𝐈𝐧𝐆𝐚𝐦𝐞

𝐈𝐧𝐆𝐚𝐦𝐞 🎮ဂိမ်းစက်ရောင်းဝယ်ရေး နှင့်ပြုပြင်ရေး🛠
ဂိမ်းစက်များကိုယုံကြည်စိတ်ချစွာဖြင့်ရောင်းဝယ်လို့
ရနေပါပြီနော်😊 09771332239 - 09776055527

Battlefield Bad Company===========================ဇာတ်လမ်းက ရုရှားနဲ့ အမေရိကန် စစ်ဖြစ်နေတဲ့ ကာလတစ်ခုမှာ အခြေခံထားပါတယ်။ ...
20/06/2026

Battlefield Bad Company
===========================
ဇာတ်လမ်းက ရုရှားနဲ့ အမေရိကန် စစ်ဖြစ်နေတဲ့
ကာလတစ်ခုမှာ အခြေခံထားပါတယ်။ Marlowe
တစ်ယောက် Bad Company ထဲကို ရောက်
ရောက်ချင်းမှာပဲ သူတို့အဖွဲ့ဟာ တပ်ဦးကနေ
ရန်သူ့နယ်မြေထဲကို အမြောက်စာအဖြစ် တိုးဝင်
ခိုင်းခြင်း ခံရပါတယ်။ ​တိုက်ပွဲတွေဖြစ်ရင်းနဲ့ သူတို့
အဖွဲ့ဟာ ရုရှားစစ်တပ်ကို ကူညီနေတဲ့ Legionnaire
လို့ခေါ်တဲ့ ကြေးစားစစ်တပ် Mercenaries တွေနဲ့
တိုးပါတယ်။ အဲဒီကြေးစားစစ်သားတစ်ယောက်ရဲ့
အလောင်းကို ရှာဖွေရာကနေ အိတ်ထဲမှာ "ရွှေတုံး"
တစ်တုံးကို သွားတွေ့ပါတယ်။ ​Sweetwater ရဲ့ စုံ
စမ်းချက်အရ ဒီကြေးစားစစ်တပ်ဟာ လစာကို ပိုက်
ဆံနဲ့မယူဘဲ "ရွှေ" နဲ့ ယူတာဖြစ်ပြီး၊ သူတို့နောက်ကို
လိုက်ရင် ရွှေတွေအများကြီးရနိုင်တယ်ဆိုတာ သိ
သွားကြပါတယ်။ "ငါတို့ စစ်တပ်အတွက် တိုက်ပေး
တာ တော်လောက်ပြီ၊ အခုကစပြီး ငါတို့ ကိုယ့်အတွက်
ကိုယ် တိုက်မယ်။"​ အဲဒီနောက်မှာတော့ သူတို့အဖွဲ့
ဟာ စစ်တပ်ရဲ့ အမိန့်တွေကို ဖီဆန်ပြီး ရွှေတွေအများ
ကြီး သယ်ဆောင်ထားတဲ့ ကြေးစားစစ်တပ်နောက်ကို
တစ်ရွာဝင်တစ်ရွာထွက် လိုက်လံတိုက်ခိုက်ပါတော့တယ်။
​ရွှေနောက်ကို လိုက်ရင်းနဲ့ Haggard က စိတ်လှုပ်ရှားပြီး
အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ Serdaristan ဆိုတဲ့
နိုင်ငံငယ်လေးရဲ့ နယ်စပ်ကို ကျူးကျော်ဖောက်ခွဲပစ်
လိုက်ပါတယ်။ ဒါကြောင့် အမေရိကန်စစ်တပ်က
Bad Company ကို စစ်ပြေးဒုက္ခသည်/သစ္စာ
ဖောက်တွေအဖြစ် သတ်မှတ်လိုက်ပြီး သူတို့ကို
ပြန်ဖမ်းဖို့ ကြိုးစားပါတယ်။ ​ဒါပေမဲ့ Bad Company
အဖွဲ့ကတော့ ဂရုမစိုက်ဘဲ Serdaristan နိုင်ငံရဲ့
အာဏာရှင် "Zavomir Serdar" ကိုပါ ဖမ်းဆီးပြီး
သူပိုင်တဲ့ ရွှေအပြည့်တင်ထားတဲ့ ဂေါက်သီးရိုက်
ကွင်းက ရဟတ်ယာဉ်ကို ခိုးယူကာ ထွက်ပြေး
ခဲ့ကြပါတယ်။ ( ဇာတ်လမ်းကိုအဆုံးထိပြောရင်
ပေါ့သွားမှာဆိုးလို့ ကိုယ်တိုင်သာဆော့ကြည့် အဆုံး
သတ်ဘာဖြစ်မလဲလို့ )

