Nway Oo Young - Poetries

Nway Oo Young - Poetries ပေးသောလက်သည်မေတ္တာဖြစ်၍
ရသောလက်သည်သစ္စာဖြစ်ပါစေ ။

- နွေဦးရောင် -

တစ်ခါပွင့်အလွမ်း—————————————လွမ်းစရာ့ နွေမှာသက်မဲ့သစ်ရွက်တွေက ရှင်လို့သက်ရှိလူတွေက အသက်မဲ့လို့  ။ပြဒါးတစ်လမ်း သံတစ်လမ်း...
20/09/2025

တစ်ခါပွင့်အလွမ်း
—————————————

လွမ်းစရာ့ နွေမှာ
သက်မဲ့သစ်ရွက်တွေက ရှင်လို့
သက်ရှိလူတွေက အသက်မဲ့လို့ ။

ပြဒါးတစ်လမ်း သံတစ်လမ်း
ဖြစ်ခဲ့ပြီးကြတဲ့ ငါတို့ဟာ
နောက်တစ်နွေ
နောက်တစ်ဆောင်း
ဘယ်ရာသီတွေ
ဘယ်လိုပြောင်းပြောင်း
ဆုံဖို့ရာအကြောင်းများလည်း
မရှိတော့ပါဘူး ။

ဘဝမှာ
ကိုယ့်စိတ်နဲ့
ထပ်တူမကျဘူးလို့ ခံစားမိတဲ့အခါ
ဘယ်သူနဲ့မှလည်း
တစ်ကိုင်းထဲ အတူတူမနားချင်တော့ပါ ။

ရှင်လို့ပဲ ကွဲခဲ့ရပါစေ
သေလို့ပဲ ခွဲခဲ့ရပါစေ
နှလုံးသားထဲကဖြစ်တဲ့ မျက်ရည်စစ်စစ်တွေကိုတော့
မကျဖူးတဲ့သူရယ်လို့လည်း
ဒီကမ္ဘာမှာမရှိခဲ့ဘူးပေါ့ ။

တကယ်လို့
နာကျင်စရာကိစ္စရပ်များနဲ့သာ ဝေးခွင့်ရတဲ့အခါ
နှလုံးသားကို
အမေမွေးတုန်းကအတိုင်းပဲ ပြန်ဖြူခဲ့ချင်ရုံပါ ။

တစ်ခါသာပွင့်ခွင့်ရခဲ့ရတဲ့
အလွမ်းဟာ
သံသရာအထိ
ငါနဲ့ထပ်တူပါတော့မယ်လို့
ငါဆိုတဲ့အခါ
သံသယကင်းကင်းနဲ့
မင်းယုံပါလိုက်ပါကွယ် ။

- နွေဦးရောင်

သံဝေဂ--------------နေဝင်မှနေထွက်ပါးလုလုဖိနပ်တွေလည်း ပျက်ခဲ့ရပြီ ။ဘဝကစုန်ချည် ၊  ဆန်ချည် နိမ့်ချည် ၊ မြင့်ချည်ဆိုခဲ့ဖူးသမ...
19/09/2025

သံဝေဂ
--------------

နေဝင်မှနေထွက်
ပါးလုလုဖိနပ်တွေလည်း ပျက်ခဲ့ရပြီ ။
ဘဝက
စုန်ချည် ၊ ဆန်ချည်
နိမ့်ချည် ၊ မြင့်ချည်
ဆိုခဲ့ဖူးသမျှ တေးအလီလီမှာ
ဘေးမသီ ရန်မခ
ဘယ်သူကမှ တောင်းဆုတွေမပြည်ခဲ့ရ ။
သံသရာဆိုတာကတော့
ဝေးတာ နီးတာ
ဘာသက်ညှာမှုမှ မရှိခဲ့ပါဘူး မသည်းညှာ ။
ကျနော်တို့ဟာ
လာခဲ့တုန်းကလည်း လက်ဗလာပါပဲ
ထွက်သွားတော့လည်း လက်ဗလာပါပဲ
ဘာကျန်ခဲ့သလဲမေးရင်
ခြေရာတွေပဲ ထင်ကျန်ခဲ့မှာပဲမလား ။
နောက်ဆုံးကျ
တစ်ယောက်ကမီးခိုးတွေဖြစ်သွားပုံကို
တစ်ယောက်ကငေးကြည့်ရမယ်
တစ်ယောက်နဲ့တစ်ယောက်က
အဲ့သလို ဝေးသွားရပုံကို
တစ်‌ယောက်ကပူဆွေးသောကရောက်ရင်း
နှုတ်ဆက်သတင်းကို‌ ကြေငြာရမယ်
" တစ်ဘဝစာလုံး ဝေးခဲ့ပါကြောင်း " ပေါ့ ။

- နွေဦးရောင် -
19/9/2025

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Nway Oo Young - Poetries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category