေး) ကို ကိုယ်စားပြုပါတယ်...

အဲ့ဒီမှာ DT 1 က တစ်ကမ္ဘာလုံး၊ အထူးသဖြင့် America ရဲ့ ဆိုင်ကယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်... MX (Motocross) ဆိုတဲ့ Off-road လမ်းကြမ်းမောင်း ဆိုင်ကယ် Class တစ်ခု ထွက်ပေါ်လာစေခဲ့ပါတယ်... စထုတ်ထုတ်ချင်းမှာတင် Unit ပေါင်း 12,000 ရောင်းချခဲ့ရပြီး DT 1 ရဲ့ Specification တွေကတော့-

* Engine Displacement: 250cc, 2 stroke, Air cooled only
* Transmission: Manual 5 ချက်
* Brakes: ရှေ့နောက် Drum brake
* Performance: မြင်းကောင်ရေ 18 ကောင်ထွက်ပြီး အလေးချိန် ပေါင် 270 ကျော်ပဲ လေးပါတယ်...

သူ့ခေတ်သူ့အခါကတော့ ဆရာကြီးပေါ့... 1968 ကနေ 1985 အထိ ထုတ်လုပ်ခဲ့ပါတယ်...

---

# # 2. DT 125 Series - လူကြိုက်အများဆုံးမော်ဒယ်

YAMAHA ကုမ္ပဏီဟာ DT series တွေကို Engine displacement 50cc ကနေ 400cc အထိ ထုတ်ခဲ့ပြီး နာမည်အကြီးဆုံးကတော့ DT 125 ပဲဖြစ်ပါတယ်... DT 125 ကို 1974 မှ 2008 အထိ (Euro emissions စံနှုန်းအရ လေထုညစ်ညမ်းစေတဲ့ 2 stroke small engines တွေ ဖျက်သိမ်းတဲ့အထိ) ထုတ်လုပ်ခဲ့ပါတယ်...

> Specification: 125cc, 2 stroke, Air and Liquid cooled, Manual speed 6 ချက်၊ စောစောပိုင်းမော်ဒယ်တွေမှာ Drum brake နဲ့ နောက်ပိုင်းမှာတော့ Disc brake တွေဖြစ်လာပါတယ်... မြင်းကောင်ရေကို 6000 RPM မှာ 16 ကောင်ကျော်ကျော် ထုတ်ပေးနိုင်ပြီး 260 ပေါင်ပဲ လေးလံပါတယ်...

---

# # # မြန်မာနိုင်ငံနှင့် "ဒို" ခေတ်

မြန်မာနိုင်ငံကို သင်္ဘောသားခေတ်ဖြစ်တဲ့ 1980 ဝန်းကျင်မှာ အလုံးအရင်းနဲ့ ဝင်ရောက်လာပါတယ်... အဲ့တုန်းက Japan domestic (ဂျပန်ပြည်တွင်းသုံး) ပစ္စည်းမှန်သမျှ "ဒို" လို့ခေါ်တဲ့ခေတ်မို့ DT 125 လည်း ဒိုလို့ အမည်တွင်သွားပါတယ်...
- လျှပ်စစ်ပစ္စည်းဆိုင်ထဲဝင်ပြီး "ကျွန်တော့်ကို ကာလာ ၁၄ လက်မ ဒိုလေးတစ်လုံးလောက်ပြပါ" ဆိုရင် တီဗွီပဲ (COMO ဖြစ်ဖြစ် NATIONAL ဖြစ်ဖြစ်ပေါ့)...
- "ဒို one door လေးပြပါ" ဆိုရင် အဲ့ဒါ ရေခဲသေတ္တာ...
- "ကျွန်တော့်ကို ဒိုကောက်ကြီးပြပါ" ဆိုရင် သေချာတယ်... အဲ့ဒါ Honda Rebel ပဲ...

ကားကိုတော့ ကားလို့ခေါ်စရာ နာမည်ရှိနေတာကိုးဗျ... နောက်ပိုင်းတော့ အခြားပစ္စည်းတွေက Brand new တွေဝင်လာတော့ "ဒို" ဆိုတဲ့ အခေါ်အဝေါ် ပျောက်သွားပြီး DT 125 မှာပဲ ကျန်ခဲ့တော့တယ်...

