Rosella

Rosella You can call me crazy

ဒါကတော့ Rosella ရဲ့ တနှစ်တာ tracker လေးတွေပါ မနှစ်ကတော့ လပိုင်းလောက်ပဲ လုပ်ဖြစ်သွားတယ် ဒီနှစ်တော့ တနှစ်လုံး မပျက်မကွက်လု...
02/01/2026

ဒါကတော့ Rosella ရဲ့ တနှစ်တာ tracker လေးတွေပါ မနှစ်ကတော့ လပိုင်းလောက်ပဲ လုပ်ဖြစ်သွားတယ် ဒီနှစ်တော့ တနှစ်လုံး မပျက်မကွက်လုပ်ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ထားပါတယ် 🤍

01/01/2026

နှစ်တနှစ်ရဲ့ ပထမရက်မှာ ဘာတွေလုပ်ဖြစ်လဲဆိုတာ ရိုက်ထားတာလေးတွေပါ ပျင်းလို့ သီချင်းလဲ မထည့်တော့ပါဘူး လူရုပ်ကလွဲလို့ ကျန်တာက လုံးဝ original မို့လို့ အရောင်ကလဲ မွဲတဲတဲနဲ့ပါ 😆

2026 ရဲ့ ပထမဆုံးနေ့မှာတော့ deep cleaning လုပ်ပြီး ဟိုရွှေ့ဒီရွှေ့လုပ်ဖြစ်ပါတယ် 😂 ဒီအခန်းလေးမှာ နေတာ ၁၀ လကျော်ပါပြီ mini ...
01/01/2026

2026 ရဲ့ ပထမဆုံးနေ့မှာတော့ deep cleaning လုပ်ပြီး ဟိုရွှေ့ဒီရွှေ့လုပ်ဖြစ်ပါတယ် 😂 ဒီအခန်းလေးမှာ နေတာ ၁၀ လကျော်ပါပြီ mini heaven လေးပေါ့ Rosella က တယောက်ထဲနေရတာ enjoy ဖြစ်သူမို့ တော်တော်လေးအဆင်ပြေတယ် ဒီအခန်းကို တခါမှ ပုံမတင်ဖူးတာမို့ အခန်းရှင်းပြီးတာနဲ့ ကြုံလို့ တခါထဲ တင်လိုက်တာ ပြီးရင် ဒီနေ့ လုပ်သမျှ vlog အတိုလေးလဲ လာပါမယ် 😉

Nov 2024 & Dec 2025 အရင်နှစ်ကပုံလေး ပြန်တွေ့မှပဲ တော်တော်ကြီးသက်သာသွားမှန်းသိသာတယ် ဆံပင်အရှည်နဲ့ပုံက 9 Dec ကမှ ရိုက်ထားတ...
10/12/2025

Nov 2024 & Dec 2025

အရင်နှစ်ကပုံလေး ပြန်တွေ့မှပဲ တော်တော်ကြီးသက်သာသွားမှန်းသိသာတယ် ဆံပင်အရှည်နဲ့ပုံက 9 Dec ကမှ ရိုက်ထားတာ အသေးစိတ်ကြည့်ရင်တော့ ၀က်ခြံကြောင့်ဖြစ်သွားတဲ့ အမဲစက်တွေက အခုထိမပျောက်​သေးဘူး

ပထမပုံကတော့ camera မှာ beauty effect နည်းနည်းပါသွားတာမို့ ပိန်သလိုလို smooth ဖြစ်သွားတယ်
ဒုတိယပုံကတော့ telegram camera နဲ့ရိုက်တာမို့ ဘာ effect မှမသုံးထားဘူး

ကိုယ့် physical ပိုင်းမှာ သူများနဲ့ယှဥ်မလိုဖြစ်မိ​တိုင်း အမြန်ဘရိတ်အုပ်ရတယ် အရင်နှစ်ကထက်စာရင် ပို၀လာတယ် မျက်နှာတွေ ပိုဖောင်းလာတယ် ဆံပင်တွေရှည်လာတယ် စိတ်တွေကတော့ မရှည်တော့ပါဘူး အရင်လိုလဲ သည်းမခံတတ်တော့ဘူး 😆

