𝐈𝐧𝐆𝐚𝐦𝐞

𝐈𝐧𝐆𝐚𝐦𝐞 🎮ဂိမ်းစက်ရောင်းဝယ်ရေး နှင့်ပြုပြင်ရေး🛠
ဂိမ်းစက်များကိုယုံကြည်စိတ်ချစွာဖြင့်ရောင်းဝယ်လို့
ရနေပါပြီနော်😊 09771332239 - 09776055527

  ပါခင်ဗျာအားပေးသွားတဲ့ မန္တလေးကအကို ကျေးဇူးပါ🎮 PlayStation.2📟 Model - 90006💾 HDD - 500 GB [ Games 230 ] 💽 Memory Card -...
07/07/2026

ပါခင်ဗျာ
အားပေးသွားတဲ့ မန္တလေးကအကို ကျေးဇူးပါ
🎮 PlayStation.2
📟 Model - 90006
💾 HDD - 500 GB [ Games 230 ]
💽 Memory Card - OPL 8MB
🕹 Controller 2P ( Good Second )
🖥 AV 1
🔌 AC 1
📄 Chaet Code စာရွက်အစုံ ( လက်ဆောင် )
🔑 PS1.Retro ဂိမ်းတွေပါဆော့လို့ရ🤫
💵 Price - 2***** Ks $$$

🎮🎬 Gameplay အကြောင်းအရားများနှင့်
ဘာဂိမ်းဆော့ရမှန်မသိဘူး ဖြစ်နေသူများ
အတွက် ကျွန်တော်ရဲ့ InGame FB Page
နှင့် TikTok မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

👍 အာမခံ ၁လပေးထားပါတယ်
နယ်ဝေး ကားဂိတ်ဖြင့်ပို့ပေးပါတယ်
Royal က ဂိမ်းစက်ပစ္စည်းလက်မခံလို့ပို့မရပါ

👉 မှတ်ချက် - မိထ္တီလာတစ်မြို့ပဲ အိမ်ရောက်ငွေချေ
ရပါမယ် ကျန်မြို့နယ်များအိမ်ရောက်
ငွေချေမရပါ၊ ဆိုင်မှာလာကြည့်မယ်ဆို
လည်းရပါတယ်။

📩 အသေးစိတ်များမေးမြန်လိုပါက TikTok CB / Viber
Telegram / IMO များမှာမေးမြန်နိုင်ပါသည်။

🏠 ဆိုင်လိပ်စာ - ပေါက်ချောင်းရပ်ကွက် / ပြည်သူ့ဆေးရုံကြီး
အနောက်လမ်း ( MECလမ်း ) မိထ္တီလာမြို့
📞 - 09771332239 / 09776055527
💌 [ Viber 09776055527 ]
📧 [ Telegram ]
📧 [ Telegram Channel - ]
✉ [ IMO 09771332239 ]
📨 [ TikTok ]

#ဂိမ်းစက်ရောင်းဝယ်ရေး #မိထ္တီလာမြို့

🎮 PlayStation.3 📟 Model - Slim💾 HDD - 500 GB🕹 Games - 30 ပါ ( ရွေးထည့်လို့ရ )📸 ပစ္စည်းပုံမှာပြထားသည့်အတိုင်းပါမည်။🔑 PS1....
07/07/2026

🎮 PlayStation.3
📟 Model - Slim
💾 HDD - 500 GB
🕹 Games - 30 ပါ ( ရွေးထည့်လို့ရ )
📸 ပစ္စည်းပုံမှာပြထားသည့်အတိုင်းပါမည်။
🔑 PS1.PS2.Retro ဂိမ်းတွေပါဆော့လို့ရ🤫
💵 Price - 5*****$$$

👍 အာမခံ ၁လပေးထားပါတယ်
နယ်ဝေး ကားဂိတ်ဖြင့်ပို့ပေးပါတယ်
Royal က စက်ပစ္စည်းလက်မခံလို့ပို့မရပါ။

👉 မှတ်ချက် - မိထ္တီလာတစ်မြို့ပဲ အိမ်ရောက်ငွေချေ
ရပါမယ် ကျန်မြို့နယ်များအိမ်ရောက်
ငွေချေမရပါ၊ ဆိုင်မှာလာကြည့်မယ်ဆို
လည်းရပါတယ်။

📩 အသေးစိတ်များမေးမြန်လိုပါက TikTok CB / Viber
Telegram / IMO များမှာမေးမြန်နိုင်ပါသည်။

🏠 ဆိုင်လိပ်စာ - ပေါက်ချောင်းရပ်ကွက် / ပြည်သူ့ဆေးရုံကြီး
အနောက်လမ်း ( MECလမ်း ) မိထ္တီလာမြို့
📞 - 09771332239 / 09776055527
💌 [ Viber 09776055527 ]
📧 [ Telegram ]
📧 [ Telegram Channel - ]
✉ [ IMO 09771332239 ]
📨 [ TikTok ]

#ဂိမ်းစက်ရောင်းဝယ်ရေး #မိထ္တီလာမြို့

Crysis Collection-----------------------------Crysis ဂိမ်းစီးရီးဟာ Sci-Fi သိပ္ပံစိတ်ကူးယဉ် ပစ်ခတ်မှုဂိမ်းတွေထဲမှာ ဇာတ်လမ...
24/06/2026