---

# # # ပါဝါကန့်သတ်မှုများ (Restrictions)

2004 နဲ့ နောက်ပိုင်းမှာ ဝင်လာတဲ့ DT တွေက Electronic starter ပါလာတော့ R start လို့ ခေါ်ကြပြန်ရော... DT 125R က learner bike အမျိုးအစားမှာ အခုထိကို နံပါတ် ၁ ပဲဗျ... သူတို့ဆီမှာတော့ အခုမှ ဆိုင်ကယ်စီးစသင်တဲ့သူတွေစီးတဲ့ learner ဆိုင်ကယ်ပေါ့... ကျွန်တော်တို့ဆီမှာတော့ အားလုံးသိကြတဲ့အတိုင်း Advanced level ဆိုင်ကယ် ဘီးကြီးပေါ့ဗျာ hkhk...

အဓိကဈေးကွက်က Australia နိုင်ငံဗျ... သူတို့က DT 125R ကို Learner အသိမှတ်ပြုထားတယ်... YAMAHA ကလည်း အလုံးအရင်းနဲ့ကို ထုတ်ပြီး တင်ပို့တော့တာပေါ့... အရှေ့တောင်အာရှ၊ America၊ Australia၊ တောင်အာဖရိက၊ Europe စတဲ့နိုင်ငံတွေကို တင်ပို့ခဲ့ပါတယ်...

အဲ့မှာ ဆယ်ကျော်သက်တွေစီးတဲ့ Learner bike မို့ 1988 ကစပြီး Output power ကို Restriction (ကန့်သတ်ချက်) လုပ်ပစ်လိုက်တယ်... တကယ်တော့ 2 stroke 125cc အင်ဂျင်က HP 30 လောက်ထိကို ထုတ်ပေးနိုင်တာဗျ (အခုခေတ် KTM 2 stroke 125 ကိုကြည့်ရင် သိနိုင်ပါတယ်)... ဆယ်ကျော်သက် Learners တွေက မြင်းကောင်ရေ 30 ဆို သိပ်ပြီးတော့ Control လုပ်နိုင်မှာမဟုတ်ဘူးလေ...

Restriction လုပ်လိုက်တော့ HP က 16, 17, 18 ကောင်လောက်ပဲ ထွက်တော့တယ်... RPM ပါ ကန့်သတ်လိုက်တယ် 7500 RPM ကမကျော်ဘူး... YAMAHA ရဲ့ ကိုယ်ပိုင်နည်းပညာ Y.P.V.S (Yamaha Power Valve System - မြန်မာအခေါ် ဘားဘူး) နဲ့ အထွက်ပါဝါကို ကန့်သတ်လိုက်တာပါ...

1988 နဲ့ နောက်ပိုင်း ပိုပြီး Restriction လုပ်လာခဲ့တာ နောက်ဆုံး 2008 DT 125MX အထိတိုင်အောင်ပဲ... အဲ့ဒါကြောင့် 1982 to 1988 ဘီးတွေက ပိုဆွဲတယ်... အဲ့ဒီ 2 stroke 125cc က ထွက်လာတဲ့ပါဝါက Unpredictable (ခန့်မှန်းလို့မရဘူး) ဖြစ်တယ်... Off-road မှာဆို စလစ်ဖြစ်တာတွေ၊ ရွှံ့ဗွက်လမ်းတွေမှာ ထိန်းမရတာတွေ ရှိခဲ့လို့ နောက်ပိုင်းကို Restriction လုပ်ပစ်လိုက်တာ...

---

# # # DT 125 မျိုးကွဲများ

* 1970 - 1982: DT 125 (Air cooled only, ရှေ့နောက် Drum brake, 14 HP)
* 1983 - 1987: DT 125LC (LC = Liquid Cooled)
* 1988 - 2004: DT 125R (R = Road)
* 2004 - 2008: DT 125RE (E = Electric starter)
(Bore 56mm, Stroke 50mm, 124cc, CDI မီးကူးစနစ်, Carburetor, Gear 6 ချက်, Chain drive, YPVS fully restriction နဲ့ 16.2 HP ကန့်သတ်၊ Dual purpose tyres, အလေးချိန် 265 ပေါင်)
* 2004 - 2008: DT 125X (street eXtreme) - DT 125RE နဲ့ အကုန်တူတူပဲ Starter ပါတယ်၊ ဒါပေမယ့် တာယာကို On-road တပ်ထားတယ် (Supermoto စတိုင်လ်ပေါ့) ရှေ့တာယာ 120mm နဲ့ နောက်တာယာ 140mm ရှိပါတယ်... ဒီမှာတော့ တော်တော်ရှားပါတယ်...