အရင်၀က်ခြံတွေနဲ့ပုံတွေကတော့ အောက်က link မှာကြည့်လို့ရတယ်
https://www.facebook.com/share/p/1ATM3sRQPS/

နောက်နှစ်အတွက် ဆောင်ပုဒ်ကတော့ Know your worth and dont settle for less ပေါ့ ပြောရရင် နှစ်တော်တော်များများမှာ ကိုယ့် role ကို ကိုယ်တိုင်ပဲ နှိမ့်ချခဲ့တာမို့ နောက်နှစ်မှာတော့ ဘယ်သူ့အတွက်နဲ့မှ ကိုယ့် value ကို မနှိမ့်ချတော့ဘူး

give & take ကိုပဲ အလေးထားတာမို့ သူလိုတာ ကိုယ်ကပေးနိုင်နေပြီး ကိုယ်လိုတာ ပြန်မပေးနိုင်ရင်တော့ ဂျောင်းပေါ့ Just like a mirror ပဲ

02/10/2025

2024 Dec မှာရိုက်ထားတာတွေကို အခုမှပဲတင်ဖြစ်တော့တယ် 😐 but just a memory ပေါ့

အကြွား post လေးပါ ဟဲဟဲ ပုံထဲကဟာတွေက အလုပ်နောက်ဆုံးနေ့မှာ လက်ဆောင်ရခဲ့တဲ့ ဟာလေးတွေပါ 🤍 တင်မယ်ဆိုပြီး မေ့နေလို့ ခုမှတင်ဖြစ...
26/09/2025

အကြွား post လေးပါ ဟဲဟဲ
ပုံထဲကဟာတွေက အလုပ်နောက်ဆုံးနေ့မှာ လက်ဆောင်ရခဲ့တဲ့ ဟာလေးတွေပါ 🤍
တင်မယ်ဆိုပြီး မေ့နေလို့ ခုမှတင်ဖြစ်သွားတယ်
တိုက်တိုက်ဆိုင်ဆိုင် ပန်ကာ ၃ခု ရပါတယ် 😂 အလုပ်ထွက်ပြီး အေးချမ်းပါစေဆိုတဲ့ နမိတ်ပေါ့ 😆

26/09/2025

With me niece ✨

15/09/2025

Hey guyss
Welcome back.
ဒီတခါကတော့ Rosella က အိမ်ပြန်တဲ့အခါ တခါမှမစီးဖူးတဲ့ ရထားစီးပြီး ပြန်မှာဖြစ်ပါတယ် ရထားနဲ့အိမ်ပြန်မယ်လို့ပြောတော့ အိမ်ကလူတွေကော အလုပ်က လူတွေကပါ တယောက်ထဲဖြစ်ပြီး ရထားနဲ့ပြန်မလို့လား ကားစီးတာမဟုတ်ဘူး စိတ်ချရလို့လား ဘာညာနဲ့ စိတ်ပူကြပါတယ် သူတို့စိတ်ပူကြသလို ကိုယ်ကလဲ တခါမှ မစီးဖူးဘူးလေ 😂

ဒါပေမယ့် စီးရတာ အရမ်း အရမ်းကိုကောင်းပါတယ် ကိုယ်က ပတ်၀န်းကျင် စိမ်းစိမ်းစိုစိုတွေ မြင်ရင် အရမ်းသဘောကျတဲ့သူဆိုတော့ လုံး၀ရှယ်တန်ပါတယ် ရန်ကုန်ဘူတာကနေ မနက် ၅နာရီထွက်ပြီး သာစည်ဘူတာကို ညနေ ၄နာရီရောက်ပါတယ် ၁၁ နာရီတိတိ စီးရပါတယ် ရထားလက်မှတ်ကတော့ ၂၂၀၀၀ ပါ upper class ပါ ကံကောင်းစွာနဲ့ window seat ကိုမှ တယောက်ထိုင်ခုံပါ