#ဂိမ်းစက်ရောင်းဝယ်ရေး #မိထ္တီလာမြို့

၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ Sony ဟာ ဂိမ်းလောကထဲကို တိုက်ရိုက်ဝင်ဖို့ စိတ်မဝင်စားသေးဘဲ နည်းပညာပံ့ပိုးသူအဖြစ်ပဲ...
20/06/2026

၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ Sony ဟာ
ဂိမ်းလောကထဲကို တိုက်ရိုက်ဝင်ဖို့ စိတ်မဝင်စားသေးဘဲ
နည်းပညာပံ့ပိုးသူအဖြစ်ပဲ နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ
Sony ရဲ့ ထက်မြက်တဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ
Ken Kutaragiဟာ Nintendo ရဲ့ Super Nintendo
(SNES) ဂိမ်းစက်အတွက် Sound Chip ကို လျှို့ဝှက်တီ
ထွင်ပေးခဲ့ပါတယ်။ ​အဲ့ဒီကနေတစ်ဆင့် Sony နဲ့ Nintendo
တို့ ပူးပေါင်းပြီး CD-ROM အသုံးပြုနိုင်မယ့် ဂိမ်းစက်
အသစ်တစ်ခု ထုတ်လုပ်ဖို့ သဘောတူညီမှု ရခဲ့ကြပါတယ်။
အဲ့ဒီ ပရောဂျက်ကို "Play Station"လို့ အမည်ပေးခဲ့တာပါ။

​ဒါပေမဲ့ ၁၉၉၁ ခုနှစ် Consumer Electronics Show
(CES) မှာ Sony က ဒီပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ယူ
တင့်တယ်စွာ ကြေညာခဲ့ပြီး နောက်တစ်ရက်မှာပဲ
Nintendo က Sony နဲ့ စာချုပ်ကို ဖျက်သိမ်းပြီး သူတို့ရဲ့
ပြိုင်ဘက် Philips ကုမ္ပဏီနဲ့ လက်တွဲတော့မယ်လို့ လူသိ
ရှင်ကြား ကြေညာပြီး Sony ကို အရှက်ခွဲလိုက်ပါတယ်။
Nintendo ဟာ စာချုပ်ပါ အမြတ်ခွဲဝေမှုစနစ်ကို မကျေနပ်
လို့ အခုလို တာဝန်မဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Sony ရဲ့ အထက်လူကြီးတွေဟာ အကြီးအကျယ် ဒေါသထွက်ပြီး
ပရောဂျက်ကို ဖျက်သိမ်းဖို့ လုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ Ken Kutaragi က ဥက္ကဋ္ဌ Norio Ohga ကို "
ကျွန်တော်တို့ Nintendo အရှက်ခွဲတာကို ငုံ့ခံနေတော့မှာလား"
ဆိုပြီးစိန်ခေါ်ကာ Sony ကိုယ်ပိုင် ဂိမ်းစက်ထုတ်ဖို့ တိုက်
တွန်းခဲ့ပါတယ်။​ဥက္ကဋ္ဌ Ohga ကလည်း ကုမ္ပဏီရဲ့ သိက္ခာ
အတွက် ဒီပရောဂျက်ကို ခွင့်ပြုလိုက်ပြီး Ken Kutaragi ကို
အဖွဲ့အသစ် ဖွဲ့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ Nintendo ကို နည်း
ပညာအရ ကလဲ့စားချေဖို့အတွက် Sony Computer
Entertainment ကို တည်ထောင်ပြီး ပထမဆုံး PlayStation
(PS1) ကို စတင် တီထွင်ပါတော့တယ်။

၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ ဂျပန်နိုင်ငံမှာ ပထမဆုံး
PlayStation ကို စတင်ရောင်းချခဲ့ပါတယ်။အဲ့ဒီအချိန်မှာ
ဂိမ်းလောကကို စိုးမိုးထားတဲ့ Nintendo နဲ့ Sega တို့က
Cartridgeတွေကိုပဲ သုံးနေချိန်မှာ Sony က CD-ROM ကို
အသုံးချပြီး ဂိမ်းလောကကို တော်လှန်လိုက်ပါတယ်။

PlayStation ဟာ 2D ကနေ 3D ရုပ်ထွက် ခေတ်ဦးကို
အကောင်းဆုံး ဖန်တီးပြနိုင်ခဲ့ပါတယ်။ CD-ROM ဟာ
ထုတ်လုပ်မှုစရိတ် သက်သာပြီး ဂိမ်းဆော့ဖ်ဝဲ ရေးရတာ
ပိုလွယ်ကူတာကြောင့် Square လို ကုမ္ပဏီကြီးတွေက
Nintendo ကို စွန့်ခွာပြီး Sony ဘက်ကို ကူးပြောင်းလာကြပါတယ်။
Final Fantasy VII လို ဂိမ်းမျိုးတွေဟာ PS1 ကို အကြီးအကျယ်
အောင်မြင်စေခဲ့ပါတယ်။ PS1 ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး စက်အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ ဂိမ်းစက် ဖြစ်လာပြီး Nintendo ရဲ့
ဘုရင်ခေတ်ကို အဆုံးသတ်ပေးလိုက်ပါတယ်။

PlayStation.2🎮 2000
PS1 အောင်မြင်ပြီးနောက် ထွက်လာတဲ့ PS2 ဟာ ဂိမ်းလောက
သမိုင်းမှာ ရောင်းအားအကောင်းဆုံး ဂိမ်းစက် အလုံးရေ ၁၅၅
သန်းကျော် အဖြစ် ဒီနေ့အထိ စံချိန်တင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ဂိမ်းစက်အပြင် တန်ဖိုးကြီး DVD Player
အဖြစ်ပါ သုံးနိုင်လို့ အိမ်တိုင်းနီးပါး ဝယ်ယူခဲ့ကြလို့ ဖြစ်ပါတယ်။
GTA: San Andreas, God of War စတဲ့ ဒဏ္ဍာရီလာဂိမ်းတွေ
ဒီခေတ်မှာ ထွက်ခဲ့တာပါ။

PlayStation.3🎮 2006
PS3 ကတော့ စျေးနှုန်းကြီးမြင့်မှုနဲ့ စက်တွင်း Architecture
ရှုပ်ထွေးမှုကြောင့် အစပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်
Xbox 360 ကို အရေးနိမ့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့
နောက်ပိုင်းမှာ The Last of Us, Uncharted စတဲ့ Exclusive
ဂိမ်းကောင်းတွေနဲ့ အခြေအနေကို ပြန်လှည့်နိုင်ခဲ့ပါတယ်။

PlayStation.4🎮 2013
PS4 ကတော့ "For The Players" ဆိုတဲ့ ဆောင်ပုဒ်နဲ့
ဂိမ်းဆော့သူတွေရဲ့ လိုအပ်ချက်ကို ကွက်တိဖြည့်ဆည်းပေး
နိုင်ခဲ့ပြီး အလုံးရေ ၁၁၇ သန်းကျော် ရောင်းချရကာ Sony ကို
ဂိမ်းလောကရဲ့ ထိပ်ဆုံးနေရာ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။

PlayStation.5🎮 2020
​လက်ရှိခေတ်ဖြစ်တဲ့ PS5 ကတော့ အလွန်မြန်ဆန်တဲ့ SSD
နည်းပညာ၊ DualSense Controller ရဲ့ ခံစားမှုအသစ်တွေနဲ့
4K/120Hz ဂိမ်းကစားခြင်း အတွေ့အကြုံကို ပေးစွမ်းနေပါတယ်။