Crysis Collection
-----------------------------
Crysis ဂိမ်းစီးရီးဟာ Sci-Fi သိပ္ပံစိတ်ကူးယဉ် ပစ်ခတ်မှုဂိမ်းတွေထဲမှာ ဇာတ်လမ်းဆန်းသစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ စီးရီးတစ်ခုပါ။ အဓိကဇာတ်လမ်းကတော့ လူသားတွေရဲ့ နည်းပညာအမြင့်ဆုံး Nanosuit ဝတ်စုံ နဲ့ ကမ္ဘာမြေကို ကျူးကျော်လာတဲ့ Ceph လို့ခေါ်တဲ့ ဂြိုဟ်သားတွေအကြား တိုက်ပွဲအကြောင်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ ဖိလစ်ပိုင်ပင်လယ်ထဲက Lingshan ကျွန်းစုကို မြောက်ကိုရီးယားစစ်တပ်က ဒီကျွန်းကို ထိန်းချုပ်လိုက်ပြီး ကျွန်းပေါ်မှာ ထူးဆန်းတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမေရိကန်အစိုးရက အခြေအနေကို စုံစမ်းဖို့နဲ့ ပိတ်မိနေတဲ့ အမေရိကန်ပညာရှင်တွေကို ကယ်တင်ဖို့ အဆင့်မြင့်နည်းပညာသုံး Nanosuit ဝတ်ဆင်ထားတဲ့ Raptor Team ကို စေလွှတ်ခဲ့ပါတယ်။ ​ကျွန်းပေါ်မှာ မြောက်ကိုရီးယားတပ်တွေနဲ့ တိုက်ခိုက်နေရင်း ကမ္ဘာမြေအောက်မှာ နှစ်သန်းပေါင်းများစွာ အောင်းနေခဲ့တဲ့ Ceph လို့ခေါ်တဲ့ ဂြိုဟ်သားတွေ နိုးထလာပါတယ်။ ကျွန်းတစ်ခုလုံးလည်း ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ဂြိုဟ်သားတွေက လူသားတွေကို စတင်တိုက်ခိုက်ပါတော့တယ်။ Nomad က ဂြိုဟ်သားတွေကို အနိုင်တိုက်ပြီး ကျွန်းပေါ်ကနေ လွတ်မြောက်လာခဲ့ပေမယ့် ဒါဟာ အစပဲ ရှိပါသေးတယ်။ ဘယ်လိုလွတ်မြောက်လာအောင် ဆော့ရမလဲဆိုတာတော့ Brother တို့ပဲ ဇာတ်လမ်းလေးကိုဆော့ကြည့်လိုက်ပါ ဂိမ်းက Part 3 ပိုင်းခွဲပြီးထွက်ထားတာမို့ ကျန်တဲ့ အပိုင်းတွေကို ကျော်မဆော့ခင်း ပထမဆုံးထွက်တဲ့ Part 1 ကိုအရင်ဆော့ဖို့အကြံပေးချင်ပါတယ် ကျွန်တော်က ဆော့ပြီးသားမို့ Recomment ပေးရခြင်းဖြစ်ပါသည်

ကျွန်တော် InGame ကပါ ဂိမ်းအကြောင်းအရာများကို ကျွန်တော်ရဲ့ FB Page နှင့် TikTok များမှာ ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါတယ်။
#ဂိမ်းစက်ရောင်းဝယ်ရေး #မိထ္တီလာမြို့

လူသိနည်းတဲ့ Nokia ရဲ့ N-Gage ဂိမ်းစက် သို့မဟုတ်ဖုန်း?=====================================Nokia N-Gage ဆိုတာ ၂၀၀၀ ပြည့်န...
24/06/2026

လူသိနည်းတဲ့ Nokia ရဲ့ N-Gage ဂိမ်းစက် သို့မဟုတ်ဖုန်း?
=====================================

Nokia N-Gage ဆိုတာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ဖုန်းလောကကို စိုးမိုးခဲ့တဲ့ Nokia ရဲ့ အမှတ်ရစရာ အကောင်းဆုံးနဲ့ အထူးခြားဆုံး ဖုန်း သို့မဟုတ် ဂိမ်းစက် Hybrid ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ Nintendo ရဲ့ Game Boy Advance ကို ယှဉ်ပြိုင်ဖို့ ၂၀၀၃ ခုနှစ် အောက်တိုဘာလမှာ စတင်မိတ်ဆက်ခဲ့တာပါ။

ဖုန်းပုံစံက အဝိုင်းဘက်သွားပြီး ဘေးတိုက် ကိုင်ရတဲ့ ပုံစံပါ။ ဂိမ်းဆော့ဖို့ လက်နှစ်ဖက်နဲ့ ကိုင်ရတာ အဆင်ပြေပေမဲ့ ဖုန်းပြောရင်တော့ ဖုန်းရဲ့ ဘေးအနားစောင်းကို နားမှာကပ်ပြီး ပြောရတာကြောင့် လူတွေက "Taco Phone" မြန်မာလိုဆို မုန့်လက်ဆောင်းဖတ်ဖုန်း လို့ လှောင်ပြောင်ခေါ်ဆိုခဲ့ကြပါတယ်။ Original N-Gage မှာ ဂိမ်းခွေ MMC Card လဲချင်ရင် ဖုန်းနောက်ဖုံးကို ခွာ၊ ဘက်ထရီကို ဖြုတ်ပြီးမှ စိုက်ရတာကြောင့် တော်တော်လေး အလုပ်ရှုပ်ခဲ့ပါတယ်။ ဒါနဲ့ပဲ Original ဗားရှင်းရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီး ၂၀၀၄ ခုနှစ်မှာ N-Gage QD ကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ ဖုန်းပြောရင် ပုံမှန်အတိုင်း အပြားလိုက် ကပ်ပြောလို့ရအောင် ပြင်ဆင်ခဲ့ပါတယ်။ဘက်ထရီဖြုတ်စရာမလိုဘဲ ဖုန်းအောက်ခြေကနေ ဂိမ်းခွေ တိုက်ရိုက်စိုက်လို့ရတဲ့ Hot-swap စနစ် ပြောင်းလဲပေးခဲ့ပါတယ်။
N-Gage ဟာ မျက်နှာပြင် သေးငယ်ပေမဲ့ အဲဒီခေတ်က အကောင်းဆုံး 3D Graphics တွေနဲ့ ဂိမ်းကြီးတွေကို ကစားနိုင်ခဲ့ပါတယ်။