အစားအသောက်က ရထားပေါ်ရောင်းတယ်ဆိုတာသိပေမယ့် နည်းနည်းလောက်ပဲ ထင်ထားတာ တကယ်စီးမှ ၁၁ နာရီလုံးလုံး စျေးသည် မပြတ်ဘူး 😆 ရောင်းလိုက်တဲ့အစားအသောက်ကလဲ အစုံပဲ မသိရင် စျေးထဲရောက်နေသလိုပဲ အဲဒါကြောင့် ကားနဲ့သွားတာထက် ရထားနဲ့ဆို မုန့်ဖိုး ပိုကုန်ပါတယ်😆

ရန်ကုန်ဘူတာကို taxi ငှားပြီးသွားပါတယ် ဟိုရောက်တော့ ဘယ်နားကရထားစီးရမလဲမသိဘူး ကိုယ်ကလဲ အထုပ်တွေများနေတော့ fees နဲ့ အထုတ်သယ်ပေးတဲ့သူနောက်ကနေပဲ လိုက်ရတော့တာပဲ အထုတ် ၂ထုတ်သယ်ခက ၅၀၀၀ တောင်ပေးရပါတယ် တော်တော်စျေးစစ်မှ ၄၀၀၀ ထားပေးတယ် 😪

ဘာပဲဖြစ်ဖြစ် ရထား စီးဖူးသွားပါပြီ နောက်တခါလဲ ရထားပဲ စီးချင်သေးတယ် တခုရှိတာက တလမ်းလုံးတော့ ဂျုံးဂျုံးဂျက်ဂျက် အသံမြည်နေတာပါပဲ Rosella ကတော့ တလမ်းလုံးနားငြီးပေမယ့်လဲ ရှုခင်းကြည့်ရတာရယ် အသစ်အဆန်းမို့ ခံစားဖူးချင်တာ​ရယ်ကြောင့် တန်တယ်လို့ သတ်မှတ်တယ် တချို့လမ်းသိပ်မကောင်းတဲ့နေရာမှာဆို ပုခက်လွှဲနေသလိုပါပဲ ကိုယ်ကတော့ စီးချိန် ၁၁ နာရီမှာ ၈ နာရီလောက်က အိပ်နေတာပါပဲ

ဒီနေ့တော့ ဒီလောက်ပါပဲ နောက် vd မှာ ပြန်တွေ့ကြပါမယ်

12.9.2025

vd တင်တာ ၃ခါရှိပြီ background music က copyright မိလို့ ဒီတခါတော့ ဘာ music မှမထည့်တော့ဘူး raw အတိုင်းပဲ ကြည့်လိုက်ပါတော့ 😩

Hay guys...Today is the last day of my first job 🥳🥳9 Oct 2024 - 9 Sep 2025 (11 months)ပထမဆုံးအလုပ်မှာ အတွေ့အကြုံတွေတော့ ...
09/09/2025

Hay guys...
Today is the last day of my first job 🥳🥳
9 Oct 2024 - 9 Sep 2025 (11 months)

ပထမဆုံးအလုပ်မှာ အတွေ့အကြုံတွေတော့ ရှယ်ရခဲ့ပါတယ်။ အစအဆုံး သေချာသင်ပေးတဲ့ စီနီယာတွေ၊ အရမ်းကောင်းတဲ့ colleagues တွေ၊ deadline အမှီ ပြီးအောင်လုပ်ရတာတွေ၊ minor problems တွေကို ဘယ်လို dealing လုပ်သင့်လဲ၊ work stress တွေကို ဘယ်လို handle လုပ်ရမလဲ၊ ကိုယ့်ဆီ information မရောက်လို့ ဖြေရှင်းရတာမျိုး၊ စကားကို လက်တလုံးခြားလုပ်တာမျိုး၊ သူ့စကားကို ကိုယ့်စကားလုပ်သွားတာမျိုး၊ ကိုယ့်ဘက်က မှန်နေရဲ့သားနဲ့ ရာထူး position ကြောင့် ငြိမ်ခံနေရတာမျိုး၊ ကိုယ့်ဘက်က respect အပြည့်ပေးပေမယ့် ကိုယ့်ကိုကျ ပြောချင်သလိုပြောတာမျိုး၊ ​ပြောမပြီးနိုင် တောသုံးထောင်ပါပဲ 😂

