17/02/2026
နှစ်ယောက်ထိုင်ခုံမှာ
တယောက်တည်းထိုင်နေရတဲ့ အခါ
ကျယ်ဝန်းတယ် လွတ်လပ်တယ် လို့ ထင်ရပေမယ့်
တကယ်တော့ အဖော်မဲ့တယ်
ကြေကွဲတယ်လို့ အမည်ထွက်တယ် မလွယ်ပါဘူး
လမ်းပေါ်မှာလည်း လူတွေမတွေ့ဘူး
လူတွေထဲမှာလည်း ပျောက်သောသူ မတွေ့ဘူး
မလွယ်ပါဘူး လွယ်ထားတဲ့
လွယ်အိတ်ထဲမှာလည်း လိပ်စာမရှိဘူး
မလွယ်ပါဘူး လွယ်လွယ်မေ့မပစ်တတ်တော့
လိပ်စာရှိတော့လည်း လူကိုမတွေ့ဘူး
ပျောက်သောသူ တယောက်။
#ဝင်းမြင့်