---

# # 3. DT 200R နှင့် DT 200WR

DT 200R ကို 1980s မှာ စတင်စမ်းသပ်ထုတ်လုပ်ပြီး 1990s ကနေ 2000s ခုနှစ်တွေအထိ ထုတ်လုပ်ခဲ့တယ်... 2 stroke, Liquid cooled, 195cc, Manual Speed 6 ချက်နဲ့ DT 200R တွေကို USA ဈေးကွက်ကို လုံးဝမဖြန့်ဘဲ အာရှ၊ Europe၊ Australia၊ Canada နဲ့ Africa ဈေးကွက်ကို ဖြန့်ချီခဲ့ပါတယ်...

8500 RPM မှာ 33 HP ထွက်တဲ့ DT 200R ဟာ 235 ပေါင်ပဲ လေးလံပြီး 138 Km/h ကို 14 Seconds နဲ့အရောက် Speed တင်နိုင်ပါတယ်... DT 200R ရဲ့ ထူးခြားမှုက Engine ထဲမှာ Lub oil ကို Injector နဲ့ ဖြန်းတာပဲဗျ... အသံလည်းသိပ်မထွက်လို့ Stealth bike လို့လည်း ခေါ်ကြတယ်...

အဲ့ဒီ DT 200R ကိုပဲ DT 200WR လို့ နာမည်ပြောင်းပြီး Canada ဈေးကွက်ကို ဖြန့်ခဲ့ပါသေးတယ် (အဲ့ဒီ DT 200WR က အဖြူရောင်များတယ်ဗ်)...

* DT 200WR နှင့် DT 200R ကွာခြားချက်: WR မှာ Cylinder ရဲ့ Exhaust port အပိုပါလာပြီး DT 200R မှာတော့ Lub oil injector ပါလာတာပါ... WR ကတော့ RPM 9000 မှာ HP 35 ကောင်ထွက်တယ်... WR ရဲ့ အဓိပ္ပာယ်က Wide Ratio ပါ (Gear wide ratio ဖြစ်လို့ Gear တစ်ခုနဲ့တစ်ခု ရှည်တာပေါ့ဗျာ)...

> ⚠️ သတိပြုရန်: 2007 က စထုတ်တဲ့ 4 stroke WR 250 series တွေနဲ့ မမှားကြပါနဲ့... DT 200WR (2 stroke) နဲ့ WR 250R, F (4 stroke) တွေနဲ့ ခဏခဏမှားတတ်ကြလို့ပါ... 4 stroke တွေက 2008 မှာ 2 stroke တွေ ဖျက်သိမ်းလိုက်ပြီးတော့ DT ရဲ့ အသက်ကိုဆက်တဲ့အနေနဲ့ Dual purpose, Trail bikes တွေအဖြစ်နဲ့ အခုထိတိုင် ဆက်ထုတ်နေတာဖြစ်ပါတယ်...

* WR 200: DT 200WR ကိုပဲ သံဆီတိုင်ကီနေရာမှာ Plastic ဆီတိုင်ကီ အစားထိုးပြီး ကျန်တဲ့ Features တွေလျှော့၊ Weight လျှော့ပြီး MX racing ဆိုင်ကယ်လို ထုတ်ခဲ့သေးတယ်... အဲ့ကောင်က တော်တော်လေးကို မြန်တယ်ဗျ... ဒါပေမယ့် ကြာရှည်တော့မခံဘူး...

---

# # 4. DT 230 Lanza

DT 230 Lanza ကိုတော့ 1990s ဝန်းကျင်မှာပဲ DT 200 ရဲ့ ဒီဇိုင်းကို အခြေခံပြီး စတင်ထုတ်လုပ်ခဲ့ပါတယ် (2000s ခုနှစ်အထိပေါ့)...