အရမ်းပင်ပန်းခဲ့ရတဲ့ရက်တွေလဲ ရှိခဲ့တာပဲ
မှတ်မှတ်ရရကတော့ Company တခုလုံးရဲ့ attendance တွေ စကိုင်ရဲ့တဲ့ march လပါပဲ ပထမဆုံး လုပ်ရတာဆိုတော့ အရမ်းကို stress ပိခဲ့တာ မှားရင် ကိုယ်ပဲ လျော်ရတာလေ အဲ့တလလုံး ကောင်းကောင်းမွန်မွန် အိပ်ပျော်ရတာမျိုးမရှိခဲ့ဘူး အလုပ်ကိစ္စတွေ အိမ်မက်ထဲထိပါ ပါလာခဲ့တာ အခုမှ စလုပ်တဲ့ အလုပ်ဆိုတော့ ဘယ်သူတွေကို ဘယ်လို dealing လုပ်ရမလဲဆိုတာလဲမသိဘူး ကိုယ့်ဆီကို information ရောက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာလဲ မသိခဲ့ဘူး တကယ်ကို ပင်ပန်းခဲ့တာ att ပေးရမယ့်ရက်က ငလျင်လှုပ်တဲ့နေ့ပဲ 🤧

နောက်တခုကတော့ 7 လပိုင်းပဲ လချုပ်ရက်၊ ချောင်းဆိုးပြီး ဖျားတာ နဲ့ menstration ရော သုံးခုပေါင်းပြီး လူက တော်တော်မျော့သွားတာ အလုပ်ကလဲ ခွင့်ယူမရတဲ့ ရက်တွေဖြစ်နေတော့ ဖျားနေလဲ အလုပ်သွားရတာပဲ ညဆိုလဲ ချောင်းဆိုးလို့ တညလုံး ကောင်းကောင်းမအိပ်ရဘူး လချုပ်လဲ ပြီးရော စိတ်လျော့လိုက်တော့ လူက အိပ်ယာထဲက မထနိုင်ဘူး အဲ့ ၂ခုကတော့ မှတ်မှတ်ရရပါပဲ

ကိုယ်တိုင်က တော်ရုံတန်ရုံ အဆင်မပြေတာရှိလဲ သူ့ဟာနဲ့သူ ကျော်ဖြတ်နိုင်တယ် အားအနည်းဆုံးအချိန်ကတော့ ဖျားနေတဲ့အချိန်ပဲ အဲ့အချိန်ဆိုရင် တကယ်ကို ဘာမှ handle မလုပ်နိုင်တော့တာပဲ

ဘာပဲဖြစ်ဖြစ် အဲဒါတွေအကုန် ကောင်းမွန်စွာကျော်ဖြတ်နိုင်လို့ I'm proud of myself ပါပဲ 🤍
ကျေးဇူးတင်ရမယ့်လူတွေလဲ အများကြီးပါပဲ အခက်အခဲတွေလဲ အများကြီးကြုံခဲ့ရပေမယ့် တချို့ကိုတော့ colleagues တွေကြောင့် ရယ်​ရင်းမောရင်း ကျော်ဖြတ်နိုင်ခဲ့ပါတယ် သင်ယူခဲ့တာတွေလဲ အများကြီးပါပဲ

ပုံတွေကတော့ colleagues တွေနဲ့ ရိုက်ထားသမျှတွေပါပဲ ဒါတောင် တချို့လူတွေမပါသေးဘူး ကံပါရင် ပြန်ဆုံချင်ပါသေးတယ်🥰

Gallery Ohmar  📸 Ethan Min
07/06/2025

Gallery Ohmar

📸 Ethan Min

ပထမဆုံးပုံက 2nd year လား 3rd year လားမသိဘူး အဲ့တုန်းက ရိုက်ခဲ့တာ သွေးလှူရှင် အသင်းထဲကိုတော့ 1st year ကတည်းက စ၀င်ခဲ့တာ ပြ...
30/05/2025