​Nintendo ရဲ့ ငြင်းပယ်မှုနဲ့ သစ္စာဖောက်မှုသာ မရှိခဲ့ရင်
ဒီနေ့ခေတ် ကျွန်တော်တို့ ဆော့နေတဲ့ PlayStation ဆိုတာ
ရှိလာမှာ မဟုတ်ပါဘူး။ အရှုံးမပေးတဲ့ အင်ဂျင်နီယာ Ken Kutaragi
ရဲ့ ဇွဲနဲ့ Sony ရဲ့ စိန်ခေါ်ရဲမှုတွေကြောင့်ပဲ PlayStation ဟာ
ယနေ့ခေတ် ကမ္ဘာ့ဖျော်ဖြေရေး ကဏ္ဍမှာ မရှိမဖြစ် အမှတ်တံဆိပ်
တစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

#မိထ္တီလာမြို့

ကျွန်တော် ရဲ့ Game Service ဆိုင်လေး ပြန်ဖွင့်ပြီမို့🤗ပြန်ပြီ အားပေးကြပါအုံးဗျာ။အရင်လိုပဲ ဂိမ်းစက်တွေ ဂိမ်းတွေကို အာမခံကေ...
11/05/2026

ကျွန်တော် ရဲ့ Game Service ဆိုင်လေး ပြန်ဖွင့်ပြီမို့🤗
ပြန်ပြီ အားပေးကြပါအုံးဗျာ။

အရင်လိုပဲ ဂိမ်းစက်တွေ ဂိမ်းတွေကို အာမခံကောင်းကောင်းလေးနဲ့
ရောင်းချပေးပါတယ်။

🏠 ဆိုင်လိပ်စာ

ပေါက်ချောင်းရပ်ကွက် / ဆေးရုံကြီးနောက်ကျောလမ်း / မိထ္တီလာမြို့နယ်
📱 09771332239 / 09776055527

🎮PS2   လေးတွေ အားပေးသွားတဲ့💁‍♂️💁‍♂️🆗ကချင်ပြည်နယ်ကအကို 🙋‍♂️🙋‍♂️ ကျေးဇူးပါဗျသေချာစမ်းပြီ ထည့်ပေးလိုက်ပါတယ်။ဆိုင်လိပ်စာ88 S...
16/08/2023

🎮PS2 လေးတွေ အားပေးသွားတဲ့💁‍♂️💁‍♂️🆗
ကချင်ပြည်နယ်ကအကို 🙋‍♂️🙋‍♂️ ကျေးဇူးပါဗျ
သေချာစမ်းပြီ ထည့်ပေးလိုက်ပါတယ်။

ဆိုင်လိပ်စာ
88 St 14 x 15 ကြား 88A မန္တလေးမြို့
PH 09979869397 - 09977677741
09666654745
သို့ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါပြီနော်

Google Map >> https://goo.gl/maps/1YxzQYbUJgCD93Qd7

eFootball 2024 Summer Edition Update✅ REV0.9.0 PES 2024 PS3 မျှော်နေတဲ့သူတွေအတွက် ရပါပြီFix >> ထစ်တာ ထောက်တာ ဘာမှမရှိပါဘ...
03/08/2023

eFootball 2024 Summer Edition
Update✅ REV0.9.0

PES 2024 PS3 မျှော်နေတဲ့သူတွေအတွက် ရပါပြီ
Fix >> ထစ်တာ ထောက်တာ ဘာမှမရှိပါဘူး
Final အထိ စိတ်ချလက်ချ ကစားလို့ရပါပြီ။🆗

Kits / Update🆕
Boot / Update🆕
Ball / Update🆕
Stadium / Update🆕
Player Face / Update🆕

အခြားသော PlayStation.3 ဂိမ်းဇာတ်လမ်းသွားများလည်း
Update✅DLC များဖြင့် လာရောက်ထည့်သွင်းနိုင်ပါပြီနော်

PS3 List
https://m.facebook.com/story.php?story_fbid=168259849287574&id=100083106802021&mibextid=Nif5oz

🏠ဆိုင်လိပ်စာ
88 St •14 x 15 ကြား • 88A မန္တလေးမြို့
PH 📱 09979869397 - 09977677741
09666654745
သို့ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါပြီနော်💁‍♂️

