Poem Lover

Poem Lover ဘဝကကန္တာရဆန်ပါတယ်
ဒါကြောင့်မိုးကိုမမျှော်တော့ပါဘူး

05/11/2025

ကျွန်တော်လေ ကျောင်းဝတ်စုံလေးနဲ့
ကျောင်းပြန်တက်ချင်တယ်
ကျောင်းသားဘဝကို အရမ်းလွမ်းတယ်
ကျောင်းမှာ သူငယ်ချင်းတွေနဲ့
ပေါက်ကရတွေ လျောက်လုပ်ချင်သေးတယ်
ကိုယ်ကြိတ်crush နေရတဲ့
ကောင်မလေး အခန်းရှေ့ကိုလည်း
အကြောင်းမရှိ အကြောင်းရှာ သွားရတာကိုလွမ်းတယ်
ကိုယ့်အတွက် အကောင်းဆုံး သူငယ်ချင်းဆိုတာ
ကျောင်းသားဘဝကရခဲ့တာလေ
ခုထိမေ့လို့မရတဲ့ ကောင်မလေးကလည်း
ကျောင်းသားဘဝမှာတွေ့ခဲ့ရတာပဲလေ
ကျောင်းသားဘဝကပျော်စရာတွေကို
ခုလိုကျောင်းမတက်ရတော့မှ ပိုသိရတယ်
ကျောင်းသားဘဝက အရမ်းဖြူစင်တာပဲ
ခုချိန်ကြ လူတွေက အပြုံးတုတွေနဲ့လေ
အရာရာတိုင်းက အတုအယောင်တွေ များတယ်
အတုယောင်တွေပေါများနေတဲ့ ရပ်ဝန်းမှာနေရတော့
တစ်ချိန်က ဘာအတုယောင်မှမရှိတဲ့
ကျောင်းသားဘဝကိုပြန်လွမ်းမိတယ်။

#စေတန်"

သူကမိုးရေစက်တွေက်ိုချစ်တာကျွန်တော်က ထီးတစ်ချောင်းလေကိုယ့်ကိုကိုယ်အနစ်နာခံပီးသူ့ဘဝလေးကို ကာကွယ်ပေးချင်တာ။အသက်ရှူ ကြပ်ရပါတ...
04/11/2025

သူကမိုးရေစက်တွေက်ိုချစ်တာ
ကျွန်တော်က ထီးတစ်ချောင်းလေ
ကိုယ့်ကိုကိုယ်အနစ်နာခံပီး
သူ့ဘဝလေးကို ကာကွယ်ပေးချင်တာ။
အသက်ရှူ ကြပ်ရပါတယ်ဗျာ
သိပ်ဝမ်းနည်းဖို့ကောင်းတယ်ကိုညို
ကျွန်တော်တို့ကသာ ပေးဆပ်နေရတာ
သူတို့ဖြစ်တည်မှုက တစ်ဖက်လူအတွက်ပဲ။ ။

#နွေသွေးညို

03/11/2025

တစ်ခါလောက် ဖြစ်ဖြစ်
အချစ် ဆိုတဲ့ ခေါင်းစဉ်အတိုင်း
လူတစ်ဦးရဲ့ ဂရုစိုက်မှု၊ မေတ္တာပေးမှု၊ လိုချင်မိပါရဲ့။

အချစ်ကို နူးညံ့ညံ့လေးခံစားချင်တယ်
အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ကြေကွဲဝမ်းနေရတာမျိုးမဖြစ်ချင်တော့ဘူး။

ရှိနေတုန်းချိန်လေးမှာ တန်ဖိုးထားစေချင်တယ်
နောက်တစ်စက္ကန့် မှာဘာဖြစ်မယ်ဆိုတာ မသိတဲ့
ဒီ ကမ္ဘာမှာ အချစ်ကိုရူးချင်တယ်။

#လင်းရောင်

Address

မစုံသောလမ်း
Magway

Website

Alerts

Be the first to know and let us send you an email when Poem Lover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category