22/05/2026
ဝက်ခြံ အဆီဖုတွက် နတ်ဆေးလို့တင်စားခေါ်လိူ့ရတဲ့ Anua serum & Dr.Althea 345 relief cream reviews✨✨
အရင်ဆုံး Anua ကထုတ်တဲ့ Azelaic acid 10% + Hyaluronic serum လေး အကြောင်း ပြောပြမယ်နော် saiကိုယ်တိုင်က oily skin ဝက်ခြံ အဆီဖု မကြာခန ထွက်သူမို့ သုံးကြည့်တာ အဆင်ပြေတာထက်ကို ပိုသုံးကောင်းတယ်
သူ့မှာက Azelaic acid 10%ပါတာမို့ ဝက်ခြံ /အနီစက် /အသားမညီတာတွေကို သက်သာစေတဲ့ main ingredientတမျိုးပေါ့နော် Sensitive skinတွေက အစ ကောင်းပြီး active ingredientတစ်ခု လူသုံး များလာကြတယ် သူက (1)weekလောက်သုံးကြည့်လိုက်တာနဲ့ ဝက်ခြံ ယောင်ယမ်းတာတွေ သက်သာလာတယ် (2)လောက်မှာတော့ ဝက်ခြံတွေက သိသိသာသာ သက်သားလာတယ် စသုံးမယ်ဆိုရင် 1ရက်ခြားလောက် သုံးကြည့်နော် ယားယံတာ တွေ မဖြစ်ဘူးဆိုရင်တော့ နေ့တိုင်း သုံးလို့ရပါတယ်နော်
Hyaluronicလည်း ပါတာမလို့ ကို့ယ့်Skinရဲ့ အစိုဓာတ် ထိန်းပေးပြီး ရေဓာတ် ဖြည့်ပေးတယ် Saiကတော့ 2weekမှာဘဲ ဝက်ခြံ သိသိသာသာ သက်သားပြီး glow glass skinကို ရခဲ့တာပါ
ဝက်ခြံ အဆီဖုသမား/oily skin/sensitive skinသမားတွေ သုံးဖိူ့ recommendလုပ်ပါတယ်နော်
Saiအမြဲ သုံးနေကြ ဝက်ခြံတွက် ဆရားသမားဖြစ်တဲ့
✨Dr.Althea 345 relief cream ✨လေးပြောပြမယ်နော်
345cream လေးက သုံးပြီး Skin barrier အားကောင်းအောင် treat လုပ်နိုင်တဲ့ moisturizerဖြစ်တယ် ဝက်ခြံ အဆီဖု ထွက်ပြီး sensitive skinတွေက အစ သုံးလို့ ရတယ်
အရောင်နဲ့ အနံ့ မပါလို့ သုံးကောင်းတယ်ပြောရမယ်
သူ့ကို သုံးပြီး (၃)ရက်လောက်နဲ့ resultsက သိသိသာသာ ဖြစ်စေတယ်
အဓိက ဝက်ခြံ အဆီဖု သက်သာပြီး Skin barrierကောင်းလာတာပါပဲ
အသားခြောက်တဲ့သူတွေက နေ့ဘက် သုံးလို့ အဆင်ပြေ
ပေမယ့်
Oily skinတွေကတော့ ညဘက်ပဲ သုံးပေးပါ
စျေးများတယ်ထင်ရပေမဲ့ ရလိုက်တဲ့ resultsက တန်တယ်ပြောရလောက်အောင်ပါဘဲ ဝက်ခြံ အဆီဖုသမားတွေ try ကြည့်ဖို့ recommend 100%လုပ်ပါတယ်နော်
နောက်ရက်တွေမှာဘဲ sai သုံးကြည့်လို့ အဆင်ပြေစေမဲ့ productsမျိုးလေးတွေ reviewရေးပေးမယ်နော် 🤍
Saiရဲ့ ရုပ်ကို သည်းခံကြည့်ပေးနော်😌😌