Shwe Yaung Sin paints Shop

Shwe Yaung Sin paints Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yaung Sin paints Shop, Painting Lessons, mawlamyine, Mawlamyine.

ငါနိမ့်ပါးနေချိန်မှာ ငါမှန်နေပေမယ့် ငါ့ဘက်မရပ်တည်ခဲ့တဲ့ လူတွေကို ငါမမေ့ဘူး .. မရှိရှိတာကို စွန့်လွှတ်ပြီး ငါကောင်းပေးခဲ့...
25/08/2024

ငါနိမ့်ပါးနေချိန်မှာ ငါမှန်နေပေမယ့် ငါ့ဘက်မရပ်
တည်ခဲ့တဲ့ လူတွေကို ငါမမေ့ဘူး ..

မရှိရှိတာကို စွန့်လွှတ်ပြီး ငါကောင်းပေးခဲ့ပေမယ့် ငါ့ကို မရွေးခြယ်ကြတဲ့ လူတွေကို ငါမမေ့ဘူး ..

ငါပေးတဲ့မေတ္တာတွေကို အငွေ့ပြန်စေပြီး ဆားငံရည်တွေသာ ပြန်ရွာချပေးတဲ့ လူတွေကို ငါမမေ့ဘူး ..

ငါတန်ဖိုးထားဆက်ဆံပေမယ့် ငါ့ဖြစ်တည်မူကို မရိုသေတဲ့ လူတွေကို ငါမမေ့ဘူး ..

ငါ့ကျေးဇူးတရားတွေကိုမေ့ပြီး ငါ့ကိုအကောင်းမ
မြင်နိူင်တဲ့ လူတွေကို ငါမမေ့ဘူး ..

ငါဘက်က ကာကွယ်ပေးခဲ့ပေမယ့် ငါ့ကိုထိုးနှက်ဖို့ ဝန်မလေးတဲ့ လူတွေကို ငါမမေ့ဘူး ..

ငါတိုက်ခိုက်ခံနေရတဲ့ အချိန်မှာ ငါ့ဘေးနားက ရှောင်ဖယ်ခဲ့တဲ့ လူတွေကို ငါမမေ့ဘူး ..

16/01/2024
ပေါ်လစ်သုတ်ရခြင်း အကြောင်း~~~~~~~~~~~~~ ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမ...
05/01/2024