* Engine: 224cc, 66.8mm bore နဲ့ 64mm stroke ရှိပြီး Over-square slightly ဖြစ်ပါတယ်... Liquid cooled, ရှေ့နောက် Disc brake တွေနဲ့ Lanza ဟာ ပေါင် 267 ပေါင်လောက်ပဲ လေးပါတယ်... RPM 8500 မှာ မြင်းကောင်ရေ 40 အထိ ထုတ်ပေးနိုင်ပါတယ်...

အလွန်ထူးခြားတာတစ်ခုက Lanza မှာ Traction Control System ပါ ပါတယ်... အခုခေတ်ဘီးတွေလို Computerize မဟုတ်ပါဘူး၊ CDI ကတစ်ဆင့် ထိန်းချုပ်တာပါ...

> အလုပ်လုပ်ပုံမှာ: ရွှံ့ဗွက်ထူတဲ့ လမ်းကြောင်းမှာ မောင်းနေရင် အကွေ့တွေမှာ ရုတ်တရက် အနောက်ဘီးက စလစ်ဖြစ်ပြီး အရမ်းလည်ပတ်ခဲ့ရင် CDI က ပလပ်ကို မီးပေးတဲ့ Timing (Ignition timing ပေါ့ဗျာ) ကို နောက်ကျအောင် ထိန်းချုပ်ပြီး အင်ဂျင် RPM ကို လျှော့ချလိုက်တာပါ... ပြီးမှ Load ဝင်တဲ့အခါ CDI က ပလပ်ကို ပုံမှန် Timing နဲ့ Signal ပြန်ပေးပြီး အင်ဂျင်ကို ဆက်ပြီး လည်ပတ်စေတာပါ... သူ့ခေတ်သူ့အခါကတော့ ဆရာကြီးပေါ့ဗျာ...

---

# # 5. 2 Stroke များ၏ လက်ရှိနှင့် အနာဂတ်

အခုနောက်ပိုင်းတော့ Yamaha က 2 stroke ကို MX Racing မှာပဲ သုံးတော့တယ် (YZ 125, YZ 250 တွေပေါ့)... Carburetor နဲ့ဆိုပေမယ့် လေထုညစ်ညမ်းမှု မရှိသလောက် နည်းပါးသွားပြီဖြစ်ပါတယ်... Honda ကတော့ ရှင်းတယ်၊ Europe နဲ့ ညှိရမှာဆိုးလို့ 2 stroke တွေကို လုံးဝကို မထုတ်တော့တာ...

လက်ရှိ 2 stroke တွေ ထုတ်နေတဲ့ ကုမ္ပဏီတွေ ရှိပါသေးတယ်... KTM, Gas Gas, Beta, Husaberg (ဟူဆာဘက်ခ်) နဲ့ Husqvarna တို့လို ကုမ္ပဏီတွေပေါ့... ဒါပေမယ့် နည်းပညာတွေက သိပ်ကောင်းသွားပြီး 2 stroke ကိုပဲ Fuel injection နဲ့ ဖြစ်လာပြီး Exhaust တွေမှာလည်း အလွန်ကောင်းတဲ့ CO2 converter တွေ အသုံးပြုလာကြတော့ လေထုညစ်ညမ်းမှု မရှိတော့ဘူးပေါ့ဗျာ... သူတို့ကတော့ ဆက်ထုတ်ဖို့ အစီအစဉ်ရှိပါသေးတယ်...

ဘာလို့လဲဆိုတော့ 2 stroke ဆိုင်ကယ်တွေက အလေးချိန်ပေါ့ပါးပြီး Output power ကောင်းကြတယ်... Aluminium frame တွေနဲ့ တွဲထုတ်လိုက်တော့ Free style, Stunt သမားတွေအကြိုက်၊ MX racers တွေအကြိုက် ဖြစ်နေတာပေါ့ဗျာ...
.......................အားလုံးပဲ ဆိုင်ကယ်ဗဟုသုတနဲ့ ပြည့်ဝကြပါစေ....................

crd original uploader

Address

Kachin
Mogaung
01103

Website

Alerts

Be the first to know and let us send you an email when Zay Yar - Moto Bike services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share