Asphalt Urban GT
Tomb Raider
Sonic Advance
The Sims Bustin' Out
Call of Duty နဲ့ FIFA စတဲ့ ဂိမ်းပေါင်း ၅၀ ကျော် ထွက်ရှိခဲ့ပါတယ်။ ဒါ့အပြင် Bluetooth ကနေတစ်ဆင့်အနီးအနားက သူငယ်ချင်းတွေနဲ့ Multiplayer ချိတ်ဆက်ကစားနိုင်တဲ့ စနစ်က အဲဒီခေတ်က အရမ်းခေတ်ရှေ့ပြေးခဲ့ပါတယ်။ ဘာကြောင့် မအောင်မြင်ခဲ့ရတာလဲဆိုရင်
Nokia ဟာ N-Gage ကို အလုံးရေ သန်းချီရောင်းချဖို့ မျှော်မှန်းခဲ့ပေမဲ့ ၃ သန်းခန့်သာ ရောင်းချခဲ့ရပြီး ရပ်ဆိုင်းခဲ့ရပါတယ်။ အဓိက အကြောင်းရင်းတွေကတော့
ထွက်ထွက်ချင်းမှာ ယူအက်စ်ဒေါ်လာ ၂၉၉ ဝန်းကျင် ရှိခဲ့လို့ ဂိမ်းစက်သီးသန့်တွေထက် ဈေးအများကြီး ပိုများနေခဲ့ပါတယ်။ ဖုန်းမျက်နှာပြင်က ဒေါင်လိုက် Portrait ဖြစ်နေလို့ ဂိမ်းဆော့ရတာ ဘေးဘောင်ကျဉ်းသလို ခံစားရပြီး၊ ဖုန်းပြောရတာလည်း အဆင်မပြေဖြစ်ခဲ့လို့ပါ။

အခုအချိန်မှာတော့ Nokia N-Gage ဟာ Retro ဂိမ်းဝါသနာအိုးတွေနဲ့ ဖုန်းပစ္စည်း စုဆောင်းသူတွေကြားထဲမှာ တန်ဖိုးထား စုဆောင်းရတဲ့ Legendary ဖုန်း တစ်လုံး ဖြစ်နေပါပြီ။ Brother တို့ရော N-Gage ဂိမ်းစက်လေးကိုဆော့ခဲ့ဖူးတယ်ဆိုရင် ဘယ်ဂိမ်းကို အကြိုက်ဆုံးလဲဆိုတာ မျှဝေပေးခဲ့ပါဦး။

မြန်မာနိုင်ငံမှာ PS2 Disc Version ဘာကြောင့်မသုံးတော့တာလဲမြန်မာနိုင်ငံမှာ PlayStation 2 အတွက် Disc တွေကို မသုံးကြတော့ဘဲ H...
23/06/2026

မြန်မာနိုင်ငံမှာ PS2 Disc Version ဘာကြောင့်မသုံးတော့တာလဲ

မြန်မာနိုင်ငံမှာ PlayStation 2 အတွက် Disc တွေကို မသုံးကြတော့ဘဲ Hard Disk သို့မဟုတ် USB နဲ့ ဂိမ်းဆော့တဲ့စနစ် ကို ပြောင်းလဲသွားကြတာဟာ တကယ့်ကို လက်တွေ့ကျတဲ့ အကြောင်းရင်းအချို့ကြောင့်ပါ။

ပထမ ၁ အချက်ကိုပြောရမယ်ဆိုရင်တော့ PS2 ရဲ့ အဓိက အားနည်းချက်က ခွေဖတ်တဲ့ မျက်စိ Lens ဟာ ကြာလာရင် ညံ့သွားတာ၊ ဖုန်ဝင်တာ ဒါမှမဟုတ် ပျက်စီးသွားတာမျိုး ခဏခဏ ဖြစ်တတ်ပါတယ်။ Lens လဲရတဲ့စရိတ်က မတန်သလို၊ နောက်ပိုင်းမှာ အရည်အသွေးကောင်းတဲ့ Lens အပိုပစ္စည်း ရှာရတာလည်း ခက်ခဲလာတာကြောင့် ခွေသုံးရတဲ့စနစ်ကို စွန့်ခွာလာကြတာပဲ ဖြစ်ပါတယ်။

နံပါတ် ၂ အချက်ကတော့ မြန်မာပြည်မှာ အရင်က သုံးခဲ့ကြတာ Original အခွေ မဟုတ်ဘဲ Copy ခွေ တွေ အသုံးများပါတယ်။ ဒီလို ခွေအဆင့်အတန်းမမှီတာတွေကြောင့် စက် Lens ကို ပိုထိခိုက်စေပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ PS2 ဂိမ်းခွေအသစ်တွေကို စျေးကွက်ထဲမှာ ဝယ်ဖို့ လုံးvisual ရှာမရသလောက် ရှားပါးသွားပါပြီ။

နံပါတ် ၃ အချက်ကတော့ Hard Disk ဒါမှမဟုတ် USB Stick ထဲကို ဂိမ်းတွေထည့်ပြီး ဆော့တဲ့ McBoot (Free McBoot)လို့ခေါ်ပါတယ် အဲ့စနစ် ပေါ်လာတာဟာ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ​ဥပမာ အခွေတခွေချင်းစီ လိုက်ဝယ်စရာမလိုတော့ဘဲ Hard Disk တစ်လုံးထဲမှာ ဂိမ်းအခု ၅၀ ကနေ ၂၀၀ ကျော်အထိ တစ်ခါတည်း ထည့်ထားနိုင်ပါတယ်။ပြီးတော့ ​ဂိမ်းဖိုင်တွေကို အင်တာနက်ကနေ အလကားDownloadဆွဲပြီး USB ထဲ အလွယ်တကူ ထည့်ဆော့နိုင်လို့ ကုန်ကျစရိတ် အများကြီး သက်သာသွားပါတယ်။

နံပါတ် ၄ အချက်ကတော့ ​အခွေနဲ့ဆော့ရင် Game Loading တက်တာ နှေးတာ၊ စက်ဟန်းတာ၊ ခွေခြစ်ရာထင်ရင် ဆော့လို့မရတော့တာမျိုးတွေ ကြုံရတတ်ပါတယ်။ Hard Disk နဲ့ဆော့ရင်တော့ ဂိမ်းထစ်မှာ စိုးရိမ်စရာမလိုဘဲ ရေရှည် ပိုခံပြီး ဂိမ်း Loading Error တက်တာလည်း အင်မတန် နည်းသွားပါတယ်။

