The oxygen

The oxygen Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The oxygen, Art, Meiktila.

အပေါင်းအသင်းများစွာနဲ့ပျော်ရွှင်ခဲ့ရဖူးသလို...အပေါင်းအသင်းပေါင်းများစွာရဲ့ရှောင်ဖယ်ခြင်းကို ခံခဲ့ရဖူးတယ်...။မိန်းကလေးမျာ...
20/02/2026

အပေါင်းအသင်းများစွာနဲ့
ပျော်ရွှင်ခဲ့ရဖူးသလို...
အပေါင်းအသင်းပေါင်းများစွာရဲ့
ရှောင်ဖယ်ခြင်းကို ခံခဲ့ရဖူးတယ်...။

မိန်းကလေးများစွာရဲ့
သဘောကျမှုကို ခံခဲ့ရဖူးသလို...
မိန်းကလေးများစွာရဲ့
မနှစ်သက်ခြင်းကို ခံခဲ့ရဖူးတယ်...။

မိဘနှစ်ပါးရဲ့
အားပေးမှုများကို ခံခဲ့ရဖူးသလို...
မိဘနှစ်ပါးရဲ့
အပြစ်တင်ခြင်းများကို ခံခဲ့ရဖူးတယ်...။

အသိုင်းအဝိုင်းများစွာရဲ့
ချီးကျူးမှုကိုခံခဲ့ရဖူးသလို...
အသိုင်းအဝိုင်းများစွာရဲ့
ကဲ့ရဲ့ခြင်းကို ခံခဲ့ရဖူးတယ်...။

အပြောင်းအလဲပေါင်းများစွာ
ဖြစ်တည်သော လူ့လောကမှာ
ကျနော်တောင်းတမိသောအရာက...
နေကြာပန်းကဲ့သို့
နေထွက်ရာ မျက်နှာမူပွင့်လန်းတဲ့
Constant private lifeလေးတစ်ခုပါပဲ...။

#ရောင်နီဦး📃✍️

28/12/2025

မျက်ဝန်းတစ်စုံကို မှိတ်ထားရင်တောင်
စိတ်ဝိညာဥ်ဟာ အိပ်မပျော်ခဲ့တဲ့ညတွေ...။
မတွေးချင်ဘဲ ဝင်လာနေတဲ့အတွေးတွေ...။

မရတဲ့အဆုံး စီးကရက်တစ်လိပ်ကိုခဲပြီး
အိပ်စက်ခြင်းကိုပဲ စွန့်လွှတ်ပစ်လိုက်တယ်...။

#ရောင်နီဦး

02/04/2025

"Broken pieces"
-----------------------
ကြည်နူးဖွယ် အမှတ်တရတစ်ချို့ကို
ဝီစကီဖြည့်ထားတဲ့ ဖန်ခွက်နဲ့ရောပြီး
အကွာအဝေးတစ်ခုရောက်မှ
လွှတ်ချကြည့်လိုက်တယ်...။

ခါးသက်သက်အမှန်တရားက
အရင်လို ပြန်မဖြစ်တော့ဘူးဆိုတာပဲ...။

#ရောင်နီဦး

14/03/2025

"To the endless trip"
--------------------------------
နေညိုရင် တိမ်ပြိုသလို
ကံကုန်ရင် ပြန်မဆုံတတ်ဖူး မယ်...။

မယ်လည်း မယ့်လမ်း မယ်လျှောက်လို့...
မောင်လည်း မောင့်လမ်း မောင်ဖျောက်ဖို့...
ဦးတည်ရာမဲ့သော ကံကြမ္မာရထားပေါ်
သံသရာရပ်ပြီး ခန္ဓာပျက်စီးသွားပါစေ...။
ချာချာလည်ရင်း
အဆုံးအစွန် ခရီးထွက်ပစ်လိုက်တယ်...။

#ရောင်နီဦး

13/03/2025

ဦးတည်ရာ တူသော်လည်း
မဆုံဆည်းနိုင်တဲ့ ပြိုင်မျဥ်းနှစ်ကြောင်းတော့
မဖြစ်ချင်ဘူး မယ်...။

အတ္တကြီးတယ်ပဲပြောပြော
မယ်ကြိုက်သလို ခေါင်းစဥ်တပ်ဆိုပါ...။

အသာစံဖို့
ကျွန်တော် အနာခံပြီးကွေးညွှတ်ပါ့မယ်...။

#ရောင်နီဦး

12/03/2025

C + O₂ ⟶ CO₂
----------------------

ဓာတုဗေဒသဘောအရ
ကျွန်တော့်အတွက် ရှင်သန်ရာဖြစ်သော
အောက်ဆီဂျင်ဓာတ်ဟာ ခင်ဗျားပေါ့...။

ထို့နောက်...ကာဗွန်နှင့်ဓာတ်ပြုပြီး
ကျွန်တော့်အတွက် သေဆုံးရာဖြစ်သွားသော
ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာလည်း ခင်ဗျားပါပဲ...။

#ရောင်နီဦး

11/03/2025

မတောက်တခေါက် အရေးအသားတစ်ချို့ကို

နှလုံးသားတစ်စုံနဲ့ ရင်းနှီးမြှုပ်နှံပြီး

စာပေလောကထဲ ခြေစုံပစ်ဝင်မယ့် လူငယ်တစ်ဦးမို့

အားပေးကြပါရန် မေတ္တာရပ်ခံကြောင်း...။
🥺🤏

#ရောင်နီဦး

Address

Meiktila

Website

Alerts

Be the first to know and let us send you an email when The oxygen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category