27/07/2025
**Clavision Masters 2025: Snow-Ruyi**
TI မတိုင်မှီ အကြိုအားစမ်းကြမယ့် တရုတ်ကြီးတို့ရဲ့ဖိတ်ခေါ်ပြိုင်ပွဲ
Dota ပွဲတွေကြိုက်နှစ်သက်သူတွေအတွက် တရုတ်နိုင်ငံတွင်ကျင်းပမည့် Calvusion Master 2025: Snow-Ruyi ဟာ July 28 ကနေ August 3 , 2025 ထိ Zhangjiakou မြို့ရှိ **Bao’an Indoor Stadium မှာကျင်းပသွားမှာဖြစ်ပီး Total Prize Pool $USD 700,000 ထိချီးမြှင့်သွားမှာဖြစ်ပါတယ်။**
ပြိုင်ပွဲဝင်အသင်း၁၀သင်းကို Direct Invited ထားတာဖြစ်ပီး ထို၁၀သင်းထဲတွင် TI တွင်ဆော့ကစားမည့်အသင်း ၈ သင်းထိပါဝင်နေသည့်အတွက် TI မတိုင်ခင် ပွဲကြည့်ပရိသတ်တို့အကြိုက်တွေ့ကြမှာပါ။
ပွဲကျင်းပမည့်ပုံစံ-
▸▸▸Group stage (July 28- August 3)
Group 2ခုခွဲထားပီး Group 1ခု လျှင် အသင်းငါးသင်းစီပါဝင်ပီး Single round robin, Bo3 matches ဆော့ကစားရမှာဖြစ်ပါတယ်။
အမှတ်ပေးဇယားရဲ့ထိပ်ဆုံး ၂သင်းဟာ Upper-Bracket semifinals ကိုရောက်ရှိမှာဖြစ်ပီိး 2nd နဲ့ 3rd အသင်းတွေကတော့ Upper-Bracket quarterfinals မှာဆော့ကစားရမှာပါ။
Group stage အမှတ်ပေးဇယားရဲ့ အောက်ဆုံး2သင်းစီကတော့ Lower-Bracket မှာ ဆော့ကစားရမှာဖြစ်သည့်အတွက် Playoffsအဆင့်မှာလဲ အသင်းအားလုံးဆော့ကစားတာမြင်တွေ့ရမှာပါ။
▸▸▸Playoffs(July 31- August 3)
Double-elimination ပုံစံအတိုင်း Bo3 ဆော့ကစားမှာဖြစ်ပီး Grand Final ကိုတော့ Bo5 ထိဆော့ကစားကြမှာဖြစ်ပါတယ်။
🏁 Participating Teams
Direct Invite အသင်းကြီး ၁၀သင်းကတော့
**Group A**
- PARIVISION
- Tundra Esports
- Xtreme Gaming
- Nigma Galaxy
- BOOM Esports
Group A မှာတော့ Parivision အသင်းဟာ လတ်တလောကျင်းပထားတဲ့ EWC(Esports World Cup)မှာတတိယရရှိထားတဲ့အသင်းဖြစ်ပီး Final Stages ကိုလွယ်လွယ်ကူကူရောက်ရှိမလား၊ Group Aမှာရှိတဲ့ အသင်းတွေရဲ့လက်စွမ်းပြချင်းကိုခံရမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
**Group B**
- BetBoom Team
- Gaimin Gladiators
- Team Tidebound
- Yakult Brothers
- Team Yandex (replaced Aurora, who withdrew)
Group B မှာတော့ EU နဲ့ China အသင်းတို့လက်ရည်စမ်းတာကို မြင်တွေ့ရမှာပါ၊ China Dota ပွဲတွေတောင့်တနေသူအတွက် Does China dota still alive? ဆိုတဲ့ မေးခွန်းအတွက်အဖြေတခုဖြစ်လာမှာပါ။
Clavision Master 2025: Snow-Ruyi ဟာ TI မတိုင်ခင်နောက်ဆုံးကျင်းပမယ့် ပွဲကြီးတပွဲဖြစ်သည့်အပြင် TI မှာ ဆော့ကစားမယ့်အသင်းများ ပါဝင်နေတာကြောင့် အသင်းတွေအတွက် stragtegies တွေ playstyles တွေအားစမ်းကြမယ့် ပြိုင်ပွဲကောင်းတပွဲဖြစ်နေပါတယ်။
သာကောတို့မြေမှာကျင်းပမယ့် ယခုပြိုင်ပွဲကြီးမှာ သာကောတို့ပဲ Champion title ကို သိမ်းပိုက်မလား?
ထုံးစံအတိုင်း EU အသင်းကပဲ Champion ဆုကိုရရှိသွားမလား?ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။။။။