နည်းပညာအရ ပိုမိုကောင်းမွန်ပြီး စရိတ်သက်သာတဲ့ "အခွေမလိုပဲ Hard Disk စနစ်" က ပိုပြီး အဆင်ပြေ၊ ပိုပြီးလည်း အကြမ်းခံတာကြောင့် မြန်မာပြည်က Game Shop တွေနဲ့ တစ်ကိုယ်ရေဆော့သူတွေဟာ PS2 Disc version ကို လုံးဝ မသုံးကြတော့တာ ဖြစ်ပါတယ်။ ( ကျွန်တော် InGame ကပါ သိချင်တဲ့အကြောင်းအရာများကို လာရောက်မေးမြန်နိုင်ပါတယ် )

#ဂိမ်းစက်ရောင်းဝယ်ရေး #မိထ္တီလာမြို့

ဒီဂိမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ အသက် ၁၅ နှစ်အရွယ် Jimmy Hopkins ဆိုတဲ့ လူဆိုးလေးတစ်ယောက် ဖြစ်ပါတယ်။ ဂျင်မီ့အမေက နောက်အိမ်...
23/06/2026

ဒီဂိမ်းရဲ့ အဓိက ဇာတ်ကောင်ကတော့ အသက် ၁၅ နှစ်အရွယ် Jimmy Hopkins ဆိုတဲ့ လူဆိုးလေးတစ်ယောက် ဖြစ်ပါတယ်။ ဂျင်မီ့အမေက နောက်အိမ်ထောင်ခဏခဏပြုလေ့ရှိပြီး အခုလည်း ၅ ယောက်မြောက် ယောက်ျားနဲ့ တစ်နှစ်ကြာ ပျားရည်ဆမ်းခရီးထွက်ဖို့အတွက် ဂျင်မီ့ကို Bullworth Academy ဆိုတဲ့ နာမည်ပျက်နဲ့ စည်းကမ်းကြီးလွန်းတဲ့ ကျောင်းအိပ်ကျောင်းစားဆိုးကြီးမှာ လာထားခဲ့ရာကနေ ဇာတ်လမ်းစတာပါ။

​ကျောင်းကို ရောက်ရောက်ချင်းမှာပဲ ဂျင်မီက ကျောင်းကလူမိုက်တွေရဲ့ အနိုင်ကျင့်တာကို ခံရပါတယ်။ အဲဒီနောက်မှာ ကျောင်းသားအချင်းချင်း ခြေထိုးပြီး တစ်ကျောင်းလုံးကို စိုးမိုးချင်နေတဲ့ စိတ်ဝေဒနာသည် Gary Smith နဲ့ စိတ်ကောင်းရှိပေမဲ့ အနိုင်ကျင့်ခံနေရတဲ့ ပိန်းဥလေး Pete Kowalski တို့နဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ဂျာရီက ဂျင်မီ့ကို မြှောက်ပေးပြီး ကျောင်းထဲက "Nerds" ကို အနိုင်ကျင့်ခိုင်းရာကနေ ဂျင်မီတစ်ယောက် ကျောင်းတွင်း ဂိုဏ်းစတားလောကထဲ စတင်ခြေစုံပစ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးမှာ ဂျာရီက ဂျင်မီ့ကို သစ္စာဖောက်ပြီး ကျောင်းရဲ့ နာမည်ကြီး လူမိုက်ခေါင်းဆောင် Russell နဲ့ သတ်ခိုင်းခဲ့ပါတယ်။ ဂျင်မီက Russell ကို နိုင်သွားပြီးနောက်မှာတော့ Russell က ဂျင်မီ့ရဲ့ ပထမဆုံးနောက်လိုက်ဖြစ်လာပါတယ်။

Chapter 2 အခန်းမှာတော့ ဂျာရီက ကျောင်းထဲက သူဌေးသားအဖွဲ့ (Preppies) တွေကို ဂျင်မီက သူတို့ကို မထောက်ခံဘူးဆိုပြီး လိုက်ကောလာဟလလွှင့်ပါတယ်။ ဒါကြောင့် ဂျင်မီတစ်ယောက် Preppies အဖွဲ့နဲ့ ပြဿနာတက်ပြီး သူတို့ရဲ့ ခေါင်းဆောင် Derby Harrington နဲ့ စိန်ခေါ်ပွဲဖြစ်ကာ Preppies အဖွဲ့ကိုပါ ဒူးထောက်စေခဲ့ပြီး မိမိလက်အောက် သွတ်သွင်းနိုင်ခဲ့ပါတယ်။

Chapter 3 အခန်းကတော့ ခပ်မိုက်မိုက်နေတတ်တဲ့ လူငယ်တွေဖြစ်တဲ့ Greasers အဖွဲ့နဲ့ အဓိက ရင်ဆိုင်ရတာပါ။ သူတို့ရဲ့ ခေါင်းဆောင် Johnny Vincent ရဲ့ ရည်းစား Lola က ဂျင်မီ့ကို လာဖြူစင်ပြပြီး ဂိုဏ်းနှစ်ခုကြား ရန်တိုက်ပေးပါတယ်။ နောက်ဆုံးမှာတော့ ဂျင်မီက Johnny ကို ဆိုင်ကယ်သချိုင်းမှာ အနိုင်ယူပြီး Greasers အဖွဲ့ကိုပါ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

​Chapter 4 ​ကျောင်းမှာ အာဏာအရှိဆုံးနဲ့ ဆရာအကျဆုံးကတော့ အားကစားသမားအဖွဲ့ Jocks တွေပါ။ သူတို့ကို နှိမ်နင်းဖို့ ဂျင်မီက စာဂျပိုး Nerds အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါတယ်။ အားကစားကွင်းကြီးထဲမှာ Jocks ခေါင်းဆောင် Ted Thompson ကို အားလုံးရှေ့မှာ အလဲထိုးပြပြီးနောက်မှာတော့ ဂျင်မီဟာ Bullworth Academy တစ်ကျောင်းလုံးက ဂိုဏ်းအားလုံးကို ထိန်းချုပ်နိုင်တဲ့ King of the School ဖြစ်လာပါတော့တယ်။

