02/03/2024
ရင်နင့်အောင်ချစ်ခဲ့ပေမယ့်
ရင်နှင့်မဆံ့ခဲ့တဲ့ ဒဏ်ရာတွေ
နာကျင်ခဲ့ရတဲ့အတိတ်တွေကို
ပြန်မသွားချင်တော့ဘူး
ပူလောင်မှုတွေပဲ ပေးတဲ့ ရင်ခွင်မှာလည်း
အတင်းတွယ်ကပ်မနေချင်တော့ဘူး
အရွယ်နှင့်မမျှအောင် ခံစားနေရတဲ့
နှလုံးသားဒဏ်ရာတွေနှင့်အတိတ်ကို
ထပ်ပီးတော့ မတမ်းတတော့ဘူး