Google Map >> https://goo.gl/maps/1YxzQYbUJgCD93Qd7

ကျွန်တော်တို့ ငယ်ငယ်က ဆော့ခဲ့ရတဲ့ PlayStation ( PS1 )လေးတွေကို PS2 စက်ပေါ်မှာ တစ်ဖန်ပြန်ပြီဆော့ရအောင်*******************...
02/08/2023

ကျွန်တော်တို့ ငယ်ငယ်က ဆော့ခဲ့ရတဲ့ PlayStation ( PS1 )
လေးတွေကို PS2 စက်ပေါ်မှာ တစ်ဖန်ပြန်ပြီဆော့ရအောင်
*******************************************************
ကျွန်တော်တို့ ငယ်ဘဝကို ပြန်လွမ်းစေမယ့် ဂိမ်းတွေနဲ့
ပြန်ပြီတော့ PS2 ပေါ်မှာ ကစားကြမယ်။ PlayStation
စက်လေးတွေကို 1994 ခုနှစ်မှာ Fat အနေနဲ့စတင်ပြီ
ထုတ်ခဲ့ကြပါတယ် Slim Version ကိုတော့ 2000 ခုနှစ်
မှာပြန်လည် ထုတ်ခဲ့တာဖြစ်ပါတယ်။ အဲ့တုန်က Winning
တို့ Red Alert ( ရေနံ ) Resident တိုနှင့် အခြားသော
ဂိမ်းတွေဟာအတော်လေးကို သူ့ခေတ်တစ်ခါက....
ဆော့ကောင်းတဲ့ ဂိမ်းတွေဖြစ်ခဲ့ကြပါတယ်။ အခုဆိုရင်
PS2 ပေါ်မှာ ပြန်လည် ဆော့ကစားလို့ရမှာဖြစ်ပြီ။
ငယ်ငယ်တုန်ကဆော့ခဲ့တဲ့ ဂိမ်းတွေအကုန် ရပါပြီ
ကြိုက်နှစ်သက်ရာ ရွေးခြယ်လို့ရပါတယ် 1 Game မှ
200 Ks ထဲသာ ကျသင့်မှာဖြစ်ပါတယ်။

PS1 - 1 Game 200 Ks

🏠ဆိုင်လိပ်စာ
Nyi Nyi Mobile & Game Store V2
88 St •14 x 15 ကြား • 88A မန္တလေးမြို့
PH 📱 09979869397 - 09977677741
09666654745
သို့ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါပြီနော်💁‍♂️

Google Map >> https://goo.gl/maps/aFfANcgskUJtsRLg8

မန္တလေးမြို့မှာ PC ဂိမ်းတွေ ကူးရအဆင်မပြေသူတွေအတွက်Nyi Nyi Mobile & Game Store ရှိပါတယ်။ ဂိမ်းတွေကိုအာမခံပေးတာကြောင့် အဆင...
02/08/2023

မန္တလေးမြို့မှာ PC ဂိမ်းတွေ ကူးရအဆင်မပြေသူတွေအတွက်
Nyi Nyi Mobile & Game Store ရှိပါတယ်။ ဂိမ်းတွေကို
အာမခံပေးတာကြောင့် အဆင်မပြေပါက အစအဆုံးပြန်လည်
တာဝန်ယူပေးပါတယ်။

PC ဂိမ်း အသစ်လေးတွေလည်း ထွက်ထားပါသေးတယ်
စျေးနှုန်းကလည်း ယခင်ကထက် ပိုပြီသက်သာလာပြီ
အသင့် Install တင် ဆော့ရုံပါပဲ DLC Pack တွေပါ
ပါပြီသားမို့ပိုပြီ အဆင်ပြေစေပါတယ်။ နယ်ကဆိုလည်း
HDD လေးလှမ်းပို့ပြီ လိုသလောက် ကူးယူလို့ရပါတယ်။
ဂိမ်းပါပြီသား External Hard Disk လိုချင်တဲ့သူများအတွက်လည်း
ရပါတယ်ဗျ သင်ကြိုက်နှစ်သက်တဲ့ဂိမ်း အပြည့်ထည့်ပေးမှာပါ။

PC - 1 Game ( 1000 Ks ကနေ 6000 Ks ) အထိရှိပါတယ်

🏠ဆိုင်လိပ်စာ
Nyi Nyi Mobile & Game Store V2
88 St •14 x 15 ကြား • 88A မန္တလေးမြို့
PH 📱 09979869397 - 09977677741
သို့ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါပြီနော်💁‍♂️