Chapter 5 ဂျင်မီ တစ်ကျောင်းလုံးကို ငြိမ်းချမ်းအောင် ထိန်းသိမ်းထားနိုင်ချိန်မှာ ကွယ်ရာကနေ ချောက်တွန်းနေတဲ့ ဂျာရီက Townies နဲ့ ပူးပေါင်းပြီး ဂျင်မီ့ကို နာမည်ဖျက်ဖို့ ကြံစည်ပါတယ်။ သူတို့က ကျောင်းအဆောက်အအုံတွေကို ဖျက်ဆီး၊ မြို့ထဲမှာ ဆူပူမှုတွေလုပ်ပြီး ဂျင်မီ့လက်ချက်ပါဆိုပြီး စွပ်စွဲကြပါတယ်။ ဒါကြောင့် ဂိုဏ်းအားလုံးက ဂျင်မီ့ကို ပြန်တော်လှန်ကြပြီး ကျောင်းအုပ်ကြီး Dr. Crabblesnitch ကလည်း ဂျင်မီ့ကို ကျောင်းထုတ်ပစ်လိုက်ပါတယ်။

​ဂျင်မီဟာ သူ့နာမည်ကောင်း ပြန်ရဖို့အတွက် Townies အဖွဲ့ရဲ့ ခေါင်းဆောင် Edgar ဆီ သွားရောက်ရှင်းလင်းပြီး သူတို့နဲ့ မိတ်ဆွေဖွဲ့ကာ အမှန်တရားကို ဖော်ထုတ်ဖို့ ကျောင်းထဲကို တိတ်တဆိတ် ပြန်ဝင်လာခဲ့ပါတယ်။

ဇာတ်သိမ်းခန်းမှာတော့ ​ကျောင်းထဲမှာ ဂိုဏ်းအားလုံး ကမောက်ကမဖြစ်ပြီး ရန်ဖြစ်နေကြချိန်မှာ ဂျင်မီက တစ်ဖွဲ့ချင်းစီကို လိုက်လံထိန်းသိမ်းပါတယ်။ အဲဒီနောက် ကျောင်းခေါင်မိုးပေါ်မှာ ကျောင်းအုပ်ကြီးကို ဓားစာခံလုပ်ထားတဲ့ ဂျာရီနဲ့ ဂျင်မီတို့ သေလုမတတ် အပြင်းအထန် ယှဉ်ပြိုင်တိုက်ခိုက်ကြပြီး နောက်ဆုံးမှာ ဂျင်မီက ဂျာရီကို အနိုင်ရရှိသွားပါတယ်။

​ကျောင်းအုပ်ကြီးက အမှန်တရားကို သိသွားတဲ့အတွက် ဂျာရီကို ကျောင်းထုတ်ပစ်လိုက်ပြီး ဂျင်မီ့ကို ကျောင်းပြန်တက်ခွင့်ပေးပါတယ်။ ဂျင်မီဟာ ကျောင်းသားအားလုံးရဲ့ လေးစားမှုကို ရရှိသွားပြီး ကျောင်းကြီးလည်း ပြန်လည်အေးချမ်းသွားရာကနေ Bully ဂိမ်းရဲ့ Story Line ပြီးဆုံးသွားခဲ့ပါတယ်။

#ဂိမ်းစက်ရောင်းဝယ်ရေး #မိထ္တီလာမြို့

PS4 ရဲ့ Power Board မပျက်စီးအောင် အောက်ပါနည်းလမ်းများဖြင့် ထိန်းသိမ်းနိုင်ပါတယ်၊ ထိန်းသိမ်းဖို့ဆိုရင် ကျွန်တော်တို့မြန်မ...
21/06/2026

PS4 ရဲ့ Power Board မပျက်စီးအောင် အောက်ပါ
နည်းလမ်းများဖြင့် ထိန်းသိမ်းနိုင်ပါတယ်၊ ထိန်းသိမ်းဖို့
ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး အခြေအ
နေအရ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်ဗျာ။ ​PS4 Power
ပိုင်း ပျက်စီးရတဲ့ အဓိကအကြောင်းရင်းကမီးအားမမှန်ခြင်း၊
အပူလွန်ကဲခြင်းနဲ့ ဖုန်/ပိုးမွှားကြောင့်ဖြစ်တာများပါတယ်။
ဒါကြောင့် မပျက်စီးအောင် အောက်ပါအချက်တွေကို
လိုက်နာပေးဖို့ လိုအပ်ပါတယ်။

​မီးအားဆောင့်တက်တာ၊ မီးအားကျတာတွေက PS4 ရဲ့
Power Supply Card ကို ချက်ချင်း လောင်သွားစေနိုင်ပါတယ်
​ဒါကြောင့် PS4 ကို ပလပ်ပေါက်မှာတိုက်ရိုက်မထိုးဘဲ Voltage
Stabilizer ဒါမှမဟုတ် မီးပျက်ရင် စက်ကို စနစ်တကျ ပိတ်ဖို့
အချိန်ရစေမယ့် UPS တစ်လုံး ကြားခံပြီးမှ သုံးစွဲပါ။

​ဂိမ်းဆော့လို့ပြီးလို့ Turn Off PS4 လုပ်ပြီးတဲ့အခါ
စက်ထဲက မီးလုံးဝ ငြိမ်းသွားတဲ့အထိ စောင့်ပါ။
​မီးငြိမ်းသွားပြီဆိုမှ Main ခလုတ်ခုံက ပလပ်ခလုတ်ကို
ပိတ်ပါ သို့မဟုတ် ပလပ်ကြိုးကို ဖြုတ်ထားပါ။ စက်ပိတ်
ထားပေမယ့် ပလပ်ထိုးထားရင် မီးဆောင့်တက်တဲ့အခါ
Power Card ထိခိုက်နိုင်လို့ပါ။