ပေါ်လစ်သုတ်ရခြင်း အကြောင်း
~~~~~~~~~~~~~

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။

1 ဖီလာ (Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။

2 ဆီလာ (Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။

(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================

ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။

NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။

ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။

(၂) AC ဆီလာ
==========

AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။

AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။

(၃)PU ဆီလာ
==========
PU ဆီလာက သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။

PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။

3 Lacquer နဲ့ Topcoat

တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

Lacquer လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။

သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။

ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။

Topcoat ကိုတော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။

NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။

ဘိလပ်မြေ+ပတ်တီး......🔍🔍🔍🔍🔍🔍🔍အိမ်ဆေးသုတ်ပြုလုပ်တဲ့အခါ   ဘိလပ်မြေပတ်တီးကို အသုံးပြုကြတာတွေရှိပါတယ်။ဘိလပ်မြေ ၁စ ပတ်တီး ၅စ ရ...
04/01/2024

ဘိလပ်မြေ+ပတ်တီး......🔍🔍🔍🔍🔍🔍🔍

အိမ်ဆေးသုတ်ပြုလုပ်တဲ့အခါ ဘိလပ်မြေပတ်တီးကို အသုံးပြုကြတာတွေရှိပါတယ်။

ဘိလပ်မြေ ၁စ ပတ်တီး ၅စ ရောစပ်ပြီးအသုံးပြုတာရှိသလို၊ ကိုယ်တိုင် ရောစပ်စရာမလိုပဲ အသင့်သုံး ဘိလပ်မြေ ပတ်တီးအိတ်တွေလည်း ရှိပါတယ်။

ဘိလပ်မြေပတ်တီးကို နံရံမှာ ပထမ တစ်ကုတ်အဖြစ် သို့မဟုတ် နှစ်ကုတ်အဖြစ် အသုံးပြုကြတာတွေလည်းရှိပါတယ်။

📌ဘိလပ်မြေ+ပတ်တီး ကောင်းကျိုးတွေတော့
==============================

ဘိလပ်မြေပတ်တီးကို ပထမတကုတ် နံရံမှာရိုက်ခြင်းဖြင့်

အသားအခြောက်မြန်တယ်
အသားကျစ်လစ်တယ်
မဆလာသား ရေကျန်မှုကို စုတ်ယူတယ်
ပတ်တီးသားတတ်တယ်
နံရံသားနှင့် ပတ်တီးသားကုတ်အားကောင်းစေတယ်

အစိုးရအဆောက်ဦးတွေ၊ကန်ထရိုက်တိုက်တွေဆိုရင် အသုံးပြုရတာများပါတယ်။

ဘိလပ်မြေ+ပတ်တီးက အကြမ်းထည်အဆောက်ဦးမှာ ပထမ တစ်ကုတ်အဖြစ် အသုံးပြုတာ အဆင်ပြေပါတယ် ဘာကြောင့်လဲဆိုတော့

နံရံအကြမ်းမှာ သစ်စတွေဝင်နေတာ၊အမှိုက်တွေဝင်နေတာ ဒုနှင့်ဒေးပါပဲ ရှိတတ်ကြတာ။
ပတ်တီးရိုက်ဖို့ ပြင်ဆင်တဲ့အခါ နံရံက သစ်စတွေ၊အမှိုက်စတွေကို ဖယ်ထုတ်ပြစ်ရပါတယ် ထုတ်လိုက်တဲ့နေရာမှာ အပေါက်လေးတွေဒဏ်ရာလေးတွေကျန်ခဲ့ပါတယ် အဲ့လိုနံရံတွေကို ဘိလပ်မြေ+ပတ်တီးရိုက်ခြင်းက ပိုမိုသင့်လျော်ပါတယ်။

အဆောက်ဦးအကြမ်းထည်တွေတောတောများများက နံရံ ဘင့်တွေ၊ slabဘင့်တွေ မဆလာမချောထားတာတွေပါများတယ် အဲ့လိုနေရာတွေ ဘိလပ်မြေ+ပတ်တီးရိုက်ရတာ ပိုကောင်းပါတယ်

📌ဘိလပ်မြေပတ်တီးရဲ့ ဆိုးကျိုးတွေကတော့
================================
ဘိလပ်မြေ+ပတ်တီးကို ရောစပ်တဲ့နေရာမှာ
ဘိလပ်မြေကိုအချိုးလိုတာထပ်များလို့မရပါဘူး
ရောစပ်တဲ့ အခါမှာလည်း နှံ့အောင်မွှေရပါတယ်။

ဘိလပ်မြေများသွားရင် ပတ်တီးရိုက်ရတာ အဆင်မပြေပါဘူး။

ပတ်တီးသားတွေ လိမ့်တတ်မယ်၊

ခြောက်လို့ ကော်ပတ်တိုက်တဲ့အခါ မာကျောနေပြီးကော်ပတ်စားရတာအဆင်မပြေပါဘူး။ကော်ပတ်စားတဲ့သူက လက်ကြောမတင်းရင်

ပတ်တီးလှိုင်းတွေထမယ်၊ ဆေးသုတ်တဲ့အခါရုပ်ထွက်ဆိုးမယ်။

ဘိလပ်မြေများသွားတဲ့အတွက်​ကြောင့် ကြာရင် ပတ်တီးတွေ အက်ကွဲကြောင်းတွေထမယ်၊

💥ဘိလပ်မြေ+ပတ်တီး+ရေ ရယ်ဖျော်စပ်တဲ့အခါမှာကိုယ်အသုံးပြုမယ့် ဧရိယာကိုမှန်းပြီး ဖျော်သင့်သလောက်သာ ဖျော်စပ်ပါ သူကရိုးရိုးပတ်တီးလို
မာသွားလို့ ရေပြန်တောက်ပြီး ပြန်မွှေလိုမကောင်းပါဘူး မာသွားလို့ ပြန်မွှေရင် ပတ်တီးသားတွေ ဖွာကုန်တယ် ရိုက်နေရင်နဲ့ စေးစေးကြီးဖြစ်တတ်ပါတယ်။

🔍ဆေးသုတ်ပြီးလို့ ဒဏ်ရာပြန်စစ်( touching)ပြန်လိုက်တဲ့အခါ ဘိလပ်မြေ+ပတ်တီးနှင့် မပြုလုပ်ပါနဲ့
ဘာကြောင့်လဲဆိုတော့ ဘိလပ်မြေ+ပတ်တီးက အဖြူမဟုတ်တဲ့အတွက် ဆေးဖာတဲ့အခါ ကွက်နေပါလိမ့်မယ် ဆီလာသုတ်ထားလည်းမရပါဘူး၊
အရောင်နုရင် ပိုသိသာပါတယ်။ ၂ကုတ်လောက်သုတ်ရမယ့်နေရာမှာ ၃_၄ကုတ်သုတ်နေရပါလိမ့်မယ်ခင်ဗျာ။

ရွှေပိုးအိမ် ရေဆေး ဆီဆေး ပေါလစ်ဆေးသုတ်လုပ်ငန်း


နှစ်ကုန်ခါနီး
30/12/2023

နှစ်ကုန်ခါနီး

ကျေးဇူးပါ ဆရာသမားတို့
27/12/2023

ကျေးဇူးပါ ဆရာသမားတို့

AC နဲ့ ပွဲတော်တည်မယ်
26/12/2023

AC နဲ့ ပွဲတော်တည်မယ်

အရောက်ပို့
26/12/2023

အရောက်ပို့

Address

Mawlamyine
Mawlamyine

Website

Alerts

Be the first to know and let us send you an email when Shwe Yaung Sin paints Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share