Google Map >> https://goo.gl/maps/aFfANcgskUJtsRLg8

မန္တလေးမြို့မှာ PS Vita ဂိမ်းသွင်းရတာအဆင်ပြေစေဖို့ Nyi Nyi Mobile & Game Store V2ရှိပါတယ်။ Error ပိုင်းကို တာဝန်ယူဖြေရှင...
02/08/2023

မန္တလေးမြို့မှာ PS Vita ဂိမ်းသွင်းရတာ
အဆင်ပြေစေဖို့ Nyi Nyi Mobile & Game Store V2
ရှိပါတယ်။ Error ပိုင်းကို တာဝန်ယူဖြေရှင်းပေးပါတယ်
Jailbreak လုပ်ချင်သေးတယ်ဆိုလည်း .......
Jailbreak လုပ်ပေးပါတယ်

PS Vita - 1 Game 1000 Ks

🏠ဆိုင်လိပ်စာ
88 St •14 x 15 ကြား • 88A မန္တလေးမြို့
PH 📱 09979869397 - 09977677741
သို့ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါပြီနော်💁‍♂️

Google Map >> https://goo.gl/maps/aFfANcgskUJtsRLg8

🏠 ဆိုင်ကို လာရောက်ပြီ PS2🎮 စက်လေးအားပေးသွားတဲ့ ဘုန်းဘုန်း ကျေးဇူးတင်ပါတယ်။🏠ဆိုင်လိပ်စာ88 St •14 x 15 ကြား • 88A မန္တလေးမ...
02/08/2023

🏠 ဆိုင်ကို လာရောက်ပြီ PS2🎮 စက်လေး
အားပေးသွားတဲ့ ဘုန်းဘုန်း ကျေးဇူးတင်ပါတယ်။

🏠ဆိုင်လိပ်စာ
88 St •14 x 15 ကြား • 88A မန္တလေးမြို့
PH 📱 09979869397 - 09977677741
သို့ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါပြီနော်💁‍♂️

မန္တလေးမြို့မှာ   ဂိမ်းတွေ စုံစုံလေးသွင်းချင်တယ် .. ဂိမ်းလည်း အာမခံလေးလည်း ရချင်တယ်ဆော့ရတာလည်း အဆင်ပြေစေချင်တဲ့ Brother ...
30/07/2023

မန္တလေးမြို့မှာ ဂိမ်းတွေ စုံစုံလေး
သွင်းချင်တယ် .. ဂိမ်းလည်း အာမခံလေးလည်း ရချင်တယ်
ဆော့ရတာလည်း အဆင်ပြေစေချင်တဲ့ Brother တို့အတွက်
Nyi Nyi Mobile & Game Store V2 ရှိပါတယ်ဗျ
ဂိမ်းနဲ့ပတ်သက်ပြီ သိလိုတာ ရှိလည်း Page CB တွင်
လာရောက် မေးလို့လည်း ရပါတယ်။

PS2 Matrix ထိုင်ပေးခြင်း။
PS3 Jailbreak လုပ်ပေးခြင်း။
PS4 Jailbreak လုပ်ပေးခြင်း။
PSP Jailbreak လုပ်ပေးခြင်း။
PS1.PS2.PS3.PS4.PSP.PS VitaXbox360 ဂိမ်းကူးပေးခြင်း။
PS2 OPL အပါ Memory Card များရောင်းပေးခြင်း။

PS1 - 1 Game 200 MMK
PS2 - 1 Game 500 MMK
PS3 - 1 Game 1500 MMK
PS4 - 1 Game 3000 MMK
PSP - 1 Game 500 MMK
PS Vita - 1 Game 1000 MMK
Xbox 360 - 1 Game 2000 MMK

🏠ဆိုင်လိပ်စာ
88 St •14 x 15 ကြား • 88A မန္တလေးမြို့
PH 📱 09979869397 - 09977677741
သို့ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါပြီနော်💁‍♂️

Google Map >> https://goo.gl/maps/96CJ2654UfWNVi8D8

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐈𝐧𝐆𝐚𝐦𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category