ပထမဆုံးပုံက 2nd year လား 3rd year လားမသိဘူး အဲ့တုန်းက ရိုက်ခဲ့တာ သွေးလှူရှင် အသင်းထဲကိုတော့ 1st year ကတည်းက စ၀င်ခဲ့တာ ပြန်တွေးကြည့်ရင် တကယ်ပျော်စရာပါပဲ

သေချာတော့ မမှတ်မိတော့ပေမယ့် 3rd year ရောက်တော့ အသင်းကို ဦးစီးတဲ့ အကြီးတွေက final ရောက်သူကရောက် ကျောင်းပြီးတဲ့သူကပြီးဆိုတော့ သေချာလုပ်မယ့်သူက ကိုယ်တို့မိန်းကလေးသူငယ်ချင်း Wu Wu Sandaku Sandaku Myat Kay Khaing Eaint Chuu ၅ယောက်အုပ်စုရယ် Moe Kaung Khant တို့ ယောကျာ်းလေးအုပ်စုရယ် တခြားသူတွေလဲ အရမ်းမမှတ်မိတော့ပေမယ့် ၁၀ ယောက် ၁၅ ယောက်လောက်ရှိမလားပဲ တကယ်ကို ပြန်တွေးကြည့်တော့လဲ ဦးနှောက်က သေချာမမှတ်မိတော့ဘူး ဒါပေမယ့် အဲ့ထဲမှာက ကိုယ်က ပါ၀င်တာ နည်းပါတယ် သူငယ်ချင်းတွေပါလို့သာ ရောယောင်လိုက်သွားတာ

ဒုတိယပုံကတော့ 2020 တုန်းကပုံပဲ ဆေးရုံကသွေးလိုလို့လှမ်းပြောတဲ့အခါ စာရင်းထဲက လှူမယ့်သူတွေ လိုက်ဖုန်းဆက် မရရင် စာသင်ခန်းတွေထဲ ဆရာ/ဆရာမ ခွင့်တောင်းပြီးလိုက်ရှာရနဲ့ လူရသွားမှ သက်ပြင်းချနိုင်ခဲ့တာပါပဲ စာသင်နှစ်အစတိုင်းမှာ အဖွဲ့၀င်အသစ်တွေရဖို့ အလှူငွေရဖို့ တခန်း၀င်တခန်းထွက် စုဆောင်းရတယ် semester တခုပြီးခါနီးလို့ စာမေးပွဲမဖြေခင်တိုင်း သွေးပိတ်ပွဲဆိုပြီး လုပ်ရတယ် အဲ့အချိန်မှာတော့ တကျောင်းလုံးက သွေးလှူချင်တဲ့သူတွေ လိုက်စုရတယ် ဆေးရုံသွားဖို့ ကားစီစဥ်ရတယ် သွေးလှူမယ့်သူတွေကို ကျွေးဖို့ မုန့်တွေ ၀ယ်ရတယ် ပြီးတာနဲ့ လူအရေအတွက်ပေါ်မူတည်ပြီး ကား၂စီး ၃စီး သွားရတယ် ကိုယ်ကတော့ ဘယ်တော့မှ ပေါင်မပြည့်တာမို့ တခါမှ သွေးမလှူရဘူး ဘေးကနေပဲ ၀င်ကူသလိုလို ၀င်ရှုပ်သလိုလိုပေါ့😂

ဘွဲ့နှင်းသဘင်အချိန်ရောက်ပြီဆိုရင်လဲ အလှူငွေရဖို့ မြို့ထဲကနေ အရုပ်လက်ကားဆိုင်က အရုပ်တွေယူရောင်းရတယ် ဖျော်ရည်တွေတောင်ရောင်းသေးလားပဲ မမှတ်မိတော့ဘူး အဲ့အချိန်ဆိုရင် ကိုယ်တွေအဖွဲ့က အရုပ်တွေနဲ့ ပုံရိုက်တဲ့အချိန်ပဲ😂 တကယ် လွမ်းစရာကြီးပါပဲ အခုတော့ အကုန်လုံးက တယောက်တနေရာစီပါပဲ

Address

MinGaLar Street
Meiktila

Telephone

+959790515269

Website

Alerts

Be the first to know and let us send you an email when Rosella posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Rosella:

Share