PS4 ကို Rest Mode ပေးထားတာက စက်ကိုအိပ်စက်စေရုံပဲ
ဖြစ်ပြီး Power Card ထဲကို လျှပ်စစ်စီးကြောင်း ဆက်စီးနေ
ပါသေးတယ်။ ​Rest Mode ပေးထားတုန်း မီးခဏခဏ ပျက်ရင်
Power Card ပျက်စီးလွယ်ပါတယ်။ ဆော့ပြီးရင်လုံးဝ Turn Off
လုပ်တာ အကောင်းဆုံးပါ။

​PS4 ကို နံရံနဲ့ ကပ်မထားပါနဲ့။ စက်ရဲ့ ဘေးပတ်ပတ်လည်နဲ့
အနောက်ဘက်မှာ လေဝင်လေထွက် ကောင်းကောင်းရအောင်
အနည်းဆုံး ၄ လက်မခန့် နေရာလွတ် ချန်ထားပေးပါ။
​ဘီရိုအပိတ်တွေထဲ၊ မှန်တင်ခုံ အောက်အပိတ်တွေထဲမှာ
ထည့်မဆော့ပါနဲ့။ စက်ပူလာရင် Power Supply ပါ လိုက်ပူပြီး
သက်တမ်းတိုတတ်ပါတယ်။

​ပိုးဟပ်လေးတွေက PS4 အနောက်ဘက် လေမှုတ်ထုတ်တဲ့
ပေါက်တွေကနေတစ်ဆင့် နွေးထွေးတဲ့ Power Card ရှိတဲ့
နေရာထဲကိုဝင်အသိုက်လုပ်တတ်ကြပါတယ်။ ပိုးဟပ်ချေးတွေ၊
ပိုးဟပ်ကိုယ်ခန္ဓာတွေကြောင့် Power Card Shortဖြစ်ပြီး
ပျက်စီးတတ်ပါတယ်။ ​စက်ပတ်ပတ်လည်ကို သန့်ရှင်းရေးလုပ်ပါ၊
ပိုးဟပ်မလာအောင် ဂရုစိုက်ပါ။ စက်ထဲ ဖုန်တွေအများကြီး
အောင်းမနေအောင် (၆) လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်
ဆိုင်မှာ ဖုန်ခါ၊ Thermal Paste လဲပေးပါ။

​ဒီအချက်လေးတွေကို သေချာလိုက်နာပေးရင်တော့
သင့် PS4 ရဲ့ Power Card သက်တမ်းကို အကြာကြီး
ခံအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်ဗျာ။

ကျွန်တော် InGame ကပါ။

#ဂိမ်းစက်ရောင်းဝယ်ရေး #မိထ္တီလာမြို့

🎮 PlayStation.2📟 Model - 90006💾 HDD - 500 GB [ Games 230 ] 💽 Memory Card - OPL 8MB🕹 Controller 1P New🖥 AV 1🔌 AC 1📄 Chaet...
21/06/2026

🎮 PlayStation.2
📟 Model - 90006
💾 HDD - 500 GB [ Games 230 ]
💽 Memory Card - OPL 8MB
🕹 Controller 1P New
🖥 AV 1
🔌 AC 1
📄 Chaet Code စာရွက်အစုံ ( လက်ဆောင် )
🔑 PS1.Retro ဂိမ်းတွေပါဆော့လို့ရ🤫

🎮🎬 Gameplay အကြောင်းအရားများနှင့်
ဘာဂိမ်းဆော့ရမှန်မသိဘူး ဖြစ်နေသူများ
အတွက် ကျွန်တော်ရဲ့ InGame FB Page
နှင့် TikTok မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

👍 အာမခံ ၁လပေးထားပါတယ်
နယ်ဝေး ကားဂိတ်ဖြင့်ပို့ပေးပါတယ်
Royal က စက်ပစ္စည်းလက်မခံလို့ပို့မရပါ
အကယ်၍ပို့ရရင် ပစ္စည်းပျောက်ကွဲတာဝန်
မယူတာကြောင့် အဆင်ပြေမှ Addပေးပါမယ်။

👉 မှတ်ချက် - မိထ္တီလာတစ်မြို့ပဲ အိမ်ရောက်ငွေချေ
ရပါမယ် ကျန်မြို့နယ်များအိမ်ရောက်
ငွေချေမရပါ၊ ဆိုင်မှာလာကြည့်မယ်ဆို
လည်းရပါတယ်။

📩 အသေးစိတ်များမေးမြန်လိုပါက TikTok CB / Viber
Telegram / IMO များမှာမေးမြန်နိုင်ပါသည်။

🏠 ဆိုင်လိပ်စာ - ပေါက်ချောင်းရပ်ကွက် / ပြည်သူ့ဆေးရုံကြီး
အနောက်လမ်း ( MECလမ်း ) မိထ္တီလာမြို့
📞 - 09771332239 / 09776055527
💌 [ Viber 09776055527 ]
📧 [ Telegram ]
✉ [ IMO 09771332239 ]
📨 [ TikTok ]

#ဂိမ်းစက်ရောင်းဝယ်ရေး #မိထ္တီလာမြို့

Battlefield Bad Company===========================ဇာတ်လမ်းက ရုရှားနဲ့ အမေရိကန် စစ်ဖြစ်နေတဲ့ ကာလတစ်ခုမှာ အခြေခံထားပါတယ်။ ...
20/06/2026

Battlefield Bad Company
===========================
ဇာတ်လမ်းက ရုရှားနဲ့ အမေရိကန် စစ်ဖြစ်နေတဲ့
ကာလတစ်ခုမှာ အခြေခံထားပါတယ်။ Marlowe
တစ်ယောက် Bad Company ထဲကို ရောက်
ရောက်ချင်းမှာပဲ သူတို့အဖွဲ့ဟာ တပ်ဦးကနေ
ရန်သူ့နယ်မြေထဲကို အမြောက်စာအဖြစ် တိုးဝင်
ခိုင်းခြင်း ခံရပါတယ်။ ​တိုက်ပွဲတွေဖြစ်ရင်းနဲ့ သူတို့
အဖွဲ့ဟာ ရုရှားစစ်တပ်ကို ကူညီနေတဲ့ Legionnaire
လို့ခေါ်တဲ့ ကြေးစားစစ်တပ် Mercenaries တွေနဲ့
တိုးပါတယ်။ အဲဒီကြေးစားစစ်သားတစ်ယောက်ရဲ့
အလောင်းကို ရှာဖွေရာကနေ အိတ်ထဲမှာ "ရွှေတုံး"
တစ်တုံးကို သွားတွေ့ပါတယ်။ ​Sweetwater ရဲ့ စုံ
စမ်းချက်အရ ဒီကြေးစားစစ်တပ်ဟာ လစာကို ပိုက်
ဆံနဲ့မယူဘဲ "ရွှေ" နဲ့ ယူတာဖြစ်ပြီး၊ သူတို့နောက်ကို
လိုက်ရင် ရွှေတွေအများကြီးရနိုင်တယ်ဆိုတာ သိ
သွားကြပါတယ်။ "ငါတို့ စစ်တပ်အတွက် တိုက်ပေး
တာ တော်လောက်ပြီ၊ အခုကစပြီး ငါတို့ ကိုယ့်အတွက်
ကိုယ် တိုက်မယ်။"​ အဲဒီနောက်မှာတော့ သူတို့အဖွဲ့
ဟာ စစ်တပ်ရဲ့ အမိန့်တွေကို ဖီဆန်ပြီး ရွှေတွေအများ
ကြီး သယ်ဆောင်ထားတဲ့ ကြေးစားစစ်တပ်နောက်ကို
တစ်ရွာဝင်တစ်ရွာထွက် လိုက်လံတိုက်ခိုက်ပါတော့တယ်။
​ရွှေနောက်ကို လိုက်ရင်းနဲ့ Haggard က စိတ်လှုပ်ရှားပြီး
အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ Serdaristan ဆိုတဲ့
နိုင်ငံငယ်လေးရဲ့ နယ်စပ်ကို ကျူးကျော်ဖောက်ခွဲပစ်
လိုက်ပါတယ်။ ဒါကြောင့် အမေရိကန်စစ်တပ်က
Bad Company ကို စစ်ပြေးဒုက္ခသည်/သစ္စာ
ဖောက်တွေအဖြစ် သတ်မှတ်လိုက်ပြီး သူတို့ကို
ပြန်ဖမ်းဖို့ ကြိုးစားပါတယ်။ ​ဒါပေမဲ့ Bad Company
အဖွဲ့ကတော့ ဂရုမစိုက်ဘဲ Serdaristan နိုင်ငံရဲ့
အာဏာရှင် "Zavomir Serdar" ကိုပါ ဖမ်းဆီးပြီး
သူပိုင်တဲ့ ရွှေအပြည့်တင်ထားတဲ့ ဂေါက်သီးရိုက်
ကွင်းက ရဟတ်ယာဉ်ကို ခိုးယူကာ ထွက်ပြေး
ခဲ့ကြပါတယ်။ ( ဇာတ်လမ်းကိုအဆုံးထိပြောရင်
ပေါ့သွားမှာဆိုးလို့ ကိုယ်တိုင်သာဆော့ကြည့် အဆုံး
သတ်ဘာဖြစ်မလဲလို့ )

#ဂိမ်းစက်ရောင်းဝယ်ရေး #မိထ္တီလာမြို့

၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ Sony ဟာ ဂိမ်းလောကထဲကို တိုက်ရိုက်ဝင်ဖို့ စိတ်မဝင်စားသေးဘဲ နည်းပညာပံ့ပိုးသူအဖြစ်ပဲ...
20/06/2026

၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှာ Sony ဟာ
ဂိမ်းလောကထဲကို တိုက်ရိုက်ဝင်ဖို့ စိတ်မဝင်စားသေးဘဲ
နည်းပညာပံ့ပိုးသူအဖြစ်ပဲ နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ
Sony ရဲ့ ထက်မြက်တဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ
Ken Kutaragiဟာ Nintendo ရဲ့ Super Nintendo
(SNES) ဂိမ်းစက်အတွက် Sound Chip ကို လျှို့ဝှက်တီ
ထွင်ပေးခဲ့ပါတယ်။ ​အဲ့ဒီကနေတစ်ဆင့် Sony နဲ့ Nintendo
တို့ ပူးပေါင်းပြီး CD-ROM အသုံးပြုနိုင်မယ့် ဂိမ်းစက်
အသစ်တစ်ခု ထုတ်လုပ်ဖို့ သဘောတူညီမှု ရခဲ့ကြပါတယ်။
အဲ့ဒီ ပရောဂျက်ကို "Play Station"လို့ အမည်ပေးခဲ့တာပါ။

​ဒါပေမဲ့ ၁၉၉၁ ခုနှစ် Consumer Electronics Show
(CES) မှာ Sony က ဒီပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ယူ
တင့်တယ်စွာ ကြေညာခဲ့ပြီး နောက်တစ်ရက်မှာပဲ
Nintendo က Sony နဲ့ စာချုပ်ကို ဖျက်သိမ်းပြီး သူတို့ရဲ့
ပြိုင်ဘက် Philips ကုမ္ပဏီနဲ့ လက်တွဲတော့မယ်လို့ လူသိ
ရှင်ကြား ကြေညာပြီး Sony ကို အရှက်ခွဲလိုက်ပါတယ်။
Nintendo ဟာ စာချုပ်ပါ အမြတ်ခွဲဝေမှုစနစ်ကို မကျေနပ်
လို့ အခုလို တာဝန်မဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Sony ရဲ့ အထက်လူကြီးတွေဟာ အကြီးအကျယ် ဒေါသထွက်ပြီး
ပရောဂျက်ကို ဖျက်သိမ်းဖို့ လုပ်ခဲ့ကြပါတယ်။
ဒါပေမဲ့ Ken Kutaragi က ဥက္ကဋ္ဌ Norio Ohga ကို "
ကျွန်တော်တို့ Nintendo အရှက်ခွဲတာကို ငုံ့ခံနေတော့မှာလား"
ဆိုပြီးစိန်ခေါ်ကာ Sony ကိုယ်ပိုင် ဂိမ်းစက်ထုတ်ဖို့ တိုက်
တွန်းခဲ့ပါတယ်။​ဥက္ကဋ္ဌ Ohga ကလည်း ကုမ္ပဏီရဲ့ သိက္ခာ
အတွက် ဒီပရောဂျက်ကို ခွင့်ပြုလိုက်ပြီး Ken Kutaragi ကို
အဖွဲ့အသစ် ဖွဲ့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ Nintendo ကို နည်း
ပညာအရ ကလဲ့စားချေဖို့အတွက် Sony Computer
Entertainment ကို တည်ထောင်ပြီး ပထမဆုံး PlayStation
(PS1) ကို စတင် တီထွင်ပါတော့တယ်။

၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ ဂျပန်နိုင်ငံမှာ ပထမဆုံး
PlayStation ကို စတင်ရောင်းချခဲ့ပါတယ်။အဲ့ဒီအချိန်မှာ
ဂိမ်းလောကကို စိုးမိုးထားတဲ့ Nintendo နဲ့ Sega တို့က
Cartridgeတွေကိုပဲ သုံးနေချိန်မှာ Sony က CD-ROM ကို
အသုံးချပြီး ဂိမ်းလောကကို တော်လှန်လိုက်ပါတယ်။

PlayStation ဟာ 2D ကနေ 3D ရုပ်ထွက် ခေတ်ဦးကို
အကောင်းဆုံး ဖန်တီးပြနိုင်ခဲ့ပါတယ်။ CD-ROM ဟာ
ထုတ်လုပ်မှုစရိတ် သက်သာပြီး ဂိမ်းဆော့ဖ်ဝဲ ရေးရတာ
ပိုလွယ်ကူတာကြောင့် Square လို ကုမ္ပဏီကြီးတွေက
Nintendo ကို စွန့်ခွာပြီး Sony ဘက်ကို ကူးပြောင်းလာကြပါတယ်။
Final Fantasy VII လို ဂိမ်းမျိုးတွေဟာ PS1 ကို အကြီးအကျယ်
အောင်မြင်စေခဲ့ပါတယ်။ PS1 ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး စက်အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ ဂိမ်းစက် ဖြစ်လာပြီး Nintendo ရဲ့
ဘုရင်ခေတ်ကို အဆုံးသတ်ပေးလိုက်ပါတယ်။

PlayStation.2🎮 2000
PS1 အောင်မြင်ပြီးနောက် ထွက်လာတဲ့ PS2 ဟာ ဂိမ်းလောက
သမိုင်းမှာ ရောင်းအားအကောင်းဆုံး ဂိမ်းစက် အလုံးရေ ၁၅၅
သန်းကျော် အဖြစ် ဒီနေ့အထိ စံချိန်တင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ဂိမ်းစက်အပြင် တန်ဖိုးကြီး DVD Player
အဖြစ်ပါ သုံးနိုင်လို့ အိမ်တိုင်းနီးပါး ဝယ်ယူခဲ့ကြလို့ ဖြစ်ပါတယ်။
GTA: San Andreas, God of War စတဲ့ ဒဏ္ဍာရီလာဂိမ်းတွေ
ဒီခေတ်မှာ ထွက်ခဲ့တာပါ။

PlayStation.3🎮 2006
PS3 ကတော့ စျေးနှုန်းကြီးမြင့်မှုနဲ့ စက်တွင်း Architecture
ရှုပ်ထွေးမှုကြောင့် အစပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်
Xbox 360 ကို အရေးနိမ့်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့
နောက်ပိုင်းမှာ The Last of Us, Uncharted စတဲ့ Exclusive
ဂိမ်းကောင်းတွေနဲ့ အခြေအနေကို ပြန်လှည့်နိုင်ခဲ့ပါတယ်။

PlayStation.4🎮 2013
PS4 ကတော့ "For The Players" ဆိုတဲ့ ဆောင်ပုဒ်နဲ့
ဂိမ်းဆော့သူတွေရဲ့ လိုအပ်ချက်ကို ကွက်တိဖြည့်ဆည်းပေး
နိုင်ခဲ့ပြီး အလုံးရေ ၁၁၇ သန်းကျော် ရောင်းချရကာ Sony ကို
ဂိမ်းလောကရဲ့ ထိပ်ဆုံးနေရာ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။

PlayStation.5🎮 2020
​လက်ရှိခေတ်ဖြစ်တဲ့ PS5 ကတော့ အလွန်မြန်ဆန်တဲ့ SSD
နည်းပညာ၊ DualSense Controller ရဲ့ ခံစားမှုအသစ်တွေနဲ့
4K/120Hz ဂိမ်းကစားခြင်း အတွေ့အကြုံကို ပေးစွမ်းနေပါတယ်။

​Nintendo ရဲ့ ငြင်းပယ်မှုနဲ့ သစ္စာဖောက်မှုသာ မရှိခဲ့ရင်
ဒီနေ့ခေတ် ကျွန်တော်တို့ ဆော့နေတဲ့ PlayStation ဆိုတာ
ရှိလာမှာ မဟုတ်ပါဘူး။ အရှုံးမပေးတဲ့ အင်ဂျင်နီယာ Ken Kutaragi
ရဲ့ ဇွဲနဲ့ Sony ရဲ့ စိန်ခေါ်ရဲမှုတွေကြောင့်ပဲ PlayStation ဟာ
ယနေ့ခေတ် ကမ္ဘာ့ဖျော်ဖြေရေး ကဏ္ဍမှာ မရှိမဖြစ် အမှတ်တံဆိပ်
တစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

#မိထ္တီလာမြို့

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐈𝐧𝐆𝐚